စစ်ကိုင်း

  • Apr- 2025 -
    8 April
    သတင်း

    အင်းတော်မြို့ကို ၈ လနီးပါးအကြာမှာအပြီးသတ်သိမ်းပိုက်

    ကချင်အစပ် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးကို မနေ့က ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုအတည်ပြုပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၈ လနီးပါးကြာမြင့်ခဲ့ပြီး အရင်းနှီးကြီးခဲ့တဲ့တိုက်ပွဲဖြစ်သလို တစ်ဖက်မှာ…

    Read More »
  • 3 April
    သတင်း

    ဟုမ္မလင်းနယ်မှာ တိုက်ပွဲမဖြစ်ပဲ စစ်ကောင်စိီတပ်က ဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းနဲ့‌ဗုံးကြဲ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အဟုမ္မလင်းမြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ပုရစ်ကျေးရွာနဲ့ဖါနိုင်းကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ မြို့ခံအမျိုးသမီးတစ်ဦးက KNG…

    Read More »
  • Mar- 2025 -
    31 March
    သတင်း

    ငလျင်ဒဏ်သင့်ဒေသဆီ သွားတဲ့ ကချင်ပြည်နယ် ကူညီရေးအဖွဲ့ တော်လှန်ရေးလက်နက်ကိုင်တွေရဲ့ လမ်းပိုင်းပိတ်ဆို့မှု ကြုံနေရ

    ငလျင်ဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်းနဲ့မန္တလေးတို့ကိုကူညီဖို့သွားတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေကို လက်နက်ကိုင်တပ်တစ်ချို့ရဲ့ လမ်းပိုင်းပိတ်ဆို့တာတွေကြောင့် ခရီးနှောင့်နှေးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေကပြောပါတယ်။ ငလျင်ဒဏ်လွတ်ကင်းခဲ့တဲ့ မြန်မာပြည်အထက်ပိုင်းက လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့တစ်ခြားသော ကိုယ်ထူကိုယ်ထ ကူညီ ပေးရေးအဖွဲ့တွေဟာ မြစ်ကြီးနား–မန္တလေး ကားလမ်းကိုအသုံးပြုပြီး အကူညီပေးရေးလုပ်ငန်းတွေဆောက်ရွက်နေကြရတာ ပါ။ မတ်လ ၃၀…

    Read More »
  • 30 March
    သတင်း

    ငလျင်‌ဘေးသင့်ခဲ့တဲ့ ပြည်သူ‌တွေကို ကချင်ပြည်နယ်က လူမူကူညီရေးအဖွဲ့များက ကူညီရေးမှာပါဝင်သွားကြမယ်လို့ဆို

    စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲကြုံတွေ့နေရတဲ့ အခြေနေတွေအပေါ် ငွေကြေးနဲ့ပစ္စည်းအင်အားဖြစ်စေ၊ လူအင်အားဖြစ်စေ တတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီသွားဖို့ ပြင်ဆင်နေတယ်လို့ အကူညီပေးရေးဆောင်ရွက်‌ နေသူတွေပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းနဲ့မန္တလေးတိုင်းက လူနေအိမ်အဆောက်အဦးတွေအပါ စစ်ကိုင်းတံတားနဲ့…

    Read More »
  • 30 March
    သတင်း

    ငလျင်နောက်ဆက်တွဲ ကချင်၊ မန္တလေးနဲ့ စစ်ကိုင်း က တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေ မီးထဲပါသွားတယ်လို့ စစ်ကောင်စီထုတ်ပြန်

    စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ဆက်တွဲမှာ မန္တလေးတက္ကသိုလ်ပင်မဆောင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်အပါအဝင် မန္တလေးနဲ့စစ်ကိုင်းကတက္ကသိုလ်ဝင်စာမေးပွဲအခြေလွှာအားလုံးမီးထဲပါ သွားတယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက် မနေ့ညကဘဲ သတင်းထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်တဲ့ ကချင်ပြည်နယ်က ၈၆၉၉ ဦးရဲ့ ဖြေလွှာတွေအပါအဝင် မန္တလေးတိုင်း က…

    Read More »
  • Feb- 2025 -
    24 February
    သတင်းဆောင်းပါး

    စစ်ကိုင်း – ကချင်အစပ် က KIA နဲ့ PDF တပ်စခန်းတွေ လက်လွှတ်နေရတာ ဘာကြောင့်လဲ

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဲ့ ဗန်းမောက်မြို့နယ်ရှိ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း တစ်ခု နဲ့ ၂နှစ်ကျော်ကြာ အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို သုံးရက်အတွင်းမှာပဲ လက်လွတ်လိုက်ရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ အင်းတော်မြို့နယ်ထဲက ကာကင်းစခန်းတစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလ…

    Read More »
  • 13 February
    သတင်း

    အင်းတော်မြို့နယ် နဘားကျေးရွာ ပျံကျဈေး မီးလောင်ပြာကျ

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဘားရွာပျံကျဈေး တစ်ဝက်ကျော် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ဈေးတောင်ဘက်ခြမ်းအထည်ဆိုင်ကနေ မီးလောင်မှုစတင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ မီးလောင်ပြာကျခဲ့ရတဲ့ နဘားဈေးဟာ နဘားကျေးရွာအပြင် အဲ့ဒီအနီးတစ်ဝှိုက်က ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေ အားထားကြရတဲ့ ဈေးကြီးဖြစ်တယ်လို့ သိရပါတယ်။ “အဲ့ဒီနဘားဈေးက အဲ့ဒီနားမှာရှိတဲ့ ရွာနီးချုပ်စပ်ကဒေသခံတွေအားလုံးက အားထားရတဲ့ဈေးဟုတ်တယ်။ သူကရွာကြီး လည်းဖြစ်တယ်။ ကျန်တဲ့ရွာတွေမှာက ဈေးတွေမရှိကြဘူး။ ဒါ့ကြောင့် ကျန်တဲ့ရွာတွေကလည်း ဒီမှာပဲဈေးဝယ်သွားကြရ တာဟုတ်တယ်” လို့ နဘားဈေး အရေးပါပုံကို နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကရှင်းပြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေအကြား မြို့သိမ်းတိုက်ပွဲ ပြင်းထန်ပြီးတဲ့ နောက်မှာတော့ နဘားကျေးရွာအပြင် အဲ့ဒီအနီးတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေဟာ ဘေးလွှတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လက်ရှိ နဘားကျေးရွာအပြင် အနီးတစ်ဝှိုက်မှာ နေထိုင်သူတွေ သိပ်မရှိတော့သလို နဘားဈေးကလည်း အရင်လို မစည်ကားတော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက မီးလောင်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ “ဈေးရဲ့ ၃ ပုံ ၂ ပုံလောက်တော့ လောင်သွားတယ်ထင်တယ်။ ပေါ့ဆမီးကြောင့်လို့သိရတယ်။ ဈေးရဲ့တောင်ဘက် အထည် ဆိုင်ကစလောင်တာ။” လို့ ဆိုပါတယ်။ မီးငြိမ်းသတ်ရာမှာတော့ ဒေသခံတစ်ချို့နဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းငြိမ်းသတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ နဘားရွာဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ အင်းတော်မြို့ပေါ်နဲ့ ၃ မိုင်ခန့်အကွာမှာတည်ရှိပြီး အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်နေထိုင်ခဲ့တဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
  • 4 February
    သတင်း

    ဗန်းမောက်မြို့ ဒေသခံတွေကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက နေရာ ရွှေ့ပြောင်းပေးထားဟုဆို

    စစ်ကိုင်းတိုင်း နဲ့ ကချင်အစပ် ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတစ်ချို့က ဒေသခံတွေကို KIA၊ PDF ပူးပေါင်းတပ်တွေက ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ဗန်းမောက်မြို့နယ် ကြောင်လည်၊ ပင်းခါးစတဲ့ကျေးရွာတွေတစ်ဝှိုက်မှာအထိုင်ချထားတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ကို KIA၊PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။…

    Read More »
  • Jan- 2025 -
    31 January
    သတင်း

    အင်းတော် မြို့သိမ်းတိုက်ပွဲ ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိ

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း ၂ ခုကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံးပြီး ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ဖမ်းဆီးခံရတဲ့သူတွေလည်းပရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “မနေ့ကတော့ ရထားတဲ့ ကာကုန်း၂ခုကို…

    Read More »
  • 29 January
    သတင်း

    အင်းတော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ကာကင်းစခန်း ၂ ခုကို ကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲဆက်လက်ဖြစ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်က စစ်ကောင်စီ ကာကင်းစခန်း ၂ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်အစောပိုင်းကစလို့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အင်းတော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက“အင်းတော်ကတော့ နေရာနှစ်ခုရလိုက်တယ်ပေါ့နော်။ ရန်သူရဲ့ ဂျပန်လှိုဏ်ဂူရှေ့ကို…

    Read More »
Back to top button