သတင်း

ဖားကန့်တွင် အိမ်ထောင်သည်အမျိုးသမီးနှင့် တွဲနေသော မိန်းကလေးကို ခင်ပွန်းဖြစ်သူက ဓားဖြင့် ခုတ်သတ်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် အိမ်ထောင်ရှိသည့် အမျိုးသမီးနှင့် တွဲနေသော မိန်းကလေးတစ်ဦးကို ခင်ပွန်းဖြစ်သူက မကျေနပ်၍ ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း ဒေသခံများထံ မှ သိရသည်။

လူသတ်မှု ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မော်စီဆာကျေးရွာ စျေးကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မခိုင်စုကြည် () ပါကျဲ အသက် (၂၈) နှစ်သည် အိမ်ထောင်သည် ဒေါ် အေးအေးအောင် အသက် (၄၂) ဖြစ်သူ နှင့် တွဲနေသည်မှာ အချိန်ကာလကြာပြီဖြစ်ပြီး မအေးအေးအောင်၏ အမျိုးသားဖြစ်သူ ကိုထွန်းနိုင် () ကိုမောင် အသက် (၄၂) က မခိုင်စုကြည် ကို ယမန်နေ့က ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း မအေးအေးအောင် နှင့် ရင်းနှီးသူတစ်ဦးက KNG သတင်းဌာန ကို ပြောသည်။

တစ်ဖက်က သေသွားတဲ့သူနဲ့ အမျိုးသမီးနဲ့တွဲနေတာကကြာပြီ။ တွဲနေတယ်ဆိုတာက တစ်ဖက်ကလူက tomboy ကွာ တွဲနေတာကို မအေးအေးအောင် ယောကျ်ားက မကြိုက်ဘူး။ ပထမတစ်ကြိမ်လည်း သတိပေးဖူးတယ်တဲ့။ မတွဲဖို့ အဲ့တာကို ဆက်ပြီးတွဲနေတော့ မနေ့က ကိုထွန်နိုင်အိမ်ပြန်လာတဲ့အခါ သူတို့နှစ်ယောက်က မအေးအေး အောင်ကိုထွန်းနိုင်အိမ်မှာရှိနေတာ။ အဲ့တာနဲ့စကားများရန်ဖြစ်ပြီး မအေးအောင်ကအပြင်ထွက်သွားတာ အဲ့ချိန် ခုတ်သတ်လိုက်တာ ကိုထွန်းနိုင်က ခိုင်စုကြည်ကို အိမ်ထဲမှာပဲ ခုတ်သတ်လိုက်တာပါ့” ဟု မအေးအေးအောင်၏ အသိမိတ်ဆွေတစ်ဦး က ပြေသည်။

မခိုင်စုကြည်သည် လည်ပင်း ဓားခုတ်ဒဏ်ရာဖြင့် ထိုနေရာတွင် သေဆုံးသွားပြီး ကိုထွန်းနိုင်လည်း ဖားကန့်မြို့မရဲစခန်းသို့ မိမိကိုယ်တိုင် ဖုန်းဆက်ခေါ်ကာ အဖမ်းခံလိုက်ကြောင်း သိရသည်။

ကိုထွန်းနိုင်က ထွက်မပြေးဘူး လူသတ်မိလိုက်တော့ ရဲကို ချက်ချင်းဖုန်းခေါ်ဆက်ပြီး အဖမ်းခံလိုက်တာ။ မအေးအေးအောင် ကတော့ မနေ့ကတည်းက ရန်ဖြစ်စကားများပြီး ထွက်သွားကတည်းက ပြန်မလာသေးဘူး။ ပါကျဲအသတ်ခံလိုက်ရတာတောင် မသိသေးဘူးနဲ့တူတယ်” ဟု ဖြစ်စဉ်သိသူ ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံလိုက်ရသည့် မခိုင်စုကြည်သည် မှော်စီဆာ စျေးကုန်းရပ်ကွက်တွင် စားသောက်ကုန် ရောင်းသူ ဖြစ်သည်။

မခိုင်စုကြည်၏ ရုပ်အလောင်းကို လုံးခင်းမှ လူမှုကူညီရေးအသင်းတစ်ခုက သယ်ယူသွားပြီးနောက် ယနေ့တွင် သဂြိုလ်လိုက်ကြောင်း သိရသည်။

Show More

Related Articles

Back to top button