မြစ်ကြီးနား
-
Jun- 2026 -16 Juneသတင်း
လေယာဉ်လက်မှတ် ဝယ်ရပိုခက်လာ
လေယာဉ်လက်မှတ်တွေကို သတ်မှတ်ဈေးနှုန်းထက် ပိုမရောင်းရန် ထုတ်ပြန်ပြီးနောက် လေယာဉ်လက်မှတ်ဝယ်ယူရ ပိုမိုခက်ခဲလာတယ်လို့ မြစ်ကြီးနားမြို့ခံတွေကနေ သိရပါတယ်။
Read More » -
12 Juneတိုက်ပွဲ
ပူတာအို–မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ရေးတင်းမာနေ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒီရက်ပိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲဲ့ဝင်တွေပြောပါတယ်။ မေလ လဆန်းပိုင်းကစပြီး ပူတာအိုမြို့တွင်း အထိုင်တပ်က စစ်ကောင်စီတပ်သားတွေနဲ့ လုံရှာယန်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ပူတာအိုဘက်ကနေ ဆွမ်ပီယန်နဲ့ ဆွမ်ပရာဘွမ်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး ဒီနေ့ထိစစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ဝဒတ်ရွာနားမှာ ထိတွေ့မှု ဖြစ်ပွားတယ်ဗျ။ ခုလောလောဆယ်တော့တင်းမာတဲ့အနေထားရှိနေတယ်။ စစ်ကောင်စီတပ်တွေလည်း ဒီရက်ပိုင်း လှုပ်ရှားနေတယ်” လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က လုံရှာယန်ကျေးရွာကနေ ဆွမ်ပီယန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် ဆွမ်ပီယန်နဲ့ လုံရှာယန်ကျေးရွာကြားရှိ ဝဒတ်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ခုလို စစ်တပ်ဘက်က ထိုးစစ်ဆင်လာတာဟာ KIA နဲ့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတဲ့ ကာလအတွင်း ပူတာအိုဒေသဘက်ကို ဆန်တင်ပို့ခွင့်ကိုလည်း စစ်ကောင်စီက တားမြစ်ထားတယ်လို့ သိရပါတယ်။ “ဒီရက်ပိုင်း လမ်းပိုင်းအခြေအနေ မကောင်းဘူး။ စစ်ကောင်စီတပ်ဘက်ကလည်း လှုပ်ရှားမှုတွေ ရှိနေတယ်။ အဲဒါကြောင့်ထင်တယ်၊ ကားနဲ့ ဆန်တင်လို့ မရဘူး။ ဆန်မတင်ခိုင်းဘူး။ ကားသမားတွေလည်း အခက်အခဲ ဖြစ်နေကြတယ်။ ဆန်တင်လို့ မရတော့ဘူး” လို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ မောင်းနှင်နေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ အခုလို စစ်ကောင်စီတပ်ဘက်က ပူတာအိုဒေသဘက်ကို ဆန်တင်ပို့ခွင့် ပိတ်ဆို့ထားတာကြောင့် လက်ရှိ ပူတာအိုဘက်မှာ ဆန်ဈေးနှုန်း မြင့်တက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ စစ်ရေးအခြေအနေကြောင့် ပူတာအို–မြစ်ကြီးနားကားလမ်းကို ယာယီပိတ်ထားခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အတိုင်း သွားလာနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ကားလမ်းပိုင်းကို အချိန်မရွေး ပြန်လည်ပိတ်ပင်နိုင်တယ်လို့ ကားသမားတွေက ဆိုပါတယ်။ လက်ရှိမှာတော့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းရှိ ပူတာအိုဘက်ခြမ်းက ဆွမ်ပီယန်၊ ဖက်မာ၊ လုံရှာယန် စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဝမ်ပြည်သူ့စစ် ပူးပေါင်းတပ်တွေ အထိုင်ချထားတယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ခါကာဘို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် မေလ ၆ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း အကြိမ်ကြိမ် စစ်ကြောင်းထိုးခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာကြောင့် ယခုတစ်ကြိမ် ထပ်မံစစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။ By – Zaw Zaw
Read More » -
5 Juneသတင်း
မြစ်ကြီးနားမှာ လူငယ်နှစ်ဦး ရေနစ်သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေဆီကနေ သိရပါတယ်။
Read More » -
5 Juneသတင်း
မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ ရှိနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာနေပြီး ခရီးသည်တချို့ အလိမ်ခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Read More » -
1 Juneသတင်း
ကားတိုက်ပြေးမှုဖြစ်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကားတိုက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ ဒီယာဉ်မတော်တဆမှုဟာ မေ ၃၀ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်လောက်က အေးစေတီရပ်ကွက်မှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ ဖြစ်စဉ်မှာ ဆိုင်ကယ်နဲ့ အလုပ်ကပြန်လာတဲ့ အမျိုးသားတစ်ဦးကို ကားတစ်စီးက တိုက်မိပြီး ကြိတ်သွားတဲ့အထိ ဖြစ်ခဲ့တာကြောင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့သလို ဘယ်ဘက်ခြေထောက်လည်း ဒူးအောက်ပိုင်း ပြတ်လုနီးပါးအထိ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။ “သူက နှလုံးတောင် မခုန်တော့သလို ဖြစ်လာလို့ သေချာပြန်ကူညီပေးကြတော့မှ အသက်ပြန်ရှုလာတာ။ တော်တော်ဆိုးဆိုးရွားရွား ဖြစ်သွားတယ်။ ခြေထောက်က အထဲက အရိုးနုထွက်တဲ့အထိ ဖြစ်သွားတာ”လို့ သူက ဆိုပါတယ်။ တိုက်ပြေးသွားတဲ့ ကားကတော့ Crown ဒါမှမဟုတ် Mark II အမျိုးအစား ခဲရောင်ကား ဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားဟာ တခြားမြို့ကနေ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်မှာ လာရောက်နေထိုင်ရင်း စားဝတ်နေရေးအတွက် ပန်းရံအလုပ် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မိသားစုဝင်တွေလည်း မရှိဘဲတစ်ယောက်တည်း နေထိုင်နေရသူဖြစ်တာကြောင့် အခုလို ခြေထောက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားချိန်မှာ တိုက်ပြေးသွားသူအနေနဲ့ ဆေးကုသမှုအတွက် တာဝန်ယူပေးသင့်တယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “သူတို့က ကားစီးနိုင်တဲ့အထိ အဆင်ပြေနေတဲ့လူတွေ။ ဟိုဘက်ကတော့ ပန်းရံလုပ်ပြီး ရုန်းကန်နေရတဲ့လူလေ။ နည်းနည်းမှ ကိုယ်ချင်းစာစိတ် မရှိဘူးလား။ အစ်မအနေနဲ့တော့ မဖြစ်သင့်ဘူးပေါ့။ ပြန်ကြည့်စေချင်တာပါ”လို့ သူက ဆိုပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာရရှိသူကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့တုန်းကလည်း စံပြရပ်ကွက် နယူးလူကြီးမင်း ကားဝပ်ရှော့ဆိုင်ရှေ့မှာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး လမ်းလျှောက်နေချိန် ဆိုင်ကယ်နဲ့ တိုက်ပြေးသွားတာကြောင့် ဦးနှောက်သွေးယိုစိမ့်ဒဏ်ရာ ရရှိခဲ့ပြီး မေ ၄ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ် ၃ ဦး ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ By – Hope
Read More » -
May- 2026 -29 Mayသတင်း
မီတာယူနစ်အဆမတန်တက်နေတဲ့အတွက် အဆင်မပြေမှုတွေကြုံတွေ့နေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မီတာယူနစ်တွေ အဆမတန် မြင့်တက်လာတာကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ မြို့ခံပြည်သူတွေထံက သိရပါတယ်။
Read More » -
27 Mayသတင်း
မြစ်ကြီးနားမှာ လုယက်မှုဆက်တိုက်ဖြစ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက် ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “နေ့တိုင်းလိုလိုကြားနေရတယ် မြင်နေရတယ် ခိုးတာ၊လုတာ၊ဓါးပြတိုက်တာ မြစ်ကြီးနားမြိုတွက် ပုံမှန်လိုတောင်ဖြစ်နေပြီ”လို့ ရမ့်ပူရပ်ကွက်နေ အမျိုးသမီးတစ်ဦးပြောပါတယ်။ KNG စုံစမ်းသိရှိထားချက်အရ မေလအတွင်းမှာပဲ ခိုးဆိုးလုယက်မှု ၁၂ ကြိမ်ထက်မနည်း ရှိလာပြီဖြစ်ပါတယ်။ ဖြစ်စဉ်တွေမှာ မေလ ၁၁ ရက် ည ၇ နာရီဝန်းကျင် မလိဇွပ်ဆေးရုံလမ်းကြား အာစီဘုရားကျောင်းရှေ့မှာ ဘတ်ထရီဆိုင်ကယ်စီးလာတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသား ၄ ဦးက ဝိုင်းရိုက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းလုယူသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ နောက်တစ်နေ့ မေလ ၁၂ ရက်မှာလည်း မြို့သစ်ကြီးရပ်ကွက် TOP စက်သုံးဆီဆိုင်အနီးမှာ လုယက်မှု ထပ်ဖြစ်ခဲ့ပြီး ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ် အလားတူ မေလ ၁၃ ရက်နေ့မှာလည်း ဂျန်မိုင်ကောင်းရပ်ကွက် ဖူးဆယ်ကွင်းဟောင်းအနီးမှာ အမျိုးသမီးတစ်ဦး ဖုန်းနဲ့ ပိုက်ဆံအိတ် လုယက်ခံခဲ့ရပါတယ်။ ဒါ့အပြင် မေလ ၁၆ ရက်နေ့မှာလည်း တပ်ကုန်း(တောင်)ရပ်ကွက် Home School ကျူရှင်အနီးမှာ လူငယ်အမျိုးသားတစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရပါတယ် မေလ ၁၈ ရက် တစ်ရက်တည်းမှာပဲ စံပြရပ်ကွက်က နေအိမ်တစ်ခုမှာ ကားခိုးခံရတဲ့ဖြစ်စဉ်၊ တပ်ကုန်းရပ်ကွက်မှာ ဆိုင်ကယ်လုယက်မှုနဲ့ စီတာပူရပ်ကွက်ဘက် နေအိမ်တစ်ခုမှာ ရွှေခိုးခံရတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ မေလ ၁၉ ရက်နေ့မှာတော့ ဂျန်မိုင်ကောင်စစ်ရှောင်စခန်း အဝင်လမ်းကြားမှာ အမျိုးသမီး ၂ ဦး ဆိုင်ကယ်လုယက်ခံခဲ့ရသလို အေးမြသာယာရပ်ကွက်ဘက်မှာလည်း အမျိုးသမီးတစ်ဦး ဘတ်ထရီဆိုင်ကယ်လုခံရပေမယ့် ဆိုင်ကယ်တော့ ပါမသွားခဲ့ဘူးလို့ သိရပါတယ်။ နောက်ထပ် မေလ ၂၀ ရက်နေ့မှာ ရွှေလမ်း ကားကြီးကွင်းအနီး December Hotel နောက်လမ်းကြားမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖုန်းကို နောက်ကနေ အရှိန်နဲ့လိုက်ဆွဲလုပြေးသွားခဲ့သလို ဂေါက်ကွင်းနားမှာလည်း လုယက်မှုတစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။ မေလ ၂၄ ရက်နေ့မှာလည်း ရွှေလမ်းမ ဇွပ်ရာဆာဖျယ်ဆိုင်အနီး အမျိုးသမီးတစ်ဦးဆီက ဖုန်းလုယက်ခံရမှု ဖြစ်ပွားခဲ့ပြီး ပလန(၅)နဲ့ ရွှေစက်အဆက် ကွန်ကရစ်တံတားနားမှာတော့ လီဆူနှစ်ခြင်းအသင်းတော်က သင်းအုပ် ဆရာလင်မယားနဲ့ သင်းထောက်တစ်ဦးတို့ကို အမျိုးသား ၃ ဦးက သေနတ်ကိုင်ပြီး ဖုန်း၊ ဆိုင်ကယ်နဲ့ အလှူငွေတွေ လုယက်သွားခဲ့ပါတယ်။ အခုလို ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် သွားလာရတာတောင် စိုးရိမ်နေရတယ်လို့ မြစ်ကြီးနားက လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဒီလထဲ ခဏခဏဖြစ်နေတာ ဟုတ်တယ်။ အခုဆို ဆိုင်ကယ်နဲ့လာရင်တောင် စိတ်မချရတော့ဘူး။ ကိုယ်သွားနေတဲ့အချိန် ဘေးနား ဆိုင်ကယ်တစ်စီးကပ်လာရင် လှည့်ကြည့်နေရတဲ့အထိ ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။ မြို့ခံတချို့ကတော့ စစ်ကောင်စီဘက်က ဧပြီ ၂၀ ရက်နေ့မှာ “၁၀၀ စီမံကိန်း” ကြေညာပြီးနောက်ပိုင်း မြစ်ကြီးနားမှာ လုံခြုံရေးပိုင်း ပိုဆိုးလာတယ်လို့ ပြောဆိုနေကြပါတယ်။ အဲဒီစီမံကိန်းမှာ ငြိမ်းချမ်းရေး၊ စီးပွားရေးပြန်လည်ထူထောင်ရေး၊ ပညာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။ ဒါပေမယ့် မြို့ခံအမျိုးသားတစ်ဦးကတော့ “အခုက နေရာတိုင်းလိုလို ဖြစ်နေတယ်။ သူခိုးတွေကလည်း အဖွဲ့လိုက် လုပ်ရဲကိုင်ရဲရှိလာတယ်။ အရင်ထက် ပိုကြောက်ဖို့ကောင်းလာတယ်” လို့ သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ကလည်း မြို့မရပ်ကွက် ရွှေဖြူဟိုတယ်ရှေ့မှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဓားထိုးသတ်ဖြတ်ခံခဲ့ရသလို ဧပြီ ၆ ရက်နေ့မှာလည်း အေးမြသာယာရပ်ကွက် သင်္ဂြိုင်းကုန်းသွားလမ်းအနီးမှာ လည်ပင်းလှီးခံထားရပြီး ဝမ်းဗိုက်ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ဆာလာအိတ်နဲ့ စွန့်ပစ်ထားတာ တွေ့ခဲ့ရပါတယ်။…
Read More » -
27 Mayသတင်း
ဗလမင်းထင်တံတားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသား ရေနစ်သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချပြီး ရေနစ်သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဲဒီအမျိုးသားဟာ မေ ၂၅ ရက် မနက်ပိုင်းမှာ တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်ပြီး ရုပ်အလောင်းကိုတော့ မေ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ တံတားအောက်ဘက်ကနေ ပြန်ရှာတွေ့ခဲ့တယ်လို့ ရုပ်အလောင်းဆယ်ယူချိန် လိုက်ပါသွားသူ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူနဲ့အတူ နောက်တစ်ယောက်လည်း ရှိသေးတယ်တဲ့။ အဲဒီတစ်ယောက်က သူရေထဲခုန်ချသွားတယ်ဆိုပြီးပြောလို့သိရတာ”လို့ဆိုပါတယ်။ ရေနစ်သေဆုံးသွားသူဟာ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဇနီးနဲ့ သမီးငယ် ၂ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ တံတားပေါ်က ခုန်ချရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ထွက်ပြေးရင်း ခုန်ချတာဖြစ်တယ်ဆိုတဲ့ ကောလဟာလမျိုးစုံ ထွက်ပေါ်နေသလို မိသားစုဝင်တွေဘက်ကလည်း သေဆုံးရတဲ့အကြောင်းရင်းကို ပြောပြဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ကချင်စုဆိပ်ကမ်းမှာ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဧပြီ ၁၃ ရက်နေ့တုန်းကလည်း ဧရာဝတီရှုခင်းသာ သင်္ကြန်ရေကစားမဏ္ဍပ်အနီး သတ်မှတ်နေရာကို ကျော်လွန်ပြီး ရေဆင်းကစားရာကနေ အမျိုးသားတစ်ဦး ရေနစ်ခဲ့ပေမယ့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (မြစ်ကြီးနား) အဖွဲ့ရဲ့ အချိန်မီ ကယ်ဆယ်နိုင်မှုကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဧပြီ ၇ ရက်နေ့ကလည်း ဝိုင်းမော်မြို့ ရပ်ကွက် ၄ မှာ ၇ ရက်ကြာ ရေနစ်ပျောက်ဆုံးနေတဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ By – Hope
Read More » -
25 Mayသတင်း
မြစ်ကြီးနားမှာ တစ်ရက်တွင်း မီးလောင်မှု ၂ နေရာဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု ၂ နေရာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More » -
23 Mayမူးယစ်ဆေးဝါး
ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားကို ရိုက်နှက်ဖမ်းဆီး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားကို ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More »