ဗုံးကြဲ
-
May- 2025 -20 Mayတိုက်ပွဲ
ဗန်းမော်တိုက်ပွဲ စစ်တပ်က ဒရုန်းအလွန်ကျွံတိုက်ခိုက်မှုကြောင့် မြို့သိမ်းဖို့ ကြန့်ကြာနေ
ငါးလခန့်ကြာမြင့်လာတဲ့ ဗန်းမော်တိုက်ပွဲမှာ KIA ပူးပေါင်းတပ်ဘက်က မြို့သိမ်းနိုင်ဖို့ အပြင်းထန်ကြိုးစားနေပေမယ့် စစ်တပ်ရဲ့ ဒရုန်းအလွန်အကျွံပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့အပြီးသတ်သိမ်းနိုင်ဖို့ ကြန့်ကြာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေး မြို့တွင်း ဟိုတယ်ကဲ့သို့ တိုက်အဆောက်အဦးနေရာတွေမှာအခိုင်မာနေရာယူထားတဲ့အပြင် လေကြောင်းထက် ဒရုန်းစစ်ဆင်ရေး၊ဗျူဟာကိုပြင်းပြင်းထန်ထန်…
Read More » -
17 Mayလူ့အခွင့်အရေးချိုးဖောက်မှု
လေယာဉ်ဖြင့် ဗုံးကြဲနေမှု လူမဆန်တဲ့လူသတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်တက်ကြွလှုပ်ရှားသူတွေပြော
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း ပညာသင်အရွယ် ကလေး သူငယ်အများအပြား သေဆုံးသွားတဲ့ ဖြစ်ရပ်မှာ လူမဆန်တဲ့သတ်ဖြတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်လူထုတက်ကြွလှုပ်ရှားသူတွေက KNG ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သူတို့ တိုက်ပွဲရပ်နားထားမယ်လို့ ထုတ်ပြန်ချက်ထားတဲ့ကာလအတွင်းမှာပဲ မေလ ၆…
Read More » -
Apr- 2025 -1 Aprilသတင်း
စစ်ကောင်စီ လေယာဉ်ဗုံးကျဲလို့ KIA ထံ စစ်သင်တန်းတက် လူငယ် ၄၀ နီးပါးသေဆုံး
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်သင်တန်းတက်နေတဲ့ ကချင်လူငယ် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၃၁ ရက်နေ့ ညနေပိုင်း…
Read More » -
1 Aprilသတင်း
တိုက်ပွဲမရှိတဲ့ ဝိုင်းမော်မှာ စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်ကနေ လမြန်ကျေးရွာတဝိုက်ကို စစ်တပ်က ဒရုန်းနဲ့ ၅…
Read More » -
Feb- 2025 -24 Februaryသတင်း
ရွှေကူ နဲ့ မံစီမြို့နယ် ကျေးရွာတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ရှိ ရွှေကူမြို့နယ် နဲ့ မံစီမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲခဲ့တယ်လို့ သိရပါတယ်။ ရွှေကူမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ သင်္ဘောအင်း ကျေးရွာ၊ ငဘတ်ဝရွာ၊ ကျွန်းတော်ရွာရှိ ကျွန်းတော်သောင်ဦးဆိပ်နဲ့ မြူရပ်သစ်ဆိပ် စတဲ့ လေးနေရာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည်…
Read More » -
20 Februaryလူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း
စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ်မှာ ကလေးအပါအဝင် အရပ်သားသေဆုံး ထိခိုက်မှု များပြား
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှာ စစ်ကောင်စီက လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အောက် ကလေးသူငယ် ၃ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေ ကနေ သိရပါတယ်။…
Read More » -
18 Februaryသတင်း
စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် ဝါရာဇွပ်ဒေသခံတစ်ဦး သေဆုံး
ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမပေါ် ၊ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် ဂျက်လေယာဉ်တစ်စီးနဲ့ ဝါရာဇွပ်ကျေးရွာအလည်တည့်တည့်ကို ဗုံး ၂ လုံး လာရောက် ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
Nov- 2024 -28 Novemberတိုက်ပွဲ
မိုးမောက်စစ်မျက်နှာပြင်ကို စစ်တပ်က တစ်ရက်တည်း လေကြောင်း ၅ ကြိမ်ထက်မနည်းဗုံးကြဲ
ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်ကြား တိုက်ပွဲဖြစ်နေတဲ့ အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်က ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တစ်ရက်တွင်းလေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲက ဒီမနက် ၂ နာရီဝန်ကျင်လောက်ကနေ…
Read More » -
25 Novemberတိုက်ပွဲ
တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မုတ်ကျိတ်၊ နန့်ဝါ ကျေးရွာအနီးတဝိုက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် Y – 12 လေယာဉ်အမျိုးအစားနဲ့ မုတ်ကျိတ်၊ နန့်ဝါကျေးရွာအနီး လေယာဉ်ဗုံး ၇ ကြိမ်ကြဲသွားတာကြောင့် အရပ်သားပြည်သူတစ်ဦးထိခိုက်ပြီး နေအိမ် ၃ လုံးပျက်စီးသွားတယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညနေ နန့်ဝါကျေးရွာမှာ လေယာဉ်ဗုံးလာကြဲတာ ၇ ကြိမ်လောက်ရှိတယ်။ နေအိမ် ၃ လုံးပျက်စီးသွားတယ်။ ပြည်သူတစ်ဦးက ဗုံးစထိလို့ ထိခိုက်ဒဏ်ရာရသွားတယ်။ အရမ်းကြီး စိုးရိမ်စရာတော့မရှိဘူး။ ပြီးရင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ကူတယ်။ ဘယ်လို သတင်းတွေရထားတာလဲတော့မသိဘူး”လို့ပြောပါတယ်။ စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတဲ့ မုတ်ကျိတ်၊နမ့်ဝါကျေးရွာတွေဟာ ရွာချင်းဆက်ရှိတဲ့ရွာတွေဖြစ်ပြီး ပြည်သူ့စစ်နဲ့စစ်တပ်ဂိတ်အထိုင်ချထားတဲ့ ဝူယန်ကျေးရွာအထက်မှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲငြိမ်သက်သွားတာ ၈ လခန့်ကြာမြင့်သွားပြီဖြစ်ပေမယ့် စစ်တပ်ဘက်နေ အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာဟာ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ကို လွက်လွတ်လိုက်ရတဲ့အတွက် ကျေးရွာဘက်ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်နေကြပါတယ်။ မနေ့က တစ်ရက်ထဲ ရွာ ၂ ရွာ ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မနေ့ည ည ၁၀ နာရီဝန်းကျင်မှာတော့ ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းကနေလည်း အဲဒီကျေးရွာဘက်ကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ဘက်မှာ ပစ်ခတ်မှုဖြစ်နေတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အထိ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်လို့ မြစ်ကြီးနားဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “မနေ့ ည ဝိုင်းမော်ဘက်မှာ လက်နက်ကြီးသံတွေ ပြန်ကြားနေရတယ်။ အသံကတော့ ဝိုင်းမော်ဘက်ခြမ်းပဲ ဒီမှာက ဖုန်းလိုင်းတွေလည်း မရတော့ ဘယ်ဘက်မှာ ဘာဖြစ်နေလဲတော့ မသိရဘူး”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေတဲ့ ဝူယန် ၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီကတည်းက ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအများပိုင်းက နီးစပ်ရာ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့က စားဝတ်နေရေးအခက်အခဲကြောင့် ကျေးရွာထဲကို ပြန်လာနေထိုင်ကြတဲ့ ဒေသခံတွေလည်းရှိပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ရေးအခြေအနေအရ ကားလမ်းမကြီးတစ်ကြောမှာရှိတဲ့ ဝူယန်၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ အထက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ နေရာယူထားပြီးတော့ ဝူယန်ကျေးရွာကနေ ဝိုင်းမော်မြို့ပေါ်အထိ စစ်ကောင်စီတပ်တွေ နေရာယူးထားတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Oct- 2024 -10 Octoberတိုက်ပွဲ
ပန်ဝါမြို့အနီး လောက်ပြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းအသုံးပြုတိုက်ခိုက်နေ
ပန်ဝါမြို့အနီး လုပြည်(ဒေသအခေါ်) လောက်ပြေကျေးရွာမှာ KIA နဲ့ စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ပန်ဝါမြို့ပြည်သူတွေပြောပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကနေ တိုက်ပွဲစတင်လာတာဖြစ်ပြီး မနက် ၁၀ ဝန်းကျင်ကနေ စစ်တပ်က Y12 လေယာဉ်တစ်စီးနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပန်ဝါမြို့အနီးနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လုပြည်မှာ လေယာဉ်နဲ့ဆက်တိုက်ပစ်နေတယ် ခုထိလည်းပစ်နေတုန်း။ မနက် ၁၀ နာရီလောက်ကတည်းကနေ ပစ်နေတာ ခုထိမနားသေးဘူး ခုခု”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ စက်တင်ဘာလ ၃၀ ရက်ည ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် ချီဖွေ– ပန်ဝါလမ်းမတစ်လျှောက် စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တွေနဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေရာကနေ ဒီနေ့မနက် ပန်ဝါမြို့အနီးအထိ တိုက်ပွဲပြင်းထန်လာပြီဖြစ်ပါတယ်။ ဒီနေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ ပန်ဝါကနေ ဆိုင်ကယ်နဲ့ မိနစ် ၄၀ ခန့်ချီဖွေဘက်ကို ဆင်းတဲ့လမ်းဘေးမှာရှိတဲ့ရွာဖြစ်ပြီး နယ်ခြားစောင့်တပ်အဖွဲ့ ဂိတ်ထိုင်အခြေချထားတဲ့နေရာဖြစ်ပါတယ်။ ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဝါ၊ချီဖွေဒေသဟာ နယ်ခြားစောင့်တပ်က မြေရှားထုတ်လုပ်မှုအများဆုံးလုပ်ဆောင်နေတဲ့နေရာဖြစ်ပြီး မေလအတွင်း ဝါးရှောင်ကျေးရွာအထက်မှာရှိတဲ့ စစ်တပ်ရဲ့စုပေါင်းဂိတ်နဲ့ဆဒုံးမြို့ကို သိမ်းပိုက်လိုက်တဲ့နောက် ပြည်သူ့စစ်တပ်တွေဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်း တပ်သားတွေစုဆောင်းတာတွေစတင်လုပ်လာပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကိုသိမ်းလိုက်တဲ့နောက်ပိုင်း တပ်သားစုဆောင်းမှုဟာပိုဆိုးရွားလာပြီး ပန်ဝါမြို့ပေါ်တည်းခိုခန်းနဲ့ စားသောက်ဆိုင်နေရာတွေအပါအဝင် သတ္တုလုပ်ကွက်တွေအထိ တပ်သားသစ်စုဆောင်းမှု ခပ်စိပ်စိပ်လုပ်နေတယ်လို့ သိရပါတယ်။ စုဆောင်းဖမ်းဆီးရမိထားတဲ့ တပ်သားသစ်တွေကို စစ်သင်တန်းပေးခြင်းမရှိဘဲ ရှေ့တန်းကိုတန်းပို့နေတယ်လို့ ပန်ဝါမြို့ခံအမျိုးသားတစ်ယောက် ထပ်ပြောပါတယ်။ “မနေ့ နေ့လည်နဲ့ညပိုင်းမှာလည်း သတ္တုလုပ်ကွက်တွေမှာ ဆက်တိုက်ဖမ်းနေတယ် ပြီးတော့ မနေ့ကလည်း အလုပ်သမားကဒ်လုပ်ဖို့သွားတဲ့သူတွေကိုလည်း အလုပ်သမားကဒ်မလုပ်ပေးနဲ့အားလုံးကိုထပ်ဖမ်းသွားတယ်။ ပြီးတော့ ရှေ့တန်းချက်ချင်းပို့ပြီလို့ သိရတယ်။ မနေ့ကဆို တော်တော်လေးပါသွားတယ်လို့ သတင်းရထားပါတယ်”လို့ ပြောပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် ပန်ဝါဒေသမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ အလုပ်လုပ်ဖို့ သွားရောက်သူတွေများစွာရှိပြီး လုပ်ငန်းခွင်ထဲဆင်းရဖို့ အလုပ်သမားကဒ်လုပ်ရတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော ပန်ဝါမြို့နီးဝန်းကျင်မှာ ခုလိုတပ်သားသစ် အတင်းအဓ္ဓမစုဆောင်းခံရတာကြောင့် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ ပန်ဝါမြို့ဟာ တရုတ်နယ်စပ်မှာရှိပြီး ကချင်အထူးဒေသ ၁ ဗဟိုဌာနချုပ်တည်ရှိရာတဲ့မြို့ဖြစ်ကာ ချီဖွေမြို့နဲ့ မိုင် ၄၀ အကွာ တည်ရှိပါတယ်။ By – Zami
Read More »