လယ်ကုန်းရပ်ကွက်

  • May- 2026 -
    27 May
    သတင်း

    ဗလမင်းထင်တံတားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသား ရေနစ်သေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချပြီး ရေနစ်သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဲဒီအမျိုးသားဟာ မေ ၂၅ ရက် မနက်ပိုင်းမှာ တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်ပြီး ရုပ်အလောင်းကိုတော့ မေ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ တံတားအောက်ဘက်ကနေ ပြန်ရှာတွေ့ခဲ့တယ်လို့ ရုပ်အလောင်းဆယ်ယူချိန် လိုက်ပါသွားသူ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူနဲ့အတူ နောက်တစ်ယောက်လည်း ရှိသေးတယ်တဲ့။ အဲဒီတစ်ယောက်က သူရေထဲခုန်ချသွားတယ်ဆိုပြီးပြောလို့သိရတာ”လို့ဆိုပါတယ်။ ရေနစ်သေဆုံးသွားသူဟာ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဇနီးနဲ့ သမီးငယ် ၂ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ တံတားပေါ်က ခုန်ချရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ထွက်ပြေးရင်း ခုန်ချတာဖြစ်တယ်ဆိုတဲ့ ကောလဟာလမျိုးစုံ ထွက်ပေါ်နေသလို မိသားစုဝင်တွေဘက်ကလည်း သေဆုံးရတဲ့အကြောင်းရင်းကို ပြောပြဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ကချင်စုဆိပ်ကမ်းမှာ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဧပြီ ၁၃ ရက်နေ့တုန်းကလည်း ဧရာဝတီရှုခင်းသာ သင်္ကြန်ရေကစားမဏ္ဍပ်အနီး သတ်မှတ်နေရာကို ကျော်လွန်ပြီး ရေဆင်းကစားရာကနေ အမျိုးသားတစ်ဦး ရေနစ်ခဲ့ပေမယ့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (မြစ်ကြီးနား) အဖွဲ့ရဲ့ အချိန်မီ ကယ်ဆယ်နိုင်မှုကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဧပြီ ၇ ရက်နေ့ကလည်း ဝိုင်းမော်မြို့ ရပ်ကွက် ၄ မှာ ၇ ရက်ကြာ ရေနစ်ပျောက်ဆုံးနေတဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ By – Hope

    Read More »
  • Apr- 2026 -
    25 April
    ဖမ်းဆီးခံရမှု

    ညမထွက်ရအမိန့်အကြောင်းပြပြီး အဖမ်းဆီးကြမ်းနေ

    မြစ်ကြီးနားမှာ စစ်တပ်နဲ့ရဲ့တွေဟာ ညမထွက်ရအမိန့်ကိုပြန်လည်အသက်သွင်းနေပြီး အဖမ်းဆီးအစစ်ဆေးကြမ်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။

    Read More »
  • May- 2025 -
    1 May
    သတင်း

    မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံးမီးလောင်ပျက်စီး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ Myanmar Fire Services Department ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မေလ ၁ ရက် ဒီမနက် ၄း ၅၅ မိနစ်မှာ လယ်ကုန်းရပ်ကွက်…

    Read More »
  • Jun- 2024 -
    11 June
    မူးယစ်ဆေးဝါး

    လယ်ကုန်းရပ်ကွက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများလာတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ လုံခြုံရေးအတွက်စိုးရိမ်နေရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် နယ်မြေ (၂) ဘုရားကျောင်းလမ်းပတ်ဝန်းကျင်တစ်လျှောက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုများလာနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ ဧပြီလလောက်ကနေ ဘုရားကျောင်းသွားတဲ့လမ်းတစ်လျှောက်မှာ မူးယစ်ဆေးဝါးလာရောက်ရောင်းဝယ်သုံးစွဲသူတွေ အုပ်စုလိုက်ဖွဲ့ပြီး ဆေးထိုးအပ်တန်းလန်းနဲ့ လမ်းဘေးမှာပေါ်တင်လုပ်နေကြတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက KNGကို ပြောပါတယ်။ ”ကျွန်မတို့က သူတို့ကို မြင်တာနဲ့‌ ကြောက်တယ်လေ သူတို့က နှစ်ယောက်သုံးယောက်အုပ်စုဖွဲ့ပြီး ရှိနေတာဆိုတော့ ပြီးတော့ သူတို့ကလက်မှာဘဲ ထိုးတာမဟုတ်ဘူးလေ မြင်လို့ မသင့်တော်တဲ့နေရာတွေမှာလည်း ထိုးတော့ ရှက်ကြောက်တာပေါ့”လို့ ဆိုပါတယ်။ လက်ရှိ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေအများဆုံးလာရောက်လုပ်နေတဲ့နေရာဟာ လယ်ကုန်းရပ်ကွက် နယ်မြေ ၂ ဗက်လင်နှစ်ခြင်း ဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ ICM ဘုရားကျောင်းနဲ့ ကက်သလစ်ဘုရားကျောင်းရှိတဲ့လမ်းမှာဖြစ်ပြီး အရင်ကထက်နှစ်ဆပိုများလာနေတယ်လို့ သူကဆက်ပြောပါတယ်။ ခုလို မူးယစ်ဆေးဝါးတွေကို လူသွားလမ်းနဲ့ ဘုရားကျောင်းလမ်းကြားတွေမှာ အုပ်စုလိုက်ပေါ်ပေါ် တင်တင် ရောင်းဝယ်သုံးစွဲနေတာကြောင့် ရပ်ကွက်နေပြည်သူတွေအနေနဲ့ သွားရေးလာရေးအတွက်  စိုးရိမ်ပူပန်နေရတယ်လို့ လယ်ကုန်းရပ်ကွက် နယ်မြေ ၂က အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေထဲမှာ အသက် ၁၈ နှစ်ကနေ ၂၇နှစ်အောက် အရွယ်လူငယ်တွေ အများဆုံးပါဝင်တယ်လို့သိရပြီး များသောအားဖြင့် မနက်ပိုင်းနဲ့ ညနေပိုင်းအချိန်တွေမှာ အများဆုံးလာသုံးနေကြတယ်လို့ သိရပါတယ်။ လက်ရှိ ဘုရားကျောင်းလမ်းတစ်လျှောက်လမ်းကြိုလမ်းကြား နေရာ ၃ နေရာလောက်မှာ နေ့တိုင်းလို အုပ်စုလိုက်ရှိနေတဲ့အပြင် တစ်ခါတစ်ရံ ရပ်ကွက်နေတာဝန်ရှိသူတွေမောင်းထုတ်ချိန် လမ်းသွယ် ၂ ဘုရားကျောင်းလမ်းထဲက အရက်ဆိုင်မှာခေတ္တအရက်ဝယ်တဲ့ပုံစံမျိုးနဲ့ ပုန်းရှောင်လေ့ရှိတယ်လို့ လယ်ကုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ရပ်ကွက်ထဲက မူးယစ်ဆေးဝါးနှိမ်နှင်းတဲ့အဖွဲ့တွေ လှုပ်ရှားမှုတွေ လုပ်တော့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ သူတွေက အဲ အရက်ဆိုင်ထဲကိုဘဲ ကာဗာယူပြီး ပြန်ပြေးဝင်သွားကြတယ် ဆိုင်ကိုသွားပြောတော့လည်း သူတို့လာခဲ့ပါလို့ ခေါ်တာ မဟုတ်ဘူးပေါ့ သူတို့ဆိုင်ကလည်း တရားဝင်ဖွင့်ထားတဲ့ အရက်ဆိုင်ပြန်ဖြစ်နေတော့ ခက်နေတယ်”လို့ဆိုပါတယ်။ အခုလို ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့အခြေအနေတွေ အလွန်ဆိုးရွားလာနေပြီး လမ်းတစ်လျှောက်ရောင်းဝယ်သုံးစွဲသူတွေ ပြည့်နက်နေတဲ့အတွက် ရပ်ကွက်နေပြည်သူတွေဟာတစ်ဦးတည်း လမ်းသွားလမ်းလာဖို့တောင် ခက်ခဲနေတာဘဲ ဖြစ်ပါတယ်။  ဒါအပြင် အခုလိုအခြေအနေတွေကြောင့် လယ်ကုန်းနယ်မြေ ၂က လူငယ်တော်တော်များများလည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေများလာနေတယ်လို့ သိရပါတယ်။လယ်ကုန်းရပ်ကွက်ဟာ မြစ်ကြီးနားမြို့စျေးကြီးကနေ ဆိုင်ကယ်နဲ့ ၁၀ မိနစ်ခန့်သွားတဲ့နေရာမှာရှိပြီး စစ်ကောင်စီတပ်ရဲ့ ရဲတပ်ရင်း ၃၀ ရှိတဲ့ရပ်ကွက်လည်းဖြစ်ပါတယ်။ အလားတူ လယ်ကုန်းရပ်ကွက်အပြင် မြစ်ကြီးနားမှာအဆိုးဆုံးမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတဲ့ ရပ်ကွက်တွေဟာ ရမ်ပူ၊ခေမာသိရိ၊တပ်ကုန်း၊ထွယ်ဆန်၊ကြာရာပါတီး ၊ အေးမြသာယာ၊ကြက်ပေါင်ခြံ ရပ်ကွက်တွေဘဲဖြစ်ပါတယ်။ အရင်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့သူတွေကို ရပ်ကွက်ထဲမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက လိုက်လံဖမ်းဆီးအရေးယူတာတွေကိုလုပ်နိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေတွေကြောင့် တွင်တွင်ကျယ်ကျယ်လုပ်ဖို့ အဆင်မပြေတော့တဲ့အတွက် ရပ်နားထားရတာဘဲ ဖြစ်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အနှံ့မှာလည်း လောင်းကစားရုံတွေအပြင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့ အတူ ခိုးဆိုးလုနှိုက်တွေ များပြားလာတာဘဲ ဖြစ်ပါတယ်။ ဒါအပြင်  မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှု အများဆုံး‌ ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။  အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By…

    Read More »
  • Apr- 2024 -
    29 April
    သတင်း

    မြစ်ကြီးနားအကျဉ်းထောင်က အကျဉ်းဦးစီးဝန်ထမ်း ၅ ဦးကို စစ်ကောင်စီဖမ်းဆီး

    မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဥ်းထောင်က ထောင်ပိုင်လေး၊ ထောင်ဆေးရုံ ဆရာဝန်အပါအဝင် ထောင်ဝန်ထမ်း ၅ ဦးကို အထူးစုံစမ်းရေးတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM_) မှတာဝန်ရှိသူ တစ်ဦးက KNG ကို ပြောပါတယ်။ ဧပြီလ ၁၈ရက်နေ့က…

    Read More »
  • Jun- 2022 -
    27 June
    သတင်း

    မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် စစ်ကောင်စီအဖွဲ့၏  ဟုဆိုရသော အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင်ခန့်တွင် သေနတ်ပစ်သတ်ခံလိုက်ရကြောင်း လယ်ကုန်းဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသော အမျိုးသားသည် အသက် ၅၀နှစ်အရွယ် ဦးညွှန့်ဝေခေါ်သူဖြစ်ပြီး လယ်ကုန်းရပ်ကွက် နယ်မြေ(၆) အထက်တန်းကျောင်းအနီး စက်သုံးဆီဆိုင်ရှေ့ လမ်းမကြီးပေါ်တွင်…

    Read More »
Back to top button