မိုးမောက်

  • Jul- 2024 -
    24 July
    သတင်း

    မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ် တိုက်ပွဲပြန်စတင်

    တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ ဗန်းမော်ခရိုင် မိုးမောက် ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ကစပြီး ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ မှာ  တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့အကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က KNG သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ “ဗန်းမော်၊ မိုးမောက်ဘက်မှာက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း စစ်တပ်က လေယာဉ်နဲ့ လာပစ်တာတွေ၊ ထိတွေ့တိုက်ပွဲတွေက ပုံမှန်ရှိနေပါတယ်။ ဒီကနေ့ကပြီး မိုးမောက် ၄၃၇ ရှိတဲ့ ဘက်ကို တိုက်ပွဲတွေ ပြန်ဖြစ်နေပြီလို့ သတင်းရပါတယ်။ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတော့ ခြေအနေ သေးစိတ်ကို သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ခဲ့တာဖြစ်ပေမယ့် အပြီးသတ် သိမ်းဆည်းနိုင်ခြင်းမရှိသေးဘဲ တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်နေရာကနေ တဖန်ထိုးစစ်ဆင် တိုက်ခိုက်လာ နေတာဖြစ်ပါတယ်။ တိုက်ပွဲပြန်လည်ဖြစ်နေပေမယ့် ကချင်တစ်ပြည်နယ်လုံးအဆင့် ဖုန်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် တိုက်ပွဲအခြေအနေအသေးစိတ်ကို သိရဖို့ ခက်ခဲနေသေးတာလည်း ဖြစ်ပါတယ်။ ကချင်တစ်ပြည်နယ်လုံး ဖုန်းအင်တာနက်လိုင်း ပြတ်တောက်နေတဲ့အချိန် တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာကြောင့် တိုက်ပွဲနေရာနဲ့ နီးတဲ့ ပြည်သူတွေအနေနဲ့ သတိထားပြင်ဆင်နေကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြီး သတိပေးထားပါတယ်။ “တိုက်ပွဲက ဘယ်လောက်ထိ ပြင်းထန်လာမယ်ဆိုတာတော့ သေချာတော့ မသိရဘူး ပြောလို့လဲမရဘူး ။ ကချင်ပြည်နယ်ထဲမှာ ဖုန်းအင်တာနက်အားလုံးပိတ်သွားတယ်။ စစ်ရေး နဲ့ တိုက်ပွဲသတင်းတွေ နားစွင့်ဖို့ ခက်ခဲနေတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်မှာ ပစ်ခတ်သံတွေ၊ စစ်ရေးလှုပ်ရှားတာတွေရှိရင် သတိထားနေထိုင်ဖို့ ပြောချင်ပါတယ်။ ပြီးရင် ခရီးသွားလာတာတွေလည်း သတိထားစေချင်တယ်”လို့ပြောပါတယ်။ အခုလို မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲတဖန်ပြန်လည်ဖြစ်လာတာကြောင့် KIO ထိန်းချုပ်နယ်မြေနဲ့ ထိစပ်တဲ့ လွယ်ဂျယ်၊ မိုင်ဂျာယန် စတဲ့ မြို့နေရာ ဒေသခံပြည်သူတွေကိုလည်း စစ်တပ်က အချိန်မရွေးလေကြောင်းတိုက်ခိုက်တာတွေ ရှိလာနိုင်တဲ့အတွက် လေကြောင်းရန် သတိထားပြီး နေထိုင်ကြဖို့ ပြောဆိုထားတယ်လို့လည်း လွယ်ဂျယ်ဒေသခံတွေ ပြောပါတယ်။…

    Read More »
  • 18 July
    သတင်း

    တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်

    ဗန်းမော်မြို့ကနေ စစ်တင့်ကား ၅ စီးခန့် နဲ့  မိုးမောက်မြို့နယ်ဘက်ကို တက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းခုလပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅…

    Read More »
  • 16 July
    သတင်း

    ဗန်းမော်မြို့ ကနေ တင့်ကား ၅ စီးခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA တိုက်ခိုက်

    မိုးမောက်မြို့ဘက်ကို စစ်တင့်ကားတွေနဲ့ ထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား ဂျယ်အိန် (Je Ing ) ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ တင့်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ရက်မြောက်ရှိပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကို…

    Read More »
  • Jun- 2024 -
    25 June
    သတင်း

    မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ နေရာမှာတိုက်ပွဲဖြစ်ပွား

    ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ် ၂ နေရာမှာ ဇွန်လ ၂၅ ရက်နေ့ ဒီနေ့ တစ်ရက်ထဲမှာပဲ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကနေ…

    Read More »
  • 17 June
    သတင်း

    ကောင်ဂျာယန်မှာ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးပျက်စီးနေပြီး စစ်ယာဉ်တန်းထွက်ခွာလို့မရဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရ

    နှစ်လဝန်းကျင်လောက်အထိ တိုက်ပွဲဒေသဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို ဇွန်လ ၁၃ ရက်နေ့ ဗန်းမော်ဘက်ကနေ တင့်ကား ၂ စီးနဲ့တက်လာတဲ့ စစ်ကြောင်းကို KIA တပ်တွေက အထက်ကို ကျော်တက်သွားလို့မရအောင် ကောင်ဂျာယန်ကျေးရွာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    Read More »
  • May- 2024 -
    27 May
    သတင်း

    မံစီ ခမရ ၃၁၉၊ ခမရ ၆၀၁ တပ်ရင်း ၂ ခုနဲ့  မိုးမောက် ခမရ ၄၃၇ တပ်ရင်းတွေကို KIA သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီ မြို့  ၂ ခုမှာရှိတဲ့ မြို့တွင်းတပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ခြင်းမရှိသေးတာကြောင့် ရက်ပေါင်း ၂၀ ကြာမြင့်လာပေမယ့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ မေလ ၇ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့…

    Read More »
  • 20 May
    သတင်း

    တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမှာ လူနေအိမ် ၂၅၀ ဝန်းကျင်မီးလောင်ပျက်စီး

    တိုက်ပွဲအခြေအနေကြောင့် ဒေသခံအားလုံးနီးပါး တောတောင်ထဲ၊  ကျေးရွာတွေဆီ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဒုက္ခကြုံနေသူများစွာရှိတယ်လို့ သိရပါတယ်။ 

    Read More »
  • 15 May
    သတင်း

    တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ မိုးမောက်နဲ့ မံစီမြို့မှာ စစ်တပ်က လေကြောင်းနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေအိမ်အများအပြားထိခိုက်ပျက်စီး

    ဆယ်ရက်ခန့်အကြာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့  ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ စစ်တပ်ကအဆက်မပြတ် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးနေပြီး တိုက်ပွဲလည်းဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမြို့တွေမှာ ဒီရက်ပိုင်းအတွင်း စစ်တပ်က Y -12 ဂျက်လေယာဉ်အမျိုးအစား ၂ စီးနဲ့ တစ်ရက်မှာ ၉ ကြိမ်ထက်မနည်း  ဗုံးကြဲတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့အထိ မြို့တွင်းရပ်ကွက်တွေမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်က ရှင်းလင်းလိုက်နိုင်ပေမယ့် မြို့တွင်းတပ်ရင်းဖြစ်တဲ့ ခမရ ၄၃၇ တပ်စခန်းကို KIA က ထပ်မံပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်တာကြောင့် မေလ ၁၅ ရက်နေ့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအဖြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီကနေ့အထိ မြို့တစ်ခုလုံးကို သိမ်းဆည်းနိုင်တာမရှိသေးဘူး။ တိုက်ပွဲကဆက်ဖြစ်နေတုန်း မနေ့ကတော့ ခဏနားတယ်။ မြို့နေရာတွေကိုတော့ KIA သိမ်းထားနိုင်ပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် တပ်စခန်းတွေကျန်နေသေးတယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်ကနေ မိုးမောက်မြို့လက်မလွတ်ရေးအတွက် နေ့စဉ်အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် KIA က စစ်တပ်စခန်းအပါ မြို့တစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်နိုင်ဖို့အတွက်ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ မိုးမောက်မြို့ပေါ်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မိုးမောက်မြို့ပေါ် စျေးရပ်ကွက် ကားလမ်းမတစ်လျှောက် လူနေအိမ်အများအပြား မီးလောင်ပျက်စီးတာတွေ နေ့တိုင်းရှိနေတယ်လို့ မိုးမောက်ဒေသခံအမျိုးသမီးတစ်ယောက်က အခုလို ပြောဆိုပါတယ်။ “မိုးမောက်မြို့က ရွာတန်းရှည်လိုရှိနေတာ ဗန်းမော် – မြစ်ကြီးနား ကားလမ်းမကြီး ဟိုဘက် ဒီဘက် မှာရှိတဲ့ နေအိမ်တွေက အရမ်းပျက်စီးသွားပြီလို့သိရတယ်။ စျေးရှိတဲ့ စားသောက်ဆိုင် တဝိုက်တွေမှာ မီးလောင်ပျက်စီးသွားတာပိုများတယ်။ ပြီးရင် လွယ်ဂျယ်သွားလမ်း ကျောက်တိုင်ရှိတဲ့ တစ်ကြောဖက်မှာလည်း အိမ်တွေ ဒီတိုင်းလောင်နေတာ။ မိုးမောက်မြို့ဆိုလို့ အဲဒီတစ်ကြောပဲရှိတာ အခုက မြို့တွင်းတစ်ကြောအကုန်လောင်နေတယ်လို့ ပြောလို့ရတယ်”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်က ဒေသခံပြည်သူတွေဟာ မေလ ၇ ရက်နေ့ကတည်းကနေ တစ်မြို့လုံးထွက်ပြေးတိမ်းရှောင်နေကြရသလို တိုက်ပွဲတွင်းလေကြောင်းပစ်ခတ်တာတွေကြောင့် မြို့တွင်းစျေးနေရာ ပတ်ပတ်လည်မှာရှိတဲ့ နေအိမ်တွေကတော့ မီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ဆိုကြပေမယ့် အရေအတွက်အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မံစီနဲ့ မိုးမောက်မြို့တွင်း ပြည်သူပိုင်နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးမှုဟာ တစ်နေ့တစ်ခြားပိုများလာတဲ့အတွက် တစ်ခြားမြို့ မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုထက် ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ မိုးမောက်မြို့တစ်ခုထဲမှာတင် အိမ်ခြေ ၃ ထောင်ဝန်းကျင်အထိရှိပြီး မိုးမောက်ဒေသခံပြည်သူ လူဦးရေ သောင်းချီရှိကြကြီး လူဦးရ တစ်ဝက်လောက်က ပြီးခဲ့တဲ့ မတ်လ လောက်မှာ KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဒေါ့ဖုန်းယန်နဲ့၊ မြို့သစ်၊ ကုန်းလော စတဲ့ ကျေးရွာတွေနဲ့ နီးတဲ့ တောတွင်းနေရာတွေခက်ခက်ခဲခဲ တိမ်းရှောင်နေကြပြီး တစ်ချို့ကတော့ ဗန်းမော်မြို့ပေါ်ဘက်ကို တိမ်ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာသလို တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေက အကူအညီ ရရှိဖို့ ခက်ခဲတာတွေ၊ ဖုန်းအင်တာနက်တွေပြတ်တောက်ထားတာကြောင့် ပြည်သူတွေအချင်းချင်း အဆက်အသွယ်ရဖို့ ခက်ခဲနေတာတွေကြုံတွေနေရတယ်လို့ မိုးမောက်စစ်ရှောင်တွေကပြောပါတယ်။ အလားတူ မိုးမောက်မြို့နဲ့ တစ်ပြိုင်နက် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မရပ်မနား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး KIA ဘက်ကလည်း မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ မံစီမြို့မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေတာကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေ ဖြစ်နေတယ်လို့ သိရပေမယ့် အသေးစိတ်သိရှိဖို့အတွက် ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA မြို့တွင်းနေရာနဲ့ ရဲစခန်းတစ်ချို့နေရာကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့်ကျန်ရှိနေသေးတဲ့ တပ်စခန်းနေရာတွေကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေပေမယ့် စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 14 May
    သတင်း

    မိုးမောက်မှာ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိ

    “ည ၈ နာရီ မိနစ် ၁၇ မိနစ်လောက်မှာဖြစ်သွားတာ။ လေယာဉ်ဗုံးက မြို့သစ်ဆေးရုံရဲ့ အောက်ဖက်မှာ အအေးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ ကျမှန်သွားတယ်။ အိမ်ရှင်ဖြစ်တဲ့ ဦးယော(အောင်နိုင်ဝင်း)လို့လည်းခေါ်တယ်။ ဦးယောက အဲမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ သူ့အမျိုးသမီးနဲ့ ယောက္ခမက ထိခိုက်ဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။

    Read More »
  • 10 May
    သတင်း

    စီအင်ရွာလက်နက်ကြီးကျပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ

    ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၇ ရက်နေ့ကစပြီး မိုးမောက်၊ မံစီ မြို့နယ်တွေမှာ ပြင်းထန်လာတဲ့တိုက်ပွဲကြောင့်  ဒေသခံပြည်သူအများပိုင်း ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့်  တစ်ချို့ အိမ်စောင့်အဖြစ်ကျန်နေခဲ့ကြရာ မေလ ၈ ရက်ညနေ ၉ နာရီဝန်းကျင် စီအင်ရွာဘက် လက်နက်ကြီးအဆက်မပြတ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ်ထိခိုက်ပျက်စီးတာအပြင် သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ကျွန်မတို့ အိမ်လည်းလောင်၊ ဆိုင်တွေလည်း လောင်သွားပြီ၊ ဘာမှမကျန်တော့ဘူး၊ ရွာမှာကျန်ခဲ့တဲ့သူတွေပြောတာ လက်နက်ကြီးတွေ ဒရုန်းတွေက မိုးရွာချသလို ကျတာတဲ့၊ လက်နက်ကြီးထိပြီးတော့ တစ်ယောက်ဆုံးပြီး တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားတယ်”လို့ပြောပါတယ်။ ကျည်ထိမှန်သေဆုံးတဲ့သူကို ရွာမှာသဂြိုလ်ခဲ့ကြပြီး ဒဏ်ရာရရှိခဲ့တဲ့သူကိုတော့ မေလ ၉ ရက်နေ့ မနက် ၆ နာရီခန့်လောက်မှာ သွားခေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မိုးမောက်မြို့တွင်း ဒေသခံပြည်သူအားလုံးနီးပါး ထွက်လာခဲ့ကြပေမဲ့ အသက်ကြီးသူတစ်ချို့နဲ့မသန်စွမ်းတစ်ချို့ ကျန်နေခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။ “အခုထိရွာထဲမှာ ကျန်နေတဲ့သူတွေရှိတယ်၊ အသက်ကြီးပြီး သေမထူးနေမထူးဆိုပြီး နေခဲ့ကြတယ်၊ ခန့်မှန်းခြေ ကျွန်မတို့ရွာအပိုင်းမှာ ဆိုရင် ၆ ယောက်လောက်တော့ရှိမယ်ထင်တယ်”လို့ စီအင်ရွာကနေ ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ ဒ့ါအပြင် မေလ ၈ ရက်နေ့ မှာလည်း စီအင် ၅မိုင် ဂိတ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ညောင်ပင်အောက်မှာရှိနေတဲ့ နွား ၁၀ ကောင်ထက်မနည်း သေဆုံးသွားတဲ့အပြင် စီဟဲကျေးရွာမှာလည်း လက်နက်ကြီးကျရောာက်ပေါက်ကွဲတာရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ မေလ ၇ ရက်နေ့ မြို့သစ်ဆေးရုံ၊ မံစီ ဆေးရုံတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သူနာပြုဆရာမတစ်ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က မြို့တွင်းရပ်ကွက်ထဲနေရာယူတပ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၈ ရက်နေ့ကတည်းက ရှင်းလင်းလိုက်နိုင်ခဲ့ပြီး လက်ရှိမှာ မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ By – Bu Bu

    Read More »
Back to top button