,

Breaking News :

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

  1. Home
  2. သာယာကုန်းကျေးရွာ

Tag: သာယာကုန်းကျေးရွာ

လူ့အခွင့်အရေးချိုးဖောက်မှု
ဖမ်းဆီးခံရသည့် သာယာကုန်း ဒေသခံ ၅၀ ကျော် ရိုက်နက်ခံရပြီး ပြန်လည်လွတ်လာ

ဖမ်းဆီးခံရသည့် သာယာကုန်း ဒေသခံ ၅၀ ကျော် ရိုက်နက်ခံရပြီး ပြန်လည်လွတ်လာ

ကချင်ပြည်နယ် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာမှ လူသားဒိုင်းအသုံးပြုရန် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၅၀ ကျော်ခန့် ရိုက်နက်ခံရပြီး စက်တင်ဘာလ ၈ရက်နေ့ လွတ်မြောက်လာကြောင်း ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၆ရက်နေ့ ဒေသခံပြည်သူ ၅၀ ကျော်ခန့်ကို စစ်ကောင်စီတပ်၏ စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၃ရက်ခန့်အကြာမှ  ပြန်လည်လွတ်လာခဲ့ရာတွင် တစ်ချို့မှာ ပြင်းထန်စွာ ရိုက်နက်ခံရသူများပါရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “သူတို့ကို ဖမ်းသွားတဲ့အချိန်မှာ

သတင်း
ရွှေကူနယ်တွင် အရပ်သားပြည်သူ ၁၀ဦးကျော်ကို လူသားဒိုင်းဖမ်းဆီးခံရပြီး လူနေအိမ်များ မီးရှို့ ဖျက်ဆီးခံရ

ရွှေကူနယ်တွင် အရပ်သားပြည်သူ ၁၀ဦးကျော်ကို လူသားဒိုင်းဖမ်းဆီးခံရပြီး လူနေအိမ်များ မီးရှို့ ဖျက်ဆီးခံရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က  ဒေသခံအမျိုးသား ၁၀ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူနေအိမ်မီးရှို့ဖျက်ဆီးမှုများလည်းပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇တပ်ရင်းအဖွဲ့ စက်တင်ဘာလ ၆ရက်နေ့ နံနက်ပိုင်းအချိန် ရွှေကူနယ်အတွင်းသို့ ဝင်ရောက်လာပြီး သာယာကုန်းကျေးရွာမှ အရပ်သား ပြည်သူ ၁၀ဦး ထက်မနည်းကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။ ''မနေ့ကတည်းကဖမ်းခေါ်သွားတာ ခုထိတော့ ပြန်မလွတ်သေးဘူး။ ဘယ်ကိုခေါ်သွားလဲဆိုတော့ ကျောက်ကြီးရွာဘက်ကိုခေါ်သွားတယ်။

သတင်း
ရွှေကူ သာယာကုန်းကျေးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှိုသဖြင့် ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရ

ရွှေကူ သာယာကုန်းကျေးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှိုသဖြင့် ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရ

ရွှေကူမြို့နယ် သာယာကုန်း ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်သည် ယနေ့ နံနက်မှစတင်ကာ မီးရှို့နေပြီဟု ဒေသခံများထံမှ သိရသည်။ စစ်အင်အား ၈၀ ကျော်ပါရှိသည့် တပ်မ ၈၈ လက်အောက်ခံတပ် ခလရ ၇၇ စစ်ကြောင်းသည် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာသို့ ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်မှ ဝင်ရောက်လာပြီး လူနေအိမ်များကို ဝင်ရောက်မီးရှို့ ဖျက်ဆီးနေသည့်အတွက် ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။ ''စရှို့တာက သာယာကုန်းစာသင်ကျောင်းကနေ စပြီးရှို့သွားတာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဘာလို့ရှို့တာလဲဆိုတော့ဒီရွာမှာ PDF တွေရှိတယ်။ PDF အိမ်တွေရှိတယ်ဆိုပြီးလာရှို့တာတဲ့'' ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျေးရွာမီးရှို့နေသော အဆိုပါစစ်ကြောင်းသည် စက်တင်ဘာလ ၅

သတင်း
ဖားကန့်တွင် အမျိုးသားတစ်ဦး ဓာတ်ကြိုးကိုင်မိရာမှ ဓာတ်လိုက်သေဆုံး

ဖားကန့်တွင် အမျိုးသားတစ်ဦး ဓာတ်ကြိုးကိုင်မိရာမှ ဓာတ်လိုက်သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် အမျိုးသားတစ်ဦးက ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။ မတ် ၈ ရက်နေ့ည ၈ နာရီ အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်(ကိုယ်ရေးချက်လက်စုံစမ်းဆဲ) အရွယ်ရှိအမျိူးသားတစ်ဦးသည် ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုင်မိရာမှဓာတ်လိုက်သေဆုံးခဲ့ကြောင်း အဆိုပါရုပ်အလောင်းကိုသွား ရောက် သယ်ဆောင်ခဲ့သည့် လူမှုကူညီရေးအသင်းတာဝန်ရှိသူက KNG သို့ပြောသည်။ "ဓာတ်ကြိုးက ပြုတ်ကျနေတာလား ဘယ်လိုလဲတော့မသိရဘူး သူက ညာဘက်လက်မှာ