အင်ခိုင်ဘွမ့်တောင်ပေါ် ဗုဒ္ဓစေတီ တည်ဆောက်မှုကို ရပ်ဆိုင်းရန်နှင့် ပြောင်းရွေ့ရန် တောင်းဆို

မြစ်ကြီးနားမြို့မြောက်ဘက် အင်ခိုင်ဘွမ် (N Hkai Bum) တောင်မှာ ကချင်လူထုကန့်ကွက်နေသည့်ကြား ဗုဒ္ဓစေတီတစ်ဆူ ထပ်မံ တည်ဆောက်နေပြန်သဖြင့် အဆိုပါလုပ်ရပ်ကို ရပ်တန့်ပေးရန်နှင့် အခြားနေရပ်သို့ ပြောင်းရွေ့လိုက်ရန် ကချင်လူငယ်များမှ တောင်းဆို လိုက်သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း အင်ခိုင်ဘွမ့် အမျိုသားဥယျာဉ် နယ်နမိတ်အတွင်း ဉာဏ်တော် ၂၇ ပေရှိ ဗုဒ္ဓစေတီတော်ကိုတည်ဆောက်ရန် ပလန မဇ္ဈိမ ဘုန်းကြီးကျောင်းမှ ဆရာတော်