တိုက်ပွဲ

  • Oct- 2024 -
    22 October
    သတင်း

    ပန်ဝါမြို့ပြည်သူတွေ လေကြောင်းအန္တရယ်စိုးရိမ်တာကြောင့် မြို့စွန့်ခွာသူတွေများလာ

    ပန်ဝါမြို့ပြည်သူတွေလေကြောင်းအန္တရာယ်ကို စိုးရိမ်လို့ မြို့ထဲကနေဆက်တိုက်စွန်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒီနေ့အထိ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမဲ့ ပြည်သူတွေက လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် အားလုံးထွက်ခွာနေကြတယ်လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။ “ပြည်သူအများပိုင်း ပြန်သွားကြပြီ နယ်ခံတွေလည်း တိမ်းရှောင်ကုန်ပြီ။ အခုကျမတို့တောင် ပြန်ဖို့အဆင်သင့် အဝတ်ထုတ်တွေသိမ်းပြီး ကားစောင့်နေတာ။ ကားတွေ လမ်းမှာအရမ်းခက်လို့ဆိုပြီး စောင့်နေတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေက အကုန်ပြန်ကုန်ပြီ။ သုံးပုံ ၁ ပုံပဲရှိတော့တယ်။ ကျန်တဲ့သူတွေလည်း ရှောင်ဖို့ ထွက်ဖို့ အားဆုံးအဆင်သင့်စောင့်နေသူတွေပဲ။ အဓိကတော့ လေကြောင်းအန္တရာယ်ကြောင့်ပါ” လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပန်ဝါမြို့ ပြည်သူထောင်ချီဟာ မြို့တွင်းသေနတ်သံတွေ ဆူညံလာချိန် တရုတ်နယ်စပ်ခြံစည်းရိုးနားတစ်လျှောက် စုပြုံတိမ်းရှောင်ကြပေမယ့် တရုတ်ဘက်က ဝင်ခွင့်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ပြည်သူအားလုံးနီးပါး ပန်ဝါကနေ ဝိုင်းမော်– မြစ်ကြီးနားဘက်ခြမ်းကို အဓိက ထွက်ခွာနေတယ်လို့ ဆိုပါတယ်။ “အားလုံးက လေကြောင်းရန်ကို အဓိကစိုးရိမ်လို့ဟုတ်တယ်။ အခြေအနေတည်ငြိမ်ရင် ပြန်လာကြမယ်ဆိုပြီး အားလုံးထွက်ခွာနေတာဟုတ်တယ်။ ဒီနေ့တောင် လေယာဉ်လာမလိုသတင်းတွေက ပျံ့နှံ့ပြီး ကျမတို့လည်း စိုးရိမ်ပြီးပဲ စောင့်နေကြတယ်။ စျေးဆိုင်းအားလုံးလည်း ပိတ် ပန်ဝါမြို့က မြို့ပျက်လိုပဲ တိတ်ဆိတ်နေတယ်။ တိုက်ပွဲသံတွေတော့ ငြိမ်သွားပေမဲ့ ဆက်လက်စိုးရိမ်ကြသေးတာပေါ့”လို့ ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပန်ဝါဒေသခံတွေအပါအဝင် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေအားလုံး ကိုယ်ပိုင်ကား၊ဆိုင်ကယ်ရှိတဲ့သူတွေကတော့ မိမိယာဉ်တွေနဲ့ ထွက်ခွာနေပြီး ကားလမ်းပိုင်းကြပ်တဲ့အခက်အခဲတွေရှိနေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ပန်ဝါမြို့အလုံးစုံကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် ပန်ဝါဒေသနဲ့တစ်ဆက်တည်း ဖီမော်၊ကမ်းဖန်နဲ့ နိုဇွန်ဘွမ်တပ်ရင်းကြီးတစ်ချို့ကျန်ရှိနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်း သဘာ၀အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ပန်ဝါမြို့ဟာ ချီဖွေမြို့နဲ့မိုင် ၄၀ ဝန်းကျင်ရှိပြီး မြေရှားသတ္တုတူးဖော်မှုကြောင့် နာမည်ကျော်တဲ့အပြင် မြန်မာ–တရုတ်နယ်စပ် ကချင်အထူးဒေသ ၁ ဌာနချုပ်ရှိရာမြို့ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 16 October
    သတင်း

    ချီဖွေပြည်သူများ မြို့ထဲပြန်ဝင်ခွင့်မရသေး

    ကချင်ပြည်နယ် ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လေကြောင်းရန်ကြောင့် မြို့ခံတွေ ပြန်ဝင်ခွင့်မရသေးဘူးလို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့နဲ့ ၈၈ မိုင်အကွာမှာရှိတဲ့ ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲငြိမ်သက်သွားတာ ၂ ပတ်ကျော်ရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် ချီဖွေမြို့နဲ့…

    Read More »
  • 14 October
    သတင်း

    ချီဖွေ – ပန်ဝါဒေသ တိုက်ပွဲဖြစ်နေတဲ့အတွက် ပြည်သူတွေစစ်ရေးသတိထားနေထိုင်ဖို့ KIO ပြော

    ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားပြီးနေထိုင်ကြဖို့ KIO သတိပေးလိုက်ပါတယ်။ ပန်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ၁၀၀၂ တပ်ရင်းရှိရာ လုပြည်ကျေးရွာ(ဒေသအခေါ်) လောက်ပြည်ရွာမှာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီဘက်နေ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးကို အထူးဂရုစိုက်ပြီး နေထိုင်ကြဖို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ချီဖွေ၊ ဆော့လော်၊ ပန်ဝါ ဒေသတွေမှာ စစ်ရေးတင်းမာနေသလို ထိတွေ့တိုက်ပွဲတွေလည်း နေ့တိုင်းရှိနေပါတယ်။ ဒါကြောင့် အားလုံးသတိထားနေထိုင်ဖို့ပြောချင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်းကို  KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၀ ရက်နေ့ စတင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ အဲဒီ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်ဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို ကာကွယ်ပေးနေတဲ့ ရှေ့တန်း တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လောက်ပြည် တပ်ရင်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ပန်ဝါမရောက်မှီ လုပြည်နယ်ခြားစောင့်တပ်ရင်းမှာ မနေ့ကလည်း တစ်ရက်လုံးတိုက်ပွဲဖြစ်တယ်။ ဒီကနေ့မှာလည်း မနက်ပိုင်း ၈ နာရီကနေ Y – 12 လေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ဖုန်းအင်တာနက် အခက်အခဲတွေကြောင့် တိုက်ပွဲဲဖြစ်ပွားတဲ့ အခြေနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉၊ ၃၀ ရက်တွေမှာ ပြည်သူ့စစ်အဖွဲ့အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ သိမ်းပိုက်မှု တစ်ပတ်ကျော်အတွင်းမှာပဲ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဟာ မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို ဦးတည်လာနေပြီးတော့ လောက်ပြည် နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထပ်မံတိုက်ခိုက်နေတာဖြစ်ပါတယ်။…

    Read More »
  • 10 October
    သတင်း

    ပန်ဝါမြို့အနီး လောက်ပြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းအသုံးပြုတိုက်ခိုက်နေ

    ပန်ဝါမြို့အနီး လုပြည်(ဒေသအခေါ်) လောက်ပြေကျေးရွာမှာ KIA နဲ့ စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ပန်ဝါမြို့ပြည်သူတွေပြောပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကနေ တိုက်ပွဲစတင်လာတာဖြစ်ပြီး မနက် ၁၀ ဝန်းကျင်ကနေ စစ်တပ်က Y12 လေယာဉ်တစ်စီးနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပန်ဝါမြို့အနီးနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လုပြည်မှာ လေယာဉ်နဲ့ဆက်တိုက်ပစ်နေတယ် ခုထိလည်းပစ်နေတုန်း။ မနက် ၁၀ နာရီလောက်ကတည်းကနေ ပစ်နေတာ ခုထိမနားသေးဘူး ခုခု”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ စက်တင်ဘာလ ၃၀ ရက်ည ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် ချီဖွေ– ပန်ဝါလမ်းမတစ်လျှောက် စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တွေနဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေရာကနေ ဒီနေ့မနက် ပန်ဝါမြို့အနီးအထိ တိုက်ပွဲပြင်းထန်လာပြီဖြစ်ပါတယ်။ ဒီနေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ ပန်ဝါကနေ ဆိုင်ကယ်နဲ့ မိနစ် ၄၀ ခန့်ချီဖွေဘက်ကို ဆင်းတဲ့လမ်းဘေးမှာရှိတဲ့ရွာဖြစ်ပြီး နယ်ခြားစောင့်တပ်အဖွဲ့ ဂိတ်ထိုင်အခြေချထားတဲ့နေရာဖြစ်ပါတယ်။ ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဝါ၊ချီဖွေဒေသဟာ  နယ်ခြားစောင့်တပ်က မြေရှားထုတ်လုပ်မှုအများဆုံးလုပ်ဆောင်နေတဲ့နေရာဖြစ်ပြီး မေလအတွင်း ဝါးရှောင်ကျေးရွာအထက်မှာရှိတဲ့ စစ်တပ်ရဲ့စုပေါင်းဂိတ်နဲ့ဆဒုံးမြို့ကို သိမ်းပိုက်လိုက်တဲ့နောက် ပြည်သူ့စစ်တပ်တွေဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်း တပ်သားတွေစုဆောင်းတာတွေစတင်လုပ်လာပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကိုသိမ်းလိုက်တဲ့နောက်ပိုင်း တပ်သားစုဆောင်းမှုဟာပိုဆိုးရွားလာပြီး ပန်ဝါမြို့ပေါ်တည်းခိုခန်းနဲ့ စားသောက်ဆိုင်နေရာတွေအပါအဝင် သတ္တုလုပ်ကွက်တွေအထိ တပ်သားသစ်စုဆောင်းမှု ခပ်စိပ်စိပ်လုပ်နေတယ်လို့ သိရပါတယ်။ စုဆောင်းဖမ်းဆီးရမိထားတဲ့ တပ်သားသစ်တွေကို စစ်သင်တန်းပေးခြင်းမရှိဘဲ ရှေ့တန်းကိုတန်းပို့နေတယ်လို့ ပန်ဝါမြို့ခံအမျိုးသားတစ်ယောက် ထပ်ပြောပါတယ်။ “မနေ့ နေ့လည်နဲ့ညပိုင်းမှာလည်း သတ္တုလုပ်ကွက်တွေမှာ ဆက်တိုက်ဖမ်းနေတယ် ပြီးတော့ မနေ့ကလည်း အလုပ်သမားကဒ်လုပ်ဖို့သွားတဲ့သူတွေကိုလည်း အလုပ်သမားကဒ်မလုပ်ပေးနဲ့အားလုံးကိုထပ်ဖမ်းသွားတယ်။ ပြီးတော့ ရှေ့တန်းချက်ချင်းပို့ပြီလို့ သိရတယ်။ မနေ့ကဆို တော်တော်လေးပါသွားတယ်လို့ သတင်းရထားပါတယ်”လို့ ပြောပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် ပန်ဝါဒေသမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ အလုပ်လုပ်ဖို့ သွားရောက်သူတွေများစွာရှိပြီး လုပ်ငန်းခွင်ထဲဆင်းရဖို့ အလုပ်သမားကဒ်လုပ်ရတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော ပန်ဝါမြို့နီးဝန်းကျင်မှာ ခုလိုတပ်သားသစ် အတင်းအဓ္ဓမစုဆောင်းခံရတာကြောင့် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ ပန်ဝါမြို့ဟာ တရုတ်နယ်စပ်မှာရှိပြီး ကချင်အထူးဒေသ ၁ ဗဟိုဌာနချုပ်တည်ရှိရာတဲ့မြို့ဖြစ်ကာ ချီဖွေမြို့နဲ့ မိုင် ၄၀ အကွာ တည်ရှိပါတယ်။ By – Zami

    Read More »
  • 9 October
    သတင်း

    အင်းတော်မှာ နောက်ဆုံးကျန်နေတဲ့ စစ်တပ်ခစန်းနှစ်နေရာကို လေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းနှစ်နေရာကို စစ်ကောင်စီကလေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အင်းတော်မြို့နယ်ရဲစခန်းတစ်ခုလုံးလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီဟာ အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ ရိက္ခာကုန်းအထိုင်တပ်နဲ့ အင်းတော်မြို့ပြင်ရှိ နဘားလမ်းဆုံအနီးက ဂျပန်လိုင်ဂူထဲက တပ်စခန်းတို့ကို လေကြောင်းသုံးပြီးအပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အခုလောလောဆယ် မြို့ထဲကရိက္ခာကုန်းထဲမှာနည်းနည်းကျန်သေးတယ်။ ပြီးတော့ ဂျပန်လိုင်ဂူထဲမှာလည်း ကျန်နေသေးတယ် စစ်သားတွေကနည်းနည်းပဲကျန်နေတော့တာ။ ဒါပေမယ့်သူတို့လေယာဥ်နဲ့နေ့တိုင်းလာကြဲနေတော့ဒီဘက်ကဝင်မရဘူး တစ်ရက်ကို နှစ်ကြိမ်တစ်ခါတလေးတစ်ကြိမ်အမြဲလာကျဲတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်က အင်းတော်မြို့ဧရီယာကိုဗုံးကြဲတာအပြင်  ဒရုန်းနဲ့ပုံမှန်ကင်းထောက်နေတာတွေကြောင့် တော်လှန်ရေးတပ်တွေဘက်က မြို့သိမ်းနိုင်ဖို့ခက်ခဲနေပြီး စက်တင်ဘာလကုန်းပိုင်းကတည်းကတိုက်ပွဲတစ်ဖြတ်ရပ်နားထားရတယ်လို့ သိရပါတယ်။ အခုလိုလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အင်းတော်မြို့ထဲမှာ ထိခိုက်ပျက်စီးမှုတွေရှိသလိုမြို့နဲ့နီးတဲ့အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၅ ရွာထက်မနည်းထိခိုက်ပျက်စီးမှုတွေများတယ်လို့ သိရပါတယ်။ “မြို့သိမ်းလာပြီဆိုကတည်းကသိတဲ့အတိုင်းပဲစကစကတော့မြို့ပျက်အောင်လုပ်မှာပဲလေ။  မြို့နဲ့နီးတဲ့နားနောင်တို့ ကျော်ရွာတို့ နန့်ကင်ရွာတို့ ဘက်တွေလည်းဗုံးသီးကျလို့လူနေအိမ်ပျက်စီးတာတွေရှိတယ်”လို့ အင်ပင်ကျေးရွာဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကအခုလိုနေယာဥ်နဲ့ဗုံးကြဲနေတဲ့အပြင် ရိက္ခာကုန်းကနေလည်း ညတိုင်းလက်နက်ကြီးပစ်ခတ်တာတွေရှိနေပြီး မြို့ဝင်မြို့ထွက်ကိုလည်းတင်းကြပ်ထားတယ်လို့ သိရပါတယ်။ အင်းတော်မြို့ခံတွေဟာ အင်းတော်မြို့မှာတိုက်ပွဲတွေစဖြစ်လာတဲ့ သြဂုတ်လကတည်းက မဲဇာရွာ၊မော်လူးနဲ့ မော်တိတ်ဒေသဘက်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ “အရင်ကတော့ ကျွန်မတို့ အင်ပင်တို့နန့်သာတို့ဆိုတာပြေးနေရတဲ့ရွာတွေအခုကအေးအေးဆေးဆေးဖြစ်နေပြီအားလုံးပြန်ကြပြီ။ အခုမြို့ထဲကလူတွေပဲကျွန်မတို့ရွာတွေထဲပြေးနေရတာ တစ်ပတ်တစ်ခါလောက်မြို့ထဲအိမ်ကြည့်ဘာကြည့်တော့သွားလာလို့ရတယ်ပြန်လို့တော့မရကြသေးဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့အင်ပင်ရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီက အင်းတော်မြို့နယ်တစ်ခုလုံးကိုဖုန်းလိုင်းဖြတ်တောက်ထားပြီး လေကြောင်းနဲ့နေ့တိုင်းဗုံးကြဲနေသလို အင်းတော်မြို့ကိုလည်းစစ်ကောင်စီတပ်ကထိန်းသိမ်းထားဆဲဖြစ်တာကြောင့် စစ်ရှောင်နေရတဲ့အင်းတော်မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ မလွယ်ကူသေးဘူးလို့ အင်းတော်ဒေသခံတွေပြောပါတယ်။ အင်းတော်မြို့ရဲစခန်းကို KIA၊ABSDF နဲ့အင်းတော် PDF၊LPDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ သြဂုတ်လ လဆန်းပိုင်းမှာသိမ်းပိုက်ခဲ့ပြီး လက်ရှိမြို့ကိုသိမ်းဖို့ကျန်ရှိနေသေးတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ အင်းတော်မြို့ဟာ ကသာခရိုင်အလယ်ပိုင်းကျသော မြို့နယ်ဖြစ်ပြီး စစ်ကိုင်း– ကချင်အစပ်၊ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာတည်ရှိပါတယ်။  By – Zaw Zaw

    Read More »
  • 8 October
    သတင်း

    တစ်လခန့် တိုက်ပွဲပြင်းထန်နေတဲ့ ဆိုင်းတောင် Lucky Men Hotel ကို KIA သိမ်းပိုက်ရှင်းလင်း

    တစ်လအကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲက စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်အင်အား ၅၀ ခန့် တပ်စွဲထားတဲ့ Lucky Men Hotel ကို KIA တပ်တွေ အောက်တိုဘာလ ၇ ရက်နေ့ကနေ ပြင်းပြင်းထန်ထန် ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးတော့ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မနက်ပိုင်း ၈ နာရီခွဲလောက်မှာ ဝင်ရောက်ရှင်းလင်းလိုက်ပြီဖြစ်တယ်။ ဟိုတယ်ထဲကနေ ထွက်သွားတဲ့ စစ်သားတစ်ချို့ကို လိုက်လံပစ်ခတ်နေတယ်။ ဖမ်းဆီးရမိတာက ၂၂ ယောက်လောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ တိုက်ပွဲမှာ ဆုံးသွားပြီ။ Lucky Men Hotel ထဲမှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူး။ ဆိုင်းတောင်မှာလည်း စစ်ကောင်စီတပ်တွေမရှိတော့ဘူး”လို့ပြောပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီအရာရှိတစ်ချို့နဲ့ တပ်သား စုစုပေါင်း ၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ချို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဒီနေ့ ညနေပိုင်း ၂ နာရီဝန်းကျင်အထိ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ် လိုက်လံပစ်ခတ်ရှင်းလင်းနေတယ်လို့ သတင်းအရင်းအမြစ်တွေပြောပြပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ ၇ ရက်လောက်ကနေ စစ်ကြောင်း ၃ ခုနဲ့ ဆိုင်းတောင်ကျေးရွာထဲကို ဝင်ရောက်လာပြီး Lucky Men Hotel နဲ့ ကပ်ယက်ရှိသော KTV  နှစ်နေရာမှာ စစ်အင်အား ၅၀ လောက် တပ်စွဲထားတာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေဘက်ကလည်း ဆိုင်းတောင်ကျေးရွာ အဝင်ပေါက် အားလုံးကို ပိတ်ဆို့ထားပြီး Lucky Men Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ထွက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဆိုင်းတောင်တိုက်ပွဲဟာ တစ်လကြာမြင့်သွားတာဖြစ်ပါတယ်။ ဆိုင်းတောင် Lucky Men Hotel ကို KIA တပ်တွေ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နေ့လည် ၂ နာရီလောက်မှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။…

    Read More »
  • 8 October
    သတင်း

    ပင်လည်ဘူးမြို့ကို  KIA ပူးပေါင်းတပ် ဒုတိယအကြိမ်ထပ်သိမ်းပိုက်

    တစ်လကျော်ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ကောလင်းမြို့ရဲ့အနောက်မြောက်ဘက် ၂၅ မိုင်အကွာ၊ ဝန်းသိုမြို့နဲ့ ၄၁ မိုင်ကွာဝေးတဲ့နေရာမှာရှိတဲ့ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့  ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း နှစ်တိုင်းမြို့သိမ်း တိုက်ပွဲဖော်ဆောင်နေတာ ၆ ကြိမ်တိုင်တိုင်ရှိခဲ့ပြီး ဒီတစ်ကြိမ်ဟာ မြို့အလုံးစုံသိမ်းပိုက်တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်  နိုဝင်ဘာလမှာ ပင်လည်ဘူးမြို့ကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ ပထမကြိမ်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာဘဲ စစ်တပ်ဘက်က လေကြောင်း၊မြေပြင်စစ်ကြောင်းနဲ့တန်ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် KIA ပူးပေါင်းတပ် နောက်ဆုတ်ပေးလိုက်ရပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ လက်လွှတ်လိုက်ရတဲ့ ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် တဖန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမေယ့် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲဟာ တစ်လကျော် တစ်ဖြတ်ရပ်နားသွားပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ KIA ပူးပေါင်းတပ်ဟာ မြို့သိမ်းတိုက်ပွဲထပ်မံဖော် ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း မြို့သိမ်းနိုင်တာမရှိခဲ့ပါဘူး။ အဲဒီနောက် ၇ လအကြာ ဩဂုတ်လ ၁၄ ရက်နေ့ မှာ KIA ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲထပ်မံဖော်ဆောင်လာရာကနေ တစ်လကျော်အကြာ အောက်တိုဘာ ၈ ရက် မနက် ၅နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းလိုက်နိုင်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ “ဟုတ်တယ် ပြီးခဲ့နှစ်က တစ်ခါရပြီ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်လက် လွှတ်လိုက်ရတယ်။ ဒီတစ်ခေါက်ကျတော့ သူတို့ဘက်ကလည်း ထိခိုက်သေဆုံးမှုအရမ်းများ သွားပြီ လက်လွှတ်စရာအကြောင်းလည်းမရှိဘူး။” လို့ ပြောပါတယ်။ ဩဂုတ်လ ၈  တစ်ဖန်စတင်ခဲ့ ဒီတစ်ကြိမ်တိုက်ပွဲမှာ တစ်လအတွင်း စစ်တပ်က လေကြောင်းနဲ့ ၃ ကြိမ်တိတိ စစ်အင်အားဖြည့်တာ၊ရိက္ခာပို့ခဲ့ပါတယ်။ ဒါပေမယ့် ပထမအကြိမ် ဩဂုတ်လ ၃၀ ရက်နေ့ လေကြောင်းနဲ့လာရောက်ပို့ဆောင်သွားတဲ့ စစ်ကြောင်းအပါအဝင် စစ်ကြောင်းအားလုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်ချေမှုန်းပြီး စစ်သုံ့ပန်း ၈၀ ကျော်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။…

    Read More »
  • 4 October
    သတင်း

    တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်းစစ်ရှောင် ၃ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ

    အင်းတော်ကြီးဒေသ တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်မြို့ဒေသခံပြည်သူသုံးထောင်ဝန်းကျင်အတွက် အစားအ သောက်နဲ့ ဆေးဝါးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ အင်းတော်ကြီးဒေသထဲက ညောင်ပင်၊ ဝှေလုံနဲ့ ချောင်းဝကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်…

    Read More »
  • 1 October
    သတင်း

    လေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ချီဖွေပြည်သူများ မြို့ထဲပြန်မဝင်နိုင်သေး

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ တိုက်ပွဲငြိမ်သွားပေမယ့် လေကြောင်းရန်ကို စိုးရိမ်နေရသေးတာကြောင့် ဒေသခံတွေမြို့တွင်းပြန်မဝင်နိုင်သေးဘူးလို့ ချီဖွေပြည်သူတွေက ပြောပါတယ်။ ကချင်အထူးဒေသ (၁) ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ချီဖွေမြို့ကို KIA/PDF ပူးပေါင်းတပ်က စက်တင်ဘာလ  ၂၉ ရက်နေ့တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့တွင်းနေရာအားလုံးကို ထိန်းချုပ်ထားကာ တိုက်ပွဲငြိမ်နေတာ ၂ ရက်ရှိပြီဖြစ်ပါတယ်။ သို့သော် စစ်ကောင်စီတပ်ဘက်က စက်တင်ဘာလ ၂၉ ရက်ညသန်းခေါင်မှာ တစ်ကြိမ်၊ အောက်တိုဘာလ ၁ ရက်နေ့ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်မှာတစ်ကြိမ် ဂျက်ဖိုက်တာတစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တယ်လို့ ချီဖွေဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လေယာဉ်မလာရင် မြို့ထဲဝင်လို့ရတယ်။ လေယာဉ်ကိုကြောက်လို့ မဝင်ရဲကြဘူး။ ဒီနေ့လည်းတစ်ကြိမ်လာပစ်သွားတယ်မြို့ထဲမှာ ထိခိုက်တာတော့မရှိပါဘူး”လို့ ပြောပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့အတူ တိုက်ပွဲတွင်း လက်နက်ကြီးကျပေါက်ကွဲတာကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ မြို့ခံပြည်သူ ၃ ဦးကျည်ထိမှန်သေဆုံးတာတွေလည်းရှိတယ်လို့ သိရပေမယ့် အမည်နာမအသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်ပါတယ်။ ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းလိုက်ပြီးနောက် ထွေအုပ်ရုံး၊ရဲစခန်း၊ဆေးရုံအပါအဝင် ဌာနဆိုင်ရာရုံးနေရာအားလုံးကို ချိတ်ပိတ်ထားပြီဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ ချီဖွေမြို့အနီးဝန်းကျင် တော၊တောင်တွေမှာ ပြည်သူထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေပြီး မြစ်ကြီးနားဘက်လည်း လမ်းပိတ်ထားသလို၊ ပန်ဝါသွားတဲ့လမ်း ၄ မိုင်ဂိတ်မှာလည်းပိတ်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါကြောင့် သက်ဆိုင်သူတွေအနေနဲ့ ပြည်သူတွေကိုထွက်လို့ရမယ့်လမ်းကို ယာယီခေတ္တဖြစ်ဖြစ်ဖွင့်ပေးစေလိုကြောင်း ချီဖွေဒေသခံတွေခုလိုပြောပါတယ်။ “မြစ်ကြီးနားလည်း ဆင်းမရ၊ ပန်ဝါဘက်သွားမယ်ဆိုလည်း ၄ မိုင်ဂိတ်ပိတ်ထားတယ် အဲတော့ ကြားမှာပိတ်မိသလိုတော့ဖြစ်နေတယ်။ဖြစ်နိုင်ရင်ပြည်သူတွေကို ခနတစ်ဖြုတ်ထွက်သွားဖို့ ကူညီပေးစေချင်တယ်”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ မိုင် ၈၈ အကွာ တရုတ်နယ်စပ် ပန်ဝါနဲ့ မိုင် ၄၀ အကွာရှိပြီး ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ KIA တပ်တို့ကြား တကျော့ပြန်တိုက်ပွဲကြောင့် ချီဖွေအနီးပတ်ဝန်းကျင်ကျေးရွာတစ်ချို့ပြည်သူတွေ မြို့တွင်းထဲကို စစ်ရှောင်နေကြတာ ဆယ်စုနှစ် တစ်စုရှိပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှောင်များလည်းအများအပြားနေထိုင်ပြီး ၂၀၂၂ ခုနှစ် ချီဖွေအထွေထွေအုပ်ချုပ်ရေးရုံးရဲ့ဖော်ပြထားချက်အရ လူဦးရေ ၂၂၀၉၂ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် မတ်လကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ ၅ လအကြာမှာ နယ်ခြားစောင့်ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ နယ်မြေအတွင်းရှိ ပြည်သူ့စစ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လတ်တလော ချီဖွေမြို့ကိုသိမ်းပိုက်ထားပြီဲဖြစ်သလို ဆော့လော်မြို့နယ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာ တပ်မှူးနေရာထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းဟာ ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကိုထူထောင်ပြီး အထူးဒေသ – ၁ နယ်မြေသတ်မှတ်ကာ ချီဖွေ၊ ဆော့လော် နဲ့ ဝိုင်းမော်၊ ဆဒုံးဒေသတွေမှာလှုပ်ရှားခဲ့ရာကနေ ၂၀၀၉ ခုနှစ်မှာ ကချင် ဒီမိုကရေစီသစ်တပ်မတော် NDA -K ကနေ နယ်ခြားစောင့်တပ်အဖြစ်  ပြောင်းလဲ ရပ်တည်လိုက်တာ ဖြစ်ပါတယ်။ By – Zami

    Read More »
  • Sep- 2024 -
    30 September
    သတင်း

    ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် တပ်စခန်း ၅ နေရာကို KIA သိမ်းပိုက်ထား

    ကချင်ပြည်နယ် ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၅ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က တစ်ရက်အတွင်း အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်အထူးဒေသ ၁ အတွင်းရှိ  ချီဖွေမြို့  မြို့မရဲစခန်း၊ ချီဖွေကနေ ပန်ဝါသွားလမ်းပေါ်က ၄ မိုင်စစ်တပ်ဂိတ်၊ ချီဖွေမြို့အဝင် နန်းဦးပြည်သူ့စစ်ဂိတ် ၊ ကန်ပိုင်ယန်သွားလမ်း အေးရှားဝေါဘောလုံးကွင်းအနီးက ကာကင်းစခန်းတစ်ခုနဲ့ ရှငေါ် ပြည်သူ့စစ်ဂိတ်အပါအားလုံးကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ စက်တင်ဘာလ ၂၉ ရက်နေ့ တစ်ရက်အတွင်း တစ်ပြိုင်နက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ “တိုက်ပွဲက မနေ့က မနက်ပိုင်း ၅ နာရီလောက်မှာ အေးရှားဝေါး ဘောလုံးကွင်းနေရာကနေ စတင်ပစ်ခတ်မှုဖြစ်ပွားရာကနေ တစ်ရက်လုံး ချီဖွေမြို့မှာ တိုက်ပွဲဖြစ်တယ်။ ည ၁၂ နာရီလောက်မှာက စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ လာကြဲတဲ့ ဗုံးအရေအတွက်က အချက် ၄၀ လောက်ရှိမယ်။ ညသန်ခေါင်ယံဆိုတော့ သေချာမသိဘူး။ ချီဖွေမြို့တွင်း ထိခိုက်မှုကများတယ်”လို့ချီဖွေမြို့မှာရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ ရဲတပ်သား အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ချီဖွေမြို့မရဲစခန်းကို စက်တင်ဘာလ ၂၉ ရက်နေ့  ၂ နာရီဝန်းကျင် သိမ်းပိုက်နိုင်ခဲ့ပြီးတော့ တပ်ရင်းမှူးထိုင်ထားတဲ့ ချီဖွေ စစ်တပ်ကုန်းနေရာကိုတော့ မနေ့ည ၈ နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်။ ချီဖွေမြို့စောင့်တပ်ဖြစ်တဲ့ စစ်တပ်ကုန်းမှာ စစ်အင်အား ၅၀ ဝန်းကျင်ရှိပြီး KIA ရဲ့ တိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှုများသလို တပ်သားတစ်ချို့ အရပ်ဝတ်တွေနဲ့ ထွက်ပြေးလွတ်မြောက်သွားသူလည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိ ချီဖွေမြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်ထားပြီလို့ ချီဖွေဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။ “KIA ဘက်ကတော့ မြို့တစ်ခုလုံးကို သိမ်းထားပြီဖြစ်တဲ့အတွက် အုပ်ချုပ်ရေးတွေလည်ပတ်လာအောင်အထိ လုပ်သွားမယ်လို့ထင်ပါတယ်။ ဒါပေမယ့် စစ်တပ်ကလည်း လေကြောင်းနဲ့ လာပစ်နေတယ်ဆိုတော့ ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်မလဲပေါ့။ အခုချိန်တော့ မြို့တစ်ခုလုံးကို KIA ထိန်းချုပ်ထားပြီလို့ ပြောလို့ရပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ချီဖွေမြို့တစ်ခုလုံးအပါ မြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်စခန်း ၅ နေရာကို လက်လွတ်လိုက်ရတဲ့အတွက် မနေ့ည ၁၂ နာရီလောက်မှာ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်း ထိခိုက်သေဆုံးမှုရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ချီဖွေဒေသခံပြည်သူတွေဟာ  တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကနေ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြို့တွင်းထဲကနေ ကိုယ်လွတ်ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဆက်သိရပါတယ်။ ချီဖွေမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG သတင်းဌာနကနေဆက်သွယ်မေးမြန်းရာ မြို့တွင်းရဲစခန်းအပါ မြို့တွင်း စစ်တပ်ကုန်းနဲ့ တခြားရှေ့တန်းတပ်စခန်းတစ်ချို့ကို သိမ်းပိုက်ထားတဲ့အပြင် တိုက်ပွဲဆက်လက်ဖြစ်နေဆဲဖြစ်တယ်လို့ ပြောဆိုပါတယ်။ “မြို့နေရာတွေက သိမ်းပိုက်ထားတယ်။ ရဲစခန်းပါမယ်။ တပ်မကုန်းက သိမ်းဖို့ကျန်သေးတယ်လို့တော့ကြားတယ်။ အဲ့ကြောင့် ပစ်နေကြသေးတယ်။ ရှငေါ်ဘက်မှာလည်း သိမ်းပိုက်ထားရှိတယ် လောလောဆယ်က အဲလောက်ပဲကြားရသေးတယ်”လို့ပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ ချီဖွေဒေသဟာ တခြားမြို့နယ်တွေလို တိုက်ပွဲမကြာခဏဖြစ်ပွားတာနည်းပေမယ့် အာဏာသိမ်းစစ်ကောင်စီရှိတဲ့ မည်သည့်နေရာဒေသမဆို ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းလောက်ကနေ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်၊ ကျေးရွာတွေမှာ ရှိတဲ့ စစ်ကောင်စီတပ်နေရာတွေကို စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ ချီဖွေမြို့ဟာ ခရိုင်ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ပြီး မြစ်ကြီးနားကနေ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်မှာ ရှိပါတယ်။ အရှေ့တောင်ဖက် တရုတ်–မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါမြို့နဲ့ မိုင် ၄၀ မိုင်ခန့်ကွာဝေးသလို မြောက်ဖက်မှာ လောက်ခေါင်၊ ထော်ဂေါ့၊ ဆော့လော်မြို့ဘက်ကို ကားလမ်းဖြင့် ဆက်သွယ်ထားတာလည်းဖြစ်ပါတယ်။ လတ်တလော KIA ပူးပေါင်းတပ်က ချီဖွေမြို့ကိုသိမ်းပိုက်ထားပြီး ဆော့လော်တပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ သိရပေမယ့်  အသေးစိတ်သိရဖို့ ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button