သတင်း

ရေကြီးမှုကြောင့် ပျက်စီးသွားသည့် နန့်မွန်းရှိ လယ်ခင်းများ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီလိုအပ်နေ

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းအတွင်း မိုးသည်းထန်စွား ရွာသွန်းမူကြောင့် ချောင်းရေကြီးကာ ‌ပျက်စီးဆုံရှုံးသွားသည့် လယ်ယာမြေများ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံ မှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် နန့်မွန်းချောင်းရေသည် တောင်ကျချောင်းရေနှင့်အတူ ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး တောင်ခြေအနီးတွင် စိုက်ပျိုးထားသည့် ဒေသခံများ၏ လယ်ဧက ၃၀ ထက်မနည်း ဗွပ်နွံဖုံးလွှမ်းခြင်း၊ ရေတိုက်စားခြင်းများကြောင့် ပျက်စီးသွားခဲ့သည်ဟု နန့်မွန်းဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ပျက်စီးသွားတဲ့ထဲမှာ စပါးစိုက်ပြီးသားလယ်လည်းရှိတယ်။ တချို့က စပါးမစိုက်သေးပေမယ့် မြေပြိုပြီးဖုံးသွားတာတွေ လယ်ကန်ဇင်း ပျက်သွားတာတွေရှိတယ်။ ပြီးတော့လယ်ခင်းထဲမှာ ဗွပ်နွံတွေ သုံး လေး ပေလောက်ဖုံးနေတာရှိတယ်။ ခဲလုံးတွေလည်းဖုံးနေတာအများပိုင်း ဆိုးဆိုးရွားရွားပျက်စီးနေတာ ပြန်ပြင်ဖို့အကူ့ညီလိုတယ် ထွန်းစက်တွေလိုတယ်၊ ပြီးတော့ အဓိက စက်သုံးဆီလိုတယ်ဗျ စက်သုံးဆီမရှိတော့ ဘာမှလုပ်မရဘူးဖြစ်နေတယ်ဟုပြောဆိုသည်။

လတ်တလောတွင် ဒေသခံများသည် လယ်ခင်းများ ပြုပြင်ရန် လယ်ထွန်းစက်၊ မြေကော်စက်နဲ့ မြေသယ်စက်များအတွက် စက်သုံးဆီများ လိုအပ်နေပြီး ပျက်စီးသွားသည့် မြေဧက ၃၀ ကျော်သည် နန့်မွန်းဒေသခံများ၏ လယ်အများဆုံးပါဝင်ပြီး ရွှေလက်ပံရွာနဲ့ အခြားအနီးဝန်းကျင်ကျေးရွာရှိဒေသခံများ၏ လယ်မြေလည်းပါဝင်ကြောင်း သိရသည်။

တချို့လယ်ခင်းတွေက စိုက်ပြီးသားပါတယ် အဲ့စိုက်ပြီးသားထဲမှာ တချို့အခင်းတွေက အရမ်းကြီးမပျက်စီးသွားဘူးဗျ ဒါပေမယ့် ရေတိုက်စားထားတာဆိုတော့စပါးပင်သန်ဖို့အတွက် ဓာတ်မြေသြဇာတွေလည်းလိုအပ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း အလွန်အကျွံရွှေတူးဖော်မှုကြောင့်နန့်မွန်းချောင်းနှင့် နီးသည့် တောင်ခြေဘက်တွင် မြေယာများပျက်စီးပြီး ယခုမိုးတွင်းကာလတွင် ရေကြီးရေလျှံမှုဖြစ်ကာ ရွှေတူးခဲ့သည့် မြေစာများသည် ရွံနွံအဖြစ်ပြောင်းလဲ၍ လယ်ခင်းထဲသို့ ဝင်ရောက်လာခြင်းကြောင့် ယခုကဲ့သို့ လယ်စိုက်ခင်းများ ပျက်စီးသွားရခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆို နေကြသည်။

Show More

Related Articles

Back to top button