လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မိုးမောက်မှာ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိ

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာမှာ စစ်တပ်က ဂျက်လေယာဉ်တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  အရပ်သားပြည်သူ  ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပွဲချင်းပြီး သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၃ ရက်နေ့   နာရီလောက်မှာ မြစ်ကြီးနားဘက်ကနေတက်လာတဲ့ ဂျက်လေယာဉ်တစ်စီးက မြို့သစ်ကျေးရွာအလယ်တည့်တည့်မှာ ဗုံးကြဲသွားတာဖြစ်ပြီး လေယာဉ်ဗုံးက ပြည်သူ့ဆေးရုံအနီး အအေးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာထိမှန်ခဲ့တာကြောင့် နေအိမ်တစ်စစီပျက်စီးသွားတဲ့အပြင် အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မြို့သစ်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။

  နာရီ မိနစ် ၁၇ မိနစ်လောက်မှာဖြစ်သွားတာ။ လေယာဉ်ဗုံးက မြို့သစ်ဆေးရုံရဲ့ အောက်ဖက်မှာ အအေးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ ကျမှန်သွားတယ်။ အိမ်ရှင်ဖြစ်တဲ့ ဦးယော(အောင်နိုင်ဝင်း)လို့လည်းခေါ်တယ်။ ဦးယောက အဲမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ သူ့အမျိုးသမီးနဲ့ ယောက္ခမက ထိခိုက်ဒဏ်ရာရသွားတယ်လို့ပြောပါတယ်။

စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူဟာ အသက် ၄၀ ကျော်ရှိ ဦးယော(အောင်နိုင်ဝင်းဆိုသူဖြစ်ပြီး နေအိမ်လည်း တစ်စစီ မီးလောင်ပျက်စီးသွားတဲ့အပြင် အမျိုးသမီးဖြစ်သူ ဒေါ် ချယ်ရီဖြိုး နဲ့ ယောက္ခမဖြစ်သူ ဒေါ်သောင်းတင်က ပြင်းထန်ဒဏ်ရာရရှိထားတာကြောင့် KIO ထိန်းချုပ်နယ်မြေမှာ ဆေးကုသခံယူနေရတယ်လို့ သိရပါတယ်။

မြို့သစ်ကျေးရွာမှာ တိုက်ပွဲငြိမ်သက်သွားတာ  လကျော်လောက်ကြာမြင့်သွားပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကနေ မြို့သစ်ကျေးရွာအပါအဝင် တစ်ဆက်တည်းရှိကြတဲ့ ကုန်းလော၊ နွမ်လန့် နဲ့ စီဟတ် စတဲ့ ကျေးရွာတွေမှာ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကစတင်ပြီး KIO လိုင်ဇာအနီးတဝိုက်နဲ့ ဒေါ့ဖုန်းယန်တစ်ကြော မိုးမောက်မြို့အထိ စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို KIA တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အဲဒီဒေသတွေမှာ တိုက်ပွဲငြိမ်သက်သွားတာ  ကျော်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

အခုလို စစ်တပ်က တပ်စခန်းတွေကို လက်လွတ်လိုက်ရတဲ့အတွက် လက်ရှိမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေသေးတာကြောင့် ဒေါ့ဖုန်းယန်နဲ့ မိုးမောက်မြို့နယ်ကြားမှာရှိတဲ့ မြို့သစ်၊ ကုန်လော၊ နွမ်လန့်၊ နောင်ကွန်နဲ့ စီဟတ် ကျေးရွာတွေက အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးတာတွေ ဖြစ်ပွားနေတယ်လို့ မြို့သစ်ဒေသခံက ဆက်ပြောပါတယ်။

“KIA က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲလိုက်တဲ့ နောက်ပိုင်းက စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်။ အခု တိုက်ပွဲတွေငြိမ်သွားပေမယ့် လေကြောင်းနဲ့ တိုက်ခိုက်တာတွေက ပုံမှန်ရှိနေသေးတယ်။ ရွာတိုင်းမှာ နေအိမ်ပျက်စီးတာ တစ်ရာကျော်မကတော့ဘူးလို့ပြောပါတယ်။

မေလ ၁၃ ရက်နေ့ မနေ့ည ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာမှာ လွန်ခဲ့တဲ့ မေလ  ရက်နေ့မှာလည်း ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် တိုက်နယ်ဆေးရုံတစ်ခုလုံး တစ်စီပျက်စီးသွားပြီး  ဒီတစ်ကြိမ်တိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

တစ်ဖက်မှာ KIA တပ်တွေက ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကနေစတင်ပြီး  လဝန်းကျင်အထိ ဒေါ့ဖုန်းယန်နဲ့ မိုးမောက်မြို့နယ် အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအကြီးအငယ် ၄၀ ကျော်လောက်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးတော့ လက်ရှိမှာ မြို့တည်နေရာဖြစ်တဲ့ မံစီနဲ့ မိုးမောက်မြို့တွေကိုပါ သိမ်းပိုက်ဖို့ တိုက်ပွဲပြင်းနေဆဲလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button