သေဆုံးမှု
- Jun- 2025 -20 Juneသတင်း

ဝါရာဇွပ်ကျေးရွာမှာ ကူးစက်ရောဂါကြောင့် အိမ်မွေးတိရိစ္ဆာန်များ အစုလိုက်အပြုံလိုက် သေဆုံး
ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာမှာ အိမ်မွေးတိရိစ္ဆာန်များ ရောဂါကူးစက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကတည်းက ကျွှဲ၊ နွား သေဆုံးမှုတွေ ဖြစ်ပေါ်နေပေမယ့် ဒေသခံအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် ထိရောက်တဲ့ကုသမှုတွေ မလုပ်နိုင်ဘဲ သေဆုံးမှုအရေအတွက်…
Read More » - 19 Juneသတင်း

စစ်ကောင်စီတပ် ဖားကန့်မြို့သို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် အရပ်သားသေဆုံးမှု နဲ့ ဒဏ်ရာ ရရှိမှု များပြားလာ
ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်း ပထမဆုံး ထိုးဖောက်ဝင်ရောက်သွားတဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်အထိ ရှိလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ လဝါး – ကားမိုင်း…
Read More » - 17 Juneသတင်း

လုံးခင်းမှာလက်နက်ကြီးကျ ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရ
ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေမှော်ကျေးရွာထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက နတ်စင်အနောက်ဘက်ခြမ်းရှိ လူနေအိမ်မှာကျမှန်ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်တွေလည်း တစ်စစီပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း ၁၀…
Read More » - 7 Juneသတင်း

ယမ်းဂိုဒေါင်နေရာကို စစ်တပ်က ဒရုန်းနဲ့လက်နက်ကြီးပစ်ချလို့ ကလေး ၄ ဦးအပါ အရပ်သား ၉ ဦးသေဆုံး
ဖားကန့် မြို့နယ် လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်မှာ စစ်ကောင်စီတပ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်တဲ့ ဒရုန်းလက်နက်ကြီး ပေါက်ကွဲမှုဖြစ်စဉ်မှာ အရပ်သားပြည်သူ ၉ ဦးသေဆုံးသွားတဲ့အပြင် လူနေအိမ်အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဇွန်လ ၆ ရက်နေ့ ည ၉…
Read More » - 6 Juneသတင်း

ကချင်မှာတစ်လအတွင်း အရပ်သား ၃၈ ဦး သတ်ဖြတ်ခံရတယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ပြော
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို မတရားသတ်ဖြတ်ခြင်းနှင့်ဖမ်းဆီးခြင်းများကို ဆက်လက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့မေလတစ်လအတွင်း အရပ်သား ၃၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ (KHRW )က ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲက အရပ်သား ၃၀ ဦးဟာ မေလ ၈ ရက်နေ့ ဗန်းမော်ြမို့ပေါ်ဘုန်းကြီးတစ်ခုမှာခိုလှုံနေတဲ့ ဒေသခံစစ်ရှောင်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေကယ်ထုတ်နေချိန် စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာသေဆုံးခဲ့ရတာလို့ KHRW ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် နောက်ထပ်သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တွေကတော့ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာ၊ လုံးခင်းရွာ နဲ့ မိုးညှင်းမြို့နယ် ဟဲပါရွာတို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးတဲ့ချိန်ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာတွေ့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့်ဘေးလွှတ်ရာကိုစွန့်ခွာရသူတွေလည်းများလာသလို နေစရာအခက်အခဲ အကြပ်အတည်းဖြစ်လာပေမယ့် နိုင်ငံတကာအကူညီတွေက ပိုလျော့နည်းလာတယ်လို့ KHRW ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကပြောပါတယ်။ “အရပ်သားပြည်သူတွေထွက်ပြေးနေတဲ့နေရာတွေမှာနေဖို့နေရာ Shelter တွေကမရှိသလောက်ဖြစ်နေပြီ။ တော်တော် ခက်ခဲနေတဲ့အခြေနေပါ။ နောက်တစ်ခုကတော့ အခြေခံအစားအသောက်၊ နိုင်ငံတကာကနေလူသားချင်းစာနာမှုအကူညီလည်း မရှိသလောက်နည်းသွားပါပြီ”လို့ ကိုဂျေကော့ကဖြည့်စွက်ပါတယ်။…
Read More » - 3 Juneသတင်း

တောင်ကျချောင်းရေကြီးမှုကြောင့် ဆဒုံးဒေသခံ ၅ ဦး သေဆုံး၊ အလောင်း ၁ ခုသာ တွေ့ရှိ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အနီးရှိ ကျေးရွာ ၃ ရွာတွင် တောင်ကျချောင်းရေကြီးမှုကြောင့် သေဆုံးခဲ့ရသော ဒေသခံ ၅ ဦးအနက် ၁ ဦး၏ အလောင်းသာ တွေ့ရှိရပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။ ဆဒုံးမြို့အနီး…
Read More » - 3 Juneသတင်း

ဖားကန့် ကျောက်မျက်ကုမ္ပဏီ ပေါက်ကွဲမှု ၂ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူ များပြား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲက ကျောက်မျက်ကုမ္ပဏီဝင်းတစ်ခုအတွင်း ပေါက်ကွဲမှုမှာ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ KNG က စုံစမ်း သိရှိရပါတယ်။ ဒီနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်…
Read More » - May- 2025 -29 Mayသတင်း

လုံးခင်း ကျေးရွာတိုက်ပွဲအတွင်း အရပ်သား သေဆုံးဒဏ်ရာရရှိမှု များပြား
ဖားကန့် လုံးခင်းကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရပ်သားတချို့ ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂၈ ရက်နေ့ မနေ့က မနက်ပိုင်း လုံးခင်းကျေးရွာ ရိန်းဘိုးမိုဘိုင်း ဆိုင်ရှေ့ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သလို ကျေးရွာအတွင်း…
Read More » - 26 Mayသတင်း

ကားတိုက်ဒဏ်ရာကြောင့် သားဖြစ်သူသေဆုံးပြီး ဆယ်ရက်အကြာ ဖခင်ဖြစ်သူ သေဆုံး
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ သားအဖနှစ်ယောက် ကားတိုက်ခံရမှုမှာ အဖေဖြစ်သူလည်း သေဆုံးသွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်…
Read More » - 20 Mayသတင်း

မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ၅ ရက်အတွင်း မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ပထမဖြစ်စဉ်က မေလ ၁၆ ရက်နေ့ ည ၇ နာရီဝန်းကျင်…
Read More »









