သတင်း

မှော်ပုံရွာကို အကြမ်းဖက်ဝင်ရောက်ရှင်းလင်းမည်ဟု သတင်းကြောင့် ဒေသခံတစ်ချို့ထွက်ပြေးတိမ်းရှောင်နေ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့  စစ်အင်အား အလုံးအရင်းဖြင့် အကြမ်းဖက်ဝင်ရောက်ရှင်းလင်းမည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ကျေးရွာနေ ပြည်သူများ တစ်ချို့ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဩဂုတ်လ ၂၆ရက်နေ့ မှော်ပုံကျေးရွာနေ ဦးဇော်မင်းဦးနှင့် လူငယ် ၃ဦးကို PDF အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟု ပြောဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွားအတွင်း ထပ်မံ ရှင်းလင်းသွားမည်ဟူသည့် သတင်းထွက်ပေါ်နေကြောင်း ဒေသခံတစ်ဦး KNG ကိုပြောသည်။

ရွာထဲမှာ ရွေ့တဲ့လူက ရွေ့နေကြတယ်။ ဘာလို့လဲဆိုတော့ ဟိုနေ့က ကိစ္စပေါ့။ ရွာမှာ  PDF တွေ လှုပ်ရှားနေတယ်ထင်ပြီး မှော်ပုံရွာကိုဝင်မွှေမယ့် သဘောရှိတယ်။ ကြိုသိနေတဲ့ ဒေသခံတစ်ချို့က ကြောက်လို့ ကြိုရှောင်ပြေးနေကြတယ်ဟုပြောဆိုသည်။

မှော်ပုံကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိသည့်အနက် လက်ရှိတွင် အိမ်ခြေ ၃၀ ကျော်ထက်မနည်းက ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သော သြဂုတ်လ ၈ရက်နေ့စပြီး ဆယ်ဇင်းကျေးရွာကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကြောင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားပြီး စစ်ရှောင် ထောင်ချီက ဖားကန့်၊ တာမခံ၊ ဟောင်ပါး၊ မော်ဆီစာ၊ နတ်ရေတောင်၊ မမုံနှင့် နမ္မတို့တွင် ထွက်ပြေးတိမ်းရှောင်နေကြပါသည်။

Show More

Related Articles

Back to top button