ဟုမ္မလင်းမြို့နယ်
-
Nov- 2024 -25 Novemberသတင်း
ဟုမ္မလင်းနယ် နတ်မော်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်မော်ကျေးရွာမှာ SNA စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နတ်မော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးမှာရှိတဲ့ နတ်မော်ကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းကနေစပြီး ဒီနေ့ထိတိုက်ပွဲပြင်းထန်နေဆဲပဲလို့ နတ်မော်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အသံတွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းကြားနေရတာ အခုအထိပဲ ညလည်းမရပ်ဘူးတစ်ညလုံးပစ်နေကြတာ အဲ့မှာရှမ်းနီတပ်တွေနဲ့ စစ်ကောင်စီတပ်ပေါင်းထိုင်တာရှိတယ်။ ကာကွယ်ရေးတပ်တွေက အဲ့စခန်းကိုဝင်သိမ်းနေတာလို့ သိရတယ်။ အခုထိတော့မရသေးဘူး ပစ်နေကြတုန်း”လို့ ပြောပါတယ်။ နတ်မော်ကျေးရွာမှာ SNA နဲ့စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၅၀ ထက်မနည်းတပ်ထိုင်တာလို့သိရပြီး ကာကွယ်ရေးတွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲပြင်းထန်နေတဲ့နေရာကို နတ်မော်ကျေးရွာအနီးဝန်ကျင်နဲ့ နောင်တံတားကျေးရွာအနီး စစ်တပ်ဘက်က လေကြောင်းနဲ့ သုံးကြိမ်တိတိဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ “ဒီနေ့က လေယာဥ်နဲ့ ၃ ကြိမ်လာကြဲတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ် ထိခိုက်တာတော့ရှိမှာပဲ ဒီလောက်ကြဲနေတာ ဖုန်းလိုင်းမကောင်းလို့ အသေးစိတ်မသိရသေးဘူး”လို့ ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နတ်မော်၊ နောင်တံတားကျေးရွာနဲ့အနီးဝန်းကျင် ကျေးရွာနေပြည်သူတွေဟာ တောတောင်တွေ နိုဝင်ဘာလ ၂၃ ရက်နေ့စပြီး တောတောင်ထဲတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နတ်မော်ကျေးရွာဟာ နောင်ပိုအောင်ကျေးရွာနဲ့ သုံးမိုင်ခန့်သာကွာဝေးပြီး နောင်ပိုအောင်ကျေးရွာကတော့ ဟုမ္မလင်းနယ်မှာ ရှမ်းနီတပ်တွေအများဆုံးတပ်ထိုင်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဟုမ္မလင်းအရှေ့ခြမ်းဘက် ရွှေပြည်အေးမြို့၊ လွှစင်ကုန်းကျေးရွာနဲ့အခြားကျေးရွာပေါင်းငါးရွာခန့်ကိုသိမ်းပိုက်ထားပြီလို့သိရပြီးဟုမ္မလင်းအနောက်ခြမ်း ဖောင်းပြင်နယ်တကြောက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw
Read More » -
14 Novemberသတင်း
နောင်ပိုအောင်ရွာမှာ အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆို
စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာမှာ SNA တပ်တွေအနေနဲ့ ဆိုင်အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆိုနေကြပါတယ်။ ဟုမ္မလင်းမြို့နယ်တစ်ခုလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ် အများဆုံးရှိတဲ့ နောင်ပိုအောင်ကျေးရွာမှာ SNA တပ်က ကုန်စုံဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ၊စားသောက်ဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀(ခြောက်သိန်း) ၊ ကုန်ခြောက်ဆိုင်၊ လက်ဖက်ရှည်ဆိုင်တစ်လ ကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ဆိုင်ကယ်ဝပ်လျော့ တစ်လ ကျပ် ၆၀၀၀၀ (ခြောက်သောင်း) စသဖြင့် အခွန်ကောက်ခံနေတာကြောင့် ဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့နေကြတယ်လို့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဆိုင်အကြီးတွေဆို ခြောက်သိန်းတဲ့ ကွမ်းယာခုံတစ်ခုံဆိုလည်းခြောက်သောင်းတဲ့ တစ်လကိုနော် တောင်းတာတောင်တစ်နှစ်စာပေါင်းပြီးတောင်းတာ စာရွက်လေးတွေပေးပြီးတောင်းတယ် မပေးနိုင်ကြဘူးလေ တစ်နှစ်စာဆို ရာချီ၊ဆယ်ချီမပေးနိုင်လို့တချို့ဆိုင်တွေဖြုတ်လိုက်တဲ့လူတွေလည်းရှိတယ်”လို့ ကုန်ခြောက်ဆိုင်ဖွင့်ထားတဲ့ ဒေသခံအမျိုးသမီး ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမတိုင်ခင်အထိ SNA အနေနဲ့ ကုန်စုံဆိုင်အကြီးတစ်လလျှင် အများဆုံးကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ကုန်ခြောက်ဆိုင်နဲ့တစ်ခြားသော ဆိုင်အသေးတွေ တစ်လ အနည်းဆုံးအခွန်ကျပ် ၃၀၀၀၀ (သုံးသောင်း) အထိသတ်မှတ်ပြီး လပေးစနစ်နဲ့ကောက်ခံတာလို့ သိရပါတယ်။ သို့သော် နိုဝင်လစပြီး အခွန်တိုးမြင့်ကောက်ခံလိုက်တဲ့အပြင် တစ်နှစ်စာပေါင်းပြီး ကောက်ခံနေတာကြောင့် ရပ်နားသွားရတဲ့ ဆိုင်တွေလည်းအများအပြားရှိနေကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ဒီသုံးလေးလထဲအပြီးပေးရမယ်တဲ့ လျော့ပေးဖို့တောင်းဆိုကြတယ်အဆင်မပြေဘူး အဲ့ကြောင့်အရင်းအနှီးမရှိတဲ့လူတွေက မပေးနိုင်လို့ဆိုပြီးဆိုင်တွေရပ်ကုန်ကြတာ။ တချို့ဆိုစစ်ရှောင်ရင်းဒီရောက်လာပြီးရှိတာလေးနဲ့ဆိုင်လေးဖွင့်စားတာ သူတို့လည်းမရှိလို့ဆက်မရောင်းနိုင်ကြတော့ဘူး”လို့ ပြောပါတယ်။ လက်ရှိ နောင်ပိုအောင်ကျေးရွာက ကုန်စုံဆိုင်၊စားသောက်ဆိုင်လုပ်ကိုင်ကြတဲ့လူတွေထဲမှာ ရွာခံတွေရှိကြသလို ရွှေပြည်အေးမြို့၊လွှစင်ကုန်းနဲ့တစ်ခြားအနီးဝန်းကျင်ရွာကနေ စစ်ဘေးရှောင်ရင်း လာရောက်လုပ်ကိုင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ခုလို အခွန်တိုးကောက်လိုက်တဲ့အတွက် စစ်ရှောင်ရင်း ဆိုင်အသေးဖွင့်တဲ့သူအများပိုင်း ရပ်နားလိုက်ရကြပြီလို့ ဒေသခံတွေပြောပါတယ်။ နောင်ပိုအောင်ကျေးရွာဟာ ဟုမ္မလင်းမြို့နဲ့ဆယ်မိုင်ကျော်အကွာ ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိပြီး SNAစစ်သားတွေရာချီတပ်ထိုင်ထားသလို SNA တပ်သားသစ်တွေကိုစစ်သင်တန်းပေးနေတဲ့ နေရာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Aug- 2023 -23 Augustသတင်း
ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန် စျေးနှုန်းအဆမတန် မြင့်တက်နေပြီး ကုန်ပစ္စည်းတစ်ချို့ပြတ်လပ်စပြုနေ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး တစ်ချို့စားသောက်ကုန်တွေ ပြတ်လပ်စပြုနေပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ကုန်ပစ္စည်းတွေကို အဓိက မုံရွာဘက်ကနေ ကုန်ကြောင်း၊ ရေကြောင်းတွေနဲ့ တင်သွင်းကြပေမယ့် အခုနောက်ပိုင်း ကုန်းကြောင်းနဲ့ရော ရေကြောင်းနဲ့ပါ သယ်ယူဖို့ အခက်အခဲ အမျိုးမျိုးရှိလာ တာကြောင့် ဒီလထဲ ကုန်စျေးနူန်းတွေတဟုန်ထိုး မြင့်တက်လာတာဖြစ်တယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “ကုန်စျေးနှုန်းတွေက တစ်ရစ်ရစ်တက်နေတာ…
Read More » -
Jul- 2022 -18 Julyသတင်း
ဟုမ္မလင်းနှင့် ဖားကန့် မြို့နယ် ၂ခု စပ်ကြား စစ်ကောင်စီနှင့် KIA တိုက်ပွဲပြင်းထန်နေ
ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်သို့ စစ်ကူတက်လာသော စစ်ကောင်စီအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ည ၂နာရီခွဲဝန်းကျင်တွင် ဟုမ္မလင်းနှင့် ဖားကန့် မြို့နယ် ၂ခုစပ်ကြားတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။ KIA တပ်မဟာ ၉…
Read More »