မိုးကောင်း

  • Jul- 2024 -
    2 July
    သတင်း

    မိုးကောင်းမှာ လျှပ်စစ်မီးပျက်တာ ၄ ရက်ရှိပြီ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက လျှပ်စစ်မီးပျက်သွားပြီး မီးပျက် နေတာ ၄ ရက်ရှိသွားပြီလို့ဒေသခံတွေကပြောပါတယ်။ မိုးကောင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းရာကနေ မိုးကောင်းမြို့ကို မီးပေးနေတဲ့ရေအားလျှပ်စစ်က သဲနုံးပိတ်ဆို့သွားတာကြောင့် မီးမပေးနိုင်တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ကျနော်တို့ဆီမှာ လက်ရှိမီးပျက်တာ…

    Read More »
  • Jun- 2024 -
    17 June
    သတင်း

    မိုးကောင်းမှာ စက်သုံးဆီပြတ်လပ်လာလို့ဆီအကန့်အသတ်နဲ့သာရောင်းချနေ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စက်သုံးဆီတွေပြတ်လပ်လာလို့ဆိုကာ ဆိုင်တစ်ချို့ပိတ်ထားပြီး ဖွင့်တဲ့ဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့သာရောင်းချနေတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ ဇွန်လ ၁၆ ရက်နေ့ မနေ့ကစပြီးတော့ စက်သုံးဆီဆိုင်တွေအတော်များများပိတ်သွားတာဖြစ်ပြီး ဖွင့်တဲ့ ဆီဆိုင်တွေကလည်း ပါဆယ်မရောင်းချတော့ပဲအကန့်အသတ်တွေနဲ့သာဝယ်ယူနေရတယ်လို့ မိုးကောင်းမြို့ က ဒေသခံတစ်ယောက်ကပြောပါတယ်။ “မိုးကောင်းတစ်မြို့လုံးမှာ ဆိုင်က…

    Read More »
  • 14 June
    သတင်း

    မိုးကောင်းမြို့မှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်နေပြီး VPN ထည့်ထားသူတွေကို ဒဏ်ကြေးပေးဆောင်ခိုင်းနေ

    မိုးကောင်းမြို့အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN အက်ပလီကေးရှင်းထည့်ထားတဲ့သူတွကို ငွေကျပ် ၂ သိန်းတောင်းနေတယ်လို့  မိုးကောင်းမြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မိုးကောင်းမြို့အထွက်မှာရှိတဲ့ မိုးကောင်းတံတားမှာ စစ်ဆေးတင်းကြပ်တာတွေပုံမှန်လုပ်နေရာကနေ ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖုန်းထဲမှာ VPN ရှိ မရှိကို အဓိကစစ်ဆေးနေတယ်လို့ မိုးကောင်းမြို့ခံတစ်ဦးက ခုလိုပြောပါတယ်။ “မိုးကောင်းမြို့အထွက်လို့ပြောရမှာပေါ့ အာ့မှာအဓိကတော့ VPN စစ်တယ် VPN ထည့်ထားတဲ့သူဆိုရင် ဖျက်ခိုင်းပြီး တစ်ယောက်ကို ၂ သိန်းတောင်းတယ်”လို့ ဖုန်းစစ်ဆေးခံခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ခုလို VPN ကို အဓိကထားစစ်ဆေးနေတာဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘုတ်တွေကို မသုံးစေချင်တဲ့အတွက်ဖြစ်ပြီး သတင်းအမှောင်ချချင်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ မိုးကောင်းမြို့အထွက် ၂ မိုင်ဂိတ်မှာလည်း ပြည်သူ့စစ်အဖွဲ့တွေက လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေလုပ်နေတဲ့အပြင် အခွန်အခတွေကောက်ခံနေတယ်လို့လည်း သိရပါတယ်။ အလားတူ မြစ်ကြီးနားမြို့မှာလည်း စစ်တပ်က ခုရက်ပိုင်း မြို့တွင်းနေရာတစ်ချို့မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN ကို အဓိကရှာဖွေစစ်ဆေးနေတယ်လို့ မြစ်ကြီးနားဒေသခံတွေကလည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ မေလ ၃၀ ရက်နေ့ကစပြီး စစ်တပ်က VPN အသုံးမပြုဖို့ secure Web Gateway ကို ပိတ်ပင်လိုက်တဲ့အပြင် ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ VPN (Virtual Private Network) လို့ခေါ်တဲ့စနစ်ကို ခွင့်ပြုချက်မပါဘဲ သုံးရင် ထောင်ဒဏ် ၃ နှစ်အထိချလို့ရတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းဖို့ စစ်ကောင်စီက ပြင်ဆင်နေပြီဖြစ်ပါတယ်။ ခေတ်မီ တိုးတက်လာသည့်နှင့်အမျှ လူတွေဟာ နေ့စဉ်သတင်းအချက်အလက်များ သိရှိနိုင်ဖို့နဲ့ပညာရေး၊ ကျန်းမာရေး၊နိုင်ငံရေး၊ဗဟုသုတရှာဖွေရန်အတွက် အင်တာနက်ကို ပိုမိုအသုံးပြုလာကြပြီး DataReportal ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်နီးပါး ၂၃ ဒသမ ၆၅ သန်းဟာ အင်တာနက်သုံးစွဲသူတွေ ဖြစ်ပါတယ်။ အလားတူ သတင်းအချက်အလက်ရယူခွင့် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့တဲ့ ကမ္ဘာ့ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ သတင်းအချက်လက်များကို အင်တာနက်ပေါ်တွင် သတင်းရယူခြင်း သို့မဟုတ် ဖြန့်ဝေခြင်းအား ရည်ရွယ်ချက်ရှိရှိ တားဆီးရန် (သို့မဟုတ်) အနှောင့်အယှက်ပေးတဲ့အစီအမံများဟာ နိုင်ငံတစ်ကာ လူ့အခွင့်အရေးချိုးဖောက်စေတာကြောင့် ခြွင်းချက်မရှိ ပြစ်တင်ရူတ်ချသည်သာမက နိုင်ငံအားလုံးကို ယင်းကဲ့သို့သော အစီအမံများကို ရှောင်ကြဉ်ကြရန်နဲ့ ရပ်တန့်ကြရန် တိုက်တွန်းထားပါတယ်။ By – CJ

    Read More »
  • Apr- 2024 -
    25 April
    သတင်း

    မိုးညှင်း၊ဟိုပင်၊မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ မောင်းတံဂိတ်လုပ်ပြီးငွေကြေးကောက်ခံနေ

    ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနကဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ အရပ်ဝတ် ဝတ်ထားတဲ့လူတစ်ချို့နဲ့အတူ SNA တပ်ဖွဲ့ဝင်တွေဂိတ်ထိုင်ပြီး ငွေကြေးကောက်ခံနေတဲ့အပြင် ဂိတ်အနီးနေရာယူ စစ်ဆေးပေးတာတွေလုပ်နေတယ်လို့ ဟိုပင်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဟိုပင်မှာဆို ၄ နေရာတောင်ရှိတယ်၊ အဲ့ဒီဂိတ်တွေမှာ လူငှားပြီး စောင့်ခိုင်းတယ်၊ တစ်ရက်ကိုတစ်သောင်းရတယ်လို့…

    Read More »
  • 10 April
    စစ်ရေး

    ငွေကြေးတောင်းခံတဲ့ဂိတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ မိုးကောင်း PDF ပြော

    မိုးကောင်းမြို့နယ် မြို့ဝင်၊ မြို့အထွက်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဝါးတားဂိတ်လုပ်ပြီး ငွေကြေးကောက်ခံနေတဲ့ဂိတ်နေရာတွေကိုအဓိကပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဒီကနေ့ပဲ Mogaung KPDF အဖွဲ့က KNG ကိုပြောပါတယ်။ ဒါကြောင့် ဝါးတားဂိတ်နဲ့ နီးကပ်ကြတဲ့ ပြည်သူတွေအတတ်နိုင်ဆုံး ရှောင်ပြီးနေကြဖို့ မိုးကောင်းမြို့ပြပျောက်ကြားတပ်ဖွဲ့က ပြီးခဲ့တဲ့…

    Read More »
  • 1 April
    ဖမ်းဆီးခံရမှု

    ဆားမှော်ရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့များ အရပ်သားတွေကို လိုက်လံဖမ်းဆီးနေ

    မိုး‌ကောင်းမြို့နယ် ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်း‌ဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို လိုက်လံဖမ်းဆီးနေပြီး ၆  ဦးထက်မနည်းဖမ်းဆီးခံသွားရပြီဖြစ်တယ်လို့ ဆားမှော်ဒေသခံတွေက ပြောပါတယ်။ မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ဟာ မြို့မရပ်ကွက်…

    Read More »
  • Mar- 2024 -
    6 March
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    မိုးကောင်းမှာ ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတချို့နဲ့ ဒေသခံတချို့က ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေပြီး ဒေသခံတွေကလည်း အုပ်ချုပ်ရေးမူးတွေဆီ တိုင်ကြားပေမဲ့ အရေးယူဆောင်ရွက်တာတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။  မိုးကောင်းမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ နန့်ရင်းရပ်ကွက်က မူလတန်းကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းမြေကိုဖို့ပေးမယ်လို့ဆိုကာ ည ၁၂ နာရီဝန်းကျင်လောက်ဆိုကျောက်စိမ်းတူးတာမျိုးတွေ ရှိတယ်လို့…

    Read More »
  • Feb- 2024 -
    29 February
    ဖမ်းဆီးခံရမှု

    မိုးညှင်းနဲ့ မိုးကောင်းဒေသ စစ်တပ်နဲ့ SNA တပ်က ဖမ်းဆီးမှုပိုမိုလုပ်ဆောင်လာ

    မိုးညှင်းနဲ့ မိုးကောင်း မြို့နယ်အတွင်းရှိကြတဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်တွေက ခရီးသွားပြည်သူတွေကို သွားလာရေးခက်ခဲအောင်လုပ်ဆောင်နေပြီး ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ မိုးညှင်း၊ ဟိုပင်၊ နမ္မန၊ မင်းကုန်း၊…

    Read More »
  • 27 February
    သတင်း

    မိုးကောင်း ၈ မိုင်ရွာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ၈ မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး လူနေအိမ်တွေပါ ဝင်ရောက်စစ်ဆေးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းကနေ မိုးကောင်းမြို့နဲ့ ၅ မိုင်အကွာရှိတဲ့…

    Read More »
  • 22 February
    သတင်း

    စစ်ကောင်စီတပ်တွေ ခရီးသည်တစ်ယောက်ရဲ့ ငွေကျပ် ‌၁၈ သိန်းနိုက်ယူသွားတယ်လို့ဆို

    မိုးကောင်းမြို့နယ် နန့်ခွင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၁ ရက် မနေ့က ခရီးသွားပြည်သူတွေကို တားမြစ်စစ်ဆေးချိန်မှာ စစ်ကောင်စီတပ်တွေက ခရီးသည်တစ်ယောက်ရဲ့  ငွေကျပ် ၁၈ သိန်းကို နိုက်ယူသွားတယ်လို့ သိရပါတယ်။ ငွေနိုက်ယူခံလိုက်ရတဲ့ ခရီးသည်ဟာ မြစ်ကြီးနားမြို့ကနေ ဟိုပင်ဘက်ကို အသင်းတော်လုပ်ငန်းနဲ့…

    Read More »
Back to top button