လက်နက်ကြီး

  • Jul- 2026 -
    17 July
    လူ့အခွင့်အရေးချိုးဖောက်မှု

    မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲတွင်းအရပ်သား ၇ ဦး သေဆုံး

    မန္တလေး– မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနဲ့ အင်းတော်–ကသာလမ်းပိုင်းတိုက်ပွဲအတွင်း ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က နဘားရွာက ဇနီးမောင်နှံနှစ်ဦး…

    Read More »
  • Jun- 2026 -
    22 June
    သတင်း

    ရွှေကူမြို့ပေါ် လက်နက်ကြီးကျလို့ အမျိုးသားတစ်ဦးသေဆုံး

    ကချင်ပြည်နယ်၊ ရွှေကူမြို့တွင်းမှာ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားနှစ်ဦး ထိခိုက်ခဲ့ပြီး အဲ့ဒီအထဲက အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီထိုးခါနီးအချိန်မှာ ရွှေကူမြို့နယ်…

    Read More »
  • Apr- 2026 -
    2 April
    လူ့အခွင့်အရေးချိုးဖောက်မှု

    ဖားကန့်မှာ တိုက်ပွဲပြန်စဖြစ်နေပြီး လက်နက်ကြီးကြောင့်အရပ်သားထိခိုက်သူ ၆ ဦးအထိရှိလာ

    တစ်လကျော်ခန့်အကြာ တိုက်ပွဲငြိမ်သက်နေတဲ့ ဖားကန့်ဒေသမှာ ဒီကနေ့ ဧပြီလ ၂ ရက်နေ့ကစတင်ပြီး တိုက်ပွဲပြန်ဖြစ်နေပြီး လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သူ ၆ ဦးအထိရှိလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    Read More »
  • Feb- 2026 -
    23 February
    လူ့အခွင့်အရေးချိုးဖောက်မှု

    စစ်ရှောင်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၈နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ်–၃ ရပ်ကွက်မှာနေထိုင်နေတဲ့ ဝူယန်စစ်ရှောင်စခန်းက သားအဖ ၃ ဦးစစ်ရှောင်စခန်းကနေ ရွာမှာရှိတဲ့နေအိမ်ခြံဝင်းထဲ ထင်းသွားသယ်နေချိန်…

    Read More »
  • 16 February
    စစ်ပြေးဒုက္ခသည်များ

    အူရိမုန်ရာယန်ရွာ လက်နက်ကြီးကျ၊ ဒေသခံများ စတင်တိမ်းရှောင်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မှန်ပြတောင်အနီးရှိ အူရိမုန်ရာယန်ကျေးရွာဘက်မှာ လက်နက်ကြီးမကြာခဏ ကျရောက်ပေါက်ကွဲနေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အဲ့ဒီရွာဟာ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ခြမ်း၊ မိုင်းနားကျေးရွာနဲ့ မှန်ပြတောင်အနီးမှာရှိပြီး ဗလမင်းထင်တံတားကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်သာ…

    Read More »
  • 4 February
    လူ့အခွင့်အရေးချိုးဖောက်မှု

    နမ့်ဖတ်ကာမှာ လက်ကျန်ဗုံးတီးဆော့ကစားရာကနေ ကလေးတစ်ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင်း ပေါက်ကွဲလို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမြို့ရပ်ကွက် ၃ ရှိ မိသားစုနေအိမ်…

    Read More »
  • 3 February
    လူ့အခွင့်အရေးချိုးဖောက်မှု

    ဖားကန့်မှာ လက်နက်ကြီးထိမှန်လို့ ၁၃ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

    တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကာလီချောင်ရွာနား လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ကနေ ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကစလို့ ဖားကန့်မြို့နယ်အတွင်း နှစ်ဖက်တပ်တွေအကြား လက်နက်ကြီးအပြန်အလှန်ပစ်ခတ် နေကြတာဖြစ်ပြီး…

    Read More »
  • 2 February
    သတင်း

    ဖားကန့်မှာ နှစ်ဖက်တိုက်ပွဲကြောင့် စာသင်ကျောင်းထဲ လက်နက်ကြီးကျမှန်ပြီး ကလေးငယ်တစ်ချို့ ထိခိုက်မှုရှိ

    ကချင်ပြည်နယ် ဖားကန့်မြိုမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးကျမှန်ပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၉ နာရီဝန်းကျင်ကနေစတင်လာတဲ့ ဖားကန့်တိုက်ပွဲဟာ ဒီကနေ့အထိ နှစ်ဖက်တပ်အပြန်အလှန် ပစ်ခတ်နေဆဲဖြစ်သလို တိုက်ပွဲအတွင်းပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံး ဖားကန့် အထက်တန်းကျောင်းဝင်းထဲကျမှန်ပေါက်ကွဲလို့ ကျောင်းသား နှစ်ဦးထိခိုက်မှုရှိခဲ့ပါတယ်။ “ဖားကန့် ကျောင်းကြီး စာသင်ကျောင်းမှာ လက်နက်ကြီးကျတာဟုတ်တယ်။ ကလေးငယ် နှစ်ယောက်တော့ထိတယ်။ တခြားထိခိုက်မှုတွေလည်းရှိတယ်လို့ ကြားတယ်။ အသေစိတ်တော့ မသိရသေးဘူး။ တိုက်ပွဲက ဒီကနေ့ အထိ ဖြစ်နေတော့ မနေ့ညအထိ ပစ်လိုက်နားနဲ့ ဖြစ်နေတယ်။ မရှီကထောင်နောက်ကျောဘက်မှာပဲဖြစ်နေတာ။ လောလောဆယ်က ၃ နေရာလောက်မှာဖြစ်နေကြတာ”လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ မြို့ခံတွေပြောချက်အရ ခုလိုတိုက်ပွဲစတင်လာာတဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့တွေက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ မရှီကထောင်၊ ဆုတောင်းကုန်းဘက် စစ်ကြောင်းထိုးတိုက်ခိုက်လာရာကနေ စတင်လာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ မရှီကထောင်နောက်ကျော၊ ထုံးဘိုဘက်မှာ အပြန်အလှန် ပစ်ခတ်မှုရှိနေသလို ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေဆဲလို့ ဆိုပါတယ်။ နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဖားကန့် အထက်တန်းကျောင်းဝင်းထဲက KG တန်းကျောင်းဆောင်ထိမှန်သွားတဲ့အပြင် ဆယ်ကျော်သက် ကျောင်းသူ၊ ကျောင်းသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့ ပစ်ခတ်မှုထဲမှာ မနက်ပိုင်း ၅ နာရီဝန်းကျင် မရှီကထောင်ရပ်ကွက်ထဲ လက်နက်ကြီးကျမှန်ခဲ့တဲ့အတွက် အမျိုးသား တစ်ဦး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အတွက် ဖားကန့် – ဆိပ်မူ သွားမိန်းလမ်းမကြီးကိုသွားလာခွင့်ပိတ်ထားသလို ဆိပ်မူကနေ ဖားကန့်ကိုသွားတဲ့ ဖားပြင်၊ မန၊ ရှရော်ခလမ်းကိုလည်း သွားလာခွင့်ကန့်သတ်ထားတယ်လို့ ဆက်သိရပါတယ်။ ဖားကန့် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ကချင်အမျိုးသားတစ်ဦးက “၃၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ မရှီကထောင် ဆုတောင်းကုန်းဘက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့တွက် တိုက်ပွဲပြန်ဖြစ်လာတယ်။ ပြင်းပြင်းထန်ထန်က မနေ့ကစဖြစ်လာတယ်လို့ပြောလို့ရမယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ နောက်ထပ် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆိုင်းတောင်ပြန်ပြီး ထိန်းချုပ်ဖို့ လုပ်လာတဲ့အတွက် စစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြောပါတယ်။ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထုံးဘို၊ ဂျမ်ဂတ်ဘက်မှာ နေရာယူထားတာလည်းဖြစ်ပါတယ်။…

    Read More »
  • Jan- 2026 -
    13 January
    လူ့အခွင့်အရေးချိုးဖောက်မှု

    ကသာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့မီးလောင်နေ

    စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့စွန်ရပ်ကွက်၊ကျေးရွာတစ်ချို့မှာ နေအိမ်မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ရက်ပေါင်း ၁၉ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့  ဒီမနက်ပိုင်းမှာတော့ ခမရ ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကသာမြို့ရဲ့မြောက်ဖက်ရှိ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာရှိနေအိမ်တစ်ချို့ မီးလောင်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဒီမနက် ၁၁ နာရီလောက်ကနေ ပစ်နေတာ ခုကသာမြို့ မြောက်ဖက် မိုးတားလေးရွာဘက်သွားတဲ့လမ်းမှာရှိတဲ့ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာဘက် အိမ်တွေမီးလောင်နေတယ် မီးခိုးတွေလည်း အလိပ်လိုက်ကိုမြင်နေရတယ်။ ဘယ်လောက်ထိလောင်သွားပြီလဲဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်နေတဲ့  စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာတွေဟာ မြို့နဲ့တစ်ဆက်တည်းရှိပြီး ရပ်ကွက်အနေနဲ့ဆို ရပ်ကွက် (၈) ဧရိယာမှာရှိကာ ကသာမြို့တွင်းကနေ ဆိုင်ကယ်နဲ့ ၁၀ မိနစ် ခန့်သွားရတဲ့နေရာမှာရှိတဲ့ ရပ်ကွက်၊ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် နေအိမ်မီးလောင်ဆုံးရှုံးမှုအခြေနေကိုတော့ အသေးစိတ်မသိရသေးသလို ထိခိုက်ဒဏ်ရာရသူရှိ မရှိကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် ဒီမနက်လက်နက်ကြီးပစ်ခတ်နေတဲ့အချိန်အတွင်းမှာပဲ စစ်တပ်ဘက်က Y8 လေယာဉ်နဲ့ ခမရ ၃၀၉ တပ်ထဲကို ရိက္ခာ၊လက်နက်ခဲယမ်းတွေလည်း ၂ ကြိမ်လာပို့သွားတယ်လို့ သိရပါတယ်။  “ဒီမနက် ခမရ ၃၀၉ ထဲကိုလည်း ရိက္ခာတွေလာချသွားတယ် သူတို့က လေကြောင်းအသုံးပြုပြီး ရိက္ခာ၊လက်နက်ခဲယမ်းတွေသယ်နေတာ။ တိုက်ပွဲက ပစ်လိုက်၊နားလိုက်ပဲ နားတယ်ဆိုတာ ဟိုလိုကြီးနားသွားတာမဟုတ်ဘူး နေ့တိုင်းလိုလိုဖြစ်နေတာ  မနေ့ကဆိုတစ်နေ့လုံးပစ်ကြတာဟုတ်တယ်”လို့  ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ခုလိုပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေခံဒရုန်းအသုံးပြုမှု အလွန်အကျွံသုံးနေပြီး ကသာမြို့အနီးကျေးရွာတွေဘက်ကို လေကြောင်းနဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တွေလည်းပုံမှန်ရှိနေတဲ့အတွက် ပြည်သူတွေသတိထားနေကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေဆိုပါတယ်။ KNG ရဲ့နောက်ဆုံးရရှိထားတဲ့အခြေနေအရ ကသာမြို့နယ်ရဲ့နောက်ဘက် ကြံတော၊ပြည်သာယာရပ်ကွက်ရှိ ကသာမြို့စောင့်တပ် ခမရ ၃၀၉ တပ်က ခံစစ်ဌာနချုပ်အဖြစ်ခုခံနေသလို ရဲစခန်း၊ထွေအုပ်ရုံးနဲ့ မြို့ပေါ်ရပ်ကွက် တစ်ချို့ကိုသာ စစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ပြီး မြို့အစွန်ရပ်ကွက်နဲ့ ကျေးရွာတွေဘက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ ကသာမြို့မှာ ရပ်ကွက် ၁၁ ခု၊ ကျေးရွာ ၂၀၀ နီးပါးခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်တဲ့မြို့ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်သလို ကုန်းကြောင်း၊ရေကြောင်းအချက်ချာကျတဲ့မြို့ဖြစ်ပါတယ်။ ကသာမြို့ ဒေသခံတွေကတော့ ဒီဇင်ဘာလဆန်းပိုင်းမှာ ကသာမြို့သိမ်းတိုက်ပွဲစတင်လာတော့မယ့်အကြောင်း သတင်းတွေထွက်ပေါ်လာချိန်နဲ့ မြို့သိမ်းတိုက်ပွဲစတင်လာချိန်ကစပြီး အများပိုင်းနေရပ်စွန့်ခွာသွားသူတွေရှိသလို မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျန်ရှိသေးတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ NUG အစိုးရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏဆိုသလို အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကိုင်း– ကချင် အစပ်မှာ တဆက်တည်းရှိနေတဲ့ မော်လူး၊ အင်းတော်၊ ဗန်းမောက်မြို့တွေကိုထိန်းချုပ်ထားပြီး ကသာမြို့ကိုပါ သိမ်းယူဖို့ ဆက်ပြီးထိုးစစ်ဆင် တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိ ကသာမြို့ဟာ ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ်က အင်္ဂလိပ်အရေးပိုင်မင်းတွေ ခရိုင်ရုံးစိုက်ခဲ့တဲ့ ခရိုင်မြို့ကြီးဖြစ်ခဲ့သလို ဒီနေ့ထိ နှစ်ရာကျော်ရှိကိုလိုနီအိမ်ကြီးတွေလည်း အများအပြားရှိနေတဲ့အပြင် သမိုင်းဝင်စေတီပုထိုးအဆောက်အဦးတွေများစွာရှိနေတဲ့မြို့လည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 7 January
    သတင်း

    တနိုင်းပယင်း‌မှော်ဘက်ကျန်နေတဲ့ပြည်သူတွေထွက်လာကြဖို့ စစ်တပ်က ဒုတိယအကြိမ်သတိပေး

    ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေမှော်၊ပယင်းမှော်တွေဘက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေပြီး မှော်ထဲမှာကျန်နေတဲ့ပြည်သူတွေအားလုံးထွက်လာကြဖို့ ထပ်မံသတိပေးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ တနိုင်းမြို့နယ်ထဲက နမ်ဗျူ၊လပူခ၊လမုန်ခ၊ဝေလွန်စတဲ့ရွှေမှော်နဲ့ပယင်းမှော်တွေဘက်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းလက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေပြီး မှော်ထဲက မထွက်လာသေးတဲ့ပြည်သူတွေကိုလည်းထွက်လာကြဖို့ထပ်မံသတိပေးထားကြောင်း လမုန်ခမှော်ကနေပြန်လာတဲ့ ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
Back to top button