သတင်း

စီအင်ရွာလက်နက်ကြီးကျပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ

ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ  ရက်နေ့ကစပြီး မိုးမောက်၊ မံစီ မြို့နယ်တွေမှာ ပြင်းထန်လာတဲ့တိုက်ပွဲကြောင့်  ဒေသခံပြည်သူအများပိုင်း ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့်  တစ်ချို့ အိမ်စောင့်အဖြစ်ကျန်နေခဲ့ကြရာ မေလ  ရက်ညနေ  နာရီဝန်းကျင် စီအင်ရွာဘက် လက်နက်ကြီးအဆက်မပြတ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ်ထိခိုက်ပျက်စီးတာအပြင် သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ကျွန်မတို့ အိမ်လည်းလောင်၊ ဆိုင်တွေလည်း လောင်သွားပြီ၊ ဘာမှမကျန်တော့ဘူး၊ ရွာမှာကျန်ခဲ့တဲ့သူတွေပြောတာ လက်နက်ကြီးတွေ ဒရုန်းတွေက မိုးရွာချသလို ကျတာတဲ့၊ လက်နက်ကြီးထိပြီးတော့ တစ်ယောက်ဆုံးပြီး တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားတယ်လို့ပြောပါတယ်။

ကျည်ထိမှန်သေဆုံးတဲ့သူကို ရွာမှာသဂြိုလ်ခဲ့ကြပြီး ဒဏ်ရာရရှိခဲ့တဲ့သူကိုတော့ မေလ  ရက်နေ့ မနက်  နာရီခန့်လောက်မှာ သွားခေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မိုးမောက်မြို့တွင်း ဒေသခံပြည်သူအားလုံးနီးပါး ထွက်လာခဲ့ကြပေမဲ့ အသက်ကြီးသူတစ်ချို့နဲ့မသန်စွမ်းတစ်ချို့ ကျန်နေခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

အခုထိရွာထဲမှာ ကျန်နေတဲ့သူတွေရှိတယ်၊ အသက်ကြီးပြီး သေမထူးနေမထူးဆိုပြီး နေခဲ့ကြတယ်၊ ခန့်မှန်းခြေ ကျွန်မတို့ရွာအပိုင်းမှာ ဆိုရင် ၆ ယောက်လောက်တော့ရှိမယ်ထင်တယ်လို့ စီအင်ရွာကနေ ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

ဒ့ါအပြင် မေလ  ရက်နေ့ မှာလည်း စီအင် ၅မိုင် ဂိတ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ညောင်ပင်အောက်မှာရှိနေတဲ့ နွား ၁၀ ကောင်ထက်မနည်း သေဆုံးသွားတဲ့အပြင် စီဟဲကျေးရွာမှာလည်း လက်နက်ကြီးကျရောာက်ပေါက်ကွဲတာရှိတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မေလ  ရက်နေ့ မြို့သစ်ဆေးရုံ၊ မံစီ ဆေးရုံတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သူနာပြုဆရာမတစ်ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

မိုးမောက်မြို့တွင်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က မြို့တွင်းရပ်ကွက်ထဲနေရာယူတပ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ  ရက်နေ့ကတည်းက ရှင်းလင်းလိုက်နိုင်ခဲ့ပြီး လက်ရှိမှာ မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button