လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖမ်းဆီးခံရသည့် သာယာကုန်း ဒေသခံ ၅၀ ကျော် ရိုက်နက်ခံရပြီး ပြန်လည်လွတ်လာ

ကချင်ပြည်နယ် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာမှ လူသားဒိုင်းအသုံးပြုရန် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၅၀ ကျော်ခန့် ရိုက်နက်ခံရပြီး စက်တင်ဘာလ ၈ရက်နေ့ လွတ်မြောက်လာကြောင်း ဒေသခံများထံမှသိရသည်။

စက်တင်ဘာလ ၆ရက်နေ့ ဒေသခံပြည်သူ ၅၀ ကျော်ခန့်ကို စစ်ကောင်စီတပ်၏ စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၃ရက်ခန့်အကြာမှ  ပြန်လည်လွတ်လာခဲ့ရာတွင် တစ်ချို့မှာ ပြင်းထန်စွာ ရိုက်နက်ခံရသူများပါရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

သူတို့ကို ဖမ်းသွားတဲ့အချိန်မှာ စစ်သားတွေက အိမ်မီးရှို့တာတွေလုပ်တယ်။ အိမ်တွေမီးလောင်တော့ နောက်ပြန်လှည့်ကြည့်တဲ့အခါမှာ စစ်သားတွေက သူတိုပရဲ့ စစ်ဖိနပ်တွေနဲ့ မျက်နှာတွေမှာ ကန်ပေးတယ်တဲ့။ တစ်ချို့က မျက်ကွင်းတွေညိုနေတာ။ တစ်ချို့က နှိပ်စက်ခံရလို့ ဒဏ်ရာရတဲ့သူတွေလည်းပါတယ်ဟုပြောသည်။

ဖမ်ဆီးခံရသည့် ၅၀ ကျော်အနက်တွင် စစ်ကောင်စီတပ်သားများ ရိုက်နက်မှုကြောင့် ၆ဦးခန့်က ဒဏ်ရာပြင်းထန်စွာဖြင့် လွတ်မြောက်လာသည်ဟုသိရသည်။

စစ်ကောင်စီ စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၅၀ ကျော်တွင် အမျိုးသမီးများလည်းပါဝင်ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် ကျေးရွာအနီးတဝိုက် ဟင်းသီးဟင်းရွက်လိုက်ရှာသူများ၊ လယ်လုပ်ကိုနေစဉ်အတွင်း စစ်ကြောင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သူများကို ၎င်းတို့၏ အထုပ်အပိုးများ ထမ်းခိုင်းခြင်း နှင့် စစ်ကြောင်းရှေ့တွင် သွားခိုင်းခြင်းများပြုလုပ်ခဲ့ပြီး ကျေက်ကြီးရွာအနီးတွင် ပြန်လည်လွတ်ပေးခဲ့သည်ဟု လွတ်မြောက်လာသူများနှင့်နီးစပ်သူ ဒေသခံများပြောဆိုချက်မှသိရသည်။

ထို့နောက် စစ်ကောင်စီတပ်သည် စစ်တင်ဘာ ၆ရက်နေ့ သာယာကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန် လူနေအိမ် ၃လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟုလည်း ဆက်သိရသည်။

သာယာကုန်းကျေးရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်ဖြင့် ရွှေကူမြို့မှ ၇မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းအနီးတွင် တည်ရှိသော ကျေးရွာတစ်ခုလည်းဖြစ်ပါသည်။

Show More

Related Articles

Back to top button