#မြစ်ဆုံစီမံကိန်း

  • Apr- 2026 -
    6 April
    ဆန်းစစ်ချက် ဆောင်းပါး

    “မြစ်ဆုံစီမံကိန်း နှင့် တိတ်ဆိတ်သွားသော လူထုအသံများ”

    မြစ်ဆုံစီမံကိန်းသည် လူထုကန့်ကွက်မှုကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကျော် ရပ်နားထားခဲ့ရသောစီမံကိန်းတစ်ခုဖြစ်သည်။ သို့သော် စစ်ကော်မရှင်ဘက်မှ အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာတွင် ထိုစီမံကိန်းကို ပြန်လည် စတင်နိုင်ရန်အသည်းအသန်ကြိုးစားလာနေသည်။

    Read More »
  • Feb- 2026 -
    27 February
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    မြစ်ဆုံဆည်လုပ်တာက ဧရာဝတီကို သတ်တာပဲ

    လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကျော်ကြာ ရပ်နားခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကော်မရှင်က အာဏာသိမ်းပြီး ၅ နှစ်ပြည့်ချိန် ၂၀၂၆ ခုနှစ်အစပိုင်းမှာပဲ ပြန်လည်အကောင်အထည်ဖော်ဖို့ဆိုတဲ့ အရိပ်အယောင်တွေ စတင်တွေ့လာရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉နဲ့၃၀ ရက်နေ့တွေကဘဲ မြစ်ကြီးနားမြို့နယ် ပမ္မတီးကွက်သစ်…

    Read More »
  • 24 February
    သတင်း

    မြစ်ကြီးနားမှာ မြစ်ဆုံအကောင်ထည်ဖော်ရေး လူထုတွေ့ဆုံပွဲ  ၃ ကြိမ်ရှိလာ

    လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကြာရပ်နားခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းအကောင်ထည်ဖော်ရေး လူထုတွေ့ဆုံပွဲ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ မြစ်ကြီးနား မြို့မှာ စစ်ကော်မရှင်ကလူထုတွေ့ဆုံပွဲပြုလုပ်တာ ၃ ကြိမ်အထိရှိလာတာပဲဖြစ်ပါတယ်။…

    Read More »
  • 21 February
    သတင်း

    မြစ်ကြီးနားလေဆိပ်လက်နက်ကြီးကျပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ KIO/KIA ရဲ့ပုံရိပ်ကျဆင်းအောင်လုပ်နေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသူတွေပြော

    မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့ မြစ်ကြီးနားလေဆိပ်ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ဟာ ကချင်လွတ်လပ်ရေး KIO/KIA ရဲ့ ပုံရိပ်ကျဆင်းအောင် လုပ်ဇတ်ဖန်းတီးနေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ  လက်ရှိချိန်မှာ အစိုးရအသစ်ဖော်ဆောင်နေပြီီး တစ်ဖက်မှာလည်းနိုင်ငံတကာနဲ့ တရုတ်အစိုးရရဲ့အမြင်မှာ  KIA နဲ့ PDF ပူးပေါင်းတပ်က အကြမ်းဖက်နေတဲ့ပုံစံထင်ယောင်ထင်မှားဖြစ်အောင် ဆက်တိုက်လုပ်ဆောင်လာတာမြင်တွေ့လာရတယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ဒါက စစ်တပ်ကိုယ်တိုင်လုပ်ဆောင်နေတယ်လို့ပဲမြင်ပါတယ်။ ပြောရရင် မြစ်ကြီးနားမှာ KIA နဲ့ PDF တွေက လေယာဉ်ကွင်း လေဆိပ်တွေအထိ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်တယ်ဆိုတဲ့ အမြင်မှားအောင် တမင်လုပ်နေတာ။ ဘာလို့လဲဆိုတော့ စစ်တပ်က အခု အစိုးရအသစ်လည်း ဖွဲ့စည်းတော့မယ်။ နောက်ပြီး မြစ်ဆုံစီမံကိန်းတွေ ထပ်ပြီးလုပ်ဆောင်လာဖို့အတွက် လုပ်ဇတ်လုပ်နေတယ်။ KIA နဲ့ PDF တွေရှိနေရင် လုံခြုံမှုမရှိဘူးဆိုပြီး မဖြစ်ဖြစ်အောင် လုပ်နေတဲ့သဘောလို့ပဲသုံးသပ်ပါတယ်”လို့ပြောပါတယ်။ ပြည်သူတွေရှိတဲ့ လေဆိပ်နေရာနဲ့ မြို့ပေါ်ရပ်ကွက်တွေအထိ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခြေအနေမှာ စစ်တပ်ဟာ မြစ်ဆုံစီမံကိန်းဖော်ဆောင်နိုင်ဖို့ KIA နဲ့ တော်လှန်တပ်ဖွဲ့တွေကို မြို့နဲ့ နီးတဲ့အနီးတဝိုက်မရှိစေလိုတဲ့ ရည်ရွယ်ချက်တဲ့ လုပ်ဆောင်လာတာဖြစ်တယ်လို့ သုံးသပ်နေတာလည်းဖြစ်ပါတယ်။ နောက်ပြီး မြစ်ကြီးနားမြို့နဲ့ တစ်ဆက်တည်းရှိတဲ့ ဝိုင်းမော်မြို့အနီးတစ်လျှောက် ကျေးရွာတွေမှာ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကနေ တစ်နှစ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ KIA သိမ်းပိုက်နယ်မြေဖြစ်သလို တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဆဒုံးနဲ့ ကန်ပိုင်တည်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ စစ်ကြောင်းထိုးဝင်နိုင်မရှိမရှိတဲ့အတွက် ဝိုင်းမော်မြို့အနီး မိုင်းနား၊ ဝူယန်နဲ့ လမြန်ကျေးရွာတစ်လျှောက် နှစ်ဆန်းပိုင်းကနေ တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ရေးအကောင်အထည်မဖော်နိုင်တဲ့အတွက် မြစ်ကြီးနားမြို့ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတဲ့ အခြေအနေလည်း ပါဝင်နိုင်တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတွေ ပြောပါတယ်။ စစ်တပ်ဟာ အစိုးရအသစ်ပြောင်းလဲလာတဲ့တစ်ချိန်ထဲမှာပဲ မြစ်ဆုံစီမံကိန်းကိုလည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်ဖို့ရှိလာတာကြောင့် အများပြည်သူရဲ့ အားပေးထောက်ခံမှုတွေ ရရှိအောင် ကြိုးပမ်းနေတာလည်း ဖြစ်နိုင်တယ်လို့ နောက်ထပ် ကချင်အရေးကျွမ်းကျင်တဲ့ အမျိုးသားတစ်ဦးလည်း အခုလိုဆက်သုံးသပ်ထားပါတယ်။ “လေဆိပ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီမလုပ်ဘူးလို့လုံးဝမပြောနိုင်ပါဘူး။ အခုဆို စီမံကိန်းနဲ့ ပတ်သက်ပြီးမှ ပြည်သူလူထုရဲ့ မေတ္တာ ထောက်ခံမှုတွေဆိုချင်နေတယ်။ အဲ့ဒါကြောင့် KIA နဲ့ PDF တွေက မကောင်းတဲ့ ပုံစံဖြစ်အောင် ဖန်းတီးနေတာလည်းဖြစ်နိုင်တယ်။ မြစ်ကြီးနားမှာရှိတဲ့ လူတော်တော်များများလည်း အဲ့လိုပဲသုံးသပ်နေကြပါတယ်”လို့ပြောပါတယ်။ မြစ်ကြီးနားမြို့ အများပြည်သူသုံးလေဆိပ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပထမအကြိမ် ဒရုန်းနဲ့ပစ်ခံရချိန်မှာလည်း စစ်ကောင်စီက KIA နဲ့ PDF တွေသာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ အလားတူ မနေ့က ဖေဖော်ဝါရီလ ၂၀ ည ပစ်ခတ်ခံရတဲ့အခြေနေမှာလည်း KIA နဲ့ PDF တွေရဲ့ လက်ချက်သာဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ပြောဆိုခဲ့ပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးပြောဆိုတာတွေလည်းရှိလာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO ဘက်ကမဟုတ်ကြောင်း ငြင်းဆိုထားသလို KIA က စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာ၊ ရန်သူမရှိတဲ့ နေရာတွေကို ပစ်ခတ်တာမလုပ်ဘူးလို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောဆိုထားတာရှိပါတယ်။ ကချင်နိုင်ငံရေးသုံးသပ်သူတွေရဲ့ ပြောဆိုချက်အရလည်း KIO၊PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မည်ဆိုပါက စစ်တပ်လေယာဉ်ကွင်း နန့်ပေါင်လေတပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေရာနဲ့ စစ်တပ်နဲ့ သက်ဆိုင်တဲ့နေရာတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်ကြမှာဖြစ်တယ်လို့…

    Read More »
  • Jan- 2026 -
    16 January
    သတင်း

    မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့နဲ့ မြစ်ဆုံဒေသကိုဝိုင်းဝန်းကာကွယ်ပေးကြဖို့ ဒေသခံတွေတောင်းဆို

    မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်စဖို့စစ်တပ်ကလုပ်ဆောင်လာမှုအပေါ် ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ မြစ်ကြီးနားမြို့ခံတွေ တောင်းဆိုနေပါတယ်။ မြန်မာပြည်ရဲ့အသက်သွေးကြောလို့ဆိုရမယ့် မေခမြစ်နဲ့ မလိခမြစ်ပေါင်းဆုံရာမြစ်ဆုံဒေသဟာ သဘာ၀အလျောက်ထိန်းသိမ်းထားသင့်တဲ့နေရာဖြစ်သလို သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့အတွက် ပျောက်ကွယ်မသွားဖို့သက်ဆိုင်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အနေနဲ့ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေတာဖြစ်ပါတယ်။  “မလိခနဲ့အင်မိုင်ခဆိုတာ အခြားမြစ်တွေနဲ့မတူဘူး အရမ်းကြောက်စရာကောင်းတယ်။  ရေအားအရမ်းပြင်းတဲ့မြစ်တွေဖြစ်တယ်။ ဒါကြောင့် ဒီနေရာမှာ လုံး၀ရေကာတာဆောက်လို့ မဖြစ်ပါဘူး။ အန္တရာယ်ကြီးတဲ့နေရာဖြစ်တဲ့အတွက် ဒီနေရာမှာ ရေကာတာမဆောက်လုပ်ဖို့ အစိုးရအနေနဲ့ရော သက်ဆိုင်ရာကိုပြောပေးဖို့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ရော ဒါကို ကာကွယ်ပေးဖို့၊ သက်ဆိုင်ရာကို ပြောပေးဖို့၊တောင်းဆိုပေးဖို့ ဆန္ဒပြုချင်တာဟုတ်တယ်။” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားမြို့ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကျရောက်တဲ့ ကချင်ပြည်နယ်နေ့မှာလည်း အင်အား ၆၀ ကျော်နဲ့ ဧရာ၀တီမြစ်ကမ်းဘေးတစ်နေရာမှာ မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။  ကချင်ပြည်နယ်နေ့မှာ အဲဒီလိုလှုပ်ရှားမှုပြုလုပ်ရခြင်းရဲ့ ရည်ရွက်ချက်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ဝိုင်းဝန်းတားဆီးပေးဖို့ အဓိကတောင်းဆိုချင်တာဖြစ်တယ်လို့ ပြောပါတယ်။  အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့တဲ့ ဒီဧရာ၀တီမြစ်ဆုံ စီမံကိန်းရပ်နားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဧရာဝတီမြစ်ဆုံ–မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း ကနဦးအမိန့်ကြေညာစာထုတ်ပြန်လာပါတယ်။ အဲဒီနောက်မှာတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ပြန်လာပြီးနောက် မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား မြစ်ဆုံစီမံကိန်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ မန္တလေး–မူဆယ် ရထားလမ်းစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထပ်မံထုတ်ပြန်လာပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်အပြင် ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO ဘက်ကလည်း တားဆီးပေးဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်တောင်းဆိုသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။  “တစ်ခါငြိမ်သက်သွားပြီဆိုတဲ့အရာက ပြန်ရှင်လာပြီး ကျနော်တို့ကို စိတ်ဒုက္ခပြန်ပေးနေတာကြောင့် စိတ်ထိခိုက်နေတာတွေရှိတယ်။ တစ်ခုက ဒီမြစ်ဆုံရေကာတာစီမံကိန်း မဖြစ်မြောက်အောင် ကျနော်တို့ ပြင်းပြင်းထန်ထန် ဝိုင်းဝန်းကန့်ကွက်သွားကြရမှာဖြစ်တယ်။ ကျနော်တို့ပဲ အားမရှိတာကြောင့် ဒီနေ့တာဝန်ရှိနေတဲ့ ကချင်ပြည်နယ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရ-KIO တွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”လို့ မြစ်ကြီးနားဒေသခံလူငယ်တစ်ဦးကလည်း ပြောပါတယ်။ စစ်ကော်မရှင်ဘက်ကတော့ လျှပ်စစ်စွမ်းအင်မလုံလောက်တဲ့အကြောင်းပြချက်တဲ့ တရုတ်အစိုးရဆီ မြစ်ဆုံကိုရောင်းလိုက်ဖို့ ကြံရွယ်နေပြီး ကန့်ကွက်တဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူမယ်လို့ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။  မြစ်ဆုံရေကာတာစီမံကိန်းရဲ့ အကျိုးအမြတ်ကို တရုတ်အစိုးရကသာ အဓိကခံစားရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ဘေးထွက်ဆိုးကျိုးတွေက မြန်မာပြည်တစ်ပြည်လုံးကို သက်ရောက်မှုရှိနေတာကြောင့် ဒီမြစ်ဆုံစီမံကိန်းကို လူထုနဲ့ရပ်တည်ကာ NUG အစိုးရကလည်း တားဆီးသွားမယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။  မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေဟာ အစားထိုးမရအောင်ကြီးမားနေတဲ့အပြင် ဆည်မြောင်းနဲ့နှုန်းမြေစီးဆင်းမှုရပ်တန့်သွားရင် ဧရာ၀တီတိုင်းကလယ်ယာမြေတွေ မြေဆီလွှာပျက်စီးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။…

    Read More »
  • 9 January
    သတင်း

    မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပြော

    စစ်ကော်မရှင်က အကော်အထည်ဖော်ဖို့လုပ်နေတဲ့ မြစ်ဆုံစီမံကိန်းရပ်တန့်ရေးအတွက် တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG ဝန်ကြီးချုပ် ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ပြည်သူလူထုနဲ့သတင်းစကားပြောကြားခြင်း အစီအစဥ်မှာ ဦးနေဘုန်းလတ်က အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။ “အခုလိုအချိန်မှာ မြစ်ဆုံစီမံကိန်းကိုပြန်စဖို့ကြိုးစားတာဟာ ၎င်းတို့ရဲ့အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့နှလုံးသားကို ထိုးကျွေး လိုက်တာပဲဖြစ်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးအနေနဲ့ ပြည်သူ့အသံကိုနာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးပြောကြားလိုပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ချုပ်ဆိုတဲ့ ဘယ်လိုစီးပွားရေးစာချုပ်မဆို အတည်ဖြစ်မှာမဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုနဲ့နစ်နာမှုတွေက လည်း စစ်အုပ်စုနဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့တာဝန်သာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဆယ်စုနှစ်တစ်ကြာ လူထုရဲ့ဆန့်ကျင်တာကြောင့် ရပ်တန့်နေတဲ့ မြစ်ဆုံစီမံကိန်းကို အတုအယောင် ရွေးကောက်ပွဲအပြီးမှာ ပြန်လည်စတင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းကိုယ်တိုင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ကချင်ပြည်နယ်ခရီးစဥ်မှာ မြစ်ဆုံစီမံကိန်းစတင်ဖို့ ပြင်ဆင်ထားချက်တွေကို ချပြခဲ့ပြီး ဆောက်လုပ်မယ့်ဆည်ရဲ့အမြင့်ကိုလျော့ချကာ ပြီးခဲ့တဲ့စစ်ကိုင်းငလျင်ထက်ခံနိုင်ရည်ရှိတဲ့ ပမာဏကိုဆာက်လုပ်သွားမယ်လို့သိရပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်ဒေသခံတွေအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းကပြည်သူတွေကတော့ မြစ်ဆုံစီမံကိန်းပြန်လည်စတင်မှာကို ကန့်ကွက်နေကြဆဲဖြစ်ပါတယ်။ “အရင်ကတည်းက ဒီမြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေကြတာဟုတ်တယ်။ အားလုံး ကန့်ကွက်နေတဲ့ ကြားမှာတော့ စစ်တပ်က စီမံကိန်းအကောင်းအထည်ဖော်နိုင်မယ်လို့တော့ မထင်ဘူး။ ဖြစ်လည်း ဖြစ်မြောက်လာမှာမဟုတ်ပါဘူး။ ဒီမြစ်ဆုံဆိုတာက ကချင်ပြည်နယ်နဲ့ပဲ ဆိုင်တာမဟုတ်ဘူး။ အားလုံးနဲ့ဆိုင်တယ် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ ဒါကြောင့် ဒါကို အားလုံးဝိုင်းဝန်း ကာကွယ်ရမယ်။ ကျမတို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူအားလုံး၊ ကချင်ပြည်သူအားလုံး ဒါကို ဝိုင်းဝန်းကန့်ကွက် ကာကွယ်သွားကြရမယ်။ စည်းလုံးညီညွှတ်စွာ ဝိုင်းကန့်ကွက် ကာကွယ်နိုင်မယ်ဆိုရင်တော့ အောင်မြင်စွာ ကန့်ကွက်နိုင်လိမ့်မယ်”လို့မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်တပ်ကတော့ အပိုင်း ၃ ပိုင်းနဲ့ကျင်းပနေတဲ့ ရွေးကောက်ပွဲအပြီးမှာ မြစ်ဆုံးစီမံကိန်းကိုပြန်စဖို့ ပြင်ဆင် နေတာဖြစ်ပြီး စစ်ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့လုပ်နေတဲ့ လုပ်ငန်းတွေကို ကန့်ကွက်သူမှန်သမျှကို သက်ဆိုင်ရာတည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဦးဆောင် အဖွဲ့ကိုဖွဲ့စည်းထားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီး ဆုံးဖြတ်ချက်အပါအဝင် လုပ်ငန်းများဆောင် ရွက်ဖို့ညွှန်ကြားထားပါတယ်။ By – အမိုး

    Read More »
  • Sep- 2025 -
    30 September
    သတင်း

    မြစ်ဆုံရေကာတာစီမံကိန်း ထာဝရရပ်တန့်သွားရေး ဒေသခံများ ဆုတောင်း

    မြစ်ဆုံရေကာတာ စီမံကိန်း ယာယီရပ်ဆိုင်းခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ စီမံကိန်း ထာဝရ ရပ်နားဖို့ ဒေသခံတွေရဲ့ ဆုတောင်းပွဲတစ်ခုကို စက်တင်ဘာလ ၃၀ ရက်နေ့ ဒီနေ့မနက် ၉ နာရီခန့်မှ နေ့လည် ၁၂ နာရီအထိ မြစ်ဆုံဒေသမှာ ပြုလုပ်ခဲ့ပါတယ်။ မြစ်ဆုံဒေသ မလိယန်ကျေးရွာမှာ ဒေသခံ ၇၀ ဦးခန့်ပါဝင် ပြုလုပ်ခဲ့ကြတဲ့ အထိမ်းအမှတ် ဆုတောင်းခြင်းအစီအစဉ်နဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက “အခုလို အစီအစဉ် လုပ်ဆောင်ရတာဟာ ကျနော်တို့ ဒီနေ့ထိရပ်တည်နေတယ်၊ ဒီအချိန်ထိ မြစ်ဆုံစီမံကိန်း ရပ်နားနေတယ်၊ ဘုရားကျေးဇူးတော်ချီးမွမ်းခြင်း ဖြစ်တယ်။ ပြီးတော့ အဓိက ကျမတို့ ဒေသခံတွေ…

    Read More »
  • 23 September
    သတင်း

    မြစ်ဆုံစီမံကိန်းအကြောင်းပြုပြီး တရုတ်အကူညီပိုရအောင်လုပ်‌နေတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေပြော

    အာဏာသိမ်းစစ်‌ခေါင်းဆောင်ဟာ မြစ်ဆုံစီမံကိန်းကိုဆက်ပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာက တရုတ်အစိုးရရဲ့အကူအညီပိုရလာအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ကချင်ဒေသခံနိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြောပါတယ်။ “တရုတ်အနေနဲ့ ဒီစီမံကိန်းကို လုပ်ချင်အုံးမယ်ဆိုတဲ့အတွေး မင်းအောင်လှိုင်ဆီမှာ ရှိပုံရတာကြောင့် ဒါကို ခေါင်းစဉ်တပ်ပြီး တရုတ်ရဲ့ ထောက်ပံ့အားပေးမှုကို ပိုရဖို့ ရှာဖွေတာဖြစ်တယ်လို့ သုံးသပ်မိတယ်။ဆိုတော့…

    Read More »
  • May- 2024 -
    24 May
    သတင်း

    စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ် မြစ်ဆုံစီမံကိန်းကို စစ်ရေးထွက်ပေါက်အဖြစ်အသုံးပြုလာနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေဆို

    စစ်ကောင်စီတပ်အနေနဲ့ ဆယ်စုနှစ်ကြာရပ်နားထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းစတင်ဖို့ ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်းထုတ်ပြန်လိုက်တာဟာ ပြည်သူတွေကိုနိုင်ငံရေးအာရုံလွဲဖို့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အကြောင်းရှာနေတာဖြစ်တယ်လို့ ကချင် နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းပြည်သူအားလုံးရဲ့ကန့်ကွက်မှုကြောင့် ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ထုတ်ပြန်ခဲ့တာ ခုဆိုရင် ၁၃ နှစ်ကျော်ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်တပ်က မေလ ၁၇ ရက်နေ့မှာတော့ စီမံကိန်းစတင်ဖို့ ဦးဆောင်အဖွဲ့ဖွဲ့ပြီး မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းကြီးကို တစ်ဖန်ပြန်ပြီးစတင်လာနေတာဘဲ ဖြစ်ပါတယ်။  ဒါဟာ လက်ရှိ ကချင်ပြည်နယ်မှာ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအရှိန်မြင့်တက်နေပြီး စစ်တပ်ဘက်က စစ်ရေးမှာရှုံးပွဲမလှ ရှုံးနေတာကြောင့် ဒီမြစ်ဆုံစီမံကိန်းကြီးကိုအကြောင်းပြပြီး ပြည်သူတွေကို အာရုံလွှဲတာဖြစ်နိုင်သလို တစ်ဖက်မှာ တရုတ်ရဲ့အကူညီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အကြောင်းဖြစ်လာနိုင်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုနေပါတယ်။ ”စစ်ရှိန်ရနေခိုက် စစ်ကောင်စီဟာ ဧပြီလ  ၂၄ ရက်နေ့မှာ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့ ဦးဆောင်ကော်မတီ (၁၁)ဦးပါကို ဖွဲ့စည်းလိုက်တယ်။ KIA က မေလ (၄) နေ့မှာ စစ်ဆင်ရေးဒုတိယလှိုင်းကို ပြန်စတင်ခဲ့တယ်။ စခန်းကြီးစခန်းငယ်ပေါင်း တော်တော်များများ သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီအ‌ခြေအနေမှာ စစ်ကောင်စီက မေလ (၁၇)ရက်နေ့မှာ မြစ်ဆုံစီမံကိန်းဦးဆောင်ကော်မတီဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်တယ်။ ဒီအချက်ကို ကြည့်လိုက်ရင် တရုတ်ရဲ့ အကူအညီကို ယူပြီး စစ်ရှိန်ရပ်ဖို့ အလောတကြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဓိက စီမံကိန်းဧရိယာဖြစ်တဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်တွေမှာ စစ်မဖြစ်ဖို့ နည်းလမ်းရှာဖွေတာများလားလို့ တွေးနေမိတယ်။” လို့ သုံးသပ်ပြောဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၄ ရက်နေ့မှာ မြစ်ဆုံစီမံကိန်းစတင်ဖို့ အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့သိရပြီး  ထုန်ပြန်ချက်ကိုတော့ မေလ ၁၇ ရက်နေ့ တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။  စစ်ရေးအရှိန်မြင့်နေတဲ့ ကချင်ဒေသမှာ စစ်တပ်အနေနဲ့ ခုလိုမြစ်ဆုံစီမံကိန်းကို တစ်ဖန်ပြန်ပြီး အသက်သွင်းလာတာဟာ တရုတ်ရဲ့မျက်နှာသာရချင်တဲ့အတွက်ဖြစ်နိုင်ပြီး တစ်ဖက်မှာစစ်ရှုံးနေတဲ့ စစ်တပ်အတွက် စစ်ရေးထွက်ပေါက်ဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုနေကြပါတယ်။ လက်ရှိကချင်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေး ၂ ကျော်အတွင်း စခန်းကြီးငယ် တစ်ရာကျော်နဲ့မြို့ ၆ မြို့ကိုသိမ်းပိုက်ရရှိထားပြီး စစ်ရေးအရှိန်မြင့်တက်နေဆဲဖြစ်သလို မြို့တော်မြစ်ကြီနားရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်တစ်လျှောက်လုံမှာလည်း စစ်ရေးပြင်းထန်နေပြီး ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ နောက်ဆုံးထွက်ပေါက်အနေနဲ့ ဒီစီမံကိန်းကိုပြန်စတင်လာတာဖြစ်သလို ပြည်သူတွေကို စစ်ရေးထက် မြစ်ဆုံအရေး အာရုံလွှဲအောင်လုပ်နေတာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ခုလိုပြောပါတယ်။ “အဲဒါ သူတို့လုပ်နေကြဘဲ လုံးဝအခြေနေဆိုးနေပြီဆိုရင် ဘယ်နည်းလမ်းထုတ်သုံးမလဲ သူတို့မှာ အစီစဉ်ရှိပြီးသား ခုအခြေနေက ဒီလောက်တိုက်ပွဲဖြစ်နေတာကို မြစ်ဆုံပြန်စဖို့ဆိုတာ ဖြစ်လည်းမဖြစ်နိုင်သလို ဘယ်တော့မှလည်းဖြစ်လာမယ့်ဟာလည်း မဟုတ်ဘူး။ဒါကို သိသိနဲ့ပြည်သူတွေ မြစ်ဆုံလို့ကြားရင် အာရုံပြောင်းသွားကြမလားပေါ့ ဒါကသူတို့နည်းဘဲလေ”လို့ပြောပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲက အဲဒီစီမံကိန်းဦးဆောင်အဖွဲ့တွေရဲ့ လုပ်ငန်းတာဝန်တွေကတော့ တရုတ် SPIC Yunnan International Power investment ကုမ္မဏီနဲ့အတူ ပူးပေါင်းပြီး ရေကာတာဆောက်လုပ်ဖို့ နည်းပညာဆိုင်ရာဖြေရှင်းချက်များနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကို စီမံဆောင်ရွက်ဖို့နဲ့ တရုတ်နဲ့ မြန်မာကြား စီမံကိန်းကိစ္စညှိနှုင်းဆောက်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့ ဆောက်ရွက်ပေးရန်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။  ဒါပေမယ့် ဒီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး မြစ်ဆုံဒေသခံလူငယ်တစ်ယောက်ကတော့ မြစ်ဆုံစီမံကိန်းကြီး ထာ၀ရရပ်တန့်သွားဖို့ ဘယ်အစိုးရခေတ်ပဲရောက်ရောက် မိမိအသက်ရှင်နေသရွေ့ ကန့်ကွက်ကာကွယ်သွားမယ်လို့ အခုလို ပြောပါတယ်။  “မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး ဆိုးကျိုးဘယ်လိုတွေဖြစ်လာနိုင်တယ်ဆိုတာ ဘာမှမသိသေးတဲ့အရွယ်မှာ ပြောင်းရွှေ့ခံခဲ့ရတယ်။ ဒီနေ့ကျမ သိလာချိန်၊ မြစ်ဆုံရေကာတာက မြန်မာနိုင်ငံအတွက် ဘယ်လောက်ထိ ဆိုးကျိုးရှိတယ်ဆိုတာ ကျမတို့သိလာချိန်မှာတော့ ဘယ်သူဘာပဲပြောနေပါစေ ဒေသခံပြည်သူလူငယ်တစ်ယောက်အနေနဲ့ နောက်နောင်လာမဲ့ညီငယ်၊ညီမငယ်တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီးအမြဲတမ်း အမြင်ဖွင့်သွားမယ် ကာကွယ်ရမယ်၊ ရေကာတာလုပ်ဆောင်လာရင် လုံး၀ကန့်ကွက်လိုက်ရမယ်၊ကျမတို့ ဘာမှမသိခင်မှာ ပြောင်းရွှေ့ခံခဲ့ရတာတောင် တော်ပြီ။ အခုတော့ ဒါကို လုံး၀မပြုလုပ်ဖို့ ကာကွယ်ရမယ်။ ဒါကြောင့် ကိုယ်အသက်ရှင်နေသရွေ့ ဒီမြစ်ဆုံရေကာတာနဲ့ပတ်သက်ပြီး ဆက်တိုက်ကန့်ကွက် ကာကွယ်သွားမယ်။” ဟု မြစ်ဆုံဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက မေခမြစ်နဲ့ မလိခမြစ်နှစ်ခုဆုံရာနေရာမှာတည်ဆောက်ဖို့ ပြင်ဆင်နေကြတဲ့ မြစ်ဆုံစီမံကိန်းဟာ မေခမြစ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ဆည်ကြီး ၅ ခု၊ မလိခမြစ်မှာ တစ်ခုနဲ့ မလိခ–မေခ မြစ်နှစ်ခုဆုံရာ ဧရာဝတီမြစ်အစနဲ့ လေးမိုင်ကွာတဲ့ နေရာမှာတစ်ခု စုစုပေါင်းဆည် ၇ ခု တည်ဆောက်ဖို့ လွန်ခဲ့တဲ့၂၀၀၆ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ တရုတ်နိုင်ငံက တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကုမ္မဏီ  (China Power Investment…

    Read More »
  • Sep- 2023 -
    15 September
    သတင်းဆောင်းပါး

    ပြန်လည် လှုပ်နိုးလာသည့် မြစ်ဆုံစီမံကိန်း

    မြန်မာပြည်မြောက်ဖျားပိုင်း မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံရာ ဧရာဝတီမြစ်အစမှာ တရုတ်ရင်းနှီးမြုပ်နှံမှု ရေအားလျှပ်စစ် စီမံကိန်းတစ်ခုဖြစ်သည့် “မြစ်ဆုံ” စီမံကိန်းရပ်နားခဲ့သည်မှာ ဆယ်စုနှစ် တစ်စု ကျော်လာ ခဲ့ပြီ  ဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်ရပ်နားခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီ…

    Read More »
Back to top button