မော်လူး
-
Jul- 2026 -17 Julyလူ့အခွင့်အရေးချိုးဖောက်မှု
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲတွင်းအရပ်သား ၇ ဦး သေဆုံး
မန္တလေး– မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနဲ့ အင်းတော်–ကသာလမ်းပိုင်းတိုက်ပွဲအတွင်း ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က နဘားရွာက ဇနီးမောင်နှံနှစ်ဦး…
Read More » -
Jun- 2026 -18 Juneသတင်း
မန္တလေး–မြစ်ကြီးနားလမ်းပိုင်း လုံခြုံရေးစိုးရိမ်မှုများရှိနေဆဲ
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးပေါ်မှာ ယာဉ်သွားလာမှုပြန်လည်ရှိလာပြီဖြစ်ပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ လမ်းပိုင်းကို အသုံးပြုနေတဲ့ ယာဉ်မောင်းတွေက KNG ကို ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် အဲ့ဒီလမ်းပိုင်းဟာ မကြာခဏ ပိတ်ဆို့ခဲ့ရသလို ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ် ရာနဲ့ချီပြီး လမ်းကြောင်းပေါ်မှာ ပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာပါ။ လမ်းကြောင်းပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်ရှိလာပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ “အခုက လုံခြုံမှုခံစားရပြီလားဆိုရင်တော့ အဲ့လိုပြောဖို့တော့ စောပါသေးတယ်။ အဲ့လိုကြီးလည်း မဟုတ်သေးဘူး။ ပုံမှန်လိုပဲ ကျနော်တို့ သွားနေတဲ့အတိုင်းပေါ့။ လုံခြုံမှုရှိလားဆိုရင်တော့ လောလောဆယ်တော့ အရမ်းကြီး မခံစားရသေးဘူး။ စိုးရိမ်မှုတွေတော့ ရှိသေးတာပေါ့”လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်ဘက်က ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဘက်တွေမှာ တပ်အင်အားတွေ ဆက်လက်ချထားသလို အဓိကလမ်းဆုံတွေ၊ တံတားတွေနဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာတွေမှာလည်း လုံခြုံရေးယူထားဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းကြောင်းကို ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်ပေမယ့် စစ်တပ်ရဲ့ စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေ လမ်းကြောင်းပေါ်မှာ ဆက်လက် သွားလာနေသေးတာကြောင့် အရပ်သားယာဉ်တွေကလည်း ပုံမှန်ထက် နှေးကွေးစွာသွားလာ နေရတယ်လို့ သိရပါတယ်။ “အခုက စစ်တပ်ယာဉ်တန်းက ပြန်လာတယ်။ မိုးညှင်း မော်ဟဲရွာကနေ မန္တလေးဘက်ကို ပြန်လာတာ။ မနေ့ကပဲ ကားသမား တစ်ယောက်က လှမ်းပြောတယ်။ ယာဉ်တန်းတွေဆင်းသွားနေတယ်၊ ဂရုစိုက်ကြပါပေါ့။ ဒီနေ့တောင် စဉ့်ကူး လက်ပံလှကို ရောက်နေပြီ”လို့ သူက ဆက်ပြောပါတယ်။ မန္တလေး–မြစ်ကြီးနား လမ်းမကြီးဟာ ကချင်ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီ အများစုကို အဓိက သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် လနဲ့ချီပြီး သွားလာရေးခက်ခဲခဲ့တဲ့ အဲ့ဒီလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ဖို့ စစ်ကောင်စီဘက်ကတော့ ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဒေသတွေမှာ စစ်အင်အားတိုးချထားတာ၊ ထောက်ပို့ယာဉ်တန်းတွေ စေလွှတ်တာနဲ့ လမ်းကြောင်း တစ်လျှောက် လုံခြုံရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ယာဉ်မောင်းတွေကြားမှာတော့ အခု မန္တလေးဘက်ကို ပြန်ဆင်းလာနေတဲ့ ယာဉ်တန်းတွေဟာ ကချင်ဒေသတွေနဲ့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက် လိုအပ်တဲ့ ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီးနောက် ပြန်လာတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ “အဲ့ဒီ တက်သွားတဲ့ ယာဉ်တန်းက ပြန်လာတာလားတော့ မသိဘူး။ နေရာချစရာတွေ ချပြီးတော့ ပြန်လာတာ ထင်ပါတယ်။ အဓိကကတော့ သူတို့က ရုံးတွေပြန်ဖွင့်ဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့၊ ဝန်ထမ်းတွေသွားပို့ဖို့၊ ကျောင်းဖွင့်တာဆိုရင် စာအုပ်တွေ စာရွက်စာတမ်းတွေ သယ်တာပေါ့။ အဲ့လိုလုပ်နေတာလို့ ကျနော်တို့ ကြားပါတယ်”လို့ နောက်ထပ် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် အဆိုပါ ယာဉ်တန်းတွေရဲ့ တိကျတဲ့တာဝန်နဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကိုတော့ KNG အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်းတော့မရှိသေးပါဘူး။ ဒါကြောင့် လမ်းကြောင်းပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်လည်ရှိလာပေမယ့်လည်း နှစ်ဖက်စစ်ရေးတင်းမာမှုတွေကတော့ လုံးဝ လျော့ကျသွားတာမျိုး မရှိသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့ရာ လက်ရှိအချိန်အထိ အနည်းဆုံး ၃ ကြိမ်ခန့် ဖြတ်သန်းသွားလာနိုင်ခဲ့တယ်လို့ လမ်းကြောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ By – အမိုး
Read More » -
May- 2026 -28 Mayဆောင်းပါး
စစ်ကိုင်း–ကချင်အစပ်မှာ နယ်မြေစိုးမိုးရေးအတွက် အားပြိုင်နေဆဲ
မိုးဦးဝင်စ စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသရဲ့ ကောင်းကင်မှာ စစ်လေယာဉ်တွေ နေ့တိုင်းဖြတ်ပျံနေပါတယ်။ အဲ့ဒီလေယာဉ်တွေဟာ စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီ လို့ ကြေညာခဲ့တဲ့ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို ဦးတည် ပျံသန်းသွားတာဖြစ်တယ်လို့ ကသာဒေသခံတွေက ဒီစစ်လေယာဥ်တွေ ပျံသန်းသွားwဦးတည်ရာကိုကြည့်ပြီးခန့်မှန်းပါတယ်။ ဒါဟာတစ်ဖက်ကကြည့်ရင် မြို့တွေကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြေပြင်တိုက်ပွဲတွေ အဆုံးသတ်မသွားသေးဘဲ လမ်းပိုင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ရေးဖိအားတွေ ဆက်ရှိနေဆဲဖြစ်ကြောင်း…
Read More » -
28 Mayအင်တာဗျူး
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ဒေသစစ်ရေးဘယ်လိုပြောင်းလဲလာနိုင်မလဲ။
အာဏာသိမ်းစစ်တပ်ဟာ ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်နေတာ ၄ လခန့်ကြာမြင့်လာပြီဲဖြစ်ပါတယ်။
Read More » -
15 Mayသတင်း
မြို့ခံတွေ ပြန်မလာရင် နေအိမ် ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်
အင်းတော် နဲ့ မော်လူးမြို့တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ပြင်ဆင်နေသလို ထွက်ပြေးနေတဲ့ မြို့ခံတွေကိုလည်း ပြန်မလာရင် နေအိမ်ကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။
Read More » -
8 Mayသတင်း
မော်လူးစစ်ကြောင်းဝင်ရောက်ချိန် အရပ်သား ၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို စစ်တပ်ကဝင်ရောက်ထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့ ရက်ပိုင်းအတွင်းအရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါ တယ်။
Read More » -
Apr- 2026 -28 Aprilတိုက်ပွဲ
စစ်ရေးသတင်းကြောင့် အင်းတော်မြို့ခံတစ်ချို့ စစ်ဘေးစတင်တိမ်းရှောင်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ဘက်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေစစ်ကြောင်းထိုးလာပြီဆိုတဲ့သတင်းကြောင့် အင်းတော်မြို့ခံတစ်ချို့စတင်တိမ်းရှောင်နေကြ ရပြီလို့ မြို့ခံတွေကပြောပါတယ်။
Read More » -
Mar- 2026 -12 Marchသတင်း
လေကြောင်းတိုက်ခိုက်ခံရချိန် ရုတ်ရုတ်သဲသဲထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များကြောင်း Indaw Revolution IR အဖွဲ့ သတိပေး
စစ်ကိုင်းနဲ့ကချင်အစပ် မော်လူးမြို့အနီးတဝှိုက်ကို စစ်ကော်မရှင်က မနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ဒေသခံ တွေရုတ်ရုတ်သဲသဲထွက်ပြေးကြတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန် အခုလိုထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များ ကြောင်း Indaw Revolution IR အဖွဲ့ကသတိပေးလိုက်ပါတယ်။ “မော်လူးမြို့ထဲကပြည်သူတွေကတော့ လေယာဥ်ဗုံးချကတည်းကအကုန်ရုတ်ရုတ်သဲသဲ ပြေးကြရတာပေါ့နော်။ တောင်ပြေး လိုက် မြောက်ပြေးလိုက်ပေါ့။…
Read More » -
5 Marchသတင်း
မြစ်ကြီးနား-မန္တလေးလမ်းမရှိ ကျေးရွာတွေမှာ KIA စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများဝေဖန်
ကချင်ပြည်နယ်ရဲ့ဝင်ပေါက် မော်လူးမြို့နဲ့ နဘားရွာကြားက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအပါအဝင် ခရီးသွားကားပေါ် လိုက်ပါလာတဲ့ လူငယ်အမျိုးသား၊အမျိုးသမီးတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများအကြား ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းကစလို့ အခုလိုခရီးသွားတွေနဲ့ မော်လူး–နဘား ဒေသတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေအပါအဝင် အဲ့ဒီလမ်းပိုင်းကို…
Read More » -
Jan- 2026 -2 Januaryသတင်း
မော်လူးမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံး ကျောင်းသူ ၂ ဦးဒဏ်ရာရ
ကချင်ပြည်နယ်နှင့် ကပ်လျှက် မော်လူးမြို့ ပဲခူးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် ၁၂ တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရတယ်လို့ အင်းတော်မြို့နယ်သတင်းတွေကိုဖော်ပြပေးနေတဲ့Indaw Revolution IR အဖွဲ့က ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့ မနက်အစောပိုင်း…
Read More »