ဗုံးကြဲတိုက်ခိုက်

  • Aug- 2024 -
    9 August
    တိုက်ပွဲ

    မိုးမောက်တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် KIO ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကချင်ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေကြရတယ်လို့ပြောပါတယ်။ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်တပ်နဲ့ KIA တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း…

    Read More »
  • 8 August
    တိုက်ပွဲ

    KIO ထိန်းချုပ်နယ်မြေ နေရာ ၄ ခုမှာ  စစ်တပ်က ဗုံးကြဲတိုက်ခိုက်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် နေရာ ၄ ခုမှာ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ KIO ပြောပါတယ်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ မိုင်ဆပ်ပါ(Mai sak Pa)၊ မုန်လိုင်ခက်(Munglai Hkyet) ၊ မြို့သစ်(Myo Thit) နဲ့ ကုန်းလော(Kunglaw) နေရာတွေဖြစ်ပြီး  ဩဂုတ်လ ၇ ရက်ည ၁၂ နာရီဝန်းကျင်မှာ တစ်ပြိုင်နက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မနေ့ည ၁၂ နာရီနဲ့ ၁ နာရီကြားမှာပဲ လေယာဉ်က Y – 12 အမျိုးအစားလို့ထင်ရတယ်။ လိုင်ဇာမြို့အနီး ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်သွားတယ်။ မိုင်ဆပ်ပါမှာက ကချင် KBC ဘုရားကျောင်းဝင်းမှာလည်း ဗုံးကြဲပေးတယ်။ ဘုရားကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးမှုရှိတယ်။ ပြီးရင် အဲ့ဒီအနီးတဝိုက်က ပြည်သူနေအိမ်တစ်လုံးမှာလည်း ဗုံးကျလို့ အိမ်ပျက်စီးသွားတယ်။ အဲထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ထိခိုက်မှုရှိခဲ့တယ်”လို့ပြောပါတယ်။ မိုင်ဆပ်ပါကျေးရွာထဲ ပစ်ခတ်ခံရမှုမှာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းထဲ လေယာဉ် ဗုံး ၃ လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းဆောင်ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဘုရားကျောင်းအနီးမှာရှိတဲ့ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်။ KBC ဘုရားကျောင်းအနီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ထဲမှာ အသက် ၂၀ ခန့်ရှိတဲ့ မလန့်ခေါန်နန်(Malan Hkawn Nan) ဆိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ညာဘက်ခြမ်း ခြေထောက်တစ်ဖက် ဗုံးစထိမှန်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မိုင်ဆပ်ပါကျေးရွာ KBC ဘုရားကျောင်းနေရာကို ပစ်မှတ်ထား ပစ်ခတ်သွားတာဖြစ်တယ်လို့သိရပြီး လေယာဉ်ဗုံး ၁၀ လုံးထက်မနည်း ကျမှန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မိုင်ဆပ်ပါကျေးရွာကို ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာ လိုင်ဇာမြို့ပေါ်ဘက်ကို လှည့်ပတ်ပျံသွားပြီး မုန်လိုင်ခက်ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ တစ်ဆက်တည်း မိုင်ဆပ်ပါနဲ့ မုန်လိုင်ခက် ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားပြီး နာရီဝက်အကြာ ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် မြို့သစ်၊ ကုန်းလောဘက်ကိုလည်း ထပ်ပြီးဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက ထပ်မံပြောဆိုပါတယ်။…

    Read More »
  • 6 August
    တိုက်ပွဲ

    မိုးမောက် ခမရ ၄၃၇ တပ်ရင်း လက်မလွတ်ရေး စစ်တပ်က လေကြောင်းနဲ့အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ

    တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ဗန်းမော်ခရိုင် မိုးမောက်တိုက်ပွဲမှာ စစ်တပ်က တပ်စခန်းလက်မလွတ်ရေးအတွက် လေကြောင်းကိုအဓိက ခုခံတိုက်ခိုက်နေပြီး တစ်ရက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့ ဂျက်လေယာဉ် ၁၀ စီးခန့် အထိရှိတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်နေတဲ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ဝန်းကျင်လောက်  KIA ပူးပေါင်းတပ်တွေက ခမရ ၄၃၇ တပ်ရင်းထဲဝင်ရောက်ပြီး တပ်စခန်း တဝက်ခန့်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့မြေပြင်ရော ဝေဟင်ကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ စစ်တပ်က မိုးမောက်တပ်စခန်းကို လက်မလွတ်ရေးအတွက် တစ်ရက်ကို ဂျက်လေယာဉ် ၈ စီးနဲ့ ၁၀ စီးကြားမှာ ပုံမှန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတာလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်တိုက်ပွဲက တိုက်ပွဲပြင်းရင် ပြင်းသလို လေယာဉ်လာတယ်။ တိုက်ပွဲအရမ်းပြင်းထန်တဲ့ ရက်တွေဆိုရင် ဂျက်လေယာဉ်က ၈ စီး၊ ၁၀ စီးလောက်တောင်ရှိတယ်။ သူတို့က မရပ်နားလာပစ်တယ်။ နေ့တိုင်းက လေယာဉ် ၃ စီး၊ ၄ စီးလောက်က ပုံမှန်ရောက်တယ်။ တိုက်ပွဲဖြစ်တာနဲ့ လေယာဉ်ရောက်ပြီ”လို့ပြောပါတယ်။ စစ်တပ်က မိုးမောက်တိုက်ပွဲမှာ စစ်လေယာဉ်အပြင် ဒရုန်းနဲ့ အပြင်းအထန် ခုခံကာကွယ်နေတဲ့အပြင် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်နဲ့ ခုခံတိုက်ခိုက်နေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် မိုးမောက်တိုက်ပွဲဟာ ၁၀ ရက်လောက်ကြာမြင့်လာပေမယ့် KIA တပ်ဘက်က အပြီးသတ်သိမ်းပိုက်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများနေတယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေပြောပါတယ်။ စစ်တပ်ဘက်က နေ့တိုင်းအဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူပိုင်နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုအများအပြားရှိနေပြီလို့ သိရပေမယ့် ဖုန်းအင်တာနက် အခက်အခဲကြောင့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာလည်း နံနက်ပိုင်း ၇ ဝန်းကျင်လောက်ကနေ စတင်ပြီး နှစ်ဖက်တပ် တိုက်ပွဲပြန်လည်ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်ကပြောပါတယ်။ စစ်ကောင်စီတပ်က မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေတာဟာ နယ်မြေအနေအထားအရ မိုးမောက်မြို့သိမ်းပိုက်လိုက်ရင် ဗန်းမော်မြို့တစ်ခုလုံးပါ လက်လွတ်လိုက်ရမှာဖြစ်တဲ့အတွက် ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။ “တကယ်လို့ မိုးမောက်ကို လက်လွတ်လိုက်ရင် ဗန်းမော်ကိုလည်း လက်လွတ်လိုက်ရတော့မှာပဲ ဒီအခြေအနေကြောင့် စစ်တပ်က မရရအောင် ခုခံတိုက်နေတာ။ နယ်မြေအနေအထားလည်း အဲဒီဖြစ်နေတာ။ ပြီးရင် ဒီမြို့ နှစ်ခုကို သိမ်းလိုက်ပြီဆိုရင် တရုတ်နယ်စပ် – လွယ်ဂျယ်လမ်း KIA တပ်တွေ အပြီးထိန်းချုပ်လိုက်မှာဖြစ်တယ်။ နောက်တစ်ခုက ဗန်းမော်မြို့ဆိုတာက ကချင်ပြည်နယ်အတွက်ဆိုရင် ဒုတိယမြို့တော်လိုလည်းဖြစ်နေတာဆိုတော့ သူတို့ လက်လွတ်မှာမဟုတ်ဘူး”လို့ပြောပါတယ်။ KIA တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းဟာ ဗန်းမော်ကနေ ၇ မိုင်အကွာမှာရှိပြီး ဆယ်စုနှစ်တစ်စုကြာ အခိုင်အမာတည်ရှိတဲ့ တပ်စခန်းကြီးဖြစ်ပါတယ်။  ဒါ့အပြင် မိုးမောက်မြို့ဟာ ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးပေါ်မှာတည်ရှိတဲ့ မြို့တစ်ခုဖြစ်ပြီး တရုတ်နယ်စပ် နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ စစ်ရေးအရ မိုးမောက်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်နိုင်ပါက ဗန်းမော်မြို့တစ်ခုလုံးကိုပါ သိမ်းပိုက်ဖို့ လွယ်ကူသွားပြီး ဗန်းမော် – လွယ်ဂျယ် ကားလမ်းပိုင်းကိုလည်း လက်လွတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်က မိုးမောက်နဲ့ ဗန်းမော်မြို့ နှစ်ခုစလုံးကို လက်မလွတ်ရေးအတွက် လေကြောင်း၊ ဒရုန်းတွေနဲ့ ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေက မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ မေလမှာ ပထမအကြိမ် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပေမယ့် သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဘဲ ဇူလို ၂၄ ရက်နေ့မှာ တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jul- 2024 -
    19 July
    လူ့အခွင့်အရေးချိုးဖောက်မှု

    သိန္နီမြို့ စျေးတန်း စစ်တပ်လေယာဉ် နဲ့ ဗုံးကြဲ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး

    လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြှင့်တက်နေတာဖြစ်ပါတယ်။   

    Read More »
  • Jun- 2024 -
    24 June
    လူ့အခွင့်အရေးချိုးဖောက်မှု

    စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊ လမြန်၊ မုတ်ကျိတ် စတဲ့ ကျေးရွာတွေ အားလုံးနီးပါး ထိခိုက်ပျက်စီးမှုများ

    ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဝူယန်၊ လမြန် နဲ့ မုတ်ကျိတ် ကျေးရွာတစ်ကြောကို စစ်တပ်လေယာဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေထိခိုက်ပျက်စီးနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဇွန်လ ၁၈၊ ၁၉ ရက်နေ့တွေမှာ ဝူယန်နဲ့လမြန်ကြား စစ်တပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA…

    Read More »
  • 14 June
    လူ့အခွင့်အရေးချိုးဖောက်မှု

    အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးကျောင်း ၁၀ ခုထက်နည်းဗုံးကြဲတိုက်ခိုက်ခံရ

    ကချင်ပြည်နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်  ဘာသာရေးကျောင်း ၁၀ ခုထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ Kachin Human Rights Watch အဖွဲ့ကနေ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့် ဒီနှစ နှစ်ဝက်အတွင်း  ဖားကန့်မြို့နယ် နန့်ယားကျေးရွာ၊  ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ၊ဝူယန်ရွာ၊ မံစီနဲ့ မိုးမှောက်မြို့နယ်တွေမှာရှိတဲ့ ဘာသာရေးအဆောက်အအုံနဲ့ ဘုရားကျောင်းတွေကို ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW မှ တာဝန်ရှိသူကိုဂျက်ကော့ပ် (Jacob)မှ KNGကို ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလို ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်လို့ Kachin Human Rights Watch-KHRW မှ တာဝန်ရှိသူ ကို ဂျက်ကော့ပ် (Jacob)မှခုလို ပြောပါတယ်။ “UN က ထုတ်ပြန်ထားတဲ့ Universal Declaration of Human Rights (UDHL)ရဲ့  article(18) မှာပါတဲ့ Freedom of Belief and Religion ဆိုတဲ့ အချက်ကို ချိုးဖောက်နေတာပေါ့ အခုလိုလုပ်ရပ်တွေကို အရေးယူနိုင်ဖို့ အားလုံးက ထုတ်ဖော်ပြောဆိုရင် စစ်ကောင်စီအနေနဲ့ အရေးယူရနိုင်တာပေါ့”လို့ဆိုပါတယ်။…

    Read More »
  • 10 June
    တိုက်ပွဲ

    ဖားကန့်ဒေသ တပ်မဟာ ၉ နဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ

    ဖားကန့်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နဲ့ တပ်ရင်း ၆ အပါအဝင် KIA ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးထားတဲ့ပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ တိုက်ပွဲငြိမ်းသက်သွားတဲ့ တစ်လ ကျော်လောက်ကြာမြင့်လာပြီဖြစ်တဲ့ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်တွေက ဇွန်လ ၉ ရက်နေ့ ည ၁၀နာရီလောက်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ တပ်မဟာ ၉ နဲ့ တပ်ရင်း ၆ နေရာတွေမှာ တပြိုင်နက် လာရောက်ဗုံးကြဲတိုက်သွားတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “၇ နာရီ၊ ၈ နာရီလောက်ရှိပြီ တပ်ရင်း ၆ မှာတစ်နေရာ၊ တပ်မဟာ ၉ မှာတစ်နေရာ ကျမှန်တယ်လို့သိရတယ်။ ထိခိုက်ပျက်စီးတာတော့ လုံးဝမရှိဘူးလို့ပြောပါတယ်။ ခန့်မှန်းပြီးလာပစ်တယ်ဆိုတော့ ထိခိုက်တာမရှိတာပါ။ ဂျက်ဖိုက်တာက ၂ စီးဟုတ်တယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်နေ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်မဟာ ၉ နယ်မြေနဲ့ တပ်ရင်း ၆ နေရာတစ်ချို့မှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုရှိခဲ့ပေမယ့် ထိခိုက်ပျက်စီးတာတွေမရှိခဲ့ဘူးလို့ ပြောပြတာဖြစ်ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ ညတွင်းချင်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ မတ်လအတွင်း တိုက်ပွဲမှာ KIA/ PDF တပ်ထံအညံ့ခံဝင်ရောက်လာတဲ့ ရဲအုပ်တစ်ဦး ဇွန်လ ၉ ရက်နေ့ ဖားကန့်ဗျူဟာကုန်းထဲထွက်ပြေးလွတ်မြောက်သွားတာကြောင့်KIA တပ်တွေရှိတဲ့နေရာဘက်ကိုဦးတည်ပြီး လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံ သုံးသပ်ပြောဆိုပါတယ်။ ဒါ့အပြင် မတ်လအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးထားပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲက အောင်မြေ(၁) ၊ အောင်မြေ(၂) နေရာတွေမှာ စစ်ကောင်စီတပ်တွေက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေသေးတာကြောင့် ထိခိုက်ပျက်စီးတာတွေကြုံနေရတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုဆက်ပြောပါတယ်။ “မနေ့ညလည်း ပစ်၊ တစ်နေ့ကလည်း အဲလိုပစ်နေလို့ ရွာလမ်းမကြီးပေါ်မှာရှိတဲ့ နေအိမ်တွေတောင် တော်တော်ပျက်စီးနေပြီ။ လက်နက်ကြီးက စျေးနေရာတွေမှာတောင်ကျတယ်။ မနေ့လည်းပစ်တယ်။ မနေ့ည ပစ်တာက ဘယ်ဘက်ထိတာလဲတော့ သေချာမသိရသေးဘူး”လို့ပြောပါတယ်။ ဇွန်လ ၉ ရက်နေ့ညမှာ အောင်မြေ(၁)၊ အောင်မြေ(၂)နဲ့ ခါးရှီတစ်ဝိုက်မှာ ဗုံးကြဲတိုက်ခိုက်ရတဲ့အပြင် KIA တပ်တွေ နယ်မြေစိုးမိုးထားတဲ့ ခါးရှီကျေးရွာတွေအထိ စစ်ကောင်စီတပ်ဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်ကို ဝိုင်းမော်မြို့နဲ့ အနီးနေရာမှာ ကျန်ရှိနေသေးတဲ့ ခလရ ၅၈ တပ်ရင်းကနေ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာလည်း ဟူးကောင့်ချုင့်ဝှမ်းဒေသ ပယင်းမှော်ဒေသမှာရှိတဲ့ လပူခမှော်အနီး ဒေသအခေါ် ရေကန်တောင်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်စခန်း နေရာကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့လည်းသိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 3 June
    သတင်း

    ဒဘတ်ချောင်းတံတားကို စစ်ကောင်စီဂျက်လေယာဉ်နဲ့ ဗုံးကြဲ AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

    မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ နဲ့ ဘော်ဆာဒီကျေးရွာကို ဆက်သွယ်ထားတဲ့ ဒဘတ်ချောင်းတံတားကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲဖျက်စီးခဲ့ပြီး AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း သိရပါတယ်။ ဇွန်လ ၂…

    Read More »
  • 3 June
    လူ့အခွင့်အရေးချိုးဖောက်မှု

    ရွှေကူ တိုက်နယ်ဆေးရုံလေကြောင်းတိုက် ခိုက်ခံရမှုမှာ ကလေးတစ်ဦးသေဆုံး၊ အရပ်သား ၇ ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်က မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ဇွန်လ ၁ ရက်နေ့ စနေနေ့ညသန်းခေါင်ယံ…

    Read More »
  • May- 2024 -
    16 May
    လူ့အခွင့်အရေးချိုးဖောက်မှု

    မံစီမြို့မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်  လူနေအိမ် ၂၀ ကျော်မီးလောင်ပျက်စီး

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေက ပြောပါတယ်။ မေလ ၁၃ ရက်နေ့ မံစီမြို့ မြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိိုက်ခံနေတာကြောင့် မြို့တွင်းနှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွင်း စစ်တပ်က နေ့တိုင်းဆိုသလို လေကြောင်းအသုံးပြု တိုက်ခိုက်နေတဲ့အတွက် ရဲစခန်း၊ စစ်တပ်နဲ့ နီးစပ်တဲ့လူနေရပ်ကွက်က နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပျက်စီးသွားပြီလို့ မံစီမြို့ခံ တစ်ဦးက KNGကိုပြောပါတယ်။ “လေယာဥ်ကဒီနေ့မနက်လည်းလာဝဲတယ် မနက်အစောကြီးနှစ်လုံးကျဲသွားတယ်။ မနေ့ကတော့တစ်ရက်ထဲကို အလုံး ၂၀ ကျော်ကျဲသွားတယ် ကောင်ရာရပ်ကွက်ထဲကစာသင်ကျောင်းထိပြီးပျက်စီးသွားတယ် မနေ့ကအထိဆိုရင်အိမ်ကအလုံး ၂၀ ကျော်တော့မီးလောင်သွားပြီ။ အဲ့တာကလုံးဝရစရှိကိုမရှိအောင်လောင်သွားတာ တစ်ချို့မီးဖို့ချောင်ပဲလောင်တာလည်းရှိတယ် မနေ့ကလည်းအိမ်နှစ်လုံးမီးဖိုချောင်တစ်လုံးလောင်သွားတယ်”လို့ သူကပြောပါတယ်။ ဒေသခံတွေပြောချက်အရ လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မံစီမြို့ ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကောင်ရာရပ်ကွက်က လူနေအိမ် ၁၀ လုံးကျော်၊ ဂျိမ်းဖော့မြေရပ်ကွက် လူနေအိမ် ၁၀ လုံးကျော်နဲ့ မံစီမြို့နယ် နမ့်ခမ်းကျေးရွာက လူနေအိမ် ၂လုံး၊ မီးဖိုချောင်တစ်လုံး စုစပေါင်း လူနေအိမ် ၂၀ ကျော်အပါအဝင် စာသင်ကျောင်းတစ်ချို့လည်း မီးလောင်ပျက်စီးသွားပြီလို့ သိရပါတယ်။ လူနေအိမ်အများဆုံးမီလောင်ပျက်စီးသွားတဲ့ ကောင်ရာရပ်ကွက်နဲ့ ဂျိမ်းဖော့မြေရပ်ကွက်ဟာ မံစီးမြို့မရဲစခန်း နဲ့ နီးတဲ့ရပ်ကွက်တွေဖြစ်တဲ့အပြင် ထွေအုပ်ရုံး၊…

    Read More »
Back to top button