ကုန်စျေးနှုန်း
-
Oct- 2026 -18 Octoberဆောင်းပါး
“လမ်းကြောင်းပိတ်ဆို့မှုကြား အသက်ရှူကျပ်လာတဲ့ မြစ်ကြီးနားအိမ်ရှင်မများ”
စားသောက်ကုန်အပါဝင် ကုန်စည်စီးဆင်းရာ လမ်းကြောင်းနေရာတွေ အရှေ့ဘက်ကရော တောင်ဘက်က လက်နက်ကိုင်တွေ ဆက်တိုက်ပိတ်ဆို့ခံထားရတာကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ကုန်ပစ္စည်းတွေ ဝင်ရောက်မှုနည်းပါးကြန့်ကြာဖြစ်နေတာပါ။
Read More » -
Sep- 2026 -1 Septemberသတင်း
ပူတာအို-မြစ်ကြီးနား မိုးတွင်း လမ်းပိုင်းပျက်စီးမှုကြောင့် နောက်ဆက်တွဲ ကုန်စျေးနှုန်း မြင့်တက်လာ
ကချင်ပြည်နယ်၊ ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်း နေရာတချို့မှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေ ပြောဆိုနေကြပါတယ်။
Read More » -
Aug- 2026 -24 Augustသတင်း
ဂိတ်ကြေး အဆမတန် ကောက်ခံမှုများကြောင့် ကုန်စျေးနှုန်းဒဏ် အများပြည်သူအပေါ် သက်ရောက်
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် ကန်ပိုင်တီဂိတ်ကနေ ဝင်လာတဲ့ စက်သုံးဆီတင်ကားတွေဟာ မြစ်ကြီးနားအထိ သယ်ယူရာမှာ လမ်းပိုင်း ဂိတ်ကြေးမှာတင် သိန်း ၅၀၀ ခန့်အထိ ကုန်ကျတာကြောင့် ဆီစျေးနှုန်း နဲ့ အများပြည်သူအပေါ် သက်ရောက်မှု ရှိနေတယ်လို့ ဆီကုန်သည်တွေ ပြောပါတယ်။
Read More » -
18 Augustသတင်း
မန္တလေး–မြစ်ကြီးနား ကုန်စည်တန်ဆာခ ထက်ဝက်ကျော် မြင့်တက်နေ
မန္တလေးကနေ မြစ်ကြီးနားဘက်ကို ကုန်စည်သယ်ယူရာမှာ အသုံးပြုနေရတဲ့ ကွင်းလမ်းတွေ မိုးဆက်တိုက်ရွာသွန်းပြီး လမ်းတွေ ပျက်စီးလာတာကြောင့် တန်ဆာခတွေ အဆမတန်မြင့်တက်လာတယ်လို့ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ဆက်စပ်သူတွေထံက သိရပါတယ်။
Read More » -
18 Augustသတင်း
မြစ်ကြီးနား အခြေခံစားသောက်ကုန်ဈေးနှုန်း ဆက်မြင့်တက်၊ ကုန်စည်ဝင်လမ်းကြောင်းတွေ အခက်အခဲရှိ
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့မှာ ရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပြီး ရပ်ကွက်ဈေးတွေမှာ ကြက်ဥတစ်လုံး ကျပ် ၁,၂၀၀ အထိ ရှိလာတယ်လို့ ဈေးသည်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။
Read More » -
Jul- 2026 -29 Julyသတင်း
မြစ်ကြီးနားမှာ ကြက်ဥတစ်လုံးတစ်ထောင်ကျပ်အထိ ပေးဝယ်နေရ
မြစ်ကြီးနားမြို့မှာ ကြက်ဥတစ်လုံးကို ကျပ်တစ်ထောင်အထိ ပေးဝယ်နေရတယ်လို့ မြို့ခံတွေနဲ့ ဈေးသည်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလမှာ စစ်တပ်က စစ်ကိုင်း– ကချင်အစပ်က အင်းတော်မြို့ကိုသိမ်းပိုက်လိုက်တဲ့နောက် ဇွန်လကစပြီး မြစ်ကြီးနား–မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့နယ်တွင်းမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတာပါ။…
Read More » -
24 Julyသတင်း
မြစ်ကြီးနားမှာ ကုန်ဈေးအဆမတန်မြင့်တက်
မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ ပိတ်မိနေတာ ၁၀ ရက်ကျော်ကြာလာတဲ့နောက် မြစ်ကြီးနားမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ မြို့ခံတွေနဲ့ ဈေးသည်တွေက KNG ကို ပြောပါတယ်။
Read More » -
May- 2026 -7 Mayသတင်း
ဖားကန့်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ၁၅၀၀ အထိရှိ
ကားမိုင်း - နန့်ယား ဖားကန့်လမ်းပိုင်းပိတ်လိုက်တဲ့နောက် ဖားကန့်ဒေသအတွင်း ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေပြီး စားသောက်ကုန်တစ်ချို့ပြတ်လပ်သွားတဲ့အထိ ကြုံတွေ့နေရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေသိရပါတယ်။
Read More » -
Apr- 2026 -24 Aprilသတင်း
မီးပြတ်နေချိန် မီးသွေးနဲ့ထင်းစျေးတစ်ဆမြင့်တက်လာ
မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့နယ်မှာ မီးပြတ်နေတဲ့နှစ်ပတ်အတွင်း ထင်းနဲ့မီးသွေးတွေစျေးအဆမတန်မြင့်တက်လာနေတယ်လို့ မြို့ခံတွေပြောပါတယ်။
Read More » -
Feb- 2026 -23 Februaryသတင်း
မြစ်ကြီးနားမှာ ဘိလပ်မြေစျေးစံချိန်တင်မြင့်တက်၊ ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထားရတယ်လို့ဆို
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၈ သောင်းအထိစံချိန်တင်မြင့်တက်သွားတဲ့အပြင် ပြတ်လပ်မှုတွေလည်းရှိနေတာကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်နားထားရတယ်လို့ မြို့ခံတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကပြောပါတယ်။ ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းနဲ့တခြားသောကုန်ပစ္စည်းတွေဟာ မြစ်ကြီးနားမြို့ကို တရုတ်နိုင်ငံမှ နယ်စပ်မြို့ ကံပိုက်တီ ဂိတ်ကနေလည်းဝင်ရောက်သလို မန္တလေး–မြစ်ကြီးနားလမ်းပိုင်းကနေလည်းအဓိကဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ကုန်ကားတွေကို…
Read More »