ပစ်ခတ်မှု

  • Dec- 2023 -
    4 December
    သတင်း

    မရန်ကထောင်ရွာထဲ ပစ်ခတ်မှုဖြစ်ပေါ်လာပါက ကျေးရွာမီးရှို့မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

    မိုးကောင်းမြို့နယ် လွယ်လီယာန်အုပ်စု မရန်ကထောင်ကျေးရွာထဲမှာ ပစ်ခတ်မှုတွေထပ်ပြီးဖြစ်လာခဲ့ရင် နေအိမ်တွေကို မီးရှို့ဖျက်စီးပစ်မယ်လို့ စစ်ကောင်စီဘက်ကနေ ခြိမ်းခြောက်ပြောဆိုထားတာကြောင့် ဒေသခံတွေက တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ နမ္မတီးမြို့အဝင် မရန်ကထောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ စစ်တပ်ဂိတ်နဲ့တပ်စခန်းနေရာ ပစ်ခတ်ခံရတဲ့နောက်ပိုင်း တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် စစ်တပ်ကပါ ခြိမ်းခြောက်နေတာကြောင့်အိမ်ထောင်စု ၅၀…

    Read More »
  • Nov- 2023 -
    1 November
    သတင်း

    စစ်ကောင်စီတပ်က လိုင်ဇာမြို့ကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေ

    မြစ်ကြီနား– ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ဆယ်စုနှစ်တစ်စုကြာအထိုင်တပ်စခန်းတွေ ဆက်တိုက်လက်လွတ်လာနေရတဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာာလ ၃၁ ရက်နေ့ကစပြီး KIOဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို လေကြောင်းနဲ့ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။ “ဒီနေ့ဆို ၂ ရက်ဆက်တိုက်ရှိပြီ ဒီလိုင်ဇာနားက အလျမ့်ဘွမ် (Alen…

    Read More »
  • Oct- 2023 -
    9 October
    သတင်း

    နန်းကင်ရွာက လူငယ် ၂ ဦး စစ်ကောင်စီတပ်ပစ်ခတ် ဖမ်းဆီး

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မဲဇာဒေသက နန်းကင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ချိန် လူငယ် အမျိုးသား ၂ ဦး ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီစစ်သားနဲ့ ပျူစောထီးတွေပါဝင်တဲ့ အင်အား ၂၀ ကျော်ပါ စစ်ကြောင်းတစ်ကြောင်းဟာ အောက်တိုဘာလ မနေ့က ည ၅ နာရီခွဲအချိန် နန်းကင်ကျေးရွာထဲကို ဝင်ရောက်စီးနှင်းရှာဖွေတာတွေပြုလုပ်ခဲ့ပြီး အင်းတော်ဘက်ကပြန်လာတဲ့ လူငယ်အမျိုးသားနှစ်ဦးကိုပစ်ခတ်ဖမ်းဆီးသွားတာဖြစ်တယ်လို့…

    Read More »
  • Sep- 2023 -
    4 September
    သတင်း

    ဆားလင်းကြီးမှာ ဈေးသည်အမျိုးသားတစ်ယောက် ပစ်သတ်ခံရ

    စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဆိတ်သားရောင်းတဲ့ ဈေးသည်တစ်ယောက်သေဆုံးခဲ့ရတယ်လို့ အညာပစ်တိုင်းထောင် လေးများအဖွဲ့ဆီကသိရပါတယ်။ အဲဒီအမျိုးသားဟာ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာတောင်ဘက် စစ်ကောင်စီတပ် ကင်းပုန်းချထားတဲ့ အက်စစ်စက်ရုံဘက်ဖြတ်သွားတဲ့သူတွေကိုပစ်ခတ်ခဲ့ရာ ကနေ ကျည်ဆန်ထိမှန်သေဆုံးခဲ့ရတာလို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ တစ်ယောက် ကပြောပါတယ်။ “ကံကုန်းရွာက ဆိတ်သားရောင်းတဲ့ဈေးသည်လို့ပြောတယ် ပွဲချင်းပြီးလို့သိရတယ်။ အလောင်းတောင်ကောက်လို့မရသေးဘူး ကံကုန်းရွာတောင်ဘက်က အက်စစ်စက်ရုံ…

    Read More »
  • 4 September
    သတင်း

    ရွှေကူရဲစခန်း ဒရုန်းနဲ့ ၂ ကြိမ် ထပ်ပြီးပစ်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မြို့မရဲစခန်းကို ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  K-PDF ဘက်က ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသခံတွေက ပြောပါတယ်။ အမှတ် ၄ရပ်ကွက်မှာရှိတဲ့ အဲဒီမြို့မရဲစခန်းကို KPDF တပ်ရင်း ၅ တပ်ဖွဲ့တွေက စက်တင်ဘာ ၃ရက်နေ့ မနေ့က မနက်ပိုင်းမှာတစ်ကြိမ်နဲ့ စက်တင်ဘာလ ၄ ရက် ဒီမနက် ၇နာရီမှာတစ်ကြိမ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း ရွှေကူ K- PDF တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။ “အဓိက သူတို့ဘက်က တစ်ခုခုလုပ်နေမှမဟုတ်ဘူးကွာ တော်လှန်ရေးလုပ်နေပြီဆိုကတည်းက ကျွန်တော်တို့ဘက်ကတော့…

    Read More »
  • Aug- 2023 -
    23 August
    သတင်းKatha

    ကသာအမှတ် ၁ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ ရဲ ၁ ယောက်လက်ပြတ် ၃ ယောက်ကျည်ထိမှန်

    စစ်ကိုင်းတိုင်း ကသာမြို့ အမှတ် ၁ ရဲစခန်းဝင်း ဒရုန်းနဲ့ပစ်ခတ်ခံရပြီး ရဲ ၁ ယောက်လက်ပြတ်ပြီး နောက်ထပ် ၃ ယောက်ကျည်ထိမှန်ထားတယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၃ ရက် ဒီမနေ့မနက် ၆နာရီခွဲလောက်က ရဲစခန်းဝင်းမှာရှိတဲ့ ရဲဝန်ထမ်းလိုင်းခန်းနားမှာ ဒရုန်းနဲ့ ဗုံး၂ လုံးပစ်ချခံရတာဖြစ်တယ်လို့ ကသာမြို့ခံတစ်ယောက်က KNG ကိုပြောပါတယ်။ “မနက်အစောကြီး ဗုံး ၂ လုံးကွဲသံကြားရတယ်၊ တစခန်းလုံး ဆူညံပွက်လောရိုက်နေတာ၊ ရဲသုံးယောက် ထိသွားတယ်တဲ့ အရေးပေါ်ကားနဲ့…

    Read More »
  • 9 August
    သတင်း

    ခင်ဦးမှာ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီးထိမှန်

    စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာစစ်ကြောင်းနှစ်ကြောင်းနဲ့ ရွာတွေကိုဝင်ရောက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦးလက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။ “ခင်ဦးနယ်အနောက်ခြမ်းမှာတော့ စစ်တပ်က စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ပစ်တယ် ၁၀ ချက် မကဘူး အဲ့မှာလက်နက်ကြီးက မရမ်းအင်းရွာထဲကျတယ်။ ဒေသခံ၄ဦးထိခိုက် ဒဏ်ရာရတယ်ပေါ့နော် အဲ့ဒီထဲမှာ ၁၀နှစ်သားအရွယ်ကလေးငယ်တစ်ဦးလည်းပါတယ်”လို့…

    Read More »
  • 8 August
    သတင်းနမ့်ဖတ်ကာ

    နမ့်ဖတ်ကာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားလာရင် ပြည်သူတွေကို မငဲ့တော့ဘဲ လက်နက်ကြီးပစ်ခတ်တော့မယ်လို့ စစ်တပ်ပြော

    ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလာရင် ဒေသခံပြည်သူတွေကို မငဲ့ညာတော့ပဲ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တော့မယ်လို့ သတိပေးပြောဆိုလာတဲ့အတွက် နမ့်ဖတ်ကာဒေသခံတွေဟာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့နေထိုင်နေရတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်ဖတ်ကာမှာ တပ်စွဲနေထိုင်တဲ့ စစ်တပ် ခ.လ.ရ ၁၂၃ တပ်က ဩဂုတ်လ ၄ ရက်နေ့မှာ နမ့်ဖတ်ကာကျေးရွာက ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကိုခေါ်ယူပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားလာရင် အကြောင်းကြားဖို့နဲ့ လက်နက်သံမြည်လာရင် နေရာမရွေးလက်နက်ကြီးပစ်ခတ်တော့မယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ယခုလို KNG ကချင်သတင်းဌာနကို ပြောဆိုပါတယ်။ “နမ့်ဖတ်ကာမှာက TNLA တွေလည်းလှုပ်ရှားနေတော့…

    Read More »
  • 7 August
    သတင်း

    ဆယ်ဇင်းကြိုးတံတားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA ဘက်က ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

    ဖားကန့် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ ကြိုးတံတားနားက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA ဘက်က ဒီမနက် ၆နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ ဒီနေ့မနက် နမ့်မော်နဲ့ကသိုဏ်းစစ်တပ်စခန်းဝင်ရောက်ချိန် တစ်ပြိုင်နက်ထဲမှာဘဲ ဆယ်ဇင်းရွာကြိုးတံတားနားမှာတပ်စွဲနေထိုင်တဲ့ SNA စခန်းကိုလည်း သွားရောက်တိုက်ခိုင်တာဖြစ်တယ်လို့ ပြောပါတယ်။ “ဒီမနက် စခန်း ၂ခုစလုံးကို သိမ်းနိုင်တဲ့အခြေနေဟုတ်တယ် ကသိုဏ်းရော ဆယ်ဇင်းက SNAစခန်းရော သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်” လို့ပြောပါတယ်။ SNA တပ်စခန်းဝင်ရောက်တိုက်ခိုက်ရာမှာ အရာရှိ ၃ ဦးနဲ့သုံ့ပန်းတွေလည်း ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသွားတယ်လို့ ဒေသခံတွေ ဆယ်ဇင်းဘက်က ဒေသခံတွေပြောဆိုနေကြပေမယ့် ဒီအချက်လက်ကိုတော့ KNG အနေနဲ့သီးခြားအတည် ပြုနိုင်တာမရှိသေးပါဘူး။ KIA ဘက်က ဒီမနက်ထဲမှာဘဲ ဖားကန့်မှာရှိတဲ့ နမ့်မော်၊ကသိုဏ်းစစ်တပ်စခန်းအပြင် ဆယ်ဇင်း SNA စခန်းကိုဝင်ရောက်တိုက်ခိုက်တာဟာ ကသိုဏ်းတပ်စခန်းဘက်ကို စစ်ကူအနေနဲ့ဝင်ရောက်လာမယ့် စစ်ကောင်စီတပ်နဲ့SNA အဖွဲ့တွေကို တားဆီးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “အဓိကတော့ ဒီဘက်ကို စစ်ကူမလာနိုင်အောင် သွားတားတော့ဟုတ်တယ်။ဒါပေမယ့် လက်နက်ကိုင်ထားတဲ့တူတွေဆိုတဲ့ ကိုယ်ပစ်သူပစ်ပေါ့ သူတို့ဘက်က ထိခိုက်သေဆုံးသူများတယ်”လို့ပြောပါတယ်။ ဒီမနက် ကသိုဏ်တပ်စခန်းကိုသွားရောက်တိုက်ခိုက်တဲ့ KIA တပ်ရင်း ၆ နဲ့ဆယ်ဇင်း SNA စခန်းသွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ KIA တပ်ရင်း၂၆ ဟာ တပ်မဟာ ၉လက်အောက်ခံတပ်တွေဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်ဘက်ကိုလည်း နေ့တိုင်းစစ်အင်အား ဖြည့်နေတဲ့အပြင် ဖားကန့်ဘက်မှာလည်း စစ်တပ်စခန်းထိခိုက်သေဆုံးတာတွေများလာတဲ့အတွက် စစ်တပ်ဘက်က လေကြောင်းအသုံးပြုလာနိုင်သောကြောင့် အရပ်သားပြည်သူများ သတိထားနေကြဖို့ကိုလည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။

    Read More »
  • 4 August
    သတင်း

    ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ မနေ့မနက်ပိုင်း ၉နာရီဝန်းကျင်မှာ ကလုံရွာမှာ စစ်ကောင်စီတပ်တွေက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်အုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ အင်းရွာအုပ်စုဦးစောကျွန်းရွာက ကလေးငယ်သေဆုံးခဲ့ရတာလို့ ကသာမြို့နယ်ကကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “ကလုံမှာရွာကအဖွဲ့တွေက သူတို့ရဲ့အရှေ့ဘက်ကမ်း ကလုံနဲ့မျက်နှာချင်းဆိုင်ရွာ…

    Read More »
Back to top button