အကူအညီလိုအပ်

  • Mar- 2024 -
    20 March
    သတင်း

    ဆွမ်ပရာဘွမ်ဒေသ စစ်ဘေးရှောင်တွေတွက် အစားသောက်နဲ့ နေရာထိုင်ခင်းပြင်ဆင်ပေးဖို့ကူညီလိုအပ်နေ

    ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတစ်ထောင်ကျော်တွက် နေရာထိုင်ခင်းနဲ့အစားသောက်ကူညီထောက်ပံ့ဖို့လိုအပ်နေတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံအသင်းတော်တာဝန်ရှိသူတွေက ပြောပါတယ်။ မတ်လ ၉ ရက်နေ့ကစတင်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံပြည်သူစုစုပေါင်း ၁၃၀၀ ဝန်းကျင်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတာ ခုဆိုရင် ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပြီး ဆေးဝါးနဲ့အစားအသောက်လိုအပ်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “တချို့က တောတောင်တွေထဲ တိမ်းရှောင်နေတယ်။ တချို့က ကျေးရွာတွေထဲ တိမ်းရှောင်နေတယ်။ အခုအရေးပေါ်က ရက်ကြာလာတာတော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်။ အခုက ရွာတွေထဲရှိတဲ့ စျေးဆိုင်တွေကနေပဲ ဖြစ်သလို ဝေစားမျှစားဖြေရှင်းနေတယ်။ ကားလမ်းလည်းပိတ်ထားတော့ အချိန်ကြာလာတာနဲ့ တော်တော်ဒုက္ခရောက်မဲ့ အနေအထားဖြစ်နေတယ်”လို့ ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီး ပိတ်ထားတဲ့အတွက် မြို့ဘက်ကနေကူညီမှုတွေ ပို့ပေးနိုင်ဖို့လည်းခက်ခဲနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဆွမ်ပရာဘွမ်မြို့ဒေသခံပြည်သူတွေထဲက တော၊တောင်တွေထဲ  တိမ်းရှောင်နေသူ  ၂၀၀ ကျော်ရှိပြီး မြစ်ကြီးနားအဆင်းဘက် ကားလမ်းမတစ်ကြောကျေးရွာတွေမှာ အများအပြားတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ် – မြစ်ကြီးနား ကားလမ်းမတစ်ကြောရှိ ဆူယာန်(Su Yang) ၊ မိုင်ထောင်း( Mai Htawng) ၊ ခဂရန်းယန်(Hka garan Yang)၊ အင်တားဂလိုကျေးရွာ( Nta galu mare) စတဲ့ ကျေးရွာ ၄ ခုမှာ အများပိုင်းတိမ်းရှောင်နေတယ်လို့  သိရပါတယ်။ စစ်ရှောင်နေတဲ့ လူဦးများတဲ့အတွက် ကျေးရွာတွေထဲပျံ့ကြဲပြီး တိမ်းရှောင်နေသူတွေအတွက်လည်း ရက်ကြာလာရင်အဆင်မပြေသလို တောထဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေသူတွေအတွက်လည်း နေရာသတ်မှတ်ပြီး နေရာထိုင်ခင်း ပြင်ဆင်ပေးဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ “မြို့မှာက အခုဘယ်သူမှမရှိတော့ဘူး။ ဆွမ်ပရာဘွမ်မြို့ထဲ ရှိရှိသမျှပြည်သူအားလုံး တိမ်းရှောင်နေတယ်။ တောထဲတိမ်းရှောင်နေသူတွေက ကိုယ်သိသလို မိုးကာတဲတွေ၊ ဝါးတဲတွေ ထိုးပြီး နေနေတယ်။ ကျေးရွာတွေထဲ တိမ်းရှောင်နေသူတွေက အသိအိမ်တွေ ၊ မိတ်ဆွေတွေရဲ့ အိမ်တွေထဲ နှစ်အိမ်ထောင်၊ ၃ အိမ်ထောင်အဲ့လို ကြပ်ပြွတ်ပြီး နေနေတယ်။ ဒါကြောင့် အခုရက်ကြာလာရင်တော့ သူတို့အတွက် နေရာသတ်မှတ်ပြီး နေရာထိုင်ခင်းပြုလုပ်ပေးဖို့ လိုအပ်နေတယ်”လို့  ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစပြီး ဆွမ်ပရာဘွမ်မြို့နယ် မလိယာန်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဆွမ်ပရာဘွမ်မြို့မှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၄၆ တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ကျော်လာပြီဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွတ်ရေးအတွက် လေယာဉ်နဲ့ နေ့တိုင်းနီးပါး အပြင်းအထန်ဗုံးကြဲတိုက်ခိုက် ကာကွယ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ကူတွေ လေကြောင်းနဲ့အပါအဝင် မြေပြင်နဲ့ပါစစ်အင်အားထပ်ဖြည့်နေပြီး စစ်ရေးတင်းမာလျက်ရှိနေတာကြောင့် တိုက်ပွဲအတွင်း KIA ဘက်ကလည်း ထိခိုက်ကျဆုံးသူတွေရှိနေသလို စစ်ကောင်စီဘက်ကလည်း အများအပြားသေဆုံးမှုရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီးပိတ်ထားတာလည်း တစ်ပတ်ကျော်လာပြီဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့ထဲက ဒေသခံပြည်သူ တစ်ဦးမကျန် ဘေးလွတ်ရာတွေတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 18 March
    သတင်း

    မီးဘေးသင့် ဟွေထိုက်ကျေးရွာပြည်သူတွေအတွက် အစားသောက်၊နေရာထိုင်ခင်း အရေးပေါ်အကူအညီလိုအပ်နေ

    စစ်ကိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါး မီးလောင်သွားတဲ့ ဟွေထိုက်ကျေးရွာနေ ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ နေ့လည်ပိုင်း တောမီးကူးစက်မီးလောင်ကျွမ်းရာကနေ ဟွေထိုက်ကျေးရွာက ရွာလုံးကျွတ်နီးပါး မီးဘေးသင့်နေပြီး ပျက်စီးဆုံးရှုံးမှုတွေများတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့  လဟယ်မြို့နေအမျိုးသားတစ်ဦးက ပြောပါတယ်။ “နေ့လည်၁၂ နာရီကြီးမှာလောင်သွားတာ အဲ့နေ့ကကြာသာပတေးနေ့လည်း အဲ့ဆိုတော့ အားလုံးကတောင်ယာသွားနေကြတာ အိမ်မှာက ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေလောက်ပဲကျန်တာ ဘာမှမလုပ်နိုင်ဘူးလေသူတို့ အဲ့ကြောင့် တစ်ရွာလုံးနီးပါးကိုလောင်သွားတာ ဘာမှမရလိုက်ကြဘူး”လို့သူကပြောပါတယ်။ ရွာလုံးကျွတ်နီးပါး မီးလောင်သွားတဲ့ ဟွေထိုက်ကျေးရွာ (CRD- Ngai Thang ဖေ့စ်ဘုတ်) အိမ်ခြေ ၅၀ ဝန်းကျင်လောက်သာရှိတဲ့ အဲ့ဒီကျေးရွာမှာ အိမ်ခြေ ၃၅ လုံးအထိမီးလောင်သွားတာဖြစ်ပြီး အိမ်သုံးပစ္စည်း၊ တကိုယ်ရေအသူံးအဆောင်တွေမီးလောင်သွားတဲ့အပြင် အချို့တစ်နှစ်စာသိုလောင်ထားတဲ့စပါးတွေပါ မကျန် မီးလောင်သွားတဲ့အတွက် အစားအသောက်၊ အဝတ်အထည်ကအစအကူအညီလိုအပ်နေတာလို့ဒေသခံတွေကဆိုပါတယ်။ “ရွာရဲ့သင်းအုပ်ဆရာအိမ်ကအစပါသွားတယ် တချို့က စပါးကိုရွာထဲမှာပဲ စပါးသိုက်ဆောက်ပြီးထားတာလေး အဲ့တာတွေကအစ ပါသွားတယ်ဗျ စောင်တွေ အဝတ်အထည်တွေ အိုးခွက်ပန်းကန်ကစ မရလိုက်ကြဘူး အဓိကတော့အခု အဝတ်အထည်တို့ အစားအသောက်တို့လိုအပ်နေတယ်လို့”လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသားကဆက်ပြောပါတယ်။ မီးလောင်မှုကြောင့် အိမ်မွေးရိတိစ္ဆာန်သေဆုံးမှုအနည်းငယ်ရှိခဲ့ပြီး အရပ်သား ၂ဦးလည်း မီးလောင်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ အဲ့ဒီဟွေထိုက်ကျေးရွာမီးဘေးသင့်ပြည်သူတွေကို ကူညီလှူဒါန်းလိုတယ်ဆိုရင်တော့ ဖုန်းနံပတ် 09764817340 ကိုဆက်သွယ်ပြီးလျှူဒါန်းနိုင်ကြောင်း Ngai Thang ဖေ့စ်ဘုတ် အကောင့်မှာ ဖော်ပြထားပါတယ်။ လဟယ်မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါ ရီလကလည်း ဆော်လော်နောက်ကုန်းကျေးရွာမှာအိမ်သုံး ဆိုလာပြားအပူလွန်ကဲပြီး အိမ်ခြေ ၇၀ ကျော်မီးလောင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2023 -
    29 November
    သတင်း

    မိုင်းခေါင်စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာမှာရှိတဲ့ KBC စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ ကပြောပါတယ်။ မံစီမြို့နဲ့အလှမ်းဝေးတဲ့ မိုင်းခေါင်ရွာဟာ စစ်ရေးအခြေအနေတွေကြောင့် သွားလာရေးအခက်အခဲတဲ့အပြင် စစ်ရှောင်တွေဟာအပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ရန် ခက်ခဲလာတာကြောင့် စားဝတ်နေရေးအတွက်ရုန်းကန်နေရတယ်လို့ မိုင်းခေါင်စစ်ရှောင်စခန်း တာဝန်ခံက KNG ကိုပြောပါတယ်။ “အရင်ကထက်လည်း ကုန်ဈေးနှုန်းတွေ တက်လာတယ်၊ အခုဆိုပိုက်ဆံရှာရတာလဲခက်၊ ရှာဖွေစားသောက်ဖို့ ကလည်းခက်၊ အဲ့တာကြောင့် အစားအသောက်ဆိုရင်လည်းဖြစ်သလို ဖြေရှင်းနေကြတာပေါ့” လို့ပြောပါတယ်။ မိုင်းခေါင်ဘက်က စစ်ရှောင်တွေဟာအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ မြေယာတွေငှားပြီး လယ်ယာစိုက်ခင်းလုပ်ရင်းရင်း တစ်ဖက်မှာလည်း နေ့စားအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် နေ့စားအလုပ်တွေကို ရှာလုပ်လို့ရခဲ့ပေမဲ့ လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အပြင်ထွက်…

    Read More »
  • Apr- 2023 -
    29 April
    စစ်ပြေးဒုက္ခသည်များ

    ဗန်းမော်တွင် ကျေးရွာ ၃ ရွာမှ စစ်ရှောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၃ ခုမှ စစ်ကြောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။ ဧပြီလ ၂၆ ရက်နေ့မှစတင်ကာ တိုက်ပွဲကြောင့် ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ခဲမနိုင်၊…

    Read More »
  • Dec- 2022 -
    5 December
    သတင်းထီးချိုင့်

    ထီးချိုင့် တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင် တစ်သောင်းကျော်အတွက် အကူညီများစွာ လိုအပ်နေ

    တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီက ဒေသခံများ၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးနေသည့်အတွက် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရပြီး ထိုသူများအတွက်အစားအသောက် အဝတ်အထည်များစွာ အကူညီလိုအပ်နေကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်မှ ရွာစဥ်…

    Read More »
  • Nov- 2022 -
    24 November
    စစ်ပြေးဒုက္ခသည်များစစ်ရှောင်များ

    ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

    ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာဘက်တွင် စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကျေးရွာ ၅ ခုမှ ဒေသခံပြည်သူများ ၅၀၀ ဝန်းကျင်းထွက်ပြေးတိမ်းရှောင်းလာသောကြောင့် စစ်ရှောင်အကူအညီများလိုအပ်နေကြောင်းသိရသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ မှစတင်ကာ ဆိပ်မူကျေးရွာအုပ်စုတွင်ရှိသည့် ကောင်စံ၊ အောင်စုကျော်၊ သောင်းကော့၊…

    Read More »
  • Sep- 2022 -
    8 September
    သတင်း

    ရေကြီးမှုကြောင့် ပျက်စီးသွားသည့် နန့်မွန်းရှိ လယ်ခင်းများ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီလိုအပ်နေ

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းအတွင်း မိုးသည်းထန်စွား ရွာသွန်းမူကြောင့် ချောင်းရေကြီးကာ ‌ပျက်စီးဆုံရှုံးသွားသည့် လယ်ယာမြေများ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံ မှ သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် နန့်မွန်းချောင်းရေသည် တောင်ကျချောင်းရေနှင့်အတူ ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး တောင်ခြေအနီးတွင် စိုက်ပျိုးထားသည့် ဒေသခံများ၏…

    Read More »
Back to top button