သတင်း

နန့်ယားစစ်တပ်ဂိတ်ကို ရှောင်ကွင်းပြီး မောင်းနင်းသွားသည့် အိမ်စီးကာ ၇ စီးဖမ်းဆီးခံရ

ဖားကန့်မြို့နယ် နန့်ယားစစ်တပ်ဂိတ်ကို ရှောင်းကွင်းပြီး တောလမ်းဖြတ်လာသည့် အိမ်စီးကား ၇ စီးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်းသိရသည်။

မတ်လ ၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် အချိန်တွင် နန့်ယားဂိတ်ကို ရှောင်ကွင်းပြီး ဖားကန့်မြို့တွင်းသို့ မောင်းနင်းလာသည့် အိမ်စီးကား ၇ စီး ဖမ်းဆီးခံရကြောင်း ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

အဲ့ဒီ နန့်ယားဂိတ်မှာ ထိုင်ထားတဲ့ စစ်သားတွေ ကင်းလှည့်နေတဲ့အချိန်နဲ့တိုးသွားတာ။ အိမ်စီးကား ၇ စီးလောက်ပါတယ်လို့ပြောတယ်ဟုပြောသည်။

အဆိုပါ စစ်ကောင်စီအဖွဲ့ ဖမ်းဆီးသွားသည့် အိမ်စီးကား ၇ စီးအား နန့်ယားဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရသည်။

ထို့နောက် ည နေပိုင်း ၄ နာရီဝန်းကျင်တွင် နန့်ယားကျေးရွာတွင် တပ်စွဲထားသည့် ခမရ ၁၂ တပ်သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ရာ နန့်ယားကျေးရွာအနီးရှိသော ဆနီမှော်ဘက်သို့ ကျရောက် ပေါက်ကွဲမှုများရှိခဲ့သည်ဟုသိ ဒေသခံများကပြောသည်။

နန့်ယားစစ်တပ်ဂိတ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဂိတ်အတွင်းသွားလာသည့် ကုန်တင်ကားနှင့် ခရီးသည်တင်ကားများကို သွားလာရေးကန့်တာထားသည့်အပြင် မင်္သကာသူများကို ဖမ်းဆီးရိုက်နက်မှုများ ပုံမှန်လုပ်ဆောင်နေသည့် ဂိတ်နေရာဖြစ်သည်။

Show More

Related Articles

Back to top button