ဖမ်းဆီးခံရမှု
-
Feb- 2026 -27 Februaryသတင်း
အင်းတော်ကြီးမှာ အရပ်သား ၅၀ ဝန်းကျင်စုဆောင်းရေးဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသထဲမှာ အရပ်သား ၅၀ ဝန်းကျင်ကို SNA တပ်ဖွဲ့က တပ်သားသစ်အဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရဲ့အနောက်ဘက် မြို့နဲ့ ၇ မိုင်အကွာ ဒေသအခေါ် (ပြည်တော်သာကွင်း)ထဲက လယ်ယာနဲ့စိုက်ခင်းတွေထဲ အလုပ်လုပ်နေတဲ့သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ နန့်မွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လယ်ကွင်းထဲ အလုပ်လုပ်နေတဲ့လူတွေကိုဝင်ဆွဲတာ ပြီးရင် အဲ့ကွင်းဘေးကတောင်ခြေမှာ လက်လုပ်လက်စားရွှေတူးတဲ့လူတွေလည်းရှိတယ် သူတို့ပါဝင်ဆွဲခံရတယ်။ အားလုံး ၅၀ ကျော်လောက်ရှိတယ်လူဦးရေအတိအကျတော့မသိရသေးဘူး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဖမ်းဆီးသွားခံရသူတွေဟာ ဘိုကုန်းရွာ၊အင်းကုန်းရွာ၊ကျွန်းကုန်းရွာနဲ့ နန်းမားမြို့ထဲကနေ ပြည်တော်သာကွင်းမှာ လယ်ယာစိုက်ခင်းလာလုပ်တဲ့သူတွေနဲ့လက်လုပ်လက်စားရွှေလာတူးတဲ့သူတွေပါသွားကြောင်းသိရပါတယ်။ “ပြည်တော်သာကွင်းဆိုတာအကျယ်ကြီးပဲအဲ့မှာဘိုကုန်းတို့၊ကျွန်းကုန်းတို့နောက်ပြီးနန်းမာဘက်ကလူတွေအဲ့ကွင်းမှာအခင်းသွားလုပ်ကြရင်ဖမ်းခံရတာပြီးတော့ ကွင်းနားက ဂွချောင်းဆိုတာရှိတယ်အဲ့ချောင်းမှာရွှေတူးတဲ့သူတွေပါသွားတယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဖမ်းဆီးသွားတဲ့အရပ်သား ၅၀ ကျော်မှာ အသက် ၁၈ နှစ်ကနေ အသက် ၅၀ ကျော်လူကြီးပိုင်းအထိပါဝင်တယ်လို့သိရပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီး ၁၀ ဦးခန့်ပါတယ်လို့သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို လက်ရှိ နန့်မွန်းမြို့ထဲက စစ်သင်တန်းပို့ချတဲ့ကွင်းထဲမှာ ထိန်းသိမ်းထားပြီး ဒီကနေ့ အထိပြန်လွတ်လာတဲ့သူမရှိသေးဘူးလို့သိရပါတယ်။ အဲ့ဒီ SNA တပ်တွေဟာ နန့်မွန်းအထိုင်တပ်ထဲကလို့သိရပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်း တောလမ်းကနေဝင်လာပြီး ပြည်တော်သာကွင်းပတ်ပတ်လည်ကို ပိတ်စို့ကာ ဖမ်းဆီသွားတာလို့ဒေသခံတွေကဆိုပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ သူတို့ထိန်းချုပ်ထားတဲ့ လုံးတုံ၊နန်းမား၊မိုင်းနောင်၊မမံကိုင်စတဲ့ကျေးရွာတွေထဲမှာ ၂၀၂၄၊၂၀၂၅ခုနှစ်တွေကတည်းက လူငယ်တွေကိုစုဆောင်းရေးမကြာခနလုပ်နေတာကြောင့် လူငယ်၊လူလတ်အများပိုင်း ဘေးလွတ်ရာကိုတိမ်းရှောင်သွားသူတွေများတယ်လို့သိရပါတယ်။ ဒါကြောင့် အခုလို လယ်ယာစိုက်ခင်းလုပ်ကိုင်သူတွေနဲ့တောထဲလက်လုပ်လက်စားရွှေတူးတဲ့ပြည်သူတွေဘက်ကိုဦးတည်းပြီးဖမ်းဆီးနေတာလို့ဒေသခံတွေကဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသနေရာအနှံ့မှာ တော်လှန်ရေးတပ်တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တပ်သားသစ်စုဆောင်းတာကို ပိုမိုလုပ်ဆောင်လာကြတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
26 Februaryသတင်း
ဖားကန့်မှာကျောင်းသားတစ်ဦးဖမ်းဆီးခံရတာ ၅ ရက်မြောက်ရှိလာ
ဖားကန့်မှာ စစ်တပ်က ၉ တန်းကျောင်းသား ကလေးငယ်တစ်ဦး ဖမ်းဆီးထားတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်တဲ့အတွက် မိသားစုတွေ စိတ်ပူပန်နေကြတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မဇွပ်ယန်ကျေးရွာ စစ်ဘေးရှောင်နေတဲ့ ၉ တန်းကျောင်းသားဖြစ်သူက မိဘတွေခိုင်းစေမှုကြောင့် ဖားကန့်မြို့ပေါ်ဘက်ကို သွားလာခဲ့ရာ ဖားကန့် ရဲစခန်းနဲ့ တပ်မကုန်း ၊ စာသင်ကျောင်းအနီးမှာ စစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူ့ရဲ့မိဘတွေ ငွေသွားလွှဲခိုင်းရင်း ဖားကန့်လမ်းဘက်ကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ သွားလိုက်ကြတယ်တဲ့။ အဲ့မှာ ရဲစခန်းနဲ့ တပ်မကုန်းနားမှာ ရောက်တော့ မျက်နှာမှာ မတ်တပ်ထားလို့ ဖမ်းဆီးစစ်ဆေးခံရတယ်။ စစ်သားတွေက အမျိုးမျိုးပြောတော့ ကလေးတွေဆိုတော့ မပြောတတ် မဖြေတတ်ဖြစ်မှာပေါ့။ နော်ဆိုင်းလားလို့မေးတော့ဟုတ်တယ်လို့ဖြေတော့ ဖမ်းသွားတယ်တဲ့”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီဖမ်းဆီးထားတဲ့ ၉ တန်းကျောင်းသားဟာ အသက် ၁၆ နှစ်အရွယ် မောင်မဒိန် နော်ဆိုင်းဆိုသူဖြစ်တယ်လို့သိရပါတယ်။ “ဖမ်းထားတာ အခုဆို ၅ ရက်လောက်ရှိလာပြီ သူ့မိသားစုတွေက ရောက်လာမလားဆိုပြီးစောင့်နေကြတာ မနေ့ညအထိ မရောက်လာသေးဘူးဆိုပြီး ကျနော့်ဆီကို အကြောင်းကြားလာတယ်။ မိသားစုတွေအရမ်းစိတ်ပူနေကြတယ်”လို့ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့ ၉ တန်းကျောင်းသား မောင်မဒိန်နော်ဆိုင်းကို စစ်တပ်က နာမည်တူ မှားယွင်းပြီး ဖမ်းဆီးထားတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ၉ တန်းကျောင်းသား မဒိန်နော်ဆိုင်း မိသားစုတွေဟာ မော်ဝမ်းကလေးကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပေမယ့် တိုက်ပွဲကြောင့် လက်ရှိမှာ မဇွပ်ယန်ကျေးရွာဘက်မှာ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဖားကန့်မှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက် ၅ နေရာလောက်မှာ စစ်ဆေးရေးတင်းကြပ်ထားပြီးတော့ သွားလာတဲ့ပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jan- 2026 -24 Januaryသတင်း
ဖားကန့်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ပစ်သတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦးဖမ်းဆီးခံရ
ဖားကန့်မြို့ မရှိီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦးဖမ်းဆီးခံသွားရတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်ည ၇ နာရီဝန်းကျင် မရှိီကထောင်ရပ်ကွက် နန်းဦးရေခဲစက်ရှေ့အနှိပ်ခန်းအနီး ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးကို ကားတစ်စီးနဲ့လူတစ်စုလိုက်လာပြီး ဝင်ပစ်သွားတဲ့အတွက် ဆိုင်ကယ်မောင်းသူပွဲချင်းပြီး သေဆုံးပြီးနောက်ထပ်အမျိုးသားတစ်ဦးဖမ်းခံသွားရတာဖြစ်တယ်လို့ ဖားကန့်မှာနေထိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။ “အမျိုးသားတစ်ယောက်က ဆိုင်ကယ်ကယ်ရီသမားကို ဆိုင်ကယ်ကယ်ရီငှားတာ အဲအနှိပ်ခန်းအနီးအရောက် နောက်ကနေကားတစ်စီးနဲ့လိုက်လာပြီး ပစ်သွားတာ ကယ်ရီသမားက ဆုံးသွားတယ်။ အဲဆိုင်ကယ်ကယ်ရီငှားလာတဲ့အမျိုးသားကိုကျတော့ ဖမ်းသွားတယ်လို့သိရပါတယ်”လို့ ပြောပါတယ်။ ပစ်သတ်ခံရတဲ့ ဆိုင်ကယ် ကယ်ရီသမားဟာ ကိုမင်းဆိုသူဖြစ်ပြီး ဖားကန့်မြို့တွင်း ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ သာမန်အရပ်သားပြည်သူတစ်ဦးသာဖြစ်တယ်လို့ သိရပြီး ဖမ်းဆီးခံသွားရသူက မည်သူမည်ဝါဖြစ်တယ်ဆိုတာကို မသိရကြောင်းသူကဆက်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်တဲအ့ဖွဲ့ကိုတိတိကျကျ မသိရပေမယ့် ဒေသတွင်းနေထိုင်တဲ့ပြည်သူတစ်ဦး သုံးသပ်ချက်အရ ဒီဖြစ်စဉ်ကိုကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်လို့ ခုလိုသုံးသပ်ထားပါတယ်။ “ခုဖြစ်တဲ့နေရာက မရှိီကထောင်ကြိုးတံတား မရှိီကထောင်နဲ့ငှက်ပျောတောရပ်ကွက်ကိုချိတ်ထားတာ ငှက်ပျောတောဘက်ခြမ်းမှာက ဘန်ကာတွေ၊သဲအိတ်တွေချပြီးထိုင်ထားတာဖြစ်တဲ့အတွက် အဲနားကို တော်လှန်ရေးတပ်ဖွဲ့တွေကလည်းသွားပြီး မစ်ရှင်လုပ်မှာမဟုတ်ဘူး အဲကြောင့် အဲမစ်ရှင်ကိုလုပ်တာက စစ်တပ်ဘက်က သူတို့ဟာသူတို့ အချက်လက်မှားနဲ့ဘယ်လိုဖြစ်သွားလဲ မသိဘူး။ သေဆုံးတာကလည်း ပြည်သူ၊ ဖမ်းခံရတာလည်းပြည်သူပဲ။ဒါပေမယ့် ဖမ်းခံသွားရတဲ့သူက ဘယ်သူဘယ်ဝါလဲဆိုတာလည်း မသိရဘူး”ဖားကန့်မြို့မှာနေထိုင်တဲ့အမျိုးသားတစ်ဦးက သုံးသပ်ပါတယ်။ ဖားကန့်မြို့မရှိီကထောင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက် ကျောက် စိမ်းသူစားသောက်ဆိုင်တွင် မွေးနေ့ပွဲလုပ်နေတဲ့ လူငယ် ၁၀ ဦး၊ ဩဂုတ်လ ၂၉ ရက်နေ့ ကျေက်စိမ်းတောင်တံတားထိပ်မှာ လူငယ် ၁၅ ဦး၊အလားတူ စက်တင်ဘာလမှာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး မြို့ခံ လူငယ် ၄၀ ခန့်ကို စစ်တပ်က ဖမ်းဆီးသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာ လတ်တလော စစ်တပ်က ရွှေးကောက်ပွဲအပိုင်း (၃) ကျင်းပဖို့အတွက် မြို့ပေါ် ရပ်ကွက် (၅)ခုမှာ မဲရုံထောင်ဖို့ပြင်ဆင်နေပြီး လတ်တလော မြို့တွင်း စာသင်ကျောင်းတွေမှာလုံခြုံရေအပြည့် ချထားသလို မြို့တွင်းအဝင်ထွက် လည်း စစ်ဆေးတာတွေရှိနေတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဟာ လူဦးရေပေါများသလို မကြာခဏဆိုသလို ပိုင်ရပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေရှိပေမယ့် ၂၀၂၆ ခုနှစ်မှာတော့ ဒီဖြစ်စဉ်ဟာ ပထမဆုံး ဖြစ်စဉ်လို့ သိရပါတယ်။ By – Zami
Read More » -
14 Januaryသတင်း
ဥရုရတနာတံတားပေါ်က စစ်တပ်သားနဲ့ ရဲ့ ပစ်ခတ်ခံရပြီးနောက် အမျိုးသားတစ်ဦးဖမ်းဆီးခံရ
ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတံတားပေါ် မှာ လုံခြုံရေးတင်ကြပ်ထားပြီး အခွန်ကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ခုက အမျိုးသားတစ်ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက် နေ့ မနက်ပိုင်း ဥရုချောင်းတံတားရဲ့ တစ်ဖက်ကမ်းစီ စစ်တပ်နဲ့…
Read More » -
Sep- 2025 -15 Septemberသတင်း
ဖမ်းဆီးခံရတဲ့ ကသာမြို့ခံ ၃ ဦး စစ်သင်္ဘောကနေ ထွက်ပြေးလွတ်မြောက်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က မြို့ခံအမျိုးသား ၃ ဦးကိုဖမ်းဆီးသွားပြီးနောက် စစ်သင်္ဘောနဲ့အတူ ခေါ်ဆောင်သွားချိန် သင်္ဘောပေါ် ကနေ ခုန်ချလွတ်မြောက်သွားတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ စစ်တပ်ရဲ့ စစ်သင်္ဘောများ ကသာမြို့နယ် သံပုရာရွာဆိပ်ကမ်းရောက်ချိန်…
Read More » -
8 Septemberသတင်း
ဖမ်းဆီးခံရတဲ့ ဟုမ္မလင်း HPDF- 124 ခေါင်းဆောင် နဲ့ တပ်ဖွဲ့ဝင်တွေပြန်မလွတ်သေး
ရှမ်းနီ PDF ဖွဲ့မည့်သတင်းကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဟုမ္မလင်း HPDF- 124 ခေါင်းဆောင်ပိုင်းထဲက တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့တပ်ဖွဲ့ဝင်တွေပြန်လည်လွတ် မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ HPDF- 124 ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့ အတူတပ်ဖွဲ့ဝင်တွေလို့ယူဆရတဲ့…
Read More » -
May- 2025 -29 Mayသတင်း
လုံးခင်း ကျေးရွာတိုက်ပွဲအတွင်း အရပ်သား သေဆုံးဒဏ်ရာရရှိမှု များပြား
ဖားကန့် လုံးခင်းကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရပ်သားတချို့ ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂၈ ရက်နေ့ မနေ့က မနက်ပိုင်း လုံးခင်းကျေးရွာ ရိန်းဘိုးမိုဘိုင်း ဆိုင်ရှေ့ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သလို ကျေးရွာအတွင်း…
Read More » -
24 Mayသတင်း
ဖားကန့်လမ်းပိုင်းက စစ်ရှောင်တစ်ချို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကြောင့် တောတွင်းတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တစ်ချို့ ရွာထဲစားနပ်ရိက္ခာပြန်ဝင်ယူချိန် စစ်တပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကားမိုင်း– ဖားကန့်လမ်းပေါ်က နန့်ယား၊ ဆိုင်းဖရာ၊ ခွမ်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံနဲ့…
Read More » -
12 Mayသတင်း
ကချင်မှာ နှစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်၂၀ ဖြစ်ပွား
ကချင်ပြည်နယ်မှာ စစ်ကောင်စီကနေပြီးတော့ နှစ်လအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၂၀ နှစ်ပြုလုပ်ခဲ့တယ်လို့ KHRW(Kachin Human Rights Watch) အဖွဲ့က KNGကိုပြောပါတယ်။ ဒီလူ့အခွင့်ရေးချိုးဖောက်မှုတွေဟာ မတ်လနဲ့ ဧပြီလနှစ်လအတွင်း မြစ်ကြီးနားမြို့,၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။…
Read More » -
Apr- 2025 -4 Aprilသတင်း
မိုးညှင်းမှာ လူငယ် ၅၀ ဦးဝန်းကျင် ဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ တက္ကသိုလ်ကျောင်းအနီး လူငယ် ၅၀ ဦးခန့် ဖမ်းဆီးခံရတယ်လို့ မိုးညှင်းဒေသခံ တွေပြောပါတယ်။ ဧပြီလ ၂ ရက်နေ့၊ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင် ရှမ်းနီအမျိုးသားများတပ်မတော်( SNA) တပ်နဲ့…
Read More »









