ကချင်ဒေသ
-
Jul- 2026 -16 Julyစစ်ပြေးဒုက္ခသည်များ
ကချင်စစ်ရှောင်အမျိုးသမီးတွေ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း လိုအပ်နေ
ကချင်ဒေသရှိ စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတွေ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မယ့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။ အာဏာမသိမ်းမီက ကချင်ဒေသရှိ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် အရပ်ဘက်အဖွဲ့အစည်းတွေက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပံ့ပိုးပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် အဲဒီလို ထောက်ပံ့မှုတွေ သိသိသာသာ…
Read More » -
15 Julyလူ့အခွင့်အရေးချိုးဖောက်မှု
စစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူမှုမရှိခြင်းကြောင့် ရာဇဝတ်မှုတွေဆက်လက်ကျူးလွန်နေလို့ KHRWပြော
ကချင်ဒေသမှာ စစ်တပ်အနေနဲ့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်နေတာဟာ နိုင်ငံတကာအဖွဲ့အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံတကာ ဥပဒေကိုတွေ ကာကွယ်ဖို့ ပျက်ကွက်မှုကြောင့် ဖြစ်တယ်လို့ KHRWရဲ့ ၂၀၂၆ ဇူလှိုင် ၁၃ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
Read More » -
Jun- 2026 -10 Juneစစ်ပြေးဒုက္ခသည်များ
ကချင်ဒေသ စစ်ရှောင်အရေး အကူအညီနှင့်ကာကွယ်မှု တိုးမြှင့်ရန် တောင်းဆို
ကချင်ဒေသက စစ်ဘေးသင့်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်မှုနဲ့ အကူအညီတွေ တိုးမြှင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က ဇွန်လ ၉ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဇွန်လ ၉ ရက်နေ့ဟာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာ ၁၅ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ UNHCR ရဲ့ ထုတ်ပြန်ချက်အရတော့ ၂၀၂၁ မတိုင်ခင်က ကချင်မှာ စစ်ရှောင်ဦးရေ ၆၈,၄၀၀ လောက်ပဲ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ၁၇၆,၁၀၀ လောက် ထပ်တိုးလာပြီး စုစုပေါင်း ၂၄၄,၅၀၀ ကျော်အထိ ရှိလာပြီလို့ဆိုပါတယ်။ ဒီစစ်ဘေးရှောင်တွေကတော့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကိုပါ ရင်ဆိုင်နေရပြီး အစားအသောက်၊ နေရာထိုင်ခင်း၊ ကျန်းမာရေးနဲ့ ပညာရေး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ နိုင်ငံတကာအကူအညီတွေကလည်း ကမ္ဘာ့နိုင်ငံရေးပဋိပက္ခတွေကြောင့် လျော့နည်းလာနေပြီး အကူအညီတွေကလည်း စစ်ကောင်စီကတစ်ဆင့် ဖြတ်သန်းရတာကြောင့် မြေပြင်ထိ မရောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ပြောရေးဆိုခွင့်ရှိသူ မဆန်ထွယ်ကတော့ ခုလိုပြောပါတယ်။ “အကူအညီရောက်ဖို့ခက်တဲ့ ဒေသတွေမှာ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။ အာဆီယံအနေနဲ့လည်း မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာမယ်ဆိုရင် ရွေးတုစစ်အစိုးရကို မထောက်ခံဘဲ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ NUG နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကို ထိတွေ့ဆက်ဆံမှုတွေ များများလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ပြောပါတယ်။ ကချင်ဒေသတစ်ကြော့ပြန် စစ်ဘေး တိမ်းရှောင်ခဲ့ရတာဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်ဦးနေဝင်းလက်ထက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်တပ်တို့အကြား ၁၉၉၄ခုနှစ်တုန်းက ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ပျက်ပြယ်သွားတဲ့အတွက် ဖြစ်ပါတယ်။ အဲဒီစာချုပ်ဟာ ၂၀၀၈ခြေဥပေါ်ပေါက်လာတဲ့နောက်ပိုင်း မြန်မာစစ်တပ်ဘက်က ကေအိုင်အေကို နယ်ခြားစောင့်တပ်အနေနဲ့ အသွင်းပြောင်းဖို့ ဖိအားပေးရာကနေ စတင်ပျက်စီးလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၅နှစ်ကျော်ကြာ ရပ်တန့်ထားတဲ့ ကေအိုင်အေနဲ့ စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်ဟာ ၂၀၁၁ခုနှစ် တစ်ကြော့ပြန်တိုက်ပွဲနဲ့အတူ ပြန်လည် အမှန်တကယ် ပြတ်ဆဲသွားခဲ့ပါတယ်။ ၁၉၉၄ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် ၂၀၁၁ ခုနှစ်ကစပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် စစ်မီးတွေ ဆက်လက်တောက်လောင်ပြီး ပြည်သူတွေ စစ်ဘေးသင့်လာတာ ဖြစ်ပါတယ်။ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ စစ်တွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းဖို့ အတွက်ကတော့ စစ်ဘဲ တိုက်နေကြတာက အဖြေမဟုတ်သလို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖြေရှင်းဖို့ရန်လည်း အရေးကြီးတယ်လို့ ခုလိုသုံးသပ်ပြောဆိုပါတယ်။ “နိုင်ငံရေး စကားဝိုင်းမှာ ဆွေးနွေးတာက အဓိကဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အတူတကွ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်လို့လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရတာဟုတ်တယ်။ အဲတာကို ကြည့်ရင်တော့ ဆွေးနွေးတိုင်ပင်မှုတွေက အရမ်း အရေးကြီးတာကို တွေ့ရပါတယ်”လို့ ခုလိုဆက်ပြောပါတယ်။ ဒါပေမယ့် တစ်ဖက်တည်းကပဲ ရယူတာ၊ ပေးနေရတာမျိုးမဟုတ်ဘဲ ရသင့်ရထိုက်တာတွေကို မျှမျှတတ ဆွေးနွေးပြီး ကတိကဝတ်တွေကို တည်မှသာ ကောင်းမွန်တဲ့အဖြေ ရနိုင်မယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ ကချင်ဒေသမှာ စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာတာတွေရှိပြီး ၂၀၂၅ ဖေဖော်ဝါရီလကစတင်ပြီး ပြန်လာသူတွေ ရှိလာတယ်လို့ သိရပါတယ်။ UNHCR အရ ၂၀၂၁ မတိုင်ခင် စစ်ရှောင်ဦးရေ ၇၅,၀၀၀ လောက်ရှိခဲ့ပေမယ့် ၂၀၂၆ ဖေဖော်ဝါရီမှာ ၆၈,၄၀၀ အထိ လျော့ကျသွားပေမယ့် ၀၂၁ နောက်ပိုင်း စစ်ရှောင်ဦးရေကတော့ ၁၅၉,၅၀၀ ကနေ ၂၀၂၆ ဧပြီမှာ ၁၇၇,၀၀၀ အထိ တိုးလာတယ်လို့ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ ကျန်းမာရေး၊ ပညာရေး အကူအညီတွေလိုအပ်နေသလို နေရပ်ပြန်သူတွေအတွက်လည်း အကူအညီလိုအပ်နေဆဲ ဖြစ်သလို နေရပ်ပြန်သူတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်အန္တရာယ်တွေကိုလည်း စိုးရိမ်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ By –…
Read More » -
9 Juneစစ်ပြေးဒုက္ခသည်များ
၁၅ နှစ်ကြာလာတဲ့ ကချင်လူထုရဲ့ စစ်ရှောင်ခရီး
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ကချင်ဒေသ စစ်ပွဲဟာ ဒီကနေ့မှာ ၁၅ နှစ်တိတိ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။
Read More » -
4 Juneစစ်ရေး
ကချင်ကိုဝင်လာတဲ့ စစ်ယာဉ်တန်းတွေ၊ အရပ်သားအကူအညီလား စစ်ရေးထောက်ပို့လား
ကချင်ပြည်နယ်ကို ဝင်ရောက်လာနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေမှာ ဘာတွေတင်ဆောင်လာသလဲဆိုတဲ့ မေးခွန်းက လတ်တလော စိတ်ဝင်စားစရာအကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။ စစ်တပ်ထောက်ခံတဲ့ ချန်နယ်လ်တွေနဲ့ ထုတ်ပြန်ချက်တွေရဲ့ ဖော်ပြချက်အရ မေလ ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိသွားတဲ့ ဒုတိယအကြိမ် စစ်တပ်ယာဉ်တန်းဟာ ကျောင်းသုံးစာအုပ်တွေ၊ ဆေးဝါးတွေ၊ အခြေခံစားသောက်ကုန်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ စက်သုံးဆီတွေကို သယ်ဆောင်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။ စစ်တပ်ဘက်ကတော့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လမ်းတစ်လျှောက်က မြို့ရွာတွေမှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကျောင်းဖွင့်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အခုလို ပစ္စည်းတွေ ပို့ဆောင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။ ဒါပေမယ့် KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ အရင်တစ်ခေါက် ကချင်ပြည်နယ်ဘက်ကို တက်လာခဲ့တဲ့ ယာဉ်အစီး ၄၀၀ ကျော်ရှိတဲ့ စစ်တပ်ရဲ့ယာဉ်တန်းမှာ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ ပါဝင်သလို လက်နက် ခဲယမ်းတွေလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ “ရှေ့တစ်ခေါက် အစီး၄၀၀ တက်လာတုန်းကလည်း ဘိလပ်မြေအိတ်တင်တဲ့ ကားအစီး၁၀၀ပါတယ်။ တခြားဆောက်လုပ်ရေး ပစ္စည်းတွေလည်း ပါတယ်။ စားနပ်ရိက္ခာတင်တဲ့ကားတွေလည်းပါတာ ဟုတ်တယ်။ လက်နက်ခဲယမ်းတွေလည်းပါတယ်။”လို့ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကိုထပ်ရောက်လာတဲ့ ယာဉ်တန်းမှာလည်း အစားအသောက်နဲ့ ပြည်သူတွေအသုံးပြုရမယ့် ပစ္စည်းတွေ ပါဝင်နိုင်ပေမယ့် စစ်ယာဉ်တန်းဖြစ်တဲ့အတွက် လက်နက်ခဲယမ်းနဲ့ စစ်ရေးထောက်ပို့ ပစ္စည်းတွေပါဝင်ဖို့ များတယ်လို့ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။ “ဒီတစ်ခေါက်လည်း အစားအသောက်တွေလည်း ပါမှာဘဲ ။ အဲဒီလိုဘဲ ပြည်သူတွေ အသုံးပြုရမယ့် ပစ္စည်းတွေလည်းပါမှာဘဲ။ ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် စစ်ကားဖြစ်တဲ့ အတွက် လက်နက်ခဲယမ်းတွေလည်း သယ်တာတွေလည်း သေချာပေါက်ပါမယ် လို့တော့ သိရှိနိုင်တယ်။ ပြီးတော့ စစ်အင်အား ဘယ်လောက်ပါတယ် ဆိုတာကိုတော့ သေချာ မသိရသေးဘူး။ ကားကို ဖုံးပြီး မောင်းလာတာဖြစ်တဲ့အတွက် စစ်အင်အား ဘယ်လောက်ပါတယ်ဆိုတာကိုတော့ မသိရသေးဘူး“ စစ်တပ်ဟာ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယာဉ်အစီး ၄၀၀ ကျော်ပါ ယာဉ်တန်းတစ်ခုနဲ့ ယာဉ်အစီး ၂၀၀ ခန့်ပါဝင်တဲ့ နောက်ထပ်ယာဉ်တန်းတစ်ခုကို ကချင်ပြည်နယ်အတွင်းကို ဆက်တိုက်ဆိုသလို ဝင်ရောက်အင်အား ဖြည့်နိုင်ခဲ့တာပါ။ ဒီနေရာမှာ မေးခွန်းထုတ်စရာ ဖြစ်လာတာကတော့ အရပ်သားတွေအတွက် အသုံးပြုမယ့် ကျောင်းစာအုပ်၊ ဆေးဝါးနဲ့ စားသောက် ကုန်တွေကို စစ်ရေးထောက်ပို့ပစ္စည်းတွေနဲ့အတူ ယာဉ်တန်းတစ်ခုတည်းမှာ ရောပြီးသယ်ဆောင်လာတာ ဟုတ်မဟုတ်ဆိုတဲ့ အချက်ပါ။ ဥပဒေပညာရှင်တစ်ဦးကတော့ ပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်များအားလုံးဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law-IHL) ကို တူညီစွာလိုက်နာရမှာဖြစ်ပြီးစစ်ရေးပစ်မှတ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို အမြဲတမ်း ခွဲခြားသတ်မှတ်ထားရမယ်လို့ KNG ကို ပြောပါတယ်။ “နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို ကာကွယ်ပေးထား ပါတယ်။ ဒါပေမဲ့ စစ်ရေးလှုပ်ရှားမှုကို ထိရောက်စွာ အထောက်အကူပြုနေတဲ့ ယာဉ်တန်းတွေဟာ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ အကယ်၍ အကူအညီပစ္စည်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်လာတယ်ဆိုရင် အဲ့ဒီယာဉ်တန်းဟာ သီးသန့် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် မသတ်မှတ်နိုင်တော့ဘဲ IHL အရ ရရှိထားတဲ့ အကာအကွယ်အချို့ကို ဆုံးရှုံးသွားနိုင်ပါတယ်“လို့ အထက်တန်းရှေ့နေတစ်ဦးဖြစ်တဲ့ Ja Seng Hkawn ကဆိုပါတယ်။ ဂျီနီဗာကွန်ဗင်းရှင်းရဲ့ Additional Protocol I မှာ ပါဝင်တဲ့ Distinction Principle အရ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့တွေဟာ စစ်ရေးပစ်မှတ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ အရပ်သားအသုံးပြုပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ ထောက်ပို့ပစ္စည်းတွေကို ယာဉ်တန်းတစ်ခုတည်းမှာ ရောနှောသယ်ဆောင်လာ တာ မှန်ကန်ခဲ့မယ်ဆိုရင် အဲ့ဒီအခြေအနေဟာ ဥပဒေရေးရာနဲ့ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်တွေကနေ မေးခွန်း ထုတ်စရာ ဖြစ်လာနိုင်တယ်လို့ ဥပဒေရေးရာလေ့လာသူတွေက သုံးသပ်ကြပါတယ်။…
Read More » -
1 Juneသတင်း
ကချင်ကိုတက်လာတဲ့ စစ်တပ်ယာဉ်တန်း လမ်းတစ်လျှောက် တိုက်ပွဲဖြစ်
ကချင်ပြည်နယ်ကို ဒုတိယအကြိမ် တက်လာတဲ့ စစ်တပ်ယာဉ်တန်းဟာ လမ်းတစ်လျှောက် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More » -
May- 2026 -28 Mayအင်တာဗျူး
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ဒေသစစ်ရေးဘယ်လိုပြောင်းလဲလာနိုင်မလဲ။
အာဏာသိမ်းစစ်တပ်ဟာ ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်နေတာ ၄ လခန့်ကြာမြင့်လာပြီဲဖြစ်ပါတယ်။
Read More » -
27 Mayစစ်ပြေးဒုက္ခသည်များ
ကချင်ဒေသ နေရပ်ပြန်စစ်ရှောင်များ ကူညီမှုလိုအပ်နေ
ကချင်ဒေသမှာ နေရပ်ပြန်စစ်ဘေးရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ လူမှုစာနာထောက်ထားရေးအပိုင်းတွေမှာ ဒေသတွင်း ကချင်အမျိုးသားရေးအဖွဲ့အစည်းတွေအနေနဲ့ ရေရှည်မူဝါဒတွေ သေချာထားရှိပြီး ကူကာကွယ်ပေးသင့်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေပါတယ်။
Read More » -
3 Mayအင်တာဗျူး
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် နဲ့ ကချင်ဒေသ သတင်းမီဒီယာကဏ္ဍ
ဆွေးနွေးမှုစကားဝိုင်း မေလ ၃ ရက်နေ့ဟာ World Press Freedom Day သတင်းမီဒီယာ လွတ်လပ်ခွင့် ရဲ့ အရေးပါမှုကို သတိပေးတဲ့နေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မှာ ကချင်ပြည်နယ်က သတင်းတွေကို နှစ်ပေါင်း ၂၀ ကျော်ကြာ ရေးသားတင်ဆက်နေတဲ့ Kachin News Group KNG သတင်းဌာန သတင်းထောက်တွေက…
Read More » -
Mar- 2026 -11 Marchသတင်း
ကချင်မှာ စစ်လက်နက်ပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၄ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာပြင်းထန်
ကချင်ပြည်နယ်မှာ စစ်လက်နက် ပစ်ခတ်မှုတွေကြောင့် ကလေးသူငယ်တွေအပါ ၄ ဦး သေဆုံးပြီး ၂၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့အစည်းကနေ သိရပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ…
Read More »