မိုးကောင်း

  • Jul- 2026 -
    23 July
    သတင်း

    မြစ်ကြီးနား–မိုးညှင်း ရထားပြန်ပြေးဆွဲ

    ကချင်ပြည်နယ်အတွင်း အာဏာသိမ်းပြီးနောက် ၅ နှစ်နီးပါး ရပ်နားထားခဲ့တဲ့ မြစ်ကြီးနား–မိုးကောင်း–မိုးညှင်း ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ မီးရထားဝန်ထမ်းတွေဆီကနေ သိရပါတယ်။

    Read More »
  • 6 July
    သတင်း

    မြေးဖြစ်သူ ဓားဖြင့်ခုတ်သဖြင့် အဖွားသေဆုံး

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ အဖွားဖြစ်သူကို အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူက ဓားနဲ့ အချက်ပေါင်းများစွာ ခုတ်ခဲ့တာကြောင့် အဖွားဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်ကတော့ ဇူလိုင် ၄ ရက် သန်းခေါင်ယံ ၁၂…

    Read More »
  • Jun- 2026 -
    27 June
    ဖမ်းဆီးခံရမှု

    ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှူးအရွေးမခံရတဲ့အတွက် ရွေးကောက်ခံရသူကို ဖမ်းဆီး

    မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်မှာ ရပ်ကွက်နေ ဒေသခံပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးအား မကျေမနပ်ဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

    Read More »
  • 22 June
    သတင်း

    ရေကြီးနေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုပိုဆိုးလာ

    မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပေါ်ပေါ်ထင်ထင်လုပ်နေကြတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ လက်ရှိမှာ ရောင်းဝယ်သုံးစွဲမှု အဆိုးဆုံးနေရာက ရွာသစ်ရပ်ကွက်၊ အဘောက်ဆိုင်အနီး ကွန်ကရစ်လမ်းပေါ် ဖြစ်တယ်လို့ ဒေသခံတစ်ဦး KNG ကို ပြောပါတယ်။ “သူတို့ အရင်က သုံးစွဲနေတဲ့ နေရာတွေက ရေနစ်နေတယ်။ နောက်ပြီး ရဲတွေနဲ့ ဌာနဆိုင်ရာတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အာရုံစိုက်နေရတဲ့အချိန်ကို အခွင့်ကောင်းယူပြီး လမ်းမပေါ်အထိ ကိုယ်တိုင်လာရောက် ရောင်းချနေကြတာပါ” လို့ သူက ဆိုပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို အများဆုံးတွေ့ရတဲ့အချိန်ကတော့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေ ဖြစ်ပြီး လူ ၂၀ ကနေ ၃၀ ဝန်းကျင်အထိ အုပ်စုလိုက်စုပြီး ရောင်းဝယ်သုံးစွဲနေကြတယ်လို့ သိရပါတယ်။ မြို့ခံတွေပြောတာက မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေသူတွေဟာ ရေက ခါးလောက်အထိတက်လာတဲ့ အခြေအနေမှာတောင် မရပ်တန့်သေးဘဲ ရောင်းဝယ်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးကောင်းမှာ မူးယစ်ဒိုင်တွေကို ရှောင်ပြေးခိုင်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပြည်နယ်အဆင့် တာဝန်ရှိသူတွေက မေလ ၂၆ ရက်နေ့မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်တွေအပြင် အခြားရဲတပ်ဖွဲ့ဝင်တွေကိုပါ လာရောက်စစ်ဆေးခဲ့ကြပါတယ်။ အဲဒီနောက် မေလ ၂၉ ရက်နေ့မှာတော့ ရဲဒုတပ်ကြပ် သောင်းဟိန်းစိုးနဲ့ ရဲတပ်သား မျိုးဝင်းထူးတို့ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ နီးပါးအတွက် ပြောင်းရွှေ့မိန့် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဲဒီကာလ အတောအတွင်း မိုးကောင်းရပ်ကွက်တွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အခြေအနေတွေ လျှော့ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။ “ဟိုတစ်လောက နည်းနည်းငြိမ်သွားပြီဟုတ်တယ်။ ခုကျတော့ ရေတက်နေချိန် ဘယ်သူကမှသူတို့ကိုအရေးမလုပ်ုနိင်တော့ အခွင့်ရေးကိုရနေကြတာ” လို့နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။ မူးယစ်ဆေးရောင်းဝယ်သူတွေဟာ ခုလို ရေကြီးလာတဲ့ အချိန်မှာတော့ လူတွေရွှေ့ပြောင်းဖို့ အလုပ်ရှုပ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးတွေကို လွတ်လပ်စွာ ပြန်လည် ရောင်းဝယ်သုံးစွဲနေကြတာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ဆိုပါတယ်။ By – Hope

    Read More »
  • May- 2026 -
    26 May
    သတင်း

    မိုးကောင်းက မူးယစ်ဒိုင်သတင်းပေါက်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ဆို

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါး ဒိုင်ကြီးအဖြစ် ရောင်းဝယ်ဖြန့်ချိနေသူတစ်ဦး သတင်းပေါက်ကြားပြီးနောက် တိမ်းရှောင်ထွက်ပြေးသွားပြီလို့ မိုးကောင်းမြို့ခံ ပြည်သူတွေဆီက သိရပါတယ်။

    Read More »
  • Dec- 2025 -
    9 December
    သတင်း

    ဟိုပင်၊ မိုးကောင်းက KIA တပ်စခန်းနှစ်ခုလက်လွတ်လိုက်ရ

    စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်နဲ့ မိုးကောင်းမြို့နယ်ထဲက KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ တပ်စခန်းနှစ်ခုကို လက်လွတ်လိုက်ရတယ်လို့သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ဟိုပင်မြို့အရှေ့ဘက်ခြမ်းရှိ တပ်စခန်းတစ်ခုနဲ့ မိုးကောင်းမြို့ဟောင်းအနီး ပါခုတ်တောင်ကုန်းပေါ်က တပ်စခန်းတစ်ခုကိုပါ KIA နဲ့…

    Read More »
  • 2 December
    သတင်း

    ဖမ်းဆီးထားသူတွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်ပဲ ရွေးဖို့ပြင်နေတဲ့အိမ်ကိုလည်းမီးရှို့မယ်လို့ SNA ခြိမ်းခြောက်

    ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နန်းခွင်နဲ့ ပင်းဘောရွာတွေမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဖမ်းဆီးသွားတဲ့ တပ်သားသစ်တွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်သလို ရွေးထုတ်ဖို့ပြင်ဆင်တဲ့အိမ်တွေကို မီးရှို့မယ်လို့ SAN တပ်ကခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မိုးကောင်းမြို့ထဲကို မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တိုင်းမှူး၊နယ်ခြားစောင့်ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းတို့ ရောက်လာပြီး မကြာခင်ကျင်းပမယ့် စစ်တပ်ရဲ့ရွေးကောက်ပွဲအပြင် လက်ရှိစစ်ရေးအခြေနေတွေနဲ့ပတ်သက်ပြီး ဒေသတွင်းတာဝန်ရှိသူများကိုလာတွေ့ဆုံသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးကောင်းမြို့နယ် နန်းခွင်နဲ့ပင်းဘောရွာတွေမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်က လူငယ်၊လူလတ်ပိုင်း ၂၀ ကျော်ကိုဖမ်းဆီးသွားတာလို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ “နန်းခွင်နဲ့ ပင်းဘောမှာ ရှမ်းနီဝင်ဆွဲတာ ၊ တိုင်းမှူးလာပြီးနောက်ရက် အဖမ်းခံရတဲ့ မိသားစုတွေမပြောရဲကြဘူး၊ အိမ်မီးရှို့မယ်လို့ခြိမ်းခြောက်သွားလို့တဲ့”လို့ ပြောပါတယ်။ မြစ်ကြီးနား– ရွှေဘို– မန္တလေးလမ်းမပေါ်ရှိ မိုးညှင်း၊မိုးကောင်းမြို့တွေဟာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့စစ်ကောင်စီတပ်တို့ဘက်က နယ်မြေအများပိုင်း စိုးမိုးထားနိုင်ဆဲဖြစ်ပြီး စစ်ရေးလှုပ်ရှားမှု ပုံမှန်ရှိနေတဲ့အပြင် လူသစ်စုဆောင်းမှုအများဆုံးလုပ်နေတဲ့နေရာတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ မိုးကောင်းမြို့နယ်၊ နန်းခွင်ရွာအခြေစိုက် ခမရ (၅၂၁) တပ်ရင်းကို  KIA နဲ့ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုဝင်ဘာ တတိယပတ်မှာ ဟိုပင်အထိုင်တပ်ရင်းတွေကနေ KIA၊ KPDF အထိုင်ချထားတဲ့ အရှေ့တောင်ကြောဘက်ကို လက်နက်ကြီး၊ ဒရုန်းအကူအညီနဲ့ တောက်လျှောက်ပစ်နေပြီး စစ်ကြောင်းထိုးလာတာကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေပြောပါတယ်။ အလားတူ  နိုဝင်ဘာလ ၂၆ ရက်နေ့ နောက်ဆုံးအပတ်မှာတော့ မိုးညှင်း– မိုးကောင်းကြားရှိ ဟိုပင်မြို့ အရှေ့ဘက်ခြမ်းရှိ နန့်ရင်းချောင်းကူးတံတားကိုလည်း SAN ပူးပေါင်းတပ်တွေက မြေတူးဆွကာဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ နန်းခွင်၊ပင်းဘောတစ်လျှောက် လူသစ်စုဆောင်းတာတွေလုပ်သွားတာဖြစ်တယ်လို့လည်း ဒေသခံတွေပြောပါတယ်။ “ခုဒီဘက်မှာ စစ်တင်းမာနေတယ် ဒါကြောင့် SNA ကလည်း ဖမ်းသွားတဲ့သူဆိုရင် ရွေးခွင့်ကိုမပြုတော့တာ။နေရာကွက်ကြားလက်နက်ကြီးသံတွေကြားလာရတယ်”လို့ နန်းခွင်ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ ဟိုပင်မြို့၊နန်းခွင်ကျေးရွာ၊ပင်းဘောရွာတွေဟာ နယ်မြေအားဖြင့်တစ်ဆက်တည်းရှိတဲ့နေရာတွေဖြစ်ပြီး ဒီလမ်းမတစ်လျှောက်မှာ  SNA ပူးပေါင်းတပ်တို့ စစ်ရေးလှုပ်ရှားတာ၊ လူသစ်စုဆောင်းတွေက ခုနောက်ပိုင်း ပိုဆိုးရွားလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ By – CJ

    Read More »
  • Nov- 2025 -
    26 November
    မူးယစ်ဆေးဝါး

    မိုးကောင်းမြို့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတွေကို ဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေပြော

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေ ထပ်မံတောင်းဆိုကြပါတယ်။ လက်ရှိ မိုးကောင်းမြို့ရဲ့မူးယစ်ဆေး တိုက်ဖျက်ရေးကို ရဲမှူးရဲထွန်းအောင်က တာဝန်ယူကာ နိုဝင်ဘာ ၂၀ ရက်နေ့ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂၀ ဦးကို အချုပ်ကားနဲ့ ရောက်လာပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၂၁ ရက် နောက်တစ်နေ့မှာဘဲ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြားမှာ ပုံမှန်အတိုင်းမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတုန်းပဲလို့ အမည်မဖော်လို့တဲ့ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “မူးယစ်ကလည်း မနေ့ကဖမ်း ဒီနေ့ပြန်ရောင်းပြီး ခင်းပြီးရောင်းနေတယ် သုံးစွဲသူ ၃၀လောက်ရှိနေတယ်။ ပုံမှန်တိုင်းပဲပြန်ဖြစ်နေတာ”လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ များလာတာနဲ့အတူ မိုးကောင်းမြို့မှာ ယခင်နှစ်တွေထက်ခိုးဆိုးလုယက်တာတွေလည်း ပိုများလာနေတယ်လို့ သိရပါတယ်။ မိုးကောင်းမြို့ထဲ ဒီနိုဝင်ဘာလ သုံးပတ်အတွင်းမှာ ဆိုင်ကယ် ၄ စီးထိ ပျောက်ဆုံးခဲ့ပြီး တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။ “ဖိုးသမားတွေခိုးတာ ပြီးခဲ့တဲ့ ၆ လပိုင်းလောက်ကတော့ ဖိုးသမားတစ်ဦး အိုးတန်းထဲက ဖုန်းတစ်လုံးခိုးယူခဲ့တာကို အိမ်ရှင်တွေ ဖမ်းမိပြီး ဆုံးမပြီး ပြန်လွှတ်ပေးခဲ့တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆိုပါတယ်။ ဆိုင်ကယ်ခိုးယူတဲ့တရားခံတွေကိုဖမ်းဆီးနိုင်ခြင်းမရှိသေးပေမယ့် ဒေသခံတစ်ချို့သုံးသပ်တာကတော့ ဆိုင်ကယ်ခိုးယူသူတွေဟာ မူးယစ်ဆေးသမားတွေသာဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။  အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းမြို့မှာ တစ်လကို ခိုးမှုဆယ်ကြိမ်ထက်မနည်း ရှိနေပြီး အိမ်ရှေ့တပ်ထားတဲ့ မီးသီးအပြင် ရေမော်တာ၊ ဆိုင်ကယ်၊ ဖုန်း စတဲ့ပစ္စည်းတွေကို အိမ်ထဲထိ ဝင်ရောက် ခိုးယူကြတယ်လို့ သိရပါတယ်။ မိုးကောင်းဒေသခံတွေ ပြောကြားချက်အရတော့ ဒီလို ခိုးမှုပိုမို ဆိုးရွားလာတာဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ များပြားလာတာကြောင့် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အဆိုးဆုံးဖြစ်တဲ့ ရွာသစ်ရပ်ကွက်ဟာ အထက ၂ ကျောင်းဘေး၊ တရုတ်ဂူကြီး ၂လုံးအကျော် ဧရာရုပ်ရှင်ရုံ ဘေးမှာရှိနေပြီး လမ်းကြီးမှာ ဆေးထိုးအပ်တန်းကြီး ပေါ်တင်သုံးစွဲနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကလေးတွေ၊ ကျောင်းသား/သူတွေအတွက် အမြင်မတော်တာတွေ၊ သွားလာရခက်ခဲတာတွေ ဖြစ်နေတဲ့အတွက် သက်ဆိုင်သူတွေအနေနဲ့ အရေးယူဖမ်းဆီးပေးဖို့ ဒေသခံတွေ တောင်းဆိုနေတာလည်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့ နိုဝင်ဘာလ မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂၀ ဦးကို အချုပ်ကားဖမ်းခေါ်သွားတဲ့တစ်ရက်အတွင်းမှာ အလားတူ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်က မညိုမီထွန်းရဲ့ နေအိမ်ကနေ ကျပ်သိန်း ၆ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(CCDAC Myanmar) ကလည်း သူတို့ရဲ့ဖော့စဘုတ်ပေ့ကနေ ထုတ်ပြန်ခဲ့ပါတယ်။ By – Hope

    Read More »
  • Jul- 2025 -
    29 July
    သတင်း

    ကချင်မှာ အိမ်ခန်းငှားရမ်းခစျေး အဆမတန်မြင့်တက်လာလို့ စစ်ရှောင်တွေအခက်တွေ့

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန်မြင့်တက်လာတဲ့အတွက် မြို့ပေါ်စစ်ဘေးရှောင်တဲ့ပြည်သူတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့၊ပူတာအိုမြို့၊ဖားကန့်မြို့တွေမှာ စစ်ဘေးရှောင်ပိုများလာတဲ့အပြင် တစ်ဖက်မှာလည်း ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် အိမ်ငှားခ၊ အခန်းငှားခစျေးပိုမြင့်တက်လာတယ်လို့  မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အိမ်ဌားခတွေ စျေးအဆမတန်မြင့်တယ် ခုမိုးညှင်းမှာ အင်းတော်ကြီးဘက်ကကော တစ်ချို့ဖားကန့်ဘက်ကလည်း စစ်ရှောင်တွေ လာစုရပ်ဖြစ်နေတော့ အိမ်ငှားခ အရင်က ငါးသောင်းတန် ခုတစ်သိန်းဝန်းကျင်ရှိတယ်။ ဈေးက တော်တော့်ကို တက်လာတာ”လို့ ပြောပါတယ်။ လတ်တလော မိုးညှင်းမြို့မှာ ဆယ်ပေ ပတ်လည် အခန်းတစ်ခန်းလျှင် ယခင် ၅ ရှစ်သောင်းဝန်းကျင်သာရှိပေမယ့် ခုတစ်သိန်းခွဲ၊ လုံးချင်းအိမ်တစ်အိမ်မှာ ယခင် သုံးသိန်းတန်၊ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးတက်တယ်လို့ သူက ဆက်ပြောပါတယ်။ မိုးညှင်းမြို့၊ မိုးကောင်းမြို့ပေါ် အိမ်ငှားနေထိုင်သူတွေဟာ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ စစ်ဘေးရှောင်များ၊ ဖားကန့် ဆယ်ဇင်းစစ်ဘေးရှောင်များဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လနဲ့ မေလအတွင်း KIA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲကြောင့် ခိုလှုံလာကြတာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနားမြို့မှာလည်း အိမ်နဲ့ အိမ်ခန်းငှားခ ထက်ဝက်ခန့် ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနား အိမ်ခြံမြေပွဲစား အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဒီခေတ်အခြေနေအရ ကုန်စျေးနှုန်းတွေအရလည်း အရင်စျေးအတိုင်းဌားလို့မရတော့ဘူးဆိုတာတော့ ဌားတဲသူတွေလည်း သိတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ ငှားတဲ့သူတွေများလာတော့ မတရားကိုစျေးတင်ကြတာ။ အဲမှာတစ်ချို့ပွဲစားတွေကတစ်ဆင့် ပွဲစားခတစ်လစာလောက်ကို ယူနေကြတာတွေ့ရတယ်။ ကျနော်တို့လည်း ပွဲခတော့ ယူပါတယ်။ဒါပေမယ့် သူတို့တတ်နိုင်သလောက်လေး ဆီဖို့း၊ခေါက်ဆွဲဖိုးလောက်ပဲယူတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ ပျဉ်ထောင်နှစ်ထပ်လုံးချင်းအိမ်တစ်လုံး ယခင် ၃ သိန်းဝန်းကျင်၊ ယခု ၆ သိန်း ကျော်ရှိပြီး ၁၀ ပေပတ်လည် အခန်းတစ်ခန်း ယခင် ၅ သောင်း၊ ယခု တစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ အခုလို အိမ်၊ အခန်းငှားရမ်းခ ဈေးမြင့်တက်ပေမယ့် အိမ်ငှားသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာချိန် ဝိုင်းမော်မြို့နယ်ဘက်က ကျေးရွာပေါင်း ၂၀ ကျော် ပြည်သူသောင်းချီဟာ ဂွေထုနဲ့နောင်းချိန်းဘက်ကို သွားရောက်ခိုလှုံနေေထိုင်ကြတာရှိသလို ငွေကြေးတတ်နိုင်သူ အများပိုင်းက မြစ်ကြီးနားမြို့ပေါ် အိမ်လုံးချင်း၊ အခန်းငှားပြီး နေထိုင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် အိမ်ငှား၊ အခန်းငှားသူများထဲမှာ ဗန်းမော်မြို့ဘက်က တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)  ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကြော့ပြန်စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ (၁၁၀၅၀၀ ) ထိရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ရက်အထိမှာတော့ တစ်သိန်း ကိုးသောင်းလေးထောင်ကိုးရာ (၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ ၈သောင်း ၄ ထောင်၄ရာ (၈၄၄၀၀) ထိ တိုးလာပါတယ်။ By – CJ

    Read More »
  • Jul- 2024 -
    3 July
    သတင်း

    မိုးကောင်းမြို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေပြီး ရပ်ကွက်အားလုံး ရေဘေးအန္တရာယ်ကြုံတွေ့နေရ

    ကချင်ပြည်နယ် မိုးကောင်းမြို့ပေါ်မှာ ရေကြီးရေလျှံဖြစ်နေပြီး  စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေတာကြောင့်  မြို့တွင်းရပ်ကွက်အားလုံးနီးပါ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီလို့ သိရပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်မှစတင်ပြီး မိုးကောင်းမြို့ထဲ ရေစတင်ဝင်ရောက်လာပြီး ဒီကနေ့မှာတော့ မြို့တွင်းကားလမ်းမကြီးသာကျန်ရှိပြီးတော့ လမ်းမကြီးရဲ့ တစ်ဖက်ခြမ်းစီရှိတဲ့ လူနေအိမ်ရပ်ကွက် အားလုံး ရေနစ်မြုပ်လာတယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မြို့တစ်ခုလုံးကြီးနေပါတယ် ကယ်ဆယ်ရေးတွေလည်း အခုလုပ်ဖို့ စီစဉ်နေကြတယ်။ ရေကြီးတဲ့ အခြေအနေက ကားလမ်းဘဲကျန်တော့တယ်။ မြို့ရဲ့ ဒီဘက် ဟိုဘက်ခြမ်း ရပ်ကွက်အကုန်လုံးမှာ ရေပြည့်သွားပြီ။ စတင်များလာတာက ညနေပိုင်း ၄ နာရီလောက်မှ ရေစတင်များလာတာဟုတ်။ မိုးကောင်းမှာက ကားလမ်းမကြီးက ကုန်းလိုဖြစ်နေတော့ ကားလမ်းပဲပေါ်တော့တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ မြို့ဦး၊ စျေးကုန်း၊ ကိုးတန်း၊ ကျွန်းတော၊ ဖိုးချစ်ကုန်း၊ ဘူတာဇွပ်နဲ့ နောင်ကိုင်တော စတဲ့ ရပ်ကွက်နေရာတွေမှာ ရေကြီးရေလျှံဖြစ်နေပြီး ပြည်သူတွေက သွားလို့မရဘဲ နေအိမ်အတွင်းမှာပဲ ရေဘေးအန္တရာယ်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ မိုးကောင်းမြို့မှာ ဒီကနေ့ အစောပိုင်းမှ ရေစိုးရိမ်အမှတ်ကျော်လွန်ပြီး မြင့်တက်လာသလို နောက်ထပ် ရေစိုးရိမ်အမှတ်ထက် ၄ ပေဝန်းကျင်အထိ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒက ခန့်မှန်းထားတာကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေက ဒေသခံပြည်သူတွေကို ယာယီရွှေ့ပြောင်းနေထိုင်ကြဖို့ လိုက်လံပြောဆိုနေတယ်လို့လည်း သိရပါတယ်။ အခုလို မိုးကောင်းမြို့တစ်ခုလုံး ရေကြီးရေလျှံဖြစ်ပြီး ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ဒေသခံပြည်သူတွေကို အဓိကအနေနဲ့ သောက်ရေသန့်နဲ့ အစားအသောက်တွေ ကူညီပေးဖို့ လိုအပ်နေတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “ပြည်သူတွေက လောလောဆယ်က တစ်ချို့နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့တော့သိရတယ်။ အများပိုင်းက နှစ်တိုင်းလိုလိုရွှေ့ပြောင်းတာမျိုးတော့ မရှိဘူး။ အားလုံးက မိမိအိမ်မှာပဲ ကြီးရင်လည်း ကြီးသလို ရှိတယ်။ ပြီးရင် ရွှေ့ပြောင်းမယ့် နေရာလည်းမရှိဘူးလေ။ ဒါကြောင့် ပြည်သူတွေအတွက် လိုအပ်တာက သောက်ရေသန့်နဲ့ အစားအသောက်တွေက ကူညီပေးဖို့ လိုအပ်နေပါတယ်”လို့ပြောပါတယ်။ မိုးကောင်းဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ရေက ဆက်လက်မြင့်တက်နေသေးတာကြောင့် လက်ရှိအချိန်ထက် ပိုမိုကြီးလာနိုင်သလို ချောင်ရေကြီးတဲ့ အထက်ပိုင်းတွေမှာ မိုးတိတ်သွားပါက နေ့ချင်းတွင်းမှာပဲ ရေပြန်ကျသွားနိုင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ၄ ပေအထိ မြင့်တက်ခဲ့တာကြောင့် မိုးကောင်းမြို့တစ်ခုလုံး အကြီးမားဆုံး ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ယခုနှစ်မှာလည်း စိုးရိမ်အမှတ် ၄ ပေအထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ကြီးမားတဲ့ ရေဘေးအန္တရာယ်ကြုံတွေ့ရမှာကို မိုးကောင်းပြည်သူတွေက စိုးရိမ်နေကြပါတယ်။ မိုးကောင်းမြို့ဟာ မြေနိမ့်ရာဒေသတစ်ခုဖြစ်တဲ့အပြင် ချောင်းရေ ၃ နေရာဆုံတဲ့ ရေလမ်းကြောင်းမှာ တည်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့် နှစ်စဉ် ရေဘေးန္တရာယ်ကို ၃ ကြိမ်အထက် မိုးကုန်တဲ့အထိ ကြုံတွေ့နေရမြဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ နှစ်စဉ် ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတဲ့ အဓိကအကြောင်းအရင်းမှာ တနိုင်းဘက်ကနေ စီးဆင်းလာတဲ့ မိုးကောင်းချောင်း၊ မိုးညှင်းဘက်ကနေ စီးဆင်းလာတဲ့ နန့်ရင်းချောင်း၊ အင်းတော်ဘက်ကနေ စီးဆင်းလာတဲ့ လိုင်နောင်ချောင်း စတဲ့ ချောင်းရေ ၃ ခုက ဆုံစည်းတဲ့ နေရာဖြစ်တာကြောင့်လည်း မိုးကောင်းမြို့ဟာ ကချင်ပြည်နယ်ထဲက ရေဘေးအန္တရာယ်ကို နှစ်စဉ် ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button