လွတ်ငြိမ်း

  • Nov- 2023 -
    6 November
    သတင်း

    ဖမ်းဆီးရမိထားတဲ့ စစ်တုံ့ပန်းကို ၁၇ ဦးကို လွတ်ငြိမ်းခွင့်ပေး

    ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(မန်ဟိုင်း) စစ်တပ်စခန်းသိမ်းပိုက်ချိန် KIA ဘက်က ဖမ်းဆီးရ မိထားတဲ့ စစ်ကောင်စီတပ်သား စစ်တုံ့ပန်း ၁၇ ဦးကို လူမှုကူညီရေးအဖွဲ့ကနေတစ်ဆင့် လွှဲပြောင်းပြီး လွတ်မြောက်ခွင့်ပေးလိုက် ပြီဖြစ်ကြောင်း ဒေသခံရှေ့တန်းသတင်းရင်း မြစ်များထံမှ သိရပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်း စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတာဖြစ်ပြီး နိုဝင်ဘာလ ၅ ရက် မနေ့မှာတော့ နမ္မတူမြို့မှ မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတွေထံလွဲပြောင်းပေးပြီး လွတ်မြောက်ခွင့်ပေးလိုက်တာဖြစ်တယ်လို့ မိုင်းမော်ဒေသခံတစ်ဦးက ဆိုပါတယ်။ “မှန်ပါတယ်။ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ထွက်ပြေးတဲ့သူတွေကို ပြန်ဖမ်းမိထားတာ အားလုံး ၁၇ ယောက်လို့ ပြောတာပဲ ကျနော်တို့ကိုယ်တိုင်တော့ သွားမကြည့်တော့ဘူး။ သူတို့ကို မနေ့က နမ္မတူဘက်ကို သွားပို့ပြီဆိုတာတော့ ဟုတ်တယ်။ အသေးစိတ်က မသိဘူး။ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတွေထံ လွဲပြောင်းပေးလိုက်တာတော့ သိရတယ်။” လို့ မိုင်းမော်(မန်ဟိုင်း) ဒေသခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က မိုင်းမော်(မန်ဟိုင်း) ရွာမှာ တပ်ချထားတဲ့ စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ တပ်ရင်း ၈ တပ်ဖွဲ့ကသွားရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး စစ်သုံ့ပန်း စုစု ပေါင်း ၁၇ ဦးကို KIA ဘက်ကဖမ်းဆီးရမိထား တာဖြစ်ပါတယ်။  “အသေးစိတ်တော့ မသိရသလို ပြောဖို့ခက်တယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေပြန်လွတ်ပေးတယ်လောက်ပဲ သိရှိနားလည်ထားတယ်။ သူတို့အဆင့်အဆင့် ဘယ်လို လွတ်ပေးတာတွေတော့ မသိရဘူးပေါ့”လို့ ဆက်ပြောပါတယ်။ ဒါ့အပြင်မိုင်းမော်(မန်ဟိုင်း) တပ်စခန်းကို လက်ရှိ KIA သိမ်းပိုက်ရရှိထားတာဖြစ်ပြီး မန်ဟိုင်းတဝိုက်က ဒေသခံပြည်သူကတော့ တိုက်ပွဲအတွင်း တောတောင်တွေထဲထွက်ပြေးတိမ်းရှောင်ခဲ့ရပေမဲ့ လက်ရှိမှာတော့ အခြေအနေငြိမ်ပြီဖြစ်တာကြောင့် နေရပ်ပြန်လာနေတာ ၃ ရက်ခန့်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ “ရွာသားတွေအားလုံး ပြန်လာနေတာ ၃ ရက်လောက်တော့ရှိပြီ။ စစ်တပ်က လေယာဉ်နဲ့ လာပစ်မှာစိုးရိမ်တာကြောင့် တောထဲမှာ ၄ ရက်လောက် ထွက်ပြေးခဲ့ကြရတယ်။ အခုတော့ အားလုံးပြန်လာပြီး လုပ်ငန်းတွေ မအားအလပ် ရိတ်သိမ်းတာတွေ မြန်မြန်လုပ်ဆောင်နေကြတယ်။” ဟုမန်ဟိုင်းဒေသခံကပြောပါတယ်။ လက်ရှိ မန်ဟိုင်းတဝိုက်မှာတော့ တိုက်ပွဲအခြေအနေ ငြိမ်သက်နေတာဖြစ်ပေမဲ့ မန်တုံမြို့ နဲ့ နမ္မတူမြို့တွေမှာတော့ စစ်ရေးအခြေအနေတင်းမာနေတယ်လို့ ဆက်လက်သိရပါတယ်။ မိုင်းမော်(မန်ဟိုင်း) ကျေးရွာမှာ အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိပြီး နမ္မတူမြို့ကနေ ဆိုင်ကယ်နဲ့  လမ်းကောင်းတဲ့ချိန် ၁ နာရီခွဲ သွားရတဲ့ မြေပုံအနေအထားအရ မန်တုံမြို့နဲ့ နမ္မတူမြို့ကြား အရှေ့မြောက်ဘက်ပိုင်းမှာ တည်ရှိပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Aug- 2023 -
    2 August
    သတင်းဖားကန့်အကျဉ်းထောင်

    စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာ ကချင်ပြည်နယ် အကျဉ်းထောင်တစ်ချို့က အကျဉ်းသား၊သူ ၁၅၉ ဦးလွတ်မြောက်၊ နိုင်ကျဉ်း ၁၅ ဦးပါဝင်

    ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်မှာ ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား၊သူ  ၁၅၉ ဦး လွှတ်ငြိမ်းခွင့်တွင် ပါဝင်လာတယ်လို့ သိရပါတယ်။ အဲဒီလွှတ်ငြိမ်းချမ်းသာခွင့်မှာ မြစ်ကြီးနားအကျဉ်းထောင်က ၇၇ ဦး၊ဖားကန့်အချုပ်ထောင်မှ ၁၇  ဦး၊ ဗန်းမော်အကျဉ်းထောင်မှ ၃၀ ဦးနဲ့မိုးညှင်းအကျဉ်းထောင်က ၃၅ ဦးပါဝင်လာပြီး စုစုပေါင်း လွတ်မြောက်လာသူ ၁၅၉ ဦးရှိပြီး အဲထဲမှာမှ ဖားကန့်အချုပ်ထောင်က နိုင်ကျဉ်းသား ၁၁ ဦးပါဝင်လာပြီး၊…

    Read More »
  • 1 August
    သတင်း

    ဖားကန့်၊မဇွပ်ယန် အချုပ်ထောင်မှ အကျဉ်းသား/သူ ၁၇ ဦး လွတ်ငြိမ်းသက်သာခွင့်ရ

    စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းခွင့်မှာ ဖားကန့်မြို့ မဇွပ်ယန်အချုပ်ထောင်မှ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊သူ ၁၇ ဦးလွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။ “အမျိုးသမီး ရှစ်ဦး၊အမျိုးသား ကိုးဦး ဒီနေ့ လွတ်‌မြောက်ပါတယ်“ဟု မဇွပ်ယန်အချုပ်ထောင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယနေ့လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးဖြစ်စဉ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ကျဉ်းသား ၁၁ ဦး၊တစ်ခြားသော ပုဒ်မတွေနဲ့ထောင်ကျခံသူ ‌၆ ဦး ပါဝင်ခဲ့ကြောင်း ၎င်းက ဆက်ပြောပါတယ်။ ဖားကန့်မှာ အာဏာသိမ်းပြီးနောက်…

    Read More »
  • Apr- 2023 -
    17 April
    သတင်း

    စစ်ကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား ၆၇ ဦး လွှတ်ငြိမ်းခွင့်ရ

    မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား ၆၇ ဦး လွှတ်ငြိမ်းခွင့်တွင် ပါဝင်လာကြောင်း သိရသည်။ အဆိုပါ လွှတ်ငြိမ်းချမ်းသာခွင့်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၂၈…

    Read More »
Back to top button