မြစ်ကြီးနား
-
May- 2026 -4 Mayသတင်း
မြစ်ကြီးနားမှာ နေအိမ်တစ်လုံး မီးလောင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
Read More » -
Apr- 2026 -30 Aprilသတင်း
မက်သာဒုန်းရောင်းချသူတွေကို စည်းကမ်းကြပ်မတ်ပေးဖို့တောင်းဆို
မြစ်ကြီးနားမြို့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံရှေ့မှာ မက်သာဒုန်းသောက်သုံးသူတွေက တစ်ဆင့်ပြန်ရောင်းတာတွေလုပ်နေတဲ့အတွက် စည်းကမ်းကြပ်မတ်ပေးဖို့ မက်သာဒုန်းသောက်သူတစ်ချို့တောင်းဆိုနေပါတယ်။ “မူးယစ်ဆေးဝါးသုံးစွဲသူအပေါ် မူတည်ပြီး မက်သာဒုန်းကို ၃၀၀ အားကနေပြီး စတိုက်ပေးတာဟုတ်တယ်။ အဲ့ဒါကို အကုန် မသောက်ဘဲ ဘယ်လို ခိုးသယ်လည်းတော့ မသိဘူး။ အပြင်မှာ ပြန်ရောင်းကြတယ်”လို့ မက်သာဒုန်းသောက်သူတစ်ဦး KNG ကိုပြောပါတယ်။ မက်သာဒုန်းဆေးရည်သောက်သူတစ်ချို့ဟာ ရောင်းလို့ရတဲ့ ငွေနဲ့ ဘိန်းဖြူ၊ရာမအစရှိတဲ့ မူးယစ်ဆေးပြန်ဝယ်ပြီး သုံးစွဲနေကြတယ်လို့ သူကဆက်ပြောပါတယ်။ မြစ်ကြီးနား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံကနေ မူးယစ်ဆေးစွဲနေသူတွေကို ဆေးစွဲလမ်းမှုမှ လျှော့ချရန် (သို့မဟုတ်) ဖြတ်ဖို့အတွက် မက်သာဒုံးဆေးရည်ကို ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း နေ့စဉ် မနက် ၉နာရီကနေ ၁၂ နာရီအထိ မြစ်ကြီးနားမြို့ ဂေါက်ကွင်းမျက်နှာချင်းဆိုင်မှာရှိတဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံမှာ တိုက်ပေးနေတာဖြစ်ပါတယ်။ KNG ကနေစုံစမ်းရရှိထားချက်အရ မက်သာဒုန်းသောက်သူတွေဟာ သတ်မှတ်ထားတဲ့ ဆေးရုံဝန်းအတွင်းအပြီးသတ် သောက်သုံးစေခိုင်းတာတွေရှိပေမယ့် မက်သာဒုန်းဆေးရည်အကုန်မသောက်ပဲ အပြင်ဘက် ခိုးဝှက်သယ်ယူပြီး တစ်သောင်းမှ သုံးသောင်းအထိ ဈေးအမျိုးမျိုးပြန်ရောင်းချလျက်ရှိနေတယ်လို့လည်းသိရပါတယ်။ “ကျနော်တို့ရွာဘက်ကဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုခေါင်းစဉ်အောက်မှာရပ်ကျေးအဖွဲ့ကပါဝင်ပြီး လုပ်နေတာတွေရှိတယ် အဲဒါကြောင့် ကျနော်တို့အားရင်တော့ အမည်စာရင်းနဲ့တကွသွားထုတ်ပေးတာမျိုးတော့ရှိတယ်။ဒါပေမယ့် တစ်ခါတစ်လေတော့ သူတို့ကိုယ်တိုင်ထုတ်ခိုင်းတာတွေရှိတယ်။ ဘယ်လိုဖြစ်လို့ခုလိုလုပ်လာကြတာလဲမသိဘူး ဒီလိုဖြစ်စဉ်မျိုးက ခုနောက်ပိုင်းပိုကြားလာရတယ်”လို့ မိုင်းနားကျေးရွာအုပ်စုထဲက အမျိုးသားတစ်ဦးပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့မရသေးတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစပြီး မက်သာဒုန်းစတင်တိုက်ကျွေးခဲ့ရာ ၂၀၁၈ ခုနှစ်မှာတော့ မက်သာဒုန်းစင်တာ ၅၀ ကျော်အထိတိုးချဲ့လာနိုင်ခဲ့တယ်လို့ ယခင်အစိုးရလက်ထက်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
30 Aprilသတင်း
ရမ်ပူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ရပ်ကွက်နေပြည်သူတွေ နှောက်အယှက်ဖြစ်နေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်မှာ မိုးလင်းပေါက်မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကြောင့် ရပ်ကွက်နေသူတွေ နေ့စဉ်လူမှုဘဝနေထိုင်မှုမှာ အဆင်မပြေမှုကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုံမှန်ဆိုရင် နေ့ဘက်မှာသာရောင်းဝယ်ကြတာများပေမယ့်၊ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ မီးပျက်ပြီးနောက်ပိုင်း ညဘက်ကနေ မိုးလင်းအထိဆက်တိုက်ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်လာဝယ်သူတွေရဲ့ ကားသံ၊ ဆိုင်ကယ်သံတွေကြောင့် တစ်ရပ်ကွက်လုံး ဆူညံနေပြီး အိပ်မရတဲ့အထိဖြစ်နေတယ်လို့ ဆိုပါတယ်။ ရပ်ကွက်နေသူတစ်ဦးကတော့“အိမ်ရှေ့ကနေ တစ်ညလုံး ဖြတ်သွားနေတာပဲ။ ဆူညံသံတွေနဲ့ မီးလည်းပျက်၊ ပူလည်းပူတော့ အိပ်လို့မရဘူး”လို့ ပြောပါတယ်။ မူးယစ်ဆေးရောင်းသူတွေဟာ အရင်လို လမ်းကြားတွေမှာသာမဟုတ်တော့ဘဲ လမ်းမကြီးဘေးတစ်လျှောက် အိမ်တိုင်ရာရောက်ရောင်းနေကြတယ်လို့ သိရပြီး အဆိုးဆုံးက နယ်မြေ ၂၂ နဲ့ ၂၃ အပိုင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ထို့အပြင် ရောင်းဝယ်နေသူတွေထဲမှာ ရပ်ကွက်ထဲကသက်ဆိုင်ရာအာဏာပိုင်တချို့၊ ရဲတပ်ဖွဲ့တွေဘက်က ဆက်ကြေးယူပြီး ရောင်းဝယ်ခွင့်ပေးထားတဲ့အတွက် တိုင်ကြားဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေကြောင့် ရပ်ကွက်ထဲမှာ လုံခြုံရေးလည်းမရှိတော့သလို၊ ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်နေပြီး မူးယစ်ဆေးသုံးစွဲမှုကြောင့် သေဆုံးသူတွေကလည်း တစ်လကို ပျမ်းမျှ တစ်ဦးလောက် ရှိနေတယ်လို့ သိရပါတယ်။ ရမ်ပူရပ်ကွက်ဟာ ယခင်က ငြိမ်းချမ်းတဲ့နေရာတစ်ခုဖြစ်ပြီး လုံလုံခြုံခြုံ သွားလာလို့ရတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ တိုင်းပြည်အခြေအနေမတည်မငြိမ် ဖြစ်လာပြီး ရွှေ့ပြောင်းနေထိုင်သူတွေများလာတာနဲ့အမျှ မူးယစ်ဆေးဝါးပြဿနာလည်း ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။ ရမ်ပူရပ်ကွက်မှာ နယ်မြေ ၂၄ ပိုင်းရှိပြီး အပိုင်းတစ်ခုစီမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး အိမ်ငှားတန်းလျားတွေများတဲ့နေရာတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှု စတင်ပျံ့နှံ့လာတာကတော့ အပိုင်း ၂၁ ကနေ ဖြစ်ပြီး၊ အဲ့ဒီအပိုင်းမှာ သုံးပုံတစ်ပုံလောက်က ရောင်းဝယ်နေကြတယ်လို့ ဆိုပါတယ်။ By – Hope
Read More » -
28 Aprilသတင်း
ယာဉ်မတော်တဆဖြစ်ပြီး မိန်းကလေးငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယာဉ်မတော်တဆမှုကြောင့် မိန်းကလေးတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
Read More » -
27 Aprilသတင်း
ပူတာအို-မြစ်ကြီးနားလမ်းပိုင်း ခရီးသွားများသတိထားသွားလာကြဖို့ပြော
ပူတာအို - မကနလမ်းပိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးလှုပ်ရှားနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။
Read More » -
25 Aprilဖမ်းဆီးခံရမှု
ညမထွက်ရအမိန့်အကြောင်းပြပြီး အဖမ်းဆီးကြမ်းနေ
မြစ်ကြီးနားမှာ စစ်တပ်နဲ့ရဲ့တွေဟာ ညမထွက်ရအမိန့်ကိုပြန်လည်အသက်သွင်းနေပြီး အဖမ်းဆီးအစစ်ဆေးကြမ်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။
Read More » -
25 Aprilသတင်း
မြစ်ကြီးနားမှာ ဈေးသည် ၇ ဦးဖမ်းခံရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး တစ်ချို့ကိုတော့ ခံဝန်ကတိတွေထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖြစ်စဉ်သိတဲ့ မိုးမလင်းဈေးသည်တွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၅ ရက် ဒီမနက် ၃ နာရီဝန်းကျင် ရမ်ပူ၊ရွှေညောင်ပင်…
Read More » -
24 Aprilသတင်း
မီးပြတ်နေချိန် မီးသွေးနဲ့ထင်းစျေးတစ်ဆမြင့်တက်လာ
မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့နယ်မှာ မီးပြတ်နေတဲ့နှစ်ပတ်အတွင်း ထင်းနဲ့မီးသွေးတွေစျေးအဆမတန်မြင့်တက်လာနေတယ်လို့ မြို့ခံတွေပြောပါတယ်။
Read More » -
22 Aprilသတင်း
Transformer ကြိုးခိုးမခံရအောင် စောင့်ကြည့်ကြဖို့ ဘူးဂါးရုံးသတိပေး
မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတဲ့ နှစ်ပတ်အတွင်း transformer ကြိုးခိုးမခံရအောင်သတိထားစောင့်ကြည့်ကြဖို့ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရဲ့ တာဝန်ရှိသူတွေကနေပြီးတော့ သတိပေးနိုးဆော်ထားပါတယ်။
Read More » -
21 Aprilသတင်း
မြစ်ကြီးနားနဲ့မိုးညှင်းအကျဉ်းထောင်က နိုင်ကျဉ်း ၁၇ဦး လွတ်မြောက်
ကချင်ပြည်နယ်က မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိုးညှင်းအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၁၇ဦးထိ လွတ်မြောက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်(PPNM) အဖွဲ့ကနေ သိရပါတယ်။
Read More »