ဗုံးကြဲ

  • Jun- 2026 -
    16 June
    လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း

    ရွှေကူမှာ စစ်တပ်ဗုံးကြဲလို့ အရပ်သား ၂၀ ကျော်ထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က တစ်ရက်တွင်း  နေရာ ၃ ခုမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချခဲ့တာကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ရွှေကူမြို့နယ်၊ ကိုင်းရွာအနောက်ဘက်က ရွှေမျောတွေရှိတဲ့နေရာကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးအလုံး ၃၀ ကြဲချခဲ့တာကြောင့် ရွှေမျောလုပ်သားနဲ့ စားဖိုမှူးတွေအပါအဝင် ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ကိုင်းရွာရဲ့အနောက်ဘက်မှာ ရွှေမျောတွေရှိတယ် မျောဆင်းနေတဲ့အချိန် မနက်ပိုင်းလာကြဲသွားတာ၊ အလုံး ၃၀ ရှိတယ်။ တော်သေးတယ် လူတွေပေါ်တည့်တည့်မကျဘူး၊ ကျောက်တုံးတွေပေါ်ကျတာများတယ်။ အဲဒါကြောင့် ကျောက်ခဲစတွေမှန်ကုန်ပြီး ဒဏ်ရာရ ၂၀ ကျော်တယ်” လို့ အသက် ၄၀ ကျော် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဲဒီ ရွှေမျောတွေရှိတဲ့နေရာ ဗုံးကြဲခံရမှုမှာ မနေ့ကအထိတော့ ဒဏ်ရာရသူ ၂၀ ကျော်ရှိပြီး တချို့စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း သူကဆက်ပြောပါတယ်။ “သေဆုံးသူတော့ မသိရှိဘူး ခုလောလောဆယ် ဒဏ်ရာရတဲ့သူတွေကို ဒီဘက် (ကာကွယ်ရေးတပ်) တွေဘက်က ကားနဲ့လာသယ်ပြီး ဆေးကုပေးနေတယ်။ မိန်းကလေးတွေများတယ် ဒဏ်ရာရတဲ့ထဲမှာ” လို့ အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။ ထို့အပြင် မနေ့က မွန်းလွဲ ၅ နာရီခန့်အချိန်မှာလည်း ကိုင်းရွာအနောက်ဘက် ရွာနဲ့ကပ်လျက်နေရာကို ဗုံး ၂ လုံး ထပ်မံကြဲချခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ည ၇ နာရီမှာ Y-12 တစ်စီးနဲ့ ရွှေကူမြို့အထက်ဘက်ရှိ လမ်းကူးကျေးရွာကို ဗုံးသီးအလုံးရေ ၄၀ ကျော်ခန့် ကြဲချသွားတဲ့တွက် လူနေအိမ်များအများအပြား ပျက်စီးသွားကြောင်း ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ “မနေ့တစ်ရက်တည်း သုံးကြိမ်ကြဲတာလေး။ နောက်ဆုံးက လမ်းကူးရွာထဲကြဲသွားတာ။ တော်သေးတယ် ရွာထဲကလူမရှိလို့၊ အကုန်စစ်ရှောင်ကုန်ပြီ။ လူနေအိမ်ကတော့ ၅ လုံးထက်မနည်း ပျက်စီးသွားတယ်” လို့ သူက ပြောပါတယ်။ လမ်းကူးရွာသားတွေဟာ ပြီးခဲ့တဲ့အပတ်ကတည်းက စစ်ရှောင်နေကြတာကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် လူနေအိမ်များ ပျက်စီးပြီး မီးလောင်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အပတ်ကစပြီး ရွှေကူမြို့နယ်ထဲက KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို စစ်မျက်နှာ ၄ ခု ဖွင့်ပြီး စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ “ကားနဲ့မဟုတ်ဘူး၊ စစ်ကြောင်းက ခြေလျှင်တက်လာကြတာ။ ရွှေကူမြို့ကနေပြီးတော့ စစ်မျက်နှာလေးခုဖွင့်တယ်။ တစ်ကြောင်းက ငဘတ်ကြီးကနေ ပလောင်တောင်ကနေ ကိုင်းရွာ၊ တော်လန်ဘက်ကိုတစ်ကြောင်း၊ တစ်ကြောင်းက အူမလမ်းကြောင်းပေါ့ အထက်လေးလမ်းဆုံဘက်ကို၊ တစ်ကြောင်းက ရွှေဘုန်းမြင့်ဘက်၊ နောက်တစ်ကြောင်းက ငါးလမ်းဆုံဘက်ကို ထိုးတယ်” လို့ ရွှေကူနယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီ စစ်ကြောင်း ၄ ကြောင်းထဲမှာ အင်အားအများဆုံးက လက်ရှိ ဗန်းမော်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ အထက်လေးလမ်းဆုံဘက်က စစ်ကြောင်းဖြစ်ပြီး အင်အား ၇၀၀ ခန့် ပါဝင်တယ်လို့ သိရပါတယ်။ စစ်တပ်က အခုလို ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် စီသာ၊ မံဝင်း၊ ကိုင်းရွာ၊ လမ်းကူး၊ တော်လန်၊ မြိုင်သာ၊ ပန်းတင်၊ တုံးကောက်၊ ငှက်တံတား၊ နန့်လန်၊ ဝင်ဝ၊ နောင်လတ်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ လက်ရှိ ရွှေကူမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွှေကူမြို့ ခ.လ.ရ ၅၆ တပ်ထဲက စစ်ကောင်စီစစ်သားတွေနဲ့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူ– ငအိုးလမ်းကနေတဆင့် ထီးချိုင့်၊ တကောင်းဘက်က ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်ကြောင်း သိရပါတယ်။ By – Zaw Zaw

    Read More »
  • Mar- 2026 -
    27 March
    လူ့အခွင့်အရေးချိုးဖောက်မှု

    ကသာပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံဟောင်းနဲ့ ကျောင်းသစ်ဘုန်းကြီးကျောင်းတို့ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း ကချင်အစပ် ကသာမြို့နယ်က ကသာပြည်သူ့ဆေးရုံ၊ ကျောက်ထုံးကြီးကျေးရွာက တိုက်နယ်ဆေးရုံဟောင်းနဲ့ ကျောင်းသစ်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးခဲ့ရတယ်လို့ ကသာမြို့ဒေသခံတွေကအတည်ပြုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့တစ်ရက်တည်းမှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၅ စင်းနဲ့ ကသာမြို့ကိုဦးတည်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “ပြည်သူ့ဆေးရုံက အောက်စီဂျင်ထားတဲ့ရုံးကိုထိတာ။ အောက်စီဂျင်ဘူးတွေကြီးပဲထုတ်တာ။ ကသာမြို့ကပြည်သူတွေ တော်တော်များများ ကြိုးစား ပမ်းစားလုပ်ထားတဲ့ အဆောက်အဦးကြီးဟုတ်တယ်။ ပြီးတော့ကျောင်းသစ်ဘုန်းကြီးကျောင်း တို့က နေ့လည်ကတိုက်ခိုက်ခံရတာ။ ကျောက်ထုံးကြီးကဆေးရုံဟောင်းကတော့ ည ၁၀ နာရီကျော်လောက်တိုက်ခိုက်ခံရတာ”လို့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အဦးတချို့ ရစရာမရှိအောင်ပျက်စီးသွားသလို ကျောင်းသစ်ဘုန်းကြီးကျောင်း လည်း ထိခိုက်ပျက်စီးမှုများတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကျောင်းသစ်ဘုန်းကြီးကျောင်းနဲ့ ကသာမြို့ပြည်သူ့ဆေးရုံဟာ ကပ်လျှက်မှာတည်ရှိပြီး လူထိခိုက်မှုရှိမရှိကိုတော့ အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကျောက်ထုံးကြီးဆိုတာက ကသာမြို့ကနေဆိုဧရာဝတီမြစ်ခြားထားတာပေါ့ မြစ်ရဲ့တစ်ဖက်ကမ်း ကသာနဲ့တည်နေရာအရ ကြည့်ရင် တည့်တည့်လောက်သွားကြတယ်လေ။ အဲ့တာက လက်ရှိမှာလည်းအသုံးမပြုကြပါဘူး။ ထိခိုက်သေဆုံးတာတော့ မရှိဘူး ကြဲသာကြဲသွားတာပေါ့”လို့ ကသာဒေသခံတစ်ဦးကပြောပါတယ်။ ကျောက်ထုံးကြီးကျေးရွာဟာ ကသာမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ၇ မိုင်အကွာမှာတည်ရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ အဆိုပါ မတ်လ ၂၅ ရက်နေ့တစ်ရက်တည်းမှာဘဲ ကသာမြို့ရဲ့နာမည်ကြီး အိမ်နီကြီးလို့ခေါ်တဲ့ ကိုလိုနီခေတ် ကာလက အိမ်အိုကြီးလည်း လေကြောင်းတိုက်ခိုက်ခံရမှုမှာပျက်စီးသွားတယ်လို့ သတင်းတွေမှာရေးသားနေကြပေမဲ့ KNG က အခြေနေအသေးစိတ်ကိုအတည်မပြုနိုင်သေးပါဘူး။ လက်တလော ကသာမြို့တွင်းမှာ နှစ်ဖက်တပ်တွေအကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ဒေသခံထောင်နဲ့ချီကိုလည်း စစ်ကော်မရှင်က မြို့ကနေထွက်ခွင့်ပိတ်ထားဆဲလို့သိရပါတယ်။ စစ်ကော်မရှင်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်ကနေ ယခုလ ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားစုစုပေါင်း ၇၉၅၂ ဦး ရှိလာ ပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • Feb- 2026 -
    27 February
    သတင်း

    ပန်ဝါနယ်စပ်ဂိတ်ပိတ်လိုက်ပြီး မြေရှားလုပ်ကွက်တွေမှာ တရုတ်အလံလွှင့်ထူထား

    KIO/KIA  ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက် တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်လိုက်ပြီလို့ ဒေသတွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး  ဆန်၊ ဆီ၊ ဆားကုန်စိမ်းတွေတင်သွင်းနေတဲ့ ပန်ဝါနယ်စပ်ဂိတ်တံခါးကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်  ပန်ဝါဒေသထဲမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာလည်း တရုတ်ကုမ္ပဏီတွေက တရုတ်နိုင်ငံ အလံတွေ လွှင့်ထူထားတယ်လို့ သိရပါတယ်။ “နယ်စပ်တံခါးလည်း ပိတ်လိုက်ပြီ၊ ကုန်စိမ်းတွေလည်း မဝင်တော့ဘူး။ ဆန်တွေလည်း မဝင်တော့ဘူး မနေ့က နေ့လည်ကစပြီး ပိတ်လိုက်တယ်ပြောတယ်။ တရုတ်တွေကတော့ လေယာဉ်လာမယ်ဆိုလို့တဲ့ အဲဒါပဲပြောတယ်။ လုပ်ကွက်တွေမှာ  ရိက္ခာချွေတာဖို့ ပြောနေတယ်။ လုပ်ကွက်တချို့မှာ တရုတ်အလံတွေထောင်ထားတာ လေယာဉ်လာမယ်ဆိုတဲ့သတင်းကြောင့်တဲ့။” လို့ ပန်ဝါမှာရှိတဲ့ လုပ်သားတစ်ဦးက ပြောပါတယ်။  လတ်တလော ပန်ဝါအနီးတစ်ဝိုက်မှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ တရုတ်လုပ်ငန်းရှင်တွေက လုပ်သားတွေကို ရိက္ခာချွေတာဖို့ ပြောဆိုထားတာတွေရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ပန်ဝါမြေရှားလုပ်ကွက်တွေမှာ စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲမယ်ဆိုလည်းသတင်းလည်းထွက်ပေါ်လာတဲ့နောက် တရုတ်လုပ်ငန်းရှင်တွေဟာ မြေရှားလုပ်သားတွေကို ဗုံးခိုကျင်းတူးခိုင်းထားတာတွရှိသလို မနေ့ကစပြီး လုပ်ကွက်နေရာတွေမှာအလံလွှင့်ထူတာလာတာဖြစ်တယ်လို့  မြေရှားလုပ်ကွက်မှာလုပ်ကိုင်နေသူတွေပြောပါတယ်။ ဒါ့အပြင် မြေရှားလုပ်ငန်းဆိုဒ်တစ်ချို့ ရပ်နားလိုက်တာတွေ ရှိနေတယ်လို့သိရပြီး အလားတူ ဒီအပတ်အတွင်းမှာပဲ မြစ်ကြီးနား – ချီဖွေ – ပန်ဝါလမ်းလည်း ပိတ်လိုက်ပြီလို့သိရပါတယ်။ ခုလို လုပ်ငန်းပိတ်၊လမ်းတွေပိတ်လိုက်တဲ့အတွက် ပန်ဝါထဲမှာရှိနေတဲ့သူတွေ အဖက်ဖက်ကနေခက်ခဲလာနေတယ်လို့ ပန်ဝါမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးလည်း အခုလို ပြောပါတယ်။ “မြစ်ကြီးနားပြန်မယ် လုပ်ထားတာ လမ်းလည်းပိတ်သွားပြီ။ ပန်ဝါမှာလည်း အလုပ်လည်းအဆင်မပြေ၊ အလုပ်လည်းမရလို့ အရမ်းခက်နေတယ်။ အခြေအနေမကောင်းလို့ ကားလမ်းပိုင်းလည်း ပိတ်လိုက်ပုံပဲ။ ကားတွေလည်း မတက်တော့ဘူး။ တရုတ်တွေက ဆိုဒ်တစ်ချို့ပိတ်လိုက်ပြီ။ ဆိုဒ်တစ်ချို့မှာ သူတို့နဲ့ တရုတ်အလံတွေ လွှင့်ထူထားတယ်။” လို့ ပြောဆိုပါတယ်။  လက်ရှိ ပန်ဝါမြို့အနီးတစ်ဝိုက် လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ပျံ့နှံ့နေပြီး တရုတ်ဘက်မှ တရုတ်ကုမ္ပဏီတွေကို ကြိုပြောထားတဲ့အခြေနေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။  ခုလိုမြေရှားလုပ်ကွက်တချို့ပိတ်လိုက်တဲ့အပြင် ကားလမ်းတွေလည်းပိတ်လိုက်တာကြောင့် ပန်ဝါမှာပိတ်မိနေတဲ့ သူတွေလည်းရှိနေသလို လေယာဉ်ဗုံးကြဲမယ်သတင်းကြောင့် အားလုံးစိုးရိမ်စိတ်နဲ့နေနေရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်မှာ တရုတ်အစိုးရဟာ KIO နဲ့ တွေ့ဆုံမှုတစ်ခုရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် တရုတ်နှင့် KIO ဆွေးနွေးမှု နောက်ဆက်တွဲအခြေအနေကိုမသိရသေးတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဖို့ တရုတ်နဲ့သဘောတူထားပြီး KIO ကို ဝိုင်းဖိအားပေးနေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Jan- 2026 -
    19 January
    လူ့အခွင့်အရေးချိုးဖောက်မှု

    ကချင်မှာ စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေး ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးသေဆုံး

    ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးထိသေဆုံးခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ကနေ သိရပါတယ်။ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့ဖော်ပြချက်အရ ပြိီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ကချင်ဒေသတွင်းလေကြောင်းပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့် သေဆုံးသူစုစုပေါင်း ၁၃၃ ဦးရှိတယ်ဆိုပါတယ်။ အဲဒီထဲမှာ ကလေး ၇ ဦး အမျိုးသမီး ၁၀ ဦးပါဝင်တယ်လို့ ဖော်ပြထားပြီး ဒါဟာ စစ်တပ်က ယခင်နှစ်တွေထက် ၂၀၂၅…

    Read More »
  • 9 January
    လူ့အခွင့်အရေးချိုးဖောက်မှု

    ဝန်းသိုမြို့ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းနဲ့ကချင်အစပ်က ဝန်းသိုမြို့ နမ်းခမ်းကျေးရွာကြီးကို စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၈ ရက်နေ့ မနေ့က ညပိုင်း၈ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်အိမ်မီးလောင်ပျက်ဆီးခဲ့ရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ်းခမ်းကျေးရွာအုပ်စုက အရှေ့စက်ရပ်ကွက်နဲ့ဘူတာစုရပ်ကွက်တွေတစ်ဝှိုက်ကို တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမရှိဘဲ ရုတ်တရက်ဆိုသလို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်သွားတာ။ ပထမတစ်စီးနဲ့ ဒုတိယတစ်စီးက ၁၀ မိနစ်လောက်ပဲခြားတာ။ လေကြောင်းတိုက်ခိုက်မှု ကြောင့်တော့ ထိခိုက်ဒဏ်ရာရတာပဲရှိခဲ့တယ်။ လူသေဆုံးမှုကတော့မကြားသေးဘူး”လို့ ဝန်းသိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာ ဖြစ်တာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ စစ်ကော်မရှင်တပ်ဘက်ကသာ ဝန်းသိုမြို့ကနေ ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ ဝန်းကျင်လောက်ကွာဝေးတဲ့ အာမခံ၊ ဩဂ စတဲ့ကျေးရွာတွေတစ်ဝှိုက်စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပြီး ဒီနေ့အထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာတော့မရှိ သေးပါဘူး။ အထက်ပါဝန်းသိုမြို့ခံအမျိုးသားက“သူတို့ဘက်ကလေကြောင်းတိုက်ခိုက်တာကတော့ ၉ ရက်နေ့ကိုဒေသခံတွေကိုထွက်ဖို့ကြေညာထားတာကြောင့်မို့ ဗုံးကြဲတာ နေမှာ”လို့သူ့ရဲ့အမြင်ကိုပြောပြပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နမ့်ခမ်းကျေးရွာအုပ်စုဟာ ဝန်းသိုမြို့နယ်ထဲက အကြီးဆုံးစံပြကျေးရွာထဲကတစ်ခုဖြစ်ပြီး လက်ရှိတော့ တော်လှန်ရေးအင်အားစုတွေဘက်က စိုးမိုးထိန်းချုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ့်ခမ်းကျေးရွာကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ စစ်ကိုင်းငလျင်ကြောင့်အပစ်ရပ်ထားချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး အဲ့ဒီတိုက်ခိုက်မှုမှာ အရပ်သား ၂၀ ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါသေးတယ်။ ဝန်းသိုမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီး ၆ လအကြာမှာပြန်လည်လက်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့နဲ့ ကပ်လျှက်မှာတည်ရှိပြီး ဗန်းမောက်၊အင်းတော်၊ ပင်လည်ဘူးစတဲ့ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားဆဲမြို့တွေနဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Oct- 2025 -
    17 October
    သတင်း

    လိုင်ဇာမြို့ အသေခံဒရုန်းနဲ့တိုက်ခိုက်ံခံရ၊ တရုတ်လူမျိုးဇနီးမောင်နှံနှစ်ဦး ထိခိုက်ဒဏ်ရာရ

    KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ကို စစ်တပ်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က အောက်တိုဘာလ ၁၆ ရက် ည ၁၂ နာရီဝန်းကျင် လိုင်ဇာမြို့ကို ဒရုန်းလွတ်ပစ်ခတ်ခဲ့ရာမှာ လိုင်ဇာစျေးတန်းနေရာမှာ ထိမှန်ပြီး စျေးရောင်းနေထိုင်တဲ့ တရုတ်လင်မယား…

    Read More »
  • 10 October
    တိုက်ပွဲ

    ဆိုင်းတောင်ကိုရဖို့ စစ်တပ်က မလန်း(Malang) ရွာဘက်ခြမ်းကို လေကြောင်းနဲ့ တိုက်ခိုက်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာကို အလုံးစုံထိန်းချုပ်နိုင်ဖို့ မလန်းကျေးရွာဘက်ကို လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်ဝင်ရောက်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့်မြို့ အရေးပါတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ထဲမှာ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာက အဓိကပါဝင်နေပြီး စစ်တပ်ဟာ မြေပြင်စစ်ကြောင်းနဲ့ အလွယ်တူဝင်ရောက်နိုင်ဖို့…

    Read More »
  • 7 October
    တိုက်ပွဲ

    နမ္မတူမြို့ကို စစ်တပ်က တစ်ပတ်အတွင်း ၃ ကြိမ်တိတိလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူများဘေးလွှတ်ရာတိမ်းရှောင်

    ရှမ်းမြောက်ပိုင်း နမ္မတူမြို့ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် ဒေသခံပြည်သူအများပိုင်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေပြည်သူတွေပြောပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ ဒီနေ့မနက် ၆ နာရီဝန်းကျင်  နမ္မတူမြို့ ၊ ရပ်ကွက် (၈)ဘုန်းကြီးကျောင်းအဆောင်ကို စစ်ကောင်စီတပ်ထပ်မံဗုံးကြဲသွားတယ်လို့သိရပြီး ဒီကနေ့ဗုံးကြဲခံရမှုမှာ အရပ်သားထိခိုက်သေဆုံးမှုမရှိပေမယ့် ကျောင်းဆောင်တစ်ချို့ပျက်စီးသွားတယ်လို့ သိရပါတယ်။  “ဟိုရှေ့နေ့က ဗုံးကျခဲ့တဲ့နေရာ အထက်မှာဟုတ်တယ်။ ဘုန်းကြီးကျောင်းဆောင်တည့်တည့်ကျတယ်။ ဗုံးကြဲပြီးထိခိုက်ပျက်စီးသွားတဲ့ နေရာကို မဝင်ခိုင်ဘူး။ ပုံတွေလည်းမရိုက်ခိုင်းဘူး။ အခုဖုန်းလိုင်းတွေလည်း အကုန်ပိတ်ထားပေးတယ်။ နမ္မတူမြို့က တိတ်ဆိတ်သွားပြီ။ ဒေသခံတွေလည်း အကုန်ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်ကုန်ပြီ။ လားရှိုးဆီ အများပိုင်းတိမ်းရှောင်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၂ ရက်နေ့ နမ္မတူမြို့ကို ပထမဆုံးအကြိမ် လေကြောင်းဗုံးကြဲခဲ့တဲ့အတွက် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် စုစုပေါင်း ပြည်သူ ၄ ဦး သေဆုံးပြီး နောက်ထပ်ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာလ ၆ ရက်နေ့၊ အောက်တိုဘာလ ၇ ရက်နေ့…

    Read More »
  • Sep- 2025 -
    16 September
    တိုက်ပွဲphoto - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

    ဗန်းမောက်မှာ တိုက်ပွဲပြင်းထန်‌နေပြီး လေကြောင်းတိုက်ခိုက်မှုရှိနေ

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလည်းရှိ‌နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ မနေ့ကစပြီး ဗန်းမောက်မြို့ပေါ်အနီးဝန်းကျင်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်တယ် လို့သိရပါတယ်။ “SNA ကအင်အားတအားများတယ်။ သူတို့နယ်မြေလေ…

    Read More »
  • May- 2025 -
    29 May
    တိုက်ပွဲ

    လုံးခင်းကျေးရွာကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး စစ်ကြောင်းပြန်လည် ထွက်ခွာ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာထဲမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က ဖားကန့် စစ်တပ်ကုန်းဘက်ကို ဆက်လက်ချီတက်ဖို့ လူသားဒိုင်းအဖြစ် ရပ်မိရပ်ဖတွေကို ခေါ်ဆောင်ပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာနေကြပြီလို့ သိရပါတယ်။ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လယ်ပြင်ကျေးရွာမှာ မေလ ၂၈ ရက်နေ့ မနေ့က တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းတွေဟာ ယနေ့ မနက်ပိုင်း ၈ နာရီခွဲအချိန်အထိ အဲဒီနေရာမှာ ပိတ်မိနေတာဖြစ်ပါတယ်။ လက်ရှိ ဖားကန့်…

    Read More »
Back to top button