ကောလင်း
-
Mar- 2026 -27 Marchသတင်း
ကောလင်းလေကြောင်းတိုက်ခိုက်ခံရ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါ ပြည်သူ ၅ဦးသေဆုံး
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း ဖလဲရွာကို မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဘက်က တံတားဦးဘက်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အပါအဝင် စစ်ဘေးရှောင် ၅…
Read More » -
17 Marchသတင်း
ကချင်ပြည်နယ်ဝင်ပေါက်မြို့တွေ ဗုံးကြဲတိုက်ခိုက်ခံရလို့ ဆယ်ရက်အတွင်း အရပ်သား ၂၄ ဦးသေဆုံး
ကချင်ပြည်နယ်ရဲ့ဝင်ပေါက်မြို့နယ်တွေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူး၊ ကောလင်း၊ ထီးချိုင့်နဲ့ မော်လူးမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ကိုရင် ၄ ပါး၊ ဦးဇင်း ၂ ပါးအပါအဝင် စုစုပေါင်းလူဦးရေ ၂၄ ဦး အထိသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မတ်လ ၁ ရက်နေ့ ပင်လည်ဘူးမြို့နယ် လိပ္ပုတ်ကျေးရွာတိုက်ခိုက်ခံရချိန်တွင် အရပ်သား ၁၀ ဦး၊ မတ်လ ၅ ရက်နေ့ ကောလင်း မြို့နယ် ကချင်ကုန်းရွာတိုက်ခိုက်ခံရချိန်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်နောက်ထပ်အမျိုးသမီးတစ်ဦး၊ မတ်လ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ထီးချိုင်မြို့နယ်အနှံ့ရှိကျေးရွာများလေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကိုရင်နှင့်ဦးဇင်းများအပါအဝင် ၁၂ ဦးအထိ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစလို့ မတ်လ ၁၀ ရက်နေ့အထိ စစ်ကော်မရှင်တပ်က အထက်ပါမြို့တွေကို ဆက်တိုက်လေကြောင်း အသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထူးခြားချက်ကတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာနှစ်ဖက်လက်နက်ကိုင်တပ် တွေအကြားတစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ဒေသခံတွေကပြောကြပါတယ်။ “ထီးချိုင့်မြို့ကတော့ မန္တလေးတိုင်းနဲ့ဆက်စပ်နေတယ်ပေါ့နော်။ မန္တလေးတိုင်းတကောင်းမှာဆိုရင် သူတို့စစ်ကြောင်းက ရောက်နေပြီ။ တကောင်းမြို့ကိုပြန်သိမ်းသွားတဲ့အခြေနေလည်းရှိတယ်။ တကောင်းပြီးရင် ထီးချိုင့်လာလိမ့် မယ်လို့ သူတို့ စစ်တပ်လော်ဘီတွေကနေကြွေးကြော်ထားတာတွေလည်းရှိတယ်။ သူတို့က ထီးချိုင့်ကိုလည်းလေကြောင်းတိုက်ခိုက်တာက လာပြီးခြိမ်းခြောက်နေတယ်လို့တော့ထင်တယ်။ မကြာခင်ထီးချိုင့်လာတော့မယ် ဆိုတဲ့ပုံစံမျိုးပေါ့။ လေကြောင်းတိုက်ခိုက် တာက ကချင်ပြည်နယ်အဝမှမဟုတ်ပါဘူး။ နေရာတိုင်းနီးပါးမှာက လေကြောင်းတိုက်ခိုက်မှုတွေသူတို့ပြုလုပ်နေကြတယ်။ ဒါကတော့ သူတို့အားသာတာက လေကြောင်းတစ်ခုပဲရှိတာ ဒါကြောင့်မို့လို့ထင်ပါတယ်။”လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကိုလေ့လာကြည့်ရင် အရပ်သားတွေနေထိုင်ရာပတ်ဝန်းကျင်တွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ စစ်ရှောင်တွေခိုလှုံရာအဆောက်အဦးတွေအပါအဝင် အရပ်သားပစ်မှတ်တွေကိုပဲ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောကြပါတယ်။ တစ်ဖက်မှာ ဒီဆယ်ရက်အတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြား ထိခိုက်ဒဏ်ရာရရှိသူကတော့ လူဦးရေ ၃၀ ဦးထက် မနည်းရှိခဲ့သလို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ သိမ်၊ ဆေးရုံအဆောက်အဦး နဲ့ စပါးတိုက်၊ ကားတွေအပါအဝင် အရပ်သား နေအိမ်များစွာ ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်လ ၁၀ ရက်နေ့မှာပဲ ဗန်းမော်မြို့နယ် စင်းခန်းရွာ ဧရာဝတီမြစ်ကြောင်းပေါ်က ရွှေဖောင်တွေကို စစ်ကော်မရှင်က လေကြောင်းကနေဂျက်ဖိုက်တာ ၃ စင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး သေဆုံးတဲ့လူဦးရေ ၃၀ ခန့်ရှိတယ်လို့သိရပေမဲ့ ရုပ်အလောင်း တွေကတော့ပျောက်ဆုံးနေဆဲလို့သိရပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက ဒေသခံတွေကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေဟာ ထီးချိုင့်မြို့ ကိုဦးတည်နေတဲ့ အခြေနေဖြစ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်နေကြပါတယ်။ “ကျနော့အထင် တကောင်းရောက်နေတဲ့ကောင်တွေက ထီးချိုင့်အထိလာမယ်ကြားတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေကလည်း ဆေးရုံနဲ့အရပ်သားနေရာတွေကြီးပဲ။ သတင်းမှားရလို့ပဲလား သေချာလုပ်တာလားတော့မသိဘူး။ အကယ်၍ ထီးချိုင့်ရောက်ရင်တော့ စိုးမိုးနယ်မြေတွေဘက်ကို စစ်ကြောင်းထိုးနိုင်တယ်ဗျ။ အဲ့ကျရင်တော့အခုထပ်ပိုပြီး အရပ်သားပစ်မှတ် တွေပိုများလာမယ်ထင်တယ်။”လို့နောက်ထပ် စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက စစ်ရေးအခြေနေသိရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ တစ်ဖက်မှာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တော်လှန်ရေးအင်အားစုတွေဘက်ကတော့ လက်တလောစစ်ကော်မရှင်က အရပ်သား ပစ်မှတ်တွေကိုဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် လေကြောင်းအန္တရာယ်ကိုအထူးဂရုစိုက်ကြဖို့ထုတ်ပြန်ချက်တွေ ထုတ်ပြီးသတိပေးထားပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာအထိ နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကျူးလွန်တာ လျော့နည်းသွားခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်အတွင်းပြုစုထားတဲ့စာရင်းတွေအရ နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၂၃၀၀ ကျော်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
9 Marchသတင်း
ကချင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ ၂ ဦးသေဆုံး
မြစ်ကြီးနား – မန္တလေးလမ်းပေါ်က ကချင်ကုန်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၂ ဦးသေဆုံးသွားတယ်လို့ ကောလင်းမြို့နယ်ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Kawlin Revolution KR ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ကချင်ကုန်းရွာအနီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခဲ့ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းမှာနေထိုင်သူ ကပ္ပရအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ အဲဒီနောက် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးက“ဘုန်းကြီးကျောင်းက ကပ်ပရလင်မယားထိတာပါ၊ မိန်းမကပြီးသေသွားပြီ။ ကချင်ကုန်းရွာလမ်းပေါ်မှာ တစ်လုံးကျတယ်။ တစ်လုံးကရှောက်ပင်ချုံဘက်၊ တစ်လုံးကနောက်ဘက်တောင်ရိုးပေါ်” လို့ ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းထပ်ရှိခဲ့သလို ကချင်ကုန်းကျေးရွာဘုန်းကြီးကျောင်း ကအဆောက်အဦးတချို့ထိမှန်ပျက်ဆီးခဲ့ရတယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ကချင်ကုန်းကျေးရွာကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ် ထားပေမဲ့လည်း လက်တလောမှာနှစ်ဖက်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာမရှိသလို လေကြောင်းတိုက်ခိုက်ခံရတာဟာ အရပ်သား ပစ်မှတ်ဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “ကချင်ကုန်းရွာက မန္တလေး–မြစ်ကြီးနားလမ်းမပေါ်မှာရှိတာ။ တော်လှန်ရေးအင်အားစုတွေဘဲထိန်းချုပ်ထားတဲ့နေရာ ဟုတ်တယ်။ လက်တလောမှာ မန္တလေး–မြစ်ကြီးနားလမ်းကလည်းဖွင့်နေတယ်ဆိုတော့ စစ်ရေးကလည်းငြိမ်တယ်။ အဲ့ဘက်လမ်းပေါ်က တိုက်ပွဲသာဖြစ်ရင် ကားတွေအကုန်ပိတ်မှာလေ။ အခုလက်ရှိက ကားတွေနေ့တိုင်းထွက်နေကြတယ်။”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကဆိုရင်လည်း စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးမြို့ကိုလည်း စစ်ကော်မရှင်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၉ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။ အလားတူ ဒီကနေ့မှာလည်း မော်လူးမြို့နယ် နန်းခွင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးလေကြောင်းတိုက်ခံရလို့ အရပ်သားတစ်ဥိီးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ သူတို့ကျင်းပခဲ့တဲ့ တရားမဝင်ရွေးကောက်ပွဲအလွန်မှာလည်း မြန်မာပြည်တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ရှိနေဆဲဖြစ်သလို ဒီနှစ်ရဲ့ပထမဆုံးလ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၂ ဦးသေဆုံးခဲ့ရသလို ၂၄၁ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
Oct- 2025 -31 Octoberသတင်း
ကောလင်းနဲ့ထီးချိုင့်ဒေသမှာ စစ်တပ်က Spy Balloons ကင်းထောက်မီးပုံးပျံတွေ အသုံးပြုလာ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ထီးချိုင့်မြို့နယ်တွေမှာ ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မနက်ပိုင်း ၈ နာရီလောက်မှာဘဲ Spy Balloons လို့ခေါ်တဲ့ ကင်းထောက်မီးပုံးပျံတစ်လုံးတွေ့ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ “စပိုင်ဘောလုံးက ဒီမနက် ၈နာရီလောက်မှာ ဝန်းသိုနယ်ကလာပြီး ကောလင်းအရှေ့ခြမ်းမှာဝဲ ပြီးတော့ ထီးချိုင့်မယ်ထဲ…
Read More » -
May- 2025 -15 Mayသတင်း
ကောလင်းမြို့ လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းက ကညို့အင်းရွာကို မေလ ၁၄ ရက်နေ့ ညပိုင်း ၁၀ နာရီ ဝန်းကျင်လောက် မှာ တံတားဦးကတက်လာတဲ့…
Read More » -
Apr- 2025 -11 Aprilသတင်း
ကောလင်းမြို့ကျေးရွာတစ်ခုက စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က အင်ပင်လှကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတယ်လို့ Kawlin People Defense Force က သတင်းထုတ်ပြန်ပါတယ်။ မနေ့က ဧပြီလ ၁၀ ရက်နေ့…
Read More » -
Jan- 2025 -3 Januaryသတင်း
ကောလင်းမြို့နယ်ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG သယံဇာတ ကော်မတီအတွင်းရေးမှူး ဆရာအရိန္ဒာမာ ဇန်နဝါရီလ ၂ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ လုပ်ကြံခံရသူ ဆရာအရိန္ဒာမာ ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးအရာရှိ CDM တစ်ဦးဖြစ်ပြီး တော်လှန်အစိုးရအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာက…
Read More » -
Oct- 2024 -21 Octoberသတင်း
ကောလင်းမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ကောလင်းမြို့နယ် အနောက်ခြမ်းက ဥက္ကံကျေးရွာ၊ ချောင်းနားကျေးရွာတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီးတော့ ဒီကျေးရွာတစ်ဝှိုက်တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “အဲ့နားမှာ ဘာတိုက်ပွဲလည်းမဖြစ်ဘူးလို့သိရပါတယ်။သေဆုံးသူက ကနဦးတော့ ၂ ယောက်လို့သိရပါတယ်။ နောက်ထပ် သေဆုံးသူတွေရှိတယ်လို့လည်းကြားရတယ်။အခုကတော့ ရှင်းလင်းရေးတွေလုပ်နေကြတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ လက်ရှိနောက်ဆုံးသိရှိရတဲ့အခြေနေအရတော့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ ၃ ဦးအထိရှိပြီ ဖြစ်ပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာတော့ KNG ကအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဥက္ကံကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ သေးပြီး အမျိုးသမီး ၂ ယောက်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။ ကောလင်းမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဂျက်ဖိုက်တာဟာ တံတားဦးလေတပ်ကနေ ကန့်ဘလူမြို့ကို ဖြတ်ပြီးတော့ ကောလင်းနယ်အနောက်ခြမ်းကကျေးရွာတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်း တိုက်ခိုက်ပြီး မိနစ် ၂၀ အကြာမှာပဲ လာရာလမ်းအတိုင်း ပြန်လည်ဆင်းသက်သွားတယ်လို့ သိရပါတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာကြောင့် ကောလင်းမြို့နယ်အနောက်ခြမ်းထဲက ကျေးရွာတစ်ချို့က ဒေသခံ တွေဟာ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
1 Octoberသတင်း
သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရတဲ့ ကောလင်းမှာ အရပ်သား ၈ ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၈ ဦးသေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တဂေါင်းအိုင်ရွာ၊ စက်တင်ဘာလ ၂၉ ရက်နေ့က ရွာသစ်ရွာနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနေ့ကတော့ ဥက္ကံရွာတို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ တဂေါင်းအိုင်ရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထိမှန် ဒဏ်ရာရခဲ့ပြီး ရွာသစ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတစ်ဦးသေဆုံးခဲ့ရသလို ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့က နေ့လည် ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဥက္ကကျေးရွာမှာတော့ အရပ်သား ၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း သတင်းဌာန တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ “ရွာသစ်ရွာအနီးကို အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် တိုက်ပွဲဖြစ်ပွားတာ လုံးဝ လုံးဝမရှိ၊ PDF လည်းမရှိဘဲ ဂျက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဥက္ကံရွာကိုလည်း အကြမ်းဖက် စစ်ကောင် စီက တိုက်ပွဲဖြစ်ပွားတာလုံးဝ မရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ တဂေါင်းအိုင်ရွာကလည်း စစ်ပွဲလဲမရှိ PDF လည်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ရွာပဲဖြစ်ပါတယ်။” လို့ ကောလင်းခရိုင်းတပ်ရင်း ၂ ကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာ၊ သေဆုံးတာနဲ့ နေအိမ်ပျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ စာရင်းအတိအကျကို သတင်းတိကျခိုင်မာအောင် စုံစမ်းနေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စက်တင်ဘာလ ၃၀ ရက် မနေ့ကလေကြောင်းတိုက်ခိုက်ခံရတဲ့ ဥက္ကံကျေးရွာက သေဆုံးခဲ့ရတဲ့ အရပ်သား ၇ ဦးထဲမှာ အမျိုးသမီး ၂ ယောက်ပါဝင်ပြီး ကျန်တာတွေကတော့အမျိုးသားတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရ ပြီး အခြေနေအသေးစိတ်ကို ပြန်လည်အကြောင်းပြန်မယ်လို့ KNG ကိုပြောပါတယ်။ “ဒဏ်ရာရတဲ့သူကအများအပြားရှိနေတယ်။ ဒေသခံအများစုက အဲ့ဒီဖြစ်စဥ်ကြောင့် အလွန်အမင်း စိုးရိမ် ထိတ်လန့်နေကြတယ်။ ရွာထဲမှာမနေထိုင်ရဲကြပဲ ရှောင်တိမ်းနေရတယ်” လို့ Kawlin Revolution KR က ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်တွေမှာ ကောလင်းမြို့နဲ့ကပ်လျှက်မြို့ဖြစ်တဲ့ ကန့်ဘလူမြို့နယ် ထဲက မကျီးကုန်းရွာ၊ ပင်းတဲရွာနဲ့ ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပေါ်မှာရှိတဲ့ ရေရှင်ကြီး၊ အောင်တိုင်း လယ်၊ မှန်နီပင် ရွာတွေကိုည်း လေကြောင်းရော၊ ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးရင်းအမျိုးသမီးတစ်ဦးကိုပါသတ်ဖြတ်ခဲ့သလို အထက်ပါလေကြောင်းနဲ့ဒရုန်းတိုက် လိုက်တာတွေကြောင့် ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကောလင်းမြို့နယ်အပါအဝင် ကန့်ဘလူ မြို့နယ်ထဲက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းကတော့ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
Jun- 2024 -25 Juneသတင်း
ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။ “ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ကောလင်းဒေသခံတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီနဲ့လွှတ်ကင်းတဲ့နေရာတွေဆီ တိမ်းရှောင်ရတာဖြစ်တဲ့အတွက် ချောင်ကျတဲ့နေရာတွေကိုတိမ်းရှောင်ကြတဲ့ဒေသခံတွေဆိုရင် အကူအညီ မရတာမျိုးတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကအခုလိုပြောပါတယ်။ “ကျမတို့ပြေးတဲ့နေရာကျတော့ ချောင်လည်းကျတယ်။ ကျမတို့ဘက်မှာ ဆန်တော့တစ်ခေါက် ရဖူးပါ တယ်။ တော်တော်လေးအဆင်မပြေတဲ့မိသားစုတွေရှိတယ်။ ကျမတို့လည်းပါလာတဲ့ပစ္စည်းတွေကို ဝေငှရင်းနဲ့ မမျှ နိုင်တော့ဘူး ကိုယ့်ဟာကိုယ်အနိုင်နိုင်ပေါ့။ တစ်ခြားဘက်မှာလည်းလာလှူပေမယ့် ကျမတို့ဘက်မှာကျတော့ ချောင်လည်းကျတယ် လမ်းမကောင်းတော့မရောက်ရှိသေးတာပေါ့နော်”လို့ပြောပါတယ်။ ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ပထမအပတ်လောက်က KIA နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ကာ ၃ လကြာထိန်းချုပ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဆီ ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို လက်လွှတ်ခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကောလင်းမြို့တွင်းရပ်ကွက်နဲ့ ရွာတစ်ချို့က ကနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေဒုနဲ့ဒေးဘေးလွှတ်ရာထွက်ပြေးခဲ့ ကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လက်ရှိ ကောလင်းမြို့နယ်မှာ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ လူဦးရေ ၄ သောင်း ဝန်းကျင်လောက်ရှိပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ ဘေးလွှတ်ရာထွက်ပြေးနေရတဲ့ လူဦးရေ သုံးသန်းကျော်ရှိနေပြီလို့ဖော်ပြထားပါတယ်။ By – အမိုး
Read More »









