သတ်ဖြတ်ခံရ
-
Dec- 2025 -3 Decemberသတင်း
နမ့်ဖတ်ကာမှာ တအာင်းလူမျိုးဇနီးမောင်နှံနှစ်ဦးဓါးခုတ်ခံရ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊နမ့်ဖတ်ကာမြို့မှာ တအာင်း ( ပလောင်) ဇနီးမောင်နှံနှစ်ဦး ဓားခုတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံသွားရတဲ့အမှုတော်ဆောင် ဆရာ ၂ ဦးထဲက တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်ဖတ်ကာမြို့ရဲ့ လွယ်ကန်တောင်ခြေ လယ်တောတစ်နေရာမှာ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေခင်းပိုင်း ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး ဓါးခုတ်ခံထားရပြီးနောက် ည ၈ နာရီဝန်းကျင်မှာ TNLA တပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာ အနီးဝန်းကျင်က ခြံပိုင်ရှင်တွေဖြစ်တဲ့ နမ့်ဖတ်ကာမြို့ KBC အသင်းတော်က အမှုတော်ဆောင်ဆရာ ၂ ဦးကို လာဖမ်းသွားတာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “ပြဿနာက သစ်ခိုးခုတ်နေတဲ့ အဲဒီလင်မယားနှစ်ဦးကို ဘယ်သူဘယ်ဝါမှန်းမသိဘူး ဓားနဲ့လာခုတ်သွားတာ။ အမျိုးသမီးဖြစ်သူက နားတောင်ပျက်ခါနီးနီးပဲ။ အမျိုးသားကတော့ တော်တော်ပြင်းထန်တယ်။ အဲလိုဖြစ်တော့ ပလောင်ရွာသားတစ်ချို့က TNLA ကိုတိုင်တယ် TNLA အဖွဲ့ကလည်း ဖြစ်စဉ်ဖြစ်တဲ့နေရာက ဘယ်နေရာ၊ အဲဒီအနီးအနားက ခြံပိုင်ရှင်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို စုံစမ်းပြီး ခြံပိုင်ရှင်တွေဖြစ်တဲ့ အမှုတော်ဆောင်ဆရာတွေကို မနေ့ည အတင်းအဓမ္မလာဖမ်းသွားတာဟုတ်တယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောဆိုပါတယ်။ TNLA အဖွဲ့က ဖမ်းဆီးသွားတဲ့ အမှုတော်ဆောင် ဆရာ ၂ ဦးမှာ သိက္ခာတော်ရဆရာ ဒေါက်တာဖောင်ယမ်တူးထန် နဲ့ ဆရာဘရန်အောင်တို့ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ ဒီနေ့ညနေပိုင်းမှာတော့ သိက္ခာတော်ရဆရာ ဒေါက်တာဖောင်ယမ်တူးထန်ပြန်လည်လွတ်မြောက်လာတယ်ပြီလို့ သိရပါတယ်။ ဓားခုတ်ခံရတဲ့ ပလောင်ဇနီးမောင်နှံ၂ ဦးမှာ ဦးအိုက်လိုင် ( အသက် ၄၇ နှစ်) နဲ့ ဒေါ်အိမီး( အသက် ၄၃ နှစ်) တို့ဖြစ်ပြီး အမျိုးသမီးဖြစ်သူက နားမှာ ခုတ်ဒဏ်ရာရရှိပြီး အမျိုးသားဖြစ်သူမှာ မျက်နှာတစ်ခြမ်းလုံးဓားဒဏ်ရာနဲ့ ဒဏ်ရာပြင်းထန်ကာ လက်ရှိ နှစ်ဦးလုံးကို ကွတ်ခိုင်ဆေးရုံသို့ ပို့ထားတယ်လို့ ဆိုပါတယ်။ ဒေသခံတွေပြောတာတော့ ဓားခုတ်မှု အမှုခင်းဖြစ်ပွားခဲ့တဲ့ နေရာတစ်ဝိုက် သစ်ခြံတွေရှိတဲ့အတွက် သစ်ခိုးမှုနဲ့ပတ်သက်ပြီး ဒေသခံတွေကြား ပုံမှန်ပြဿနာဖြစ်တဲ့နေရာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်မှာလည်း ဓားခုတ်ခံရတဲ့ လင်ဇနီးမောင်နှံနှစ်ဦး သစ်ခိုးခုတ်နေစဥ်အတွင်းဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။ နမ့်ဖတ်ကာရှိ TNLA အဖွဲ့က ဆရာ ၂ ဦးကို အတင်းအဓမ္မလာရောက် ဖမ်းဆီးသွားတဲ့အပေါ် ဒေသခံတွေကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပြီး မနေ့ညအထိတော့ ဆရာ ၂ ဦးဟာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မသက်ဆိုင်ကြောင်း၊ မဟုတ်ကြောင်း ငြင်းဆိုလက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။ “နမ့်ဖတ်ကာမှာက ဒီလို ပြဿနာတစ်ခုခုဆို လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခပုံစံမျိုး ဖမ်းပြီး ဖြေရှင်းတာမျိုးတွေ ပုံမှန်ဖြစ်ပွားနေတယ်။ နမ့်ဖတ်ကာက KIO/KIA အုပ်ချုပ်နေတာဖြစ်တယ်။ ဒါပေမဲ့ TNLA လုပ်ဆောင်နေတဲ့ လုပ်ရပ်က မှန်တယ်၊ မှားတယ် သိပ်မကြည့်ပဲ သူတို့တွေ့တာ မိတာဆို လူမျိုးရေးဆန်ဆန် ဖြေရှင်းလျက်ရှိတယ်။ အခြားလူမျိုးတွေ ဖြစ်ရင်က သူတို့အဲလိုမဟုတ်ဘူး။ တစ်ခုခု ကချင်နဲ့ပတ်သက်တာဆို ပြဿနာထဲမပါလည်း ဘာမှမဟုတ်တဲ့နေရာမှာ အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်တဲ့ လုပ်ရပ်ပဲလုပ်တယ်။ ဒီနေ့ TNLA လုပ်ဆောင်နေတာက ရဲတပ်ဖွဲ့ဆိုပြီး ဥပဒေအတိုင်းသွားသလိုတော့ လုပ်နေတယ်။ ဒါပေမဲ့ ပြည်သူတွေအတွက်က အရမ်းကို မသင့်တော်တဲ့ အုပ်ချုပ်မှုပုံစံပဲ လုပ်နေတယ်လို့ မြင်တယ်။ “လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး KIO/KIA အစိုးရအောက် တည်ရှိနေတဲ့ မြို့လို့ဆိုပေမဲ့ ဒီမြို့ထဲမှာ ကိုးကန့်တပ်ဖွဲ့ရုံးအပြင် TNLA အုပ်ချုပ်ရေးရုံး၊ TNLA ရဲတပ်ဖွဲ့ဌာန စဖြင့် ဌာနအသီးသီးလည်းရှိတာဖြစ်ပါတယ်။ များသောအားဖြင့် တအာင်း(ပလောင်) လူမျိုးတွေကြား ဖြစ်ပွားတဲ့ ပြဿနာ ကိစ္စရပ်တွေအားလုံးကို တအာင်း(ပလောင်) ဒေသခံတွေက TNLA ကို တိုင်တန်းတာမျိုးတွေ ပြုလုပ်ကာ TNLA တပ်ဖွဲ့က တာဝန်ယူပြီး ဖြေရှင်းလျက်ရှိတယ်လို့ ဆိုပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Sep- 2025 -5 Septemberသတင်း
ပျောက်ဆုံးနေတဲ့ ကလေးငယ် ဝမ်းဗိုက်နားထိုးထွင်းဒဏ်ရာနဲ့ သတ်ဖြတ်ခံထားရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာပျောက်ဆုံးနေတဲ့ ၆နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသတ်ခံထားရတဲ့ ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ဆိုရပါတယ်။ နောင်နန်းကျေးရွာ နယ်မြေ (၂)မှာ နေထိုင်တဲ့ မလဘူမေရီနန်ဇင်ဟာ စက်တင်ဘာလ ၂…
Read More » -
Mar- 2025 -5 Marchသတင်း
ဝိုင်းမော်မြို့ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံထားရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့သတ်ဖြတ်ခံထားရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းဆီကနေ သိရပါတယ်။ မတ်လ ၅ ရက်၊ မနက် ၇ နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ် ၅ ရက်ကွက် နေအိမ်တစ်အိမ်မှာ အမျိုးသမီးရဲ့ တစ်ဦးသတ်ဖြတ်ခံရကြောင်း မိသားစုဝင်တွေက…
Read More » -
Mar- 2024 -4 Marchသတင်း
တန့်ဆည်မှာ အပိုင်းပိုင်းခုတ်ဖြတ် အသတ်ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နဲ့ ရပ်ကျေး ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ဝင်တွေအပါအဝင် အရပ်သား ၁၁ ယောက် အပိုင်းပိုင်းခုတ်ဖြတ်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ အမျိုးသား ၁၁ ယောက်ဖြစ်ပြီး KNG က ရရှိထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ သတ်ဖြတ်ခံရသူတွေကို ခြေထောက်၊ လက်နဲ့ ခေါင်းတွေကို အပိုင်းပိုင်းဖြတ်ထားတာ တွေ့ရသလို ဗိုက်ကိုဖောက်အူကိုထုတ်၊ တချို့အလောင်းတွေဆိုရင် အသည်းပါထုတ်ထားတာ တွေ့ရပါတယ်။ အဲ့ဒီသတ်ဖြတ်မှုကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစ စစ်ကောင်စီလက်အောက်ခံ ခမရ ၇၀၈၊ ခလရ ၁၁ စစ်ကြောင်းနဲ့ ဘုန်းကြီးဝါသဝလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ အင်အား၂၀၀ ကျော်က ရွာစဥ်စစ်ကြောင်းပတ်ထိုးပြီး ကျူးလွန်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ “၁၁ဦးထဲကမှ ခနောရွာသစ်ကျေးရွာက ရပ်ကျေးပကဖတာဝန် ခံနဲ့ ရပ်ကျေးပအဖတာဝန်ခံ ၂ဦး လုံးကို သတ်ဖြတ်သွားတယ် ကျန်တာတွေက လက်လုပ်လက်စားရိုးရိုးသားသား အရပ်သား ပြည်သူတွေပါဗျာ ရွာတွေထဲနဲ့ ရွာအနီးတဝှိုက်တောစပ်ထဲမှာပဲ သတ်ဖြတ်ခဲ့ကြတယ်”လို့ People’s Defense Comrade တာဝန်ခံ ကိုထူးခန့်ကပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ၁၁ဦးထဲမှာ အချုပ်သား ၂ ယောက်လည်းပါဝင်တယ်လို့ သိရပြီး စစ်ကောင်စီတပ် ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ PDF ၁၁ ယောက်ကို ဘီလူးကွန်မန်ဒိုစစ်ကြောင်းက သုတ်သင်ရှင်းလင်းလိုက်ပြီလို့ ရေးသားဖော်ပြထားပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ငနုချောင်းအုပ်စု ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ခံတော ရွာက အသက် ၅၀ အရွယ် ကိုဝင်းနိုင်၊ ခံတော်ရွာသစ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရပ်ကျေးတာဝန် ခံ အသက် ၅၂ နှစ်အရွယ် ဦးရှမ်း၊ ကံထူးမရဲစခန်းက အကျဥ်းသား ၂ ယောက် ရွာသစ်ကုန်း၊ အင်ပင်အိုင်၊ ဇီးပေါက်၊ပန်းတိမ်ကုန်း၊ဆူးပါကုန်းနဲ့ ဝါးရငယ် ရွာ က အရပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ဘီလူးစစ်ကြောင်းဟာ အရပ်သားတွေကိုသတ်ဖြတ်ပြီး ပြည်သူတွေ ကို အကြောက်တရားသွင်းတဲ့သဘောဖြစ်တယ်လို့ ကိုထူးခန့်က အခုလိုပြောပါတယ်။ “ပြောချင်တာကတော့ ဘီလူးကွန်မန်ဒိုစစ်ကြောင်းဆိုတော့ အဟုတ်မှတ်တာပေါ့ဗျာ တကယ်တမ်း က ဒီစစ်ကြောင်းက အခုလိုပြည်သူတွေကို အငိုက်ဝင်ဖမ်း PDFခေါင်းစဥ်တပ်ပီး အပိုင်းပိုင်း သတ် ပြ မိန်းကလေးတွေကိုမုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ပြနေလို့ ဘီလူးစစ်ကြောင်းဆိုပီး နာမည်ဆိုး နဲ့ ကျော်ကြားတာပါပြည်သူတွေကို အကြောက်တရားသွင်းတဲ့သဘောမျိုးပဲ”လို့ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ အရပ်သားတွေကိုသတ်ဖြတ်ခဲ့ရုံမက ကံထူးမ၊ သပြေရင်း၊ ကော်တက်၊ ဖိုနှုတ်၊ ရွာသစ်ကုန်း၊ ခနောရွာသစ် စတဲ့ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းကို စစ်ကြောင်းထပ်ထိုး နေပြီး အရပ်သား ၅ ထောင်ကျော်ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ခွေးဘီလူးစစ်ကြောင်းနဲ့ အနီးဝန်းကျင်ကကျေးရွာတွေလည်း မိဘပြည်သူများ ဖမ်းဆီးသတ်ဖြတ် မခံရအောင် မပေါ့ဆကြဖို့ ဘေးလွတ်ရာကြိုတင်တိမ်းရှောင်ကြဖို့ သတိပေးထားပါတယ်ဗျ လက်ရှိ မနေ့ကပဲ စစ်ခွေးကြောင်းတွေက အနောက်ဘက်ခြမ်းရွာတွေဘက်ကနေ တန့်ဆည်မြို့တွင်းပြန်ဝင် တယ်” လို့ People’s Defense Comrade တာဝန်ခံ ကိုထူးခန့်ကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေ မတ်လ ၃ ရက်မနေ့ကအထိ တိုက်ပွဲတွေမကြာခဏဖြစ်ပွားခဲ့သလို အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ လည်း စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ပြီး ကာကွယ်ရေးတပ်ဘက်ကတော့ ၃ ယောက်ကျဆုံး ခဲ့တယ်လို့ သိရပါတယ်။ By – အမိုး
Read More » -
Jul- 2023 -8 Julyသတင်း
မိုးညှင်းမြို့ လောက်စာတောင်နားမှာ အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦး သတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ မြို့ရှောင်လမ်းဘက် လောက်စာတောင်နားမှာ အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦးဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ သတ်ခံထားရတယ်လို့ ဒေသခံတွေက KNG ကိုပြောပါတယ်။ အဲ့ဒီအမျိုးသမီးဟာ ဇူလိုင်က ၇ ရက်နေ့ နေအိမ်မှာရှိနေချိန် အိမ်ခြံမြေကြည့်ချင်ကြောင်း အမျိုးသားတစ်ဦးက ဖုန်းဆက်ခေါ်လာတဲ့အတွက် အိမ်ခြံမြေပြဖို့ နေအိမ်ကနေ သားဖြစ်သူနဲ့ ဆိုင်ကယ်နဲ့ထွက်သွားတဲ့ချိန် မြို့ရှောင်လမ်းဘက် လောက်စာတောင်နားမှာ ဓါးနဲ့လုပ်ကြံသတ်ဖြတ်လခံရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “အိမ်ခြံမြေလိုက်ပြပေးပါ ကြည့်ချင်တယ်ဆိုပြီး ဖုန်းဆက်လာတော့ သူ့သားအငယ်နဲ့ အိမ်ကနေဆိုင်ကယ်နဲ့သွားလိုက်တာ သားကိုတော့…
Read More » -
8 Julyသတင်း
ရွှေကူမှာ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးပစ်သတ်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့ ခုန်ခမ်းရပ်ကွက် ၊အမှတ် (၁) ထဲက တရုတ်နွယ်ဖွားဖြစ်တဲ့ အသက် ၄၀ ကျော် အရွယ် ဒေါ်အေးအေးသန်း(ခ) ဒေါ်တုံးစိန်ဆိုသူ ဇူလိုင်လ ၇ရက်နေ့ ည…
Read More » -
Feb- 2023 -22 Februaryသတင်း
ဖားကန့်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
ဖားကန့်မြို့တွင် အမျိုးသားတစ်ဦး ယနေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ ပစ်ခတ်ခံရသည့် အမျိုးသားက နေအိမ်အတွင်းရှိနေစဉ် ဆိုင်ကယ် ၂ စီးဖြင့် စီးနင်းလားသည့် လူ ၅ ဦးက သူ၏…
Read More » -
Jan- 2023 -6 Januaryသတင်း
စစ်ကိုင်းမြို့နယ် ကွဲကျေးရွာကို စစ်တပ် ဝင်စီးပြီး သံဃာတော်အပါအဝင် ပြည်သူတွေကို သတ်ဖြတ်ထား
စစ်ကိုင်းမြို့နယ်ရှိ ဒီပဲယင်းကွဲကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမီးရှို့ပြီးနောက် သံဃာတော်တစ်ပါး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ ၂ ဦးတို့ကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများ ပြောပါတယ်။ ဒီနေ့ မနက်ပိုင်း ၆ နာရီ ဝန်းကျင်ခန့်က ကြွယ်ပုံကျေးရွာ မှ ပျူစောထီး နှင့် စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ခန့်မှာ ဒီပဲယင်း…
Read More »







