မြစ်ကြီးနား
-
Feb- 2025 -6 Februaryသတင်း
ယာယီ ပိတ်ထားတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်း ပြန်ဖွင့်
ကချင်ပြည်နယ် ၊ ပူတာအိုမြို့နယ်ထဲမှာ စစ်ကောက်စီတပ်က လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်ယာယီပိတ်ထားတဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ပြန်ဖွင့်ပြီလို့ သိရပါတယ်။ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ တပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဆွမ်ပရာဘွမ်မြို့နယ်ထဲကို လက်နက်ကြီးတွေ မကြာခန ရမ်းသမ်းပစ်ခတ်နေသလို မြစ်ကြီးနားမြို့အထက်ဘက်…
Read More » -
3 Februaryသတင်း
တန်ဖရဲမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်ခိုင်ဘွမ့်ဘက် ပြန်ထွက်ခွာ
မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အင်ခိုင်ဘွမ့် တောင်တက်လမ်းဘက်ကို စစ်ကြောင်းပြန်လည် ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်အင်အား ၁၀၀ ကျော်ခန့် ပါရှိတဲ့ စစ်ကား ၃ စီး တန်ဖရဲကျေးရွာ…
Read More » -
Jan- 2025 -25 Januaryသတင်း
မြစ်ကြီးနား-မန္တလေး ခရီးသွားမှန်လုံကားတစ်ချို့ တောလမ်းအသုံးပြု ပြေးဆွဲနေ
မြစ်ကြီးနား–မန္တလေး ခရီးသွားမှန်လုံကားတစ်ချို့ တောလမ်းအသုံးပြုပြီး ပုံမှန်ပြေးဆွဲနေတယ်လို့ ကားသမားတွေ ပြောပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လက စလို့ အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းကို ကာကွယ်ရေးတပ် တွေဘက်က ပိတ်ထားခဲ့ပြီးနောက် ကားသေးတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့ကို ရှောင်ပြီး တောလမ်းကနေ ပြေးဆွဲနေခဲ့ကြတာ ဖြစ်ပါတယ်။…
Read More » -
8 Januaryသတင်း
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊အခန်းငှားခ ဈေးအဆမတန်မြင့်တက်
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန် မြင့်တက်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့တွေမှာ စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေထိုင်ကြတဲ့အတွက် ဈေးပိုမြင့်တက်လာတာဖြစ်ဝာယ်လို့ မိုးညှင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။ “မိုးညှင်းမှာ စစ်ကိုင်းဖက်က ပြီးတော့…
Read More » -
7 Januaryသတင်း
စစ်ကောင်စီ လွတ်ငြိမ်းခွင့်မှာ ကချင်ပြည်နယ်က နိုင်ငံရေးအကျဥ်းသား ၄ ဦး ပါဝင်
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇန်နဝါရီလ ၄ ရက်နေ့ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကချင်ပြည်နယ်အတိုင်းအတာနဲ့ နိုင်ငံရေးအကျဥ်းသား ၄ ဦးသာပါဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများ ကွန်ရက် PPNM ထုတ်ပြန်ချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ အကျဥ်းထောင်ကနေ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး နဲ့ မိုးညှင်းအကျဥ်းထောင် က အမျိုးသား ၁ ဦး လွှတ်…
Read More » -
6 Januaryသတင်း
မြစ်ကြီးနား ယာဉ်တိုက်မှုမှာ ဆိုင်ကယ်မောင်းသူ အမျိုးသမီးတစ်ဦး သေဆုံး
မြစ်ကြီးနားမြို့ ကားနဲ့ ဆိုင်ကယ် ယာဉ်တိုက်မှုမှာ အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ဦး ကားကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းက KNG ကို ပြောပါတယ်။ ချီဆောင်ခြင်း လူမှုကယ်ဆယ်ရေးအသင်း ပြောကြားချက်အရ ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှာ မြို့သစ်ကြီး အေဂျီ ဘုရားကျောင်းရှေ့မှာ ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းတဲ့…
Read More » -
6 Januaryသတင်း
မြစ်ကြီးနားမှာ MPT ဖုန်းဆင်းကဒ် သုံးသောင်းခွဲအထိ ဈေးမြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ကျပ်သုံးသောင်းခွဲအထိ ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လစပြီး ကချင်ပြည်နယ်နေရာအနှံ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းဖြတ်တောက်ခံထားရပေမယ့် မြို့တော် မြစ်ကြီးနားမှာတော့ MPT ဖုန်းလိုင်းအများပိုင်းရနေပြီး ဖုန်းဆင်းကဒ်တွေလည်း ဈေးတက်လာတာဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦး အခုလိုပြောပါတယ်။ “ဒီမနက်မှသွားဝယ်တာ…
Read More » -
2 Januaryသတင်း
တိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေး ကားလမ်း ပိတ်ထား
မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်း၊ ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ် နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေလို့ ဖြတ်သန်း သွားလာခွင့်ကို ပိတ်ထားတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် ဒီဇင်ဘာလ ၃၁ ရက်နေ့က စတင်လို့ ကာကွယ်ရေးတပ်တွေဘက်က ပိတ်ထားခဲ့တာဖြစ်ပြီး ခရီးသွား ကားတွေနဲ့…
Read More » -
Dec- 2024 -11 Decemberသတင်း
ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်း လူငယ်တွေခရီးသွားခွင့်ပိတ်ခံရ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကိုခရီးခွင့်မပြုပဲ ပိတ်ပင်နေတယ်လို့ ပူတာအိုဒေသခံဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကစလို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ခရီးသည်ကားနဲ့လိုက်ပါလာတဲ့ လူငယ်တွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း မောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။ “အတက်လည်းမရဘူး။ အဆင်းလည်းမရဘူး လူပျိူလူလွတ်ဆိုရင်ကိုမရတာ မြစ်ကြီးနားကနေတက်လာတဲ့လူဆိုရင် မြစ်ဆုံကနေပြန်ခေါက်ခိုင်းတယ်။ အဲ့ကြောင့်ခုနောက်ပိုင်းလူပျိုလူလွတ်တွေမတင်တော့ဘူး”လို့ အသက် ၄၀ ဝန်းကျင်အရွယ်ကားသမားတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသွားလူငယ်တွေကို မြစ်ဆုံအနီး တန်ဖရဲစစ်ဆေးရေးဂိတ်ကနေပြန်ခေါက်ခ်ိုင်းသလို၊ ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့် ခရီးသွားလူငယ်တွေကိုလည်း လုံရှာယာန်ကျေးရွာရှိ စစ်တပ်ဆေးရေးဂိတ်ကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ကားသမားတွေကဆိုပါတယ်။ စစ်ကောင်စီတပ် အခုလိုလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။ “အဓိကတော့ ပူတာအို– မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ PDF တွေထဲကို လူငယ်တွေရောက်သွားမှာဆိုးလို့ တားမြစ်ထားတဲ့သဘောပါပဲ။ ပြီးခဲ့တဲ့နှစ်တွေကလည်း လူငယ်တွေအများကြီးရောက်သွားတယ်လေး ဟိုဘက်(PDF) ဘက်က လူသစ်စုတဲ့နေရာမှာ ကားနဲ့ခရီးသွားတဲ့လူငယ်တွေကိုလည်းပစ်မှတ်ထားစုဆောင်းတော့ အခုနောက်ပိုင်း တားမြစ်ထားတဲ့ပုံစံပါပဲ”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ စစ်ကောင်စီတပ်က ပူတာ– အိုမြစ်ကြီးနားလမ်းပိုင်း ခရီးသွားလူငယ်တွေကို အခုလိုတားမြစ်တာမျိုးရှိနေသလို ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့်ခရီးသည်တွေကိုလည်း ပူတာအိုမြို့တွင်းတပ်ခ.လ.ရ ၄၆ တပ်ထဲမှာ နာမည်စာရင်းကြိုပေးသွင်းခိုင်းတာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။ ပူတာအိုမြို့က မြစ်ကြီးနားနဲ့ ၂၃၈ မိုင်ခန့်ကွာမှာရှိပြီး ပူတာအိုမြို့မရောက်ခင် ဆွမ်ပရာဘွမ်မြို့ကို KIA ပူး ပေါင်းတပ်က ဒီနှစ် မေလအတွင်း သိမ်းပိုက်ထားပါတယ်။ By – Zaw Zaw
Read More » -
6 Decemberသတင်း
မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျလို့ အရပ်သားနဲ့နေအိမ်ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ခံအမျိုးသမီးတစ်ဦးအပါအဝင် လူနေအိမ်၊ ဘုရားကျောင်းဆောင်နဲ့ကားတစ်ချို့ထိခိုက်ပျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲက အဆောက်အဦး တစ်လုံးထိမှန်ပျက်ဆီးခဲ့ပြီး မနေ့က ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ တပ်ကုန်းရပ်ကွက်အနောက်ဘက်က ရာဒါကောင့် B ရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မနေ့က ဖြစ်စဥ်မှာတော့ ဒေသခံအမျိုးသမီးတစ်ဦး ဗုံးဆထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး က ပြောပြပါတယ်။ “လက်နက်ကြီးကျတာကတော့ ည ၁၂ နာရီဝန်းကျင်မှာဟုတ်တယ်။ အဲ့ဒီနောက် ၅ မိနစ်အကြာမှာပဲ နောက်ထပ်တစ်လုံးကျတယ်။ ရဝမ်ဒမ်း AG ဘုရားကျောင်းနားက ကားတစ်စီးလည်းထိသွားတယ်။ ပြီးတော့ အိမ်တစ်ချို့ထိသွားတယ်။ အများကြီးပါပဲ။ အုတ်တံတိုင်းထိတာတွေရောပေါ့။ လူတစ်ယောက် ကတော့ ခါးနားနဲ့မျက်စိနားမှာမိုင်းဆနည်းနည်းထိသွားတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကဖြစ်စဥ်ကတော့ နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတဲ့အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေ လက်နက်ကြီးတစ်ချို့ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြို့သစ်ကြီးရပ်ကွက် ပါရဂူဆေးခန်းနောက်မှာရှိတဲ့ အဆောက်အဦးတစ်ခုထိမှန်ပျက်ဆီးခဲ့တာလို့မြို့ခံတွေကပြောပါတယ်။ ဒါပေမဲ့ မနေ့ကဖြစ်ပွားခဲ့တဲ့ ရာဒါကောင်း B ရပ်ကွက်ဖြစ်စဥ်မှာတော့ ရုတ်တရက် ပေါက်ကွဲသံနဲ့အတူ နေအိမ်တစ်ချို့ပျက်ဆီးသွားခဲ့တာဖြစ်ပြီး ဘယ်လိုလက်နက်အမျိုးအစားသုံးပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်လဲဆိုတာကိုတော့မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့နေရာကိုရောက်ရှိခဲ့သူမြို့ခံတစ်ဦးက “တစ်ခြားတော့ဘာမှမသိရပါဘူး။ ဘယ်လိုဘာညာလည်းမသိဘူး။ ကျနော်လည်းတစ်ခြားမမေးဖြစ်ခဲ့ဘူး။ လက်နက်ကြီးလို့တော့ပြောတာပဲ။ သွားတော့သွားကြည့်တာဟုတ်တယ်။ တော်တော်လေးအခြေနေလည်း ဆိုးနေတယ်။”လို့ပြောပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ မတ်လကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး မြို့တော်မြစ်ကြီးနားမြို့တွင်းမှာလည်း လက်နက်ကြီးတွေကမကြာခဏပေါက်ကွဲလေ့ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်အတွင်းမှာဆိုရင်လည်း ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက် တို့မှာလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး နေအိမ်တစ်ချို့ထိမှန်ပျက်ဆီးခဲ့ရပါသေးတယ်။ By – အမိုး
Read More »









