ဗုံးကြဲတိုက်ခိုက်
-
Nov- 2024 -18 Novemberစစ်ရေး
အရပ်သားပြည်သူနဲ့ ဘာသာရေးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေတယ်လို့ KIO ပြော
အာဏာသိမ်းစစ်တပ်အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ နေရာဒေသက အရပ်သားပြည်သူ နဲ့ ဘာသာရေးကျောင်းနေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပိုပြီးတော့ အလှမ်းဝေးသွားစေမှာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ အဖပ်ဖက်ကနေစစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့…
Read More » -
1 Novemberတိုက်ပွဲ
ကွတ်ခိုင်မြို့ Asia World တိုးဂိတ်အနီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ ပြည်သူတစ်ဦးသေဆုံး
ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းထပ်ပြီးဗုံးကြဲလို့ အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ ဒီမနက် ၃ နာရီခွဲဝန်းကျင် ကွတ်ခိုင်ကနေ မူဆယ်ဘက်သွားတဲ့လမ်း Asia World တိုးဂိတ်အနီးတဝိုက် လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောပါတယ်။ “လူတော့ တစ်ဦးသေတယ် အရင်က မူးယစ်ရုံးတွေ၊ Asia Worl အနီးတဝိုက်ကို လာချတာဟုတ်တယ်။ ပြီးတော့ ပြည်သူတွေနေတဲ့ ရပ်ကွက်ဘက်မှာလည်း တစ်လုံးကျတယ်။ အဲဘက်တော့ လူဘာမှမဖြစ်ဘူး။မီးဖိချောင်ပျက်စီးသွားတယ်။ TNLA တွေအဓိကနေတဲ့ နေရာမှာတော့ နောက်ထပ်တစ်ဦးထိတယ်။ ပြည်သူလား ဘာလားသေချာမသိရဘူး” လို့ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးသလို စစ်ဘက်ဆိုင်ရာ ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိဘူးလို့ သူမကပြောပါတယ်။ ဒီမနက် ဗုံးကြဲချခံရတဲ့နေရာတွေဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေ အဓိကတပ်ချနေထိုင်ရာနေရာတွေမှာဖြစ်တယ်လို့ သိရပြီး သတင်းပေးမှုကြောင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်လို့ ဒေသခံတွေဘက်က ခန့်မှန်းပါတယ်။ “သတင်းပေးမှုကြောင့် လာပစ်တယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့ ရက်က ဒီဘက်ကို လက်နက်ကိုင်တပ်ဖွဲ့ဘက်က လူကြီးတစ်ဦးဦးရောက်သလို သတင်းတွေပျံ့နှံ့နေတာဟုတ်တယ်။ အဲလိုကြားတာနဲ့ ဒီလိုဗုံးလာချတာဆိုတော့ သတင်းကြားတာကြောင့်သတင်းပေးမှုကြောင့်လို့ပဲ ယူဆပါတယ်။ အခုသူတို့ ဗုံးချတဲ့နေရာကလည်း TNLA တွေပဲ အဓိက တပ်ချနေတဲ့နေရာဖြစ်တယ်”လို့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းမှာလည်း ကွတ်ခိုင်မြို့ပေါ် နဲ့ မြို့မစျေးတစ်ခုလုံးကို စစ်ကောင်စီလေကြောင်းနဲ့ ၃ ရက်လောက် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး ထိခိုက်ပျက်စီး မီးလောင်ပြာကျသွားကာ အရပ်သားလည်း ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ စက်တင်ဘာလ လဆန်းပိုင်းကစပြီး ရှမ်းမြောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချူပ်နေတဲ့ဒေသနေရာဒေသတွေကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး အဓိက အများပြည်သူနဲ့သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦးတွေ များစွာထိခိုက်ပျက်စီးမှုရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း စစ်တပ်ရဲ့လေကြောင်းရန်ကနေ ကာကွယ်ရန်နဲ့ အရပ်သားနဲ့သက်ဆိုင်တဲ့ နေရာတွေ၊ ဘာသာရေးအဆောက်အဦးတွေနားမှာ တပ်ချနေထိုင်တာမျိုးတွေရှောင်ရှားပေးရန် ရှမ်းမြောက်ပြည်သူလူထုတွေတောင်းဆိုနေကြပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Oct- 2024 -28 Octoberသတင်း
သိန္နီမြို့ KBC နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန် KBC ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဖြစ်စဉ်ကတော့ အောက်တိုဘာ၂၇ ရက်နေ့ ည၉နာရီ ၄၅ မိနစ် စစ်ကောင်စီဘက်ကနေပြီးတော့ ဘုရားကျောင်းအပေါ်တည့်တည့် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် ဘုရားကျောင်းဆောင်တစ်ခုလုံးအပြင် ကားသုံးစီး၊ အအေးခေါင်း၊ အသံချဲ့စက်နဲ့ အားလုံးပျက်စီးသွားခဲ့တယ်လို့ ဘုရားကျောင်းက တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ဘုရားကျောင်းက ရစရာကိုမရှိတော့ဘူး ခုနကကျွန်တော်တို့ တွက်ကြည့်တာကတော့ သိန်းတစ်သောင်းဖိုးလောက်က ပျက်စီးဆုံးရှုံးသွားတယ်”လို့ဆိုပါတယ်။ အောက်တိုဘာလ ၂၇ ရက်ည သိန္နီမြို့ထဲ စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ ထွေအုပ်ရုံး၊ KBC ဘုရားကျောင်း၊ဆန်းလီဟိုတယ်အထက်ဘက် စတဲ့နေရာသုံးနေရာဖြစ်ပြီး သေခိုက်သေဆုံးသူတော့ မရှိဘူးလို့ သိရပါတယ်။ ဒေသခံတွေသုံးသပ်ချက်အရ စစ်ကောင်စီအနေနဲ့ KBC ဘုရားကျောင်းအရှေ့ဘက် မီတာ၅၀ဝန်းကျင်အကွာအဝေးမှာရှိတဲ့တည်းခိုခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ခုလို ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ခုလိုသုံးသပ်ပါတယ်။ “ဘုရားကျောင်းအရှေ့ဘက်က တည်ခိုးခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေသူဌေးတွေ လာအိပ်ကြတယ်ဆိုတဲ့ သတင်းတွေက အရင်ကတည်းကထွက်နေတော့ ခုလိုဖြစ်လာမှာစိုးလို့ ကျွန်တော်တို့တောင်အဲဒီအနီးနားတဝိုက်မှာ မနေကြတော့ဘူးဟုတ်တယ်”လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်ကနေပြီးတော့ ကိုးကန့်တပ် MNDAAနဲ့ တအာန်းတပ်TNLA တို့ရှိနေနိုင်တယ်ထင်တဲ့နေရာတွေမှာ အမြဲလိုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)အဖွဲ့အစည်းရဲ့ ၂၀၂၄အောက်တိုဘာလ၂၇ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၂၀ဦးထိ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ By – Hope
Read More » -
9 Octoberတိုက်ပွဲ
အင်းတော်မှာ နောက်ဆုံးကျန်နေတဲ့ စစ်တပ်ခစန်းနှစ်နေရာကို လေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းနှစ်နေရာကို စစ်ကောင်စီကလေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အင်းတော်မြို့နယ်ရဲစခန်းတစ်ခုလုံးလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီဟာ အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ ရိက္ခာကုန်းအထိုင်တပ်နဲ့ အင်းတော်မြို့ပြင်ရှိ နဘားလမ်းဆုံအနီးက ဂျပန်လိုင်ဂူထဲက တပ်စခန်းတို့ကို လေကြောင်းသုံးပြီးအပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အခုလောလောဆယ် မြို့ထဲကရိက္ခာကုန်းထဲမှာနည်းနည်းကျန်သေးတယ်။ ပြီးတော့ ဂျပန်လိုင်ဂူထဲမှာလည်း ကျန်နေသေးတယ် စစ်သားတွေကနည်းနည်းပဲကျန်နေတော့တာ။ ဒါပေမယ့်သူတို့လေယာဥ်နဲ့နေ့တိုင်းလာကြဲနေတော့ဒီဘက်ကဝင်မရဘူး တစ်ရက်ကို နှစ်ကြိမ်တစ်ခါတလေးတစ်ကြိမ်အမြဲလာကျဲတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်က အင်းတော်မြို့ဧရီယာကိုဗုံးကြဲတာအပြင် ဒရုန်းနဲ့ပုံမှန်ကင်းထောက်နေတာတွေကြောင့် တော်လှန်ရေးတပ်တွေဘက်က မြို့သိမ်းနိုင်ဖို့ခက်ခဲနေပြီး စက်တင်ဘာလကုန်းပိုင်းကတည်းကတိုက်ပွဲတစ်ဖြတ်ရပ်နားထားရတယ်လို့ သိရပါတယ်။ အခုလိုလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အင်းတော်မြို့ထဲမှာ ထိခိုက်ပျက်စီးမှုတွေရှိသလိုမြို့နဲ့နီးတဲ့အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၅ ရွာထက်မနည်းထိခိုက်ပျက်စီးမှုတွေများတယ်လို့ သိရပါတယ်။ “မြို့သိမ်းလာပြီဆိုကတည်းကသိတဲ့အတိုင်းပဲစကစကတော့မြို့ပျက်အောင်လုပ်မှာပဲလေ။ မြို့နဲ့နီးတဲ့နားနောင်တို့ ကျော်ရွာတို့ နန့်ကင်ရွာတို့ ဘက်တွေလည်းဗုံးသီးကျလို့လူနေအိမ်ပျက်စီးတာတွေရှိတယ်”လို့ အင်ပင်ကျေးရွာဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကအခုလိုနေယာဥ်နဲ့ဗုံးကြဲနေတဲ့အပြင် ရိက္ခာကုန်းကနေလည်း ညတိုင်းလက်နက်ကြီးပစ်ခတ်တာတွေရှိနေပြီး မြို့ဝင်မြို့ထွက်ကိုလည်းတင်းကြပ်ထားတယ်လို့ သိရပါတယ်။ အင်းတော်မြို့ခံတွေဟာ အင်းတော်မြို့မှာတိုက်ပွဲတွေစဖြစ်လာတဲ့ သြဂုတ်လကတည်းက မဲဇာရွာ၊မော်လူးနဲ့ မော်တိတ်ဒေသဘက်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ “အရင်ကတော့ ကျွန်မတို့ အင်ပင်တို့နန့်သာတို့ဆိုတာပြေးနေရတဲ့ရွာတွေအခုကအေးအေးဆေးဆေးဖြစ်နေပြီအားလုံးပြန်ကြပြီ။ အခုမြို့ထဲကလူတွေပဲကျွန်မတို့ရွာတွေထဲပြေးနေရတာ တစ်ပတ်တစ်ခါလောက်မြို့ထဲအိမ်ကြည့်ဘာကြည့်တော့သွားလာလို့ရတယ်ပြန်လို့တော့မရကြသေးဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့အင်ပင်ရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီက အင်းတော်မြို့နယ်တစ်ခုလုံးကိုဖုန်းလိုင်းဖြတ်တောက်ထားပြီး လေကြောင်းနဲ့နေ့တိုင်းဗုံးကြဲနေသလို အင်းတော်မြို့ကိုလည်းစစ်ကောင်စီတပ်ကထိန်းသိမ်းထားဆဲဖြစ်တာကြောင့် စစ်ရှောင်နေရတဲ့အင်းတော်မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ မလွယ်ကူသေးဘူးလို့ အင်းတော်ဒေသခံတွေပြောပါတယ်။ အင်းတော်မြို့ရဲစခန်းကို KIA၊ABSDF နဲ့အင်းတော် PDF၊LPDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ သြဂုတ်လ လဆန်းပိုင်းမှာသိမ်းပိုက်ခဲ့ပြီး လက်ရှိမြို့ကိုသိမ်းဖို့ကျန်ရှိနေသေးတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ အင်းတော်မြို့ဟာ ကသာခရိုင်အလယ်ပိုင်းကျသော မြို့နယ်ဖြစ်ပြီး စစ်ကိုင်း– ကချင်အစပ်၊ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာတည်ရှိပါတယ်။ By – Zaw Zaw
Read More » -
4 Octoberလူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး
ချီဖွေမြို့ လေယာဉ် ဗုံးကြဲခံရတဲ့အတွက် COC အသင်းတော်က သင်းထောက်တစ်ဦးသေဆုံး
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ COC အသင်းတော် သင်းထောက်တစ်ဦး အသက်သေဆုံးမှုရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ည ၉ နာရီခွဲအချိန် စစ်ကောင်စီတပ်ဟာ ချီဖွေမြို့ကို ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးလေးကြိမ်ထက်မနည်းလာရောက်ပစ်ခတ်ချိန် ဘေးလွတ်ရာထွက်ပြေးခဲ့ပေမယ့် လမ်းခုလတ်မှာတင် ဗုံးကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတာဖြစ်တယ်လို့ ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “အိမ်မှာကျကွဲပြီးဖြစ်တာတော့ မဟုတ်ဘူး။ လေယာဉ်တက်လာလို့ ထွက်ပြေးနေတဲ့ နေရာမှာတင် လေယာဉ်ဗုံးကျကွဲလို့ ပွဲချင်းပြီးဆုံးသွားတာ”လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြောင့် အသက်သေဆုံးသွားသူဟာ အသက် ၄၀ ကျော်အရွယ်ရှိ လီဆူလူမျိုးဖြစ်ပြီး COC (ခရစ်တော်၏အသင်းတော်)ရဲ့ သင်းထောက်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်ည စစ်ကောင်စီတပ်တွေ လာရောက်ပစ်ခတ်ခဲ့တဲ့ လေယာဉ် ဗုံး ၄ လုံးထဲကနေ ၂ လုံးဟာ ရစ်လော်ရပ်ကွက်နဲ့ မြို့မရပ်ကွက် စာသင်ကျောင်းပတ်ဝန်းကျင်မှာ ကျကွဲမှုရှိခဲ့ပြီး ကျန် ဗုံး ၂ လုံးက မေခ(လောင်ဗျစ်) ချောင်းတစ်ဖက်ကမ်းမှာ ပေါက်ကွဲသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့တစ်ခုလုံးကို လက်လွတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဂျက်လေယာဉ်နဲ့ တစ်ရက်ကို တစ်ကြိမ်နှုန်းနဲ့ လာရောက်ဗုံးတိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုလို စစ်ကောင်စီဘက်က နေ့တိုင်းလိုလို လေကြောင်းအင်အားသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာဟာ KIO/KIA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်အောင်၊ ဒေသခံပြည်သူတွေ မြို့ထဲကို မဝင်လာအောင် မြို့ကို တမင်ဖျက်ဆီးနေတာဖြစ်တယ်လို့ ချီဖွေဒေသခံ တစ်ဦးက ဆက်ဆိုပါတယ်။ “သူတို့ လာပစ်ချင်တဲ့ အချိန်တက်လာပြီး လာလာပစ်နေတာ။ အခုတလောဆို ညတိုင်းလိုလိုလာပစ်နေတာ။ သေနတ်တွေက စိုးရိမ်စရာမရှိတော့တာ နှစ်ရက် သုံးရက်လောက်ရှိပြီ။ ဒေသခံတွေလည်း လေကြောင်းတစ်ခုပဲ စိုးရိမ်နေကြတာ။ ပြီးရင် မြို့ကို KIA တွေ မထိန်းချုပ်နိုင်အောင်၊ မြို့ပျက်စီးသွားအောင် တမင်လုပ်နေတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ချီဖွေမြို့ သိမ်းပိုက်နိုင်ခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်ညမှာလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘော်ဒါဆောင်ဆောင်မှာရှိနေတဲ့ ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်သေဆုံးမှုရှိခဲ့သလို တစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ချီဖွေမြို့ပေါ်မှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတာ ၄ ရက်ခန့်ရှိလာပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေဆက်ရှိနေသေးတာကြောင့် ချီဖွေဒေသခံ တစ်ထောင်ကျော် မြို့ပြင်နေရာတွေမှာ ဆက်လက်တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့နောက်ပိုင်း စစ်ဘေးရှောင်တစ်ချို့ မြို့ထဲကို ပြန်ဝင်လာကြပေမယ့် အခုလို ဗုံးကြဲတိုက်ခိုက်ခံရပြီး အသက်သေဆုံးတာတွေ ရှိနေတာကြောင့် ပြန်လည်တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ တစ်ဖက်မှာ ချီဖွေမြို့တစ်ခုလုံးကို သိမ်းပိုက်ထားတဲ့ KIO/KIA အနေနဲ့လည်း အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နိုင်ဖို့ အုပ်ချုပ်စနစ်တွေ လုပ်ဆောင်နေပြီလို့လည်း ဒေသခံတွေပြောပြပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားနဲ့ ၈၈ မိုင်၊ ပန်ဝါနဲ့ မိုင် ၄၀ အကွာမှာရှိပြီး ပြည်သူ့စစ်တပ်တွေက မြေရှားသတ္တုအများဆုံးထုတ်နေတဲ့ နေရာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
4 Octoberစစ်ရေး
လားရှိုးမြို့ပြန်သိမ်းနိုင်ဖို့ စစ်တပ်က စစ်ရေးပြင်ဆင်လာတာကြောင့် မြို့ခံပြည်သူများ ထပ်မံတိမ်းရှောင်
ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်တာအပြင် မြေပြင်ထိုးစစ်ဆင်ဆင်နေတဲ့အတွက် ဒေသခံပြည်သူများမြို့ထဲကနေ ပြန်လည်စွန့်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိမှာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာအပြင် မြေပြင်စစ်ကြောင်းလည်းထိုးစစ်ဆင်တိုက်ခိုက်ဖို့ လားရှိုးအရှေ့တောင်ဘက်ခြမ်းရှိ တန့်ယန်းဘက်ကနေ စစ်ရေးပြင်ဆင်နေတာတွေရှိတာကြောင့် ဒေသခံပြည်သူတွေ အားလုံးပြန်လည်ထွက်ခွာနေတယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။ “ဟိုတလောက ညတိုင်းလိုလိုပဲလေယာဉ်နဲ့ဗုံးကြဲတော့ အားလုံးကြောက်ပြီး အများပိုင်းပြန်ထွက်ကြတာများတယ်။ လေယာဉ်ကလည်း ခေါက်ရေအရမ်းစိတ်လာတာကြောင့်ရယ် ပြီးတော့ အခုက စစ်ကောင်စီတွေက တန့်ယန်းဘက်ကနေ ထိုးစစ်ဆင်ပြီး လားရှိုးကို ပြန်တိုက်မယ်ဆိုတဲ့ သတင်းတွေလလည်း ထွက်ပေါ်နေတယ်။“ လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လတ်တလေလာ လားရှိုးမြို့ထဲမှာ အိမ်စောင့်အဖြစ်ကျန်နေတဲ့ ပြည်သူတွေထဲက အများပိုင်းပြန်လည်ထွက်ခွာနေကြသလို ကိုးကန့် MNDAA ရဲ့ အုပ်ချူပ်ရေးယန္တရားထဲ တာဝန်ထမ်းဆောင်နေတဲ့သူတွေကလည်း ထွက်ခွာနေကြတယ်လို့ သိရပါတယ်။ လားရှိုးမြို့ထဲမှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်း အားလုံးနီးပါးပြတ်တောက်သွားပြီးနောက် အောက်တိုဘာ ၃ ရက်နေ့အထိ ၃ ရက်တာ လေကြောင်းတိုက်ခိုက်မှုမရှိပဲ တည်ငြိမ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၄ ရက်နေ့ ဒီနေ့ မနက်မှာတော့ လားရှိုးမြို့ ရပ်ကွက် ၅ နဲ့ ရက်ကွက် ၈ နေရာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၄ ကြိမ်လာရောက်ဗုံးကြဲသွားပြီး ထိခိုက်ပျက်စီးမှု များတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။ ခုလို လေယာဉ်နဲ့ ဗုံးကြဲမှု ဆက်တိုက်ရှိလာတာကြောင့် လားရှိုးမြို့ပြည်သူတွေဟာ ဆိုင်တွေပိတ်သိမ်းကာ ကွတ်ခိုင်မြို့ဘက်ကို ထပ်မံစစ်ရှောင်ကြတာရှိသလို ရှမ်းတောင်ပိုင်းကို ဆက်လက်စစ်ရှောင်နေကြသူတွေများနေပြီး လားရှိုးတိုက်ပွဲ ထပ်မံဖြစ်ပွားလာမှာ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ “အခုအဓိကတော့ လေကြောင်းအန္တရယ်ကို စိုးရိမ်တာက ပိုဆိုးနေတယ်။ ညဆို လုံး၀ အိပ်လို့မရဘူး။ ကိုးကန့်ရှိတဲ့နေရာတိုင်း၊ ကိုးကန့်နဲ့ နီးစပ်တဲ့နေရာတိုင်း၊ ဌာနဆိုင်ရာ၊ ရုံးတွေအားလုံးကို လေယာဉ်နဲ့ဗုံးလိုက်ကြဲတာ။ အဲလိုနေရာတွေကို ဗုံးကြဲပေမဲ့ နေရာတည့်တည့်မကျပဲ အရပ်သားတွေနေတဲ့ နေအိမ်တွေ နေရာတွေကိုပဲ ကျကျလာတော့ ပြည်သူတွေ သေဆုံးတာတွေ၊ ထိခိုက်တာတွေများလာတော့ အားလုံးကြောက်ကုန်ပြီး ပြန်ထွက်ကုန်တာ။” လို့ လားရှိုးဒေသခံက ဆက်ပြောပါတယ်။ လားရှိုးမြို့ ကိုးကန့်လက်ထဲရောက်သွားတဲ့ ပြီးခဲ့တဲ့ ဇူလိုင်ကကတည်းကနေ စက်တင်ဘာလအထိ ၃ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၁ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၉၀ ခန့်ရှိတယ်လို့ ကိုးကန့် MNDAA က အောက်တိုဘာလ ၂ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။ ကိုးကန့် NNDAA ဘက်ကတော့ လားရှိုးမြို့တွင်း အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်အောင်ကြိုးစားနေပေမယ့် စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကြောင့် လက်ရှိချိန်ထိ လည်ပတ်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ တစ်ဖက်မှာ တရုတ်ဘက်ကတည်း မြောက်ပိုင်းမဟာမိတ်တွေအနေနဲ့ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်ဖို့ ဖိအားပေးနေတာတွေလည်းရှိနေပါတယ်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံကနေ FTC 2000 G လေယာဉ်အသစ် ၆ စီး ထပ်မံဝယ်ယူထားရှိကာ အဲဒီတိုက်လေယာဉ်အသစ်တွေကို နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အများစုတွင် အသုံးပြုနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ လဆန်းပိုင်းကစပြီး သူတို့လက်လွတ်လိုက်ရတဲ့နယ်မြေကို ပြန်သိမ်းယူမယ့် ရန်နိုင်မင်းစစ်ဆင်ရေးကို စတင်လာတာလည်းဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ နိုင်ငံအဆင့်စစ်ဆင်ရေးဖြစ်ပြီး စစ်ဆင်ရေးအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဟာ အရင်ကထက်ပိုအသုံးပြုလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Sep- 2024 -24 Septemberလူ့အခွင့်အရေးချိုးဖောက်မှု
လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ
ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၁ နာရီခွဲမှာ လားရှိုးမြို့ ရပ်ကွက် ၂ ရထိုက်ဟိုတယ်နဲ့ ဖူလီလိုက်ဟိုတယ်နေရာကို ပေါင် ၅၀၀၊ ဗုံး ၂ လုံး ပထမအကြိမ်ကြဲချခဲ့ပြီး မနက် ၄ နာရီဝန်းကျင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခဲ့တာကြောင့် အဆောက်အအဦးထိခိုက်ပျက်စီးပြီး အရပ်သားထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “တစ်ခါလာကြဲရင် ၂ လုံးဟုတ်တယ်။ ဒီမနက်လာကြဲတာက ရပ်ကွက် ၂ ကို အဓိက ဦးတည်ပြီး လာကြဲသွားတယ်။ တစ်လုံးက လမ်းပေါ်မှာပဲကျလုံးထိခိုက်မှုမရှိဘူး။ ကျန်တာကတော ဟိုတယ်အဆောက်အဦးတွေနဲ့ ဘေးပတ်ဝန်းကျင် နေအိမ်တွေမှာထိလို့အမျိုးသမီး တစ်ယောက်သေတယ်။ စုစုပေါင်း ဗုံး ၄ လုံးကြဲချသွားတာ လူက ၁၅ ဦး ထိခိုက်တယ်။” လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီက မန်ဆူဘက်ကို ဦးတည်ပြီး လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးသွားပါတယ်။ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်ကို ၂ ရက်ခြား လေကြောင်းနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေနဲ့ နေအိမ်စုစုပေါင်း ၂၀ ထက်မနည်း ထိခိုက်ပျက်စီးသွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ ခုလို စစ်တပ်က လားရှိုးမြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေရပ်ပြန်လာနေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေလည်း ပြန်လည်ထွက်ခွာသူတွေရှိသလို အခြားမြို့နယ်တွေမှာ စစ်ဘေးရှောင်နေကြရတဲ့လားရှိုးဒေသခံအားလုံးနီးပါးလည်း ပြန်လာလို့မရပဲ ကာလကြာရှည်လာပြီဖြစ်ပါတယ်။ “စစ်တပ်က လားရှိုးကို ပြန်ယူချင်တဲ့သဘောနဲ့ လေကြောင်းကနေပဲ ဆက်တိုက် လာတိုက်ခိုက်နေတာလို့ယူဆရတယ်။ ဒီလိုပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးမှုများမယ်။ ဒေသခံပြည်သူတွေလည်း စိုးရိမ်လို့ပြန်ထွက်နေကြတဲ့သူတွေများတယ်။ တချို့က အဆင်မပြေလို့ မထွက်တဲ့ဟာတွေနဲ့ ပြန်ထွက်ကြတဲ့သူတွေလည်းရှိကြတယ်” လို့ လားရှိုးဒေသခံ ဆက်ပြောပါတယ်။ လက်ရှိလားရှိုးမြို့မှာ တစ်အိမ်မှာ တစ်ယောက်နှုန်းနဲ့ နေအိမ်စောင့်တဲ့သဘောမျိုး ပြန်လာနေကြတဲ့သူတွေကလွဲပြီး လားရှိုးဒေသခံအားလုံးနီးပါးကတော့ နေရပ်မပြန်လာကြသေးဘူးလို့ဆိုပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့ထဲအုပ်ချူပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်အောင် ကိုးကန့် MNDAA ဘက်က ကြိုးစားနေပေမယ့် ဒီနေ့ထိတော့ ထိရောက်တဲ့အုပ်ချုပ်မှု…
Read More » -
9 Septemberလူ့အခွင့်အရေးချိုးဖောက်မှု
လားရှိုးမြို့ကို စစ်တပ်ကလေကြောင်းနဲ့ထပ်မံဗုံးကြဲ အရပ်သားထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဆို
“အရေးပေါ်အခြေအနေဖြစ်နေပါတယ် လူထိခိုက်မှုတော့ရှိတယ်။အတိအကျတော့မသိရသေးပါဘူး။ ဒီမနက် ၁၀ ခွဲလောက်မှာ ဗုံး ၂ လုံထပ်ကြဲသွားတယ်။”လို့ လားရှိုးမြို့ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။
Read More » -
Aug- 2024 -16 Augustဆောင်းပါး
တိတ်ဆိတ်သွားတဲ့ ကွတ်ခိုင်မြို့
အထပ်မြင့် လူနေအိမ် အုတ်တိုက်တွေ၊ ဟိုတယ်တွေ၊ ဈေးဆိုင်တွေအပြင် မီးကြိုးတွေ နှင့် ရှုပ်ရှက်နေတဲ့ဓာတ်တိုင်တွေဟာ ပေ ၃၀ ကျော်လောက်ကျယ်တဲ့ ကတ္တရာလမ်းမကြီးဘေးမှာ နေရာယူလျှက်ရှိပါတယ်။ ကွတ်ခိုင်မြို့ရဲ့ စည်ကားလှတဲ့ ကတ္တရာလမ်းမကြီးတစ်လျှောက်မှာ အခုတော့ လူသူမရှိ တိတ်ဆိတ်ခြောက်ကပ်နေပြီးပဲ့တင်ထပ်လာတဲ့ ဆိုင်ကယ်တစ်စီးရဲ့…
Read More » -
15 Augustတိုက်ပွဲ
လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်တုံ့ပန်း ၁၂ ဦးဖမ်းမိ၊စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
ဖားကန့်မြို့ လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၂ ဦးကို KIA ပူးပေါင်းတပ် ဖမ်းဆီးရမိထားပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် မနက် ၃ နာရီဝန်းကျင် လမောင်ဗျူဟာစခန်းနဲ့ တောမှော်စခန်းတို့ကို KIA ပူးပေါင်းတပ် တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ဩဂုတလ ၁၅ ရက်နေ့ မနက် ၉နာရီမှာ လမောင်ဗျူဟာကုန်း သိမ်းပိုက်ရရှိခဲ့ပြီး စစ်တုံ့ပန်း ၁၂ ဦးကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ အဲဒီနောက် စခန်းလက်လွတ်လိုက်ရတဲ့ စစ်ကောင်စီတပ်က နေ့လည် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဖမ်းမိထားတာက ၁၂ ယောက်ရှိတယ် ရာထူးတွေတော့မသိရသေးဘူးဗျ မနက်က ဖမ်းမိတာဟုတ်တယ် နေ့လည်ကတော့ လေယာဉ်နဲ့လာပစ်သေးတယ်။ ခုလည်း လေယာဉ်ကမကြာခန လာဝဲနေတုန်း”လို့ ပြောပါတယ်။ ဖားကန့်ဒေသခံတွေရဲ့ပြောဆိုချက်အရ လမောင်ကုန်းစခန်းကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်ကြောင်း သတင်းထွက်လာပြီးနောက် ဖားကန့်ဗျူဟာကုန်းကနေ စစ်ကြောင်းတစ်ကြောင်း အေးမြသာယာဘက် စစ်ကြောင်းထိုးလာတယ်လို့သိရပြီး ဒီစစ်ကြောင်းဟာ လမောင်စခန်းဘက် စစ်ကူသွားဖို့ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဩဂုတ်လ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်အထိ လက်နက်ကြီးပစ်ခတ်သံတွေဆက်တိုက်ကြားနေရဆဲဖြစ်ပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF တပ်တို့် တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ လမောင်ဗျူဟာစခန်းကုန်းဟာ ဆယ်စုနှစ်တစ်စုကြာ အခိုင်အမာတည်ရှိတဲ့စခန်းဖြစ်ပြီး တပ်မ ၃၃ လက်အောက် ခမရ ၁၂ တပ်ရင်းအထိုင်ချစခန်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီစခန်းကုန်းဟာ ဖားကန့်မြို့နယ်တစ်ခုလုံးကို အပေါ်စီးကနေ လှမ်းမြင်နိုင်ပြီး ဖားကန့်မြို့တွင်း စစ်တပ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်နဲ့ မြို့တွင်းတပ်အားလုံးကို လက်နက်ပစ်ကူ လုံခြုံရေးယူပေးနေတဲ့ စခန်းဖြစ်သလို စစ်ရေးအရ အချက်ချာကျတဲ့နေရာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ “သုံးပွင့်ဆိုင်ပုံစံမျိုးနေရာယူထားတာ ပြောမယ်ဆိုရင် ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်၊ လမောင်းကုန်း နေရာ ၃ ခုက ဖိုခနှောင့်လိုဖြစ်နေတာ ခု လမောင်ကုန်းရသွားပြီဆိုတော့ စစ်တပ်အတွက် နောက်ကျောမလုံတော့ဘူး” လို့ ဖားကန့်မြို့ခံတစ်ယောက်က ပြောပါတယ်။ ယနေ့ ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာလည်း သိမ်းဆည်းဖို့ ကျန်ရှိနေသေးတဲ့ တောမှော်တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီပြီလို့…
Read More »