ဆေးရုံ

  • May- 2026 -
    7 May
    တိုက်ပွဲ

    ဖားကန့် တိုက်ပွဲ ၄ ရက်အတွင်း စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများ

    ဖားကန့် ၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ ဧပြီလတွင်း လုံးခင်း၊ ဂေါက်ကွင်း၊ ဆေးရုံနဲ့ သင်္ချိုင်းကုန်းနေရာတစ်လျှောက် စစ်အင်အား ၃၀၀ နဲ့ ၄၀၀ ကြားဝင်ရောက်တပ်စွဲနေတဲ့ စစ်ကြောင်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေဘက်နေ တန်ပြန်တိုက်ခိုက်နေတာ ၄ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။ “စစ်တပ်က စစ်အင်အားဖြည့်တင်းလာလို့ နယ်မြေမတိုးလာနိုင်အောင် လုံးခင်း၊ မှော်ဆီစာ တဝိုက်ကို KIA နဲ့ PDF တပ်တွေက ဝိုင်းပတ်ပြီး ပိတ်ဆို့ထားတယ်။ စစ်တပ်ဘက်က စစ်အင်အား ၃၀၀၊ ၄၀၀ လောက်ရှိတယ်။ မှော်ဆီစာ ဘုရားကုန်းနဲ့ ဂေါက်ကွင်း၊ ဆေးရုံတစ်လျှောက်၊ Sky Hotel နားတွေမှာပါ နေရာယူထားကြပြီး တဖြည်းဖြည်းနဲ့ စစ်ကြောင်းထိုးနေတာပေါ့။ ဖားကန့် ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးတွေပစ်ကူနေတာ”လို့ ဖားကန့် တော်လှန်ရေးနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ လုံးခင်းကျေးရွာအုပ်စုရဲ့ စစ်ရေးအတွက် အရေးပါတဲ့ တောင်ကုန်းနေရာ ၃ ခုလောက်မှာ တပ်စွဲထားပြီးနောက် မေလဆန်းပိုင်းမှာပဲ KIA နဲ့ PDF တပ်တွေ စစ်တပ်ရှိတဲ့နေရာတွေကို ပိတ်ဆို့တိုက်ခိုက်နေသလို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ လုံးခင်းဆေးရုံကုန်းနဲ့ သင်္ချိုင်းကုန်းနေရာတစ်လျှောက် စစ်တပ်ရှိတဲ့နေရာတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်တဲ့ ၄ ရက်အတွင်း စစ်တပ်ဘက်က သေဆုံးသူ ၁၂ ဦးခန့် ရှိတယ်လို့ ဆက်ပြောပါတယ်။ “စစ်ဖြစ်နေတာ ဒီကနေ့အထိ တိုက်ပွဲဖြစ်နေတာ ၃ ရက်၊ ၄ ရက်လောက်ရှိလာပြီ။ အဓိကတော့ စစ်ကြောင်းထိုးနေလို့ဖြစ်တာ။ ဆေးရုံကုန်းတစ်ဝိုက်မှာ စစ်ကြောင်းထိုးနေတဲ့အဖွဲ့ကို တော်လှန်ရေးတပ်တွေဘက်ကနေ နယ်မြေကျွမ်းကျင်တဲ့အခါကျတော့ ဒရုန်းတွေနဲ့ သေချာစောင့်ကြည့်ပြီးပစ်တဲ့အခါကျတော့ စစ်တပ်ဘက်က အထိအခိုက်များတယ်။ အခုထိ မကောက်ရသေးတဲ့ အလောင်းတွေ ၈ လောင်းလောက်ကျန်သေးတယ်။ ကောက်ရတဲ့အလောင်းဆိုရင် ၄ လောင်းရှိတယ်”လို့ပြောပါတယ်။ မေလ ၃ ရက်နေ့ ကနေ ၆ ရက်နေ့အထိ…

    Read More »
  • 4 May
    တိုက်ပွဲ

    ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေ

    ဖားကန့်မြို့ လုံးခင်းကျေးရွာ ဆေးရုံကုန်းအနီးမှာ ဒီမနက် ၄ နာရီလောက်ကစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    Read More »
  • Aug- 2025 -
    6 August
    သတင်း

    အလဲန့်ဘွမ်( Alen Bum) ဆေးရုံ၊ဆေးပေးခန်းမှာ ဆေးဝါးအကူညီလိုအပ်နေ

    လိုင်ဇာမြို့မှာ ရေကြီးရေလျှံမှု‌ကြောင့် အလဲန့်ဘွမ်( Alen Bum) ဆေးရုံ၊ဆေးပေးခန်း ရေလွှမ်းမိုးခဲ့ရပြီး ဆေးဝါးအားလုံးဆုံးရှုံးသွားတဲ့အတွက် ဆေးဝါးကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ အလဲန့်ဘွမ်( Alen Bum) ဆေးရုံဟာ ကျောင်းသား၊ကျောင်းသူထောင်ကျော်အတွက် အရေးပါတဲ့ ဆေးရုံဖြစ်ပြီး လက်ရှိကျောင်းသား၊ကျောင်းသူတွေ…

    Read More »
  • Jul- 2025 -
    16 July
    သတင်း

    နန်းယွန်းမှာ ဆေးရုံတက်တဲ့လူနာတွေ ဒီဇယ်ဝယ်ပြီး ဆေးရုံတက်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့မှာ လျှပ်စစ်မီးမရတာကြောင့် ဆေးရုံတက်တဲ့လူနာတွေက ကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီးစက်နိုးကာဆေးရုံတက်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်နှစ်ဝန်းကျင်ရှိလာချိန် ဆေးရုံတက်တဲ့လူနာတွေအနေနဲ့ ညဘက်လျှပ်စစ်မီးသီးအသုံးပြုဖို့နဲ့ ခွဲစိပ်ကုသဖို့အတွက် လျှပ်စစ်မီးလိုအပ်တာကြောင့် လူနာတွေကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီစက်နိုးနေရတယ်လို့ နန်းယွန်းမြို့ခံအသက် ၃၀ ကျော်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီဇယ်ကတော့ဝယ်ကြတယ်ဗျ ဘာလို့ဆိုနန်းယွန်းမြို့က လျှပ်စစ်မီးမရဘူးလေး အရေးပေါ်လူနာတွေ အောက်ဆီဂျင်ပေးဖို့၊ခွဲစိပ်ကုသတဲ့နေရာတွေမှာက မီးစက်နိုးရတယ်”လို့ သူကပြောပါတယ်။ ပုံမှန်အားဖြင့် နန်းယွန်းမြို့ကို တိုင်းယောင်းချောင်း ရေအားလျှပ်စစ်စက်ရုံးကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကရေကြီးရေလျှံမှုကြောင့် တိုင်းယောင်းချောင်းရေအားလျှပ်စစ်စက်ရုံစက်ပိုင်းချို့ယွင်းမှု၊ဓာတ်တိုင်နဲ့ မီးကြိုးတွေအများအပြားပျက်စီးခဲ့မှုကြောင့် ဒီကနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်ပါတယ်။ “အမှန်ဆိုရင်အစိုးရဆေးရုံဖြစ်တဲ့အတွက် ဒါတွေက အစိုးရဘတ်ဂျက်နဲ့စီစဥ်ပေးရမှာ အခုဟာက အစိုးရက မစီစဥ်ပေးတော့ လူနာတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဆီဝယ်ပြီးလျှပ်စစ်မီးသုံးနေရတယ်”လို့ နန်းယွန်းမြို့ခံအအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ နန်းယွန်းမြို့ပေါ်မှာ လက်ရှိ အိန္ဒိယ–မြန်မာ နယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကနေသွင်းတဲ့အိန္ဒိယဆီ ဒီဇယ်တစ်ဂါလံကို ကျပ် ၄၀၀၀၀ သောင်းပေးဝယ်ရပြီး ဆေးရုံတက်တဲ့လူနာတွေ ကုသရမယ့် အခြေအနေပေါ်မူတည်ပြီးတစ်ည ဒီဇယ်နှစ်လီတာကနေ တစ်ဂါလံအထိ ဝယ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “အောက်ဆီဂျင်နဲ့ ခွဲစိပ်ကုသရမယ့်လူနာတွေဆိုရင်တော့ တစ်ည တစ်ဂါလံကတော့ဝယ်ရတယ် ပြီးတော့ မီးလင်းဖို့ပဲဆိုရင်တော့အဲ့လောက်မဝယ်ရဘူး ဘာဖြစ်ဖြစ်ဗျာ ဆီတစ်ဂါလံလေးသောင်း တစ်လုံးတစ်သောင်းဆိုတော့ ကုသစရိတ်နဲ့က မလွယ်ဘူးဗျအရမ်းကုန်တယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့အသက် ၃၀ ကျော်အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ နန်းယွန်းမြို့ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို စီးပွားရေးအခွင့်အလမ်းအလွန်နည်းပါးတာကြောင့် ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်ဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်းပြုနေရတဲ့အတွက် ငွေကြေးမတတ်နိုင်တဲ့မိသားစုတွေအများအပြားရှိနေပါတယ်။ စက်သုံးဆီဝယ်ဖို့ဆေးရုံတက်နေရတဲ့အခြေအနေကြောင့် တစ်ချို့ငွေကြေး ခက်ခဲတဲ့မိသားစုတွေလည်း ဆေးကုသဖို့ရှိအခက်အခဲတွေကြုံတွေ့နေရကြောင်းဒေသခံတွေကဆိုပါတယ်။ လူနာတွေကိုယ်တိုင်စက်သုံးဆီဝယ်ပြီးဆေးရုံတက်နေရတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင်တာလို့သိရပါတယ်။ နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ ဇန်နဝါရီလဆန်းပိုင်းအထိဆရာဝန်မရှိတဲ့အတွက်ပြည်သူတွေဟာ အိန္ဒိယဘက်အထိသွားပြီး ဆေးကုသရမှုတွေလုပ်ခဲ့ရပါတယ်။ နောက်ပိုင်းမြို့ခံပြည်သူတွေတင်ပြတောင်းဆိုမှုနဲ့ သတင်းမီဒီယာကနေ ဖော်ပြပေးမှုတွေကြောင့် ၂၀၂၅ နှစ်ဆန်းပိုင်းမှ ဆရာဝန်ချပေးတာလို့ဒေသခံတွေကဆိုပါတယ်။ နန်းယွန်းမြို့ကိုလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးတဲ့ တိုင်းယောင်းချောင်း ရေအားလျှပ်စစ်စက်ရုံ ၂၀၂၄ ခုနှစ် ဇွန်လက ပျက်စီးသွားပြီးနောက်ဒီကနေ့အထိ ပြန်လည်ပြုပြင်ပေးခြင်းမရှိ သေးကြောင်းလည်းသိရပါတယ်။ By –…

    Read More »
  • May- 2024 -
    1 May
    သတင်း

    ကသာမြို့နယ် ပြည်သူ့ဆေးရုံမီးလောင်

    စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်က ပြည်သူ့ဆေးရုံ မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ မီးလောင်ခဲ့ပြီး ပြင်ပလူနာဌာနအဆောင်တစ်ခုလုံးမီးလောင်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။ ကသာမြို့နယ် ရပ်ကွက် ၄ မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးမီးလောင်ခဲ့တာဖြစ်ပြီး ကလေးမီးဖွားစာရင်းတွေနဲ့ ကလေးတွေအတွက်…

    Read More »
Back to top button