သေဆုံးမှု
-
Oct- 2023 -13 Octoberသတင်း
ဆဒုံ လမ်းမြေပြိုမှုမှာ KIA တပ်သားတစ်ယောက်သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံမြို့ကနေ ခေါင်ရှောင် (Hkau shau)ဘက်သွားတဲ့လမ်းတစ်နေရာမှာ မြေပြိုကျနေတဲ့လမ်းနေရာကို ရှင်းလင်းနေချိန် မြေထပ်မံပြိုကျလာတာကြောင့် KIA တပ်သားတစ်ယောက်က မြေပိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့ KIA တပ်ရင်း ၃ က တပ်သားတစ်ယောက်ဟာ အိမ်ပြန်ဖို့ခွင့်တောင်းပြီး ပြန်လာချိန် လမ်းမှာ သစ်ပင်တွေကျိုးကျနေတာကြောင့် သစ်ပင်ခုတ်ထွင်ရှင်းလင်းနေချိန် မြေပြိုမှုဖြစ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့…
Read More » -
13 Octoberအင်တာဗျူး
မုန်လိုင်ခက် ဖြစ်စဉ်မှာ သား/သမီး ၅ ယောက်ဆုံးရှုံးလိုက်ရတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးနဲ့ ဆက်သွယ်မေးမြန်ချက်
KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့ မုန်လိုင်ခက်ရွာမှာ အောက်တိုဘာလ ၉ ရက်ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက် ဗုံးကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂၉ ယောက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရွာသား ၅၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူ ၂၉ ယောက်ထဲမှာ အသက် ၁၂ နှစ်အောက်…
Read More » -
11 Octoberသတင်း
ဝက်လက်က ရဲစခန်းတိုက်ခိုက်ခံရလို့ ရဲတပ်သား ၇ ယောက်သေဆုံး
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လှတောရွာကရဲစခန်းကို ကာကွယ်ရေးတပ် တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့လို့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သား၇ယောက်သေဆုံးကာ ကာကွယ်ရေးတပ်ဘက်ကလည်း တစ်ယောက်သေ ဆုံးခဲ့တယ်လို့ ဝက်လက်ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ မနေ့က အောက်တိုဘာ ၁၀ရက်နေ့ ညနေပိုင်း ၆ နာရီလောက်မှာ ဝက်လက်မြို့နယ် မန္တလေး– ရွှေဘိုကားလမ်း မပေါ်မှာရှိတဲ့ လှတောရွာက ရဲစခန်းကို ကာကွယ်ရေးတပ် တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ တိုက်ပွဲကိုဦးဆောင်တိုက်ခိုက်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့က…
Read More » -
Sep- 2023 -21 Septemberသတင်း
ဖားကန့်မှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
ဖားကန့်မြို့ ဆိပ်မူ–ဝှေခါ ကျေးရွာသွားတဲ့ လမ်းမပေါ်ရှိ တာဝါတိုင်ကုန်းအဆင်း ရေတွင်းနားမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ သေဆုံးသူနှစ်ဦးဟာ အသက် ၃၀ အရွယ်ရှိ အမျိုးသား နှစ်ဦးဖြစ်ပြီး သေဆုံးနေတာ အနည်းဆုံး ၁၀…
Read More » -
21 Septemberသတင်း
ဖားကန့်မှာ ရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ ကားတစ်စီးပစ်ခံရ ရဲတပ်ကြပ် တစ်ဦးသေဆုံး
ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးစီးလာတဲ့ ကားတစ်စီးပစ်ခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီးတော့ တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၂၁ ရက် ဒီကနေ့ ညနေ ၅ နာရီခွဲလောက်မှာ…
Read More » -
5 Septemberသတင်း
ဖားကန့်မှာ တစ်လအတွင်း အရပ်သားပြည်သူအယောက် ၄၀ သေဆုံး
ဖားကန့်မှာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ မြေစာပုံပြိုလို့ သေဆုံးခဲ့ရသူတွေ အပါအဝင် အကြောင်းမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်းအရပ်သားပြည်သူ ၃၉ ယောက်ထိရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလာတဲ့ ဖားကန့်နယ်မြေမှာ အာဏာရယူထားတဲ့ စစ်တပ်ကိုယ်၌ မသင်္ကာတဲ့အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ တွေအပြင် ခိုးဆိုး၊လုယက်မှူတွေကြောင့် သတ်ဖြတ်ခံရသူတွေ လတိုင်း ရှိနေတဲ့မြို့နယ်ဖြစ်ပါတယ်။ “ကျနော်တို့ ဖားကန့်မှာက ခုနောက်ပိုင်းဆို သတ်ဖြတ်ခံထားရတဲ့အလောင်းတွေက ပုံမှန်လို မြင်တွေ့လာရတော့ အဆန်းမဟုတ်တော့ဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်ပေါ့ ကိုယ်လည်းဘယ်ချိန်မှာ ရောယောင်ပါသွားမလဲဆိုတာ မသိနိုင်ဘူး”လို့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ စစ်တပ်ဘက်က သတ်ဖြတ်ပြီး လာစွန့်ပစ်တာတွေရှိသလို ခိုးဆိုးလုယက်ရင်း သတ်ခံရတာတွေ၊အချင်းများပြီး သတ်ဖြတ်ကြတာတွေနဲ့ ကာကွယ်ရေးတပ် ဘက်က စစ်တပ်လက်အောက်ခံတွေကို လာရောက်ရှင်းပစ်တာတွေလည်းရှိ တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သတ်ဖြတ်ခံထားရသူတွေအများပိုင်းဟာ ပိုင်ရှင်မဲ့အလောင်းတွေ အဖြစ်များတယ်လို့လည်း ဖားကန့် မှော်ဝမ်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဒီမှာက လူတွေအရင်ထက် ၂ ဆလောက်ကိုများလာတာ ဥပမာ မြေပြိုတဲ့နေရာမှာကြည့် အလောင်း ၃၃ လောင်း ပိုင်ရှင်ရှိတာ ၆ ယောက်ဘဲ။ အဲလိုဘဲ သတ်ဖြတ်ခံထားရတဲ့သူတွေလည်း ပိုင်ရှင်မရှိတာများလာတယ် ဘယ်သူသတ်လို့ သတ်မှန်း တိတိကျကျပြောဖို့ခက်တယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲသေဆုံးခဲသူတွေဟာ ဩဂုတ်လ ၁၃ ရက်နေ့ မနမှော်မြေစာပုံပြိုကျလို့ သေဆုံးခဲ့တဲ့ အရပ်သား ၃၃ ယောက်နဲ့ ၁၇ ရက်နေ့ ယူမာရပ်ကွက် ကျောက်မျက်စျေးရှေ့ သတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်၊ လုံးခင်းရပ်ကွက် လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ဖားပြင်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ၂၉ ရက်နေ့ ရှရော်ခမှာ သတ်ခံထားရတဲ့ အမျိုးသမီးငယ်တစ်ယောက်၊ ၃၁ ရက်နေ့ မရှီကထောင်နဲ့ ဆွတ်ကြိုင်ရွာမှာ အချင်းများပြီး ဓါးခုတ်မှုဖြစ်ရာကနေ အမျိုးသား ၂ယောက် ဖြစ်ပါတယ်။ ဒီစာရင်းဟာ KNG ရဲ့ စုစည်းထားတဲ့အချက်လက်သာ ဖြစ်ပြီး မြေပြင်အချက်လက်နဲ့ကွာဟတာ တွေရှိနိုင်ပါတယ်။ ဒါ့အပြင် ဖားကန့်မှာ ခုလိုအကြောင်းမဲ့သတ်ဖြတ်ခံရတာတွေ တစ်ရက်ထက်တစ်ရက် ပိုဆိုးရွားလာနေတဲ့အတွက် အာဏာသိမ်းပြီးနောက်ပိုင်း လာရောက်ရွှေ့ပြောင်းနေထိုင်လာသူ တစ်ချို့က ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး ဖားကန့်ကနေ ချီဖွေ၊ပန်ဝါဘက် ပြောင်းရွှေ့သွားသူတွေလည်း ရှိနေတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ ဒေသခံတစ်ယောက်ပြောပါတယ်။
Read More » -
3 Septemberသတင်း
ဖားကန့် မှာ ထရန်စဖော်မာပေါ်က ကေဘယ်ကြိုးတက်ခိုးယူသူ ဓါတ်လိုက်သေဆုံး
ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု၊ဆိုင်းအောင်ကျေးရွာမှာ အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာပေါ်က ကေဘယ်ကြိုးကို တက်ခိုးယူတဲ့အမျိုးသားတစ်ယောက် ဓါတ်လိုက် သေဆုံးခဲ့တယ်လို့ ဆိုင်းအောင် ဒေသခံတွေဆီက သိရပါတယ်။ ဖြစ်စဥ်မှာ စက်တင်ဘာလ ၂ ရက်နေ့ည ကိုးနာရီအချိန်လောက်မှာ လျှပ်စစ်မီးလာနေချိန် ထရန်စဖော်မာပေါ်က ကေဘယ်ကြိုးအား တက်ရောက်ဖြုတ်ယူရာကနေ…
Read More » -
Aug- 2023 -17 Augustသတင်း
ရွှေကူနယ် ဇင်းဘုံမှာတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံး
ကချင်ပြည်နယ် ရွှေကူမြို့နယ်အထက် ဇင်းဘုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံးပြီး အထိနာနေတာကြောင့်ဇင်းဘုံရွာကိုလည်း ဝင်ရောက်မီးရှို့နေတယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။ သြဂုတ် ၁၆ရက်နေ့ မနက်ပိုင်း ရွှေကူဘက်နေ ဗန်းမော်ဘက်ကိုဆန်တက်သွားတဲ့ စစ်သဘော် ၉ စီးကိုရေကြောင်းလုံခြုံရေးပေးဖို့ အင်အား ၁၀၀ လောက်နဲ့ သြဂုတ် ၁၁ ရက်နေ့ကတည်းက ဇင်းဘုံကျေးရွာမှာဝင်ရောက်တပ်စွဲနေတဲ့စစ်ကောင်စီတပ်နဲ့ KIA ၊ PDF တို့ကြား…
Read More » -
2 Augustသတင်း
အင်းတော်နယ်တိုက်ပွဲတွင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦးသေဆုံး
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲကြား စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြောင့် ကားသမားတစ်ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်ဘက်ကနေ နဘားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၈၈ လက်အောင်ခံ ခမရ ၄၁၆ တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ သြဂုတ်လ ၂…
Read More » -
Jul- 2023 -19 Julyသတင်း
နမ့်ဖတ်ကာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်ကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ကြောင်းစွာရရှိထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၈ ယနေ့ ညနေ ၅ နာရီခန့်ကနေ…
Read More »