ဗုံးကြဲတိုက်ခိုက်
-
Feb- 2025 -25 Februaryသတင်း
ကသာမြို့နယ်က လေကြောင်းတိုက်ခိုက်ခံရမှုမှာ နေအိမ် ၃ လုံးပျက်ဆီးပြီး အရပ်သား ၃ ဦးထိခိုက်
စစ်ကိုင်း–ကချင်အစပ် ကသာမြို့နယ်က ကာကွယ်ရေးတပ်တွေရဲ့ နောက်တန်းစခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးနောက် နေအိမ် ၃ လုံးပျက်ဆီးကာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃ ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့ နောက်တန်းစခန်းအနီးမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့…
Read More » -
17 Februaryသတင်း
ဟုမ္မလင်းမြို့နယ် သဲနုတ်ဆွတ် ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့လို့ ကျေးရွာ လေး ရွာ ထွက်ပြေး တိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သဲနုတ်ဆွတ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာပေါင်း လေး ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှာင်နေရတယ်လို့ သိရပါတယ်။ ဟုမ္မလင်း PDF တွေ စိုးမိုးထားတဲ့ သဲနုတ်ဆွတ် ကျေးရွာကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက် ခဲ့တဲ့အပြင် လေယာဥ်တွေ နေ့စဉ် ကင်းထောက်…
Read More » -
12 Februaryသတင်း
ကချင်မှာ တစ်ပတ်အတွင်း စစ်ကောင်စီ ၅ နေရာခန့်ကို ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ကချင်ပြည်နယ်ထဲက တိုက်ပွဲမဖြစ်တဲ့ လူနေကျေးရွာတွေကို ဦးတည်ပြီး စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံနေရတယ်လို့ သိရပါတယ်။ တစ်ပတ်တာအတွင်း KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ မုန်းဆိုင်ယန် (Mung Seng Yang) ၊ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပေါ်ရှိ ဝေရှီ (Wai-shi)ကျေးရွာ ၊ အင်ဂျန့်ယန်လမ်းပေါ်က တန်ဘောင်ယန် (Tangbau…
Read More » -
10 Februaryတိုက်ပွဲ
မြစ်ဆုံ ဒေသမှာ စစ်ကောင်စီ နဲ့ KIA စစ်ရေးတင်းမား
မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဒေသ တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်အင်အား အများအပြားဝင်ရောက်လာပြီး အင်ခိုင်ဘွမ့်တောင်ခြေ တောလမ်းကတဆင့် ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့အပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ မြစ်ဆုံအထက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပစ်ခတ်မှုမကြာခဏဖြစ်ပွားနေပြီး…
Read More » -
10 Februaryသတင်း
လန်ဆယ်ကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်
ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား တွေနေထိုင်တဲ့ ဘက်ကို တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက…
Read More » -
Jan- 2025 -21 Januaryသတင်း
စစ်ကိုင်းတိုင်း မြို့ ၅ မြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ကလေးအပါအဝင် သေဆုံးမှုရှိ
ကချင်ပြည်နယ်နဲ့ ထိစပ်နေသော စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်၊ ခမ်းပတ်မြို့၊ မော်လူးမြို့ ၊ ဟုမ္မလင်းမြို့၊ ကလေးမြို့ တွေကို စစ်ကောင်စီက လေယာဉ်ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့…
Read More » -
14 Januaryသတင်း
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆန်ခါကျေးရွာမှာ လေယာဉ်ဗုံးတစ်လုံးမပေါက်ကွဲဘဲ ကျန်ရှိနေ
ဖားကန့်မြို့နယ် ဆန်ခါကျေးရွာမှာ စစ်ကောင်စီတပ် လာရောက်ဗုံးကြဲသွားတဲ့ လေယာဉ်ဗုံးတွေထဲကနေ တစ်လုံး ပေါက်ကွဲမှုမရှိသေးဘဲ ကျန်ရှိနေသေးတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ဆန်ခါကျေးရွာထဲက အရပ်သားပြည်သူတစ်ဦးရဲ့ နေအိမ်ဝင်းက အိမ်သာကျင်းဟောင်းတစ်ခုမှာ ပေါင် ၅၀၀ လောက်ရှိတဲ့ လေယာဉ်ဗုံးတစ်လုံး မြေမြှုပ်ကျန်ရစ်နေပြီး အဲဒီလေယာဉ်ဗုံးကြောင့် အနီးပတ်ပတ်လည်ရှိ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆန်ခါဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ညနေနဲ့ ဒီကနေ့ ကမနက်အထိတော့ တာဝန်ရှိတဲ့ KIA တွေလာကြည့်ကြတယ်။ မြေကြီးထဲမှာ အရမ်းကြီးနက်ဝင်နေတဲ့အတွက် ထုတ်လို့မရသေးဘူးလို့ပြောတယ်။ အဲဒီလေယာဉ်ဗုံးမှာ မီးလိုင်း ၃ ခုပါတယ်တဲ့။ အပေါ်ထပ်က မီးလိုင်းတစ်ခုကိုတော့ ဖြတ်ထားတယ်လို့ပြောတယ်။ ဒါပေမယ့် အရမ်းစိုးရိမ်ရသေးတယ်လို့ ပြောတယ်။ အခုချိန်အထိလည်း ထုတ်လို့မရသေးဘူး”လို့ပြောပါတယ်။ ပေါက်ကွဲမှုမရှိသေးတဲ့ဗုံးမှာ မြေအောက်ထဲကို စိုက်ဝင်နေပြီး ပန်ကာကပ်တဲ့ အပေါ်ပိုင်းအနည်းသာပေါ်နေတဲ့အတွက် အမြန်ဆုံးပယ်ရှားဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲဒီလေယာဉ်ဗုံးကြောင့် ရပ်ကွက်တစ်ခုလုံး နီးပါး တိမ်းရှောင်ထားကြတယ်လို့ သိရပါတယ်။ အဲဒီလေယာဉ်ဗုံးဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေ မန္တလေးတံတာဦးကနေ ဖားကန့် ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုမှာ ၆ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်နဲ့ လမ်းမကြီးပေါ်တွေမှာ ကျမှန်ပေါက်ကွဲခဲ့ပြီးတော့ အရပ်သားပြည်သူ ၉ ဦးခန့် သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ တစ်ဦးက နှလုံးရောဂါကြောင့် နှလုံးရပ်သေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၉ ဦးသေဆုံးတဲ့အပြင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆက်သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ တစ်ရက်ခြားအတွင်းမှာပဲ ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းနဲ့ ရွှေမှော်ဒေသ နှစ်နေရာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၃ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ခန့်ရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
14 Januaryအင်တာဗျူး
ကချင်ဒေသက ကျောက်စိမ်းနဲ့ ရွှေမှော်ဒေသတွေကို စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်လာတာဘာကြောင့်လဲ
ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ယခု ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ အဓိက ဝင်ငွေစီးဆင်းနေတဲ့ ကျောက်စိမ်းမှော် နဲ့ ရွှေမှော်ဒေသတွေကို ပစ်မှတ်ထားပြီး လေကြောင်းပြင်းပြင်းထန်ထန် တိုက်ခိုက်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။…
Read More » -
13 Januaryသတင်း
ဖားကန့် ဆန်ခါနဲ့ မဇွပ်ယန် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားသေဆုံးမှု များပြား
ဖားကန့်မြို့နယ် ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုကြားကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှု အများအပြားရှိနေတယ်လို့ ကနဦး သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင် မန္တလေး တံတားဦးကနေ တက်လာတဲ့ ဂျက်လေယာဥ်တစ်စီးမှာ ဆန်ခါနဲ့ မဇွပ်ကျေးရွာ နှစ်ခုကြားရှိ…
Read More » -
2 Januaryသတင်း
ရှမ်းမြောက်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုရှိ
ရှမ်းမြောက် သိန္နီမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ည ၁၁ နာရီ၀န်းကျင်ခန့်က သိန္နီမြို့ ရပ်ကွက် ၃ ရှိ သိန္နီဟိုတယ်တဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့်…
Read More »