နန့်ယား

  • May- 2023 -
    4 May
    သတင်း

    ဆိုင်းဖရာနှင့် ကပ်မှော် ဒေသခံများ မလိုအပ်ဘဲအပြင်မထွက်ကြရန် စစ်ကောင်စီ သတိပေး

    ဖားကန့် လမ်းမပေါ်ရှိ နန့်ယားစစ်တပ်ဂိတ်တွင် ယနေ့နံနက် ၉ နာရီခွဲဝန်းကျင်  စစ်‌ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ဆိုင်းဖရာနှင့်ကပ်မှော် ကျေးရွာ ၂ ရွာမှ ဒေသခံပြည်သူများ မလိုအပ်ဘဲအပြင်မထွက်ကြရန် စစ်ကောင်စီတပ် သတိပေးပြောဆိုလာကြောင်း ဒေသခံများမှ သိရသည်။ နန့်ယားစစ်တပ်ဂိတ်သို့ ဝင်ရောက်လာသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သောအပတ် မိုးညှင်းမြို့နယ် နန်မားစစ်တပ် ခမရ ၃၈၆ တပ်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ဖြင့် ကားမိုင်းစစ်တပ်ကုန်းသို့ စစ်အင်အားတိုးချဲ့ထားသည့် အဖွဲ့ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် နန့်ယားစစ်တပ်အတွင်းသို့ ၁၃၀ ထက်မနည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။  “အခုရောက်လာတဲ့ စစ်ကြောင်းအဖွဲ့တွေက စစ်ကြောင်းအသစ်ဖြစ်တဲ့အတွက် သတိထားပြီးနေကြဖို့နဲ့ အလိုအပ်ဘဲ အပြင်တွေဘာတွေ မထွက်ကြနဲ့ ဆိုပြီး ပြောလာတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့သွားတဲ့ လမ်းကြောင်းတွေမှာ လမ်းရှင်းဆိုပြီး ပစ်ခတ်တာတွေရှိတော့ ပြောတာထင်တယ်”ဟုပြောသည်။ အဆိုပါ စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းအစောပိုင်းက ကားမိုင်းစစ်တပ်ကုန်းမှ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ပြီး ထွက်ခွာလာသည့် လမ်းတစ်လျှောက်တွင်လည်း ဘယ်ညှာ ပစ်ခတ်မှုများပြုလုပ်ကာ နန်ယားစစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း ဒေသခံများပြောသည်။ ယခုလို စစ်ကောင်စီဘက်မှ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်မှုများလုပ်ဆောင်နေသည့်အပြင် သတိပေးပြောဆိုမှုများကြောင့် ထိုဒေသတွင်ရှိသော ဒေသခံပြည်သူများသည်လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်းသိရသည်။ ထို့အပြင် ယနေ့နံနက်ပိုင်း ကားမိုင်းမြို့မှ နန့်ယားစစ်တပ်ဘက်သို့ ထွက်ခွာလာစဉ် လမ်းတစ်လျှောက်တွင်လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည့်အပြင် မလန်လယ်တောနေရာတွင်ရှိသော ပြည်သူတစ်ချို့ကိုလည်း ဖမ်းဆီးသွားကြောင်း မလန်းလယ်တော အနီးတဝိုက်တွင်ရှိသော ပြည်သူတစ်ဦးက KNG ကိုပြောဆိုထားသည်။

    Read More »
  • Apr- 2023 -
    13 April
    သတင်း

    နန့်ယားစစ်တပ်ဂိတ်တွင် စက်သုံးဆီများ ထပ်မံပိတ်ဆို့ထားသည့်အတွက် စက်သုံးဆီပြတ်လပ်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ တင်သွင်းမည့် စက်သုံးဆီကားများကို နန့်ယားစစ်တပ်ဂိတ်တွင် သွားခွင့်ပိတ်ဆို့ထားသည့်အတွက် ဖားကန့်မြို့တွင် စက်သုံးဆီများပြတ်လပ်မှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။ နန့်ယားစစ်တပ်ဂိတ်တွင် ပြီးခဲ့သော ၄ ရက်နေ့နောက်ပိုင်း ဖားကန့်ကို တင်သွင်းမည့် ဓာတ်ဆီ၊ ဒီဇယ် တင်ကားများကိုတားမြစ်ထားသောကြောင့် ဧပြီလ…

    Read More »
  • Mar- 2023 -
    5 March
    သတင်း

    နန့်ယားစစ်တပ်ဂိတ်ကို ရှောင်ကွင်းပြီး မောင်းနင်းသွားသည့် အိမ်စီးကာ ၇ စီးဖမ်းဆီးခံရ

    ဖားကန့်မြို့နယ် နန့်ယားစစ်တပ်ဂိတ်ကို ရှောင်းကွင်းပြီး တောလမ်းဖြတ်လာသည့် အိမ်စီးကား ၇ စီးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်းသိရသည်။ မတ်လ ၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် အချိန်တွင် နန့်ယားဂိတ်ကို ရှောင်ကွင်းပြီး ဖားကန့်မြို့တွင်းသို့ မောင်းနင်းလာသည့်…

    Read More »
  • Feb- 2023 -
    24 February
    သတင်း

    နန့်ယားစစ်တပ်ဂိတ်တွင် ဆန်သည်များ၏ ဆန်ကားများကိုသာ ဝင်ခွင့်ပြုသည့်အတွက် ပြည်သူအချို့အခက်တွေ့နေ

    ဖားကန့်မြို့နယ်အတွင်းသို့ ဆန်ကုန်သည်များ၏ ဆန်ကားများကိုသာ စစ်ကောင်စီက ဝင်ခွင့်ပြုထားပြီ မိသားစုများမှ တပိုင်တနိုင် တင်ဆောင်လာသည့် ဆန်အိတ်များကို ဝင်ခွင့်မရဘဲ တားမြစ်ထားဆဲ ဖြစ်သည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၄ ရက်ခန့်အကြာ နန့်ယားစစ်တပ်ဂိတ်တွင် ဆန်ကားများ…

    Read More »
  • 21 February
    သတင်းဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

    ဖားကန့်သို့ ဆန်ကား မဝင်သေးသဖြင့် ဆန်ပြတ်လပ်ပြီး အရောင်းဆိုင်များလည်း ပိတ်ထားရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ ဆန်တင်ပို့ခွင့်  ပိတ်ဆို့ခံထားရသည့်အတွက် ဆန်ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ဆန်ဆိုင်များလည်း ပိတ်ထားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ နန့်ယားစစ်တပ်ဂိတ်တွင် ထပ်မံပိတ်ဆို့လိုက်သောကြောင့် ဆန်အဝင်မရှိတော့ဘဲ ဆန်ပြတ်လပ်လာသည့်အထိ ကြုံတွေ့နေရသည်ဟု လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦး KNG ကိုပြောသည်။…

    Read More »
  • 15 February
    သတင်း

    နန့်ယားစစ်တပ်ဂိတ်တွင် အမျိုးသားတစ်ဦး ဖမ်းဆီးရိုက်နက်ခံရ

    ဖားကန့်လမ်း နန့်ယားကျေးရွာအဝင်ရှိ စစ်ကောင်စီဂိတ်တွင် ခရိုင်ရွန်း(Hkrai Run)ကျေးရွာဒေသခံ အမျိုးသားတစ်ဦး ဖမ်းဆီးရိုက်နက်ခံရပြီးနောက် ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ခရိုင်ရွန်းဒေသခံ အသက် ၅၀ နှစ်အရွယ် ဦးခန်းလောန်(Hkang Leng) သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်အချိန်…

    Read More »
  • Nov- 2022 -
    11 November
    သတင်း

    နန့်ယားစစ်တပ်ဂိတ်တွင် ညနေ ၅ နာရီမှ မနက် ၈ နာရီအထိ သွားလာခွင့်ကို စစ်ကောင်စီ ပိတ်ပင်

    ဖားကန့် လမ်းမပေါ်  နန့်ယားကျေးရွာ စစ်တပ်ဂိတ်တွင် ဒေသခံများကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်သဖြင့် ကျေးရွာ ၅ ခုမှ ဒေသခံပြည်သူများက သွားလာရေး အခက်ကြုံတွေ့နေရသည်ဟု သိရသည်။ နိုဝင်ဘာ ၉ ရက်နေ့မှစတင်ကာ ကျေးရွာဂိတ်ဖြတ်သန်းခွင့်ကို နံနက်ပိုင်း ၈ နာရီမှ ညနေပိုင်း…

    Read More »
Back to top button