အင်းတော်

  • Dec- 2025 -
    5 December
    သတင်း

    အင်းတော်နဲ့ မော်လူးမှာ လျှပ်စစ်မီးပြင်ဖို့ ကောက်ထားတဲ့ငွေ ပြန်အမ်းပေမယ့် အပြည့်မရဟုဆို

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နဲ့မော်လူးမြို့မှာ လျှပ်စစ်မီးပြုပြင်ဖို့ ပြည်သူတွေဆီကနေ ကောက်ယူထားတဲ့ငွေတွေကို ပြန်အမ်းပေးနေပေမယ့် အပြည့်မရကြောင်း ဒေသခံများထံမှ သိရပါတယ်။ အင်းတော်မြို့နဲ့ မော်လူးမြို့သိမ်းတိုက်ပွဲတွေကြောင့်  မီးကြိုး၊ဓာတ်တိုင်၊ထရန်စဖော်မာအများအပြားပျက်စီးခဲ့လို့ အင်းတော်နဲ့မော်လူးမြို့နယ်မှာ လျှပ်စစ်မီးလရှည်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် NUG အစိုးကရလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက ပျက်စီးသွားတဲ့ မီးကြိုး၊ဓာတ်တိုင်၊ ထရန်စဖောမာတွေကိုပြုပြင်ဖို့ ပြည်သူတွေဆီကနေ ငွေကောက်ယူခဲ့တာလို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။ “အိမ်သုံးဆိုရင် တစ်အိမ်ထောင်ငါးသောင်းကောက်တယ် ပြီးတော့ လုပ်ငန်းသုံး ဆီစက်၊ဆန်ဆက်လိုမျိုးဆိုရင် လုပ်ငန်းတစ်ခုကို ငါးသိန်းကောက်ပါတယ်။ ဒါပေမယ့်မီးကပြင်တော့ပြင်တယ် အခုထိမီးကမရသေးတော့ပြည်သူတွေက အရမ်းဝေဖန်ကြတော့ပြန်အမ်းပေးကြတယ် အပြည့်တော့ပြန်မအမ်းဘူးတဲ့”လို့ သူကပြောပါတယ်။ NUG အစိုးရလက်အောက်ခံလျှပ်စစ်ဝန်ထမ်းတွေက လျှပ်စစ်မီးပြုပြင်ဖို့ တစ်အိမ်ထောင်(အိမ်သုံး) ကျပ်ငါးသောင်းနဲ့ လုပ်ငန်းသုံး ကျပ်ငါးသိန်းအထိကောက်ယူခဲ့ပြီး မီးပြန်မရလို့ပြန်အမ်းရမှာတော့ တစ်အိမ်ထောင်(အိမ်သုံး)ကျပ်ငါးသောင်းအစား ကျပ်နှစ်သောင်းခွဲ၊လုပ်ငန်းသုံးကျပ်ငါးသိန်း ပြန်အမ်းငွေ ကျပ်နှစ်သိန်းခွဲသာ ပြန်အမ်းတယ်လို့သိရပါတယ်။ “ပြန်အမ်းတာ အကုန်တော့ပြန်မရကြသေးဘူးအိမ်ထောင်စုအနည်းအကျဥ်းပဲ ပြန်ရတယ် အများစုက ပြန်မရသေးဘူးတဲ့ ပြီးတော့အပြည့်လည်းပြန်မအမ်းဘူး တစ်ဝက်ပဲ ကျန်တဲ့တစ်ဝက်က ပြန်အမ်းမလားမအမ်းဘူးလာမသိရသေးဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ Indaw Revilution -IR ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာထုတ်ပြန်ထားချက်အရ ယခုနှစ်မေလအထိ  မော်လူးတမြို့နယ်လုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးဖိုး ကောက်ခံရရှိငွေ ၃၉၀,၈၅၀,၀၀၀(သိန်းပေါင်း သုံးထောင့် ကိုးရာ ရှစ်သိန်း ငါးသောင်း) အထိရရှိခဲ့ပြီးအဲ့ဒီထဲက မေလကနေ ယခု နိုဝင်ဘာလအထိ ၇ လအတွင်း မီးပြင်စရိတ် ၁၇၆,၄၉၀,၃၀၀(သိန်း တထောင့် ခုနှစ်ရာ ခြောက်ဆယ့်လေးသိန်းကိုးသောင်းသုံးရာ)ကျပ် သုံးစွဲခဲ့တယ်လို့သိရပါတယ်။ အထက်ဖော်ပြပါစာရင်းဟာ မော်လူးတစ်မြို့နယ်ထဲက ကောက်ခံရရှိတဲ့စာရင်းဖြစ်ပြီး အင်းတော်မြို့နယ်ထဲက ကောက်ခံရရှိခဲ့တဲ့စာရင်းကိုသိရဖို့ မေးမြန်းထားဆဲဖြစ်ပါတယ်။ မော်လူးမြို့နယ်ထက် အင်းတော်မြို့နယ်ဟာ ကျေးရွာအုပ်စုနဲ့ အိမ်ထောင်စုပိုများကြောင်းလည်းသိရပါတယ်။ အင်းတော်မြို့အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရသလောက် လျှပ်စစ်မီးပြုပြင်ဖို့ ငွေကြေးကောက်ခံတဲ့ကိစ္စဟာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက တိုက်ရိုက်ဆောင်ရွက်တာမဟုတ်ပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေက ဆောက်ရွက်တာလို့သိရပါတယ်။ အခုလို လျှပ်စစ်မီးပြန်ရရှိရေးအတွက် ငွေကြေးကောက်ခံခဲ့ပေမယ့် လျှပ်စစ်မီးပြန်မရတာ၊ ငွေပြန်အမ်းရာမှာလေးအပြည့်ပြန်မအမ်းတဲ့ကိစ္စတွေကြောင့်အင်းတော်နဲ့မော်လူးပြည်သူတွေဟာ NUG အစိုးရကိုအပေါ် ဝေဖန်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမော်လူးနဲ့အင်းတော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကိုတိုက်ရိုက်ဆက်သွယ်ခဲ့ပေမယ့်ဆက်သွယ်လို့မရခဲ့ပါဘူး။ မော်လူးမြို့ကိုတော့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာသိမ်းပိုက်ခဲ့ပြီး အင်းတော်မြို့ကိုတော့ ၂၀၂၄ ခုနှစ် သြဂုတ်လမှာသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2025 -
    9 November
    သတင်း

    လစ်လပ်သွားတဲ့အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာ ပြည်သူတွေ မဲပေးရွေးချယ်ဖို့လို

    စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာကို ပြည်သူတွေရဲ့ဆန္ဒနဲ့အညီမဲပေးရွေးချယ်လိုကြောင်း ဒေသခံတွေဆီကသိရပါတယ်။ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးနီတိုး (ခ) ဦးရွှေရဆိုသူဟာ အောက်တိုဘာလ ပထမအပတ်လောက်မှာ ကျန်းမာရေး အခြေနေကြောင့် တာဝန်ခံနေရာကနေ အနားယူသွားခဲ့တာလို့ သိရပါတယ်။ ဒါ့ကြောင့် လက်ရှိလစ်လပ်နေတဲ့…

    Read More »
  • Sep- 2025 -
    16 September
    သတင်း

    အင်းတော် – ဗန်းမောက်ကို ဆက်သွယ်ထားတဲ့လမ်းအားလုံး အကန့် အသတ်မရှိပိတ်

    စစ်ကိုင်းတိုင်း ကချင်အစပ်မှာရှိတဲ့ အင်းတော်–ဗန်းမောက်မြို့ကိုဆက်သွယ်ထားတဲ့ ဗျူဟာလမ်းအပါအဝင် တခြားလမ်းပိုင်းအားလုံးကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီလိုထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်းမှာလည်း အင်းတော်–ဗန်းမော်မြို့ဆက်သွယ်ထားတဲ့လမ်းပိုင်းအသုံးပြုသူတွေကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပြန်လှည့်ခိုင်းနေတဲ့အကြောင်း‌ဒေသခံတွေကအတည်ပြုပါတယ်။ “ဗန်းမောက်–အင်းတော်လမ်းပိုင်းကို စစ်ရေးအခြေနေအရသူတို့ကအကန့်အသတ်မရှိပိတ်လိုက်တာဟုတ်တယ်။ ဒီနေ့တောင်ကားတွေဆိုင်ကယ်တွေ ဗန်းမောက်ဘက်ကနေ အင်းတော်ဘက်ကိုသွားတာဖြစ်ဖြစ်၊…

    Read More »
  • 3 September
    သတင်း

    သတင်းတု၊သတင်းမှားတွေကြောင့် မော်လူးဒေသခံများမကြာခဏတိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊အင်းတော်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ မော်လူးမြို့ခံတွေဟာ သတင်းတု၊ သတင်းမှားတွေကြောင့် မကြာခနတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မော်လူးမြို့ဟာ PDF၊ ကျောင်းသားတပ်(ABSDF)နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားပြီဖြစ်ပေမယ့် ယခုနောက်ပိုင်းခပ်စိပ်စိပ် ထွက်‌နေတဲ့သတင်းတုတွေကြောင့် မြို့ခံပြည်သူတစ်ချို့ မကြာခန ထွက်ပြေးတိမ်းရှောင်ရတယ်လို့ မော်လူးမြို့ခံအမျိုးသားတစ်ဦးက KNG…

    Read More »
  • Jul- 2025 -
    7 July
    သတင်း

    ကသာ-အင်းတော်လမ်းပိုင်းရှိ တံတား ၃ စင်း မိုးများလို့ကျိုးကျ

    စစ်ကိုင်းတိုင်းဒေသကြီး ကသာနဲ့အင်းတော်မြို့တွေကိုချိတ်ဆက်ထားတဲ့ ဗျူဟာလမ်းပိုင်းက တံတား ၃ စင်း မိုးများလို့ပျက်စီး ကျိုးကျသွားတာကြောင့် ကုန်စည်တင်ပို့်တာနဲ့ ဒေသခံတွေသွားလာနေထိုင်ရေးအတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ အချက်အချာကျတဲ့မြို့နှစ်မြို့ကိုချိတ်ဆက်ထားတဲ့လမ်းကြောင်းဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ရဲ့လမ်းပိုင်းပိတ်ဆို့မှုကြောင့် ကွင်းလမ်းကိုအသုံးပြုနေကြရတဲ့ မန္တလေး–မြစ်ကြီးနားကားသမားတစ်ချို့လည်း ဒီလမ်းပိုင်းကိုအသုံးပြုကြတာဖြစ်ပါတယ်။ လက်ရှိတော့အဲ့ဒီလမ်းပိုင်းကို ကားတွေလုံးဝသွားလာလို့မရတာ တစ်ပတ်ကျော်ကြာရှိလာပြီလို့ဒေသခံတစ်ယောက်ကအခုလို ပြောပါတယ်။ “အခုကအပျက်ကြီးကိုမှဖြစ်သလိုပဲ သစ်တွေဝါးလုံးတွေတစ်ချောင်းထိုးနှစ်ချောင်းထိုးပြီး ဆိုင်ကယ်တွေသွားလို့ရအောင် လုပ်ပြီးမှသွားနေကြတာ ကားတွေကတော့လုံးဝသွားလို့မရဘူး ဆိုင်ကယ်တွေပဲသွားလို့ရတာ” လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ပျက်စီးနေတဲ့ တံတားတွေကတော့ ကသာမြို့–ကြာအင်း–သံပုရာ–ကျောက်ပုံ စတဲ့ကျေးရွာတွေကိုချိတ်ဆက်ထားတဲ့တံတားတွေ ဖြစ်ပြီး တံတားတွေကမကြီးပေမယ့် သွားလာရေးအတွက်အလွန်အခက်တွေ့စေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ လက်ရှိအဲ့ဒီလမ်းပိုင်းတွေကိုတော့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့လက်အောက်ခံ ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး လမ်းပိုင်းအမြန်ဆုံးပြန်ပြင်ပေးနိုင်ဖို့အတွက် ဒေသခံတွေကမျှော်လင့်နေကြပါတယ်။ “ကသာမြို့နယ်ကရွာတွေအားလုံးက ကသာမြို့ကိုကျန်းမာရေးရော၊ လူမှုနေထိုင်မှုကအစအားကိုးရတာဆိုတော့ လမ်းကအခုလို ဖြစ်သွားတော့ လုံးဝအဆင်မပြေဘူး။ကုန်စည်စီးဆင်းမှုတွေကအစဒီလမ်းကိုအသုံးပြုရတော့ လမ်းကဆိုးရွားနေတော့ အကုန် ပြတ်တောက်ကုန်တာပေါ့” လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒီတံတားတွေပျက်စီးသွားတာဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က အင်းတော်မြို့နယ်မှာရှိတဲ့ နန့်သဲချောင်းရေကြီးမှုဖြစ်တဲ့ တစ်နေ့ တည်းမှာဘဲ ဖြစ်ပျက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ်အပါအဝင် မြန်မာပြည်တစ်ဝှမ်းမှာ ဒီနှစ်ပိုင်းတွေအတွင်း အချိန်အခါမဟုတ်မိုးကြီးတာတွေကြောင့် တောင်ကျ ချောင်းတွေရေလျှံတာ၊မြစ်ရေလျှံတာတွေမကြခဏဖြစ်ပေါ်လာပြီး ဒီဖြစ်ရပ်တွေဟာ သစ်တောပြုန်းတီးမှု၊ သဘာဝသယံဇာတ တူးဖော်မှုတွေကြောင့်လို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကဆိုကြပါတယ်။ ပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်ကလည်း မြန်မာပြည်မြောက်ဖျားပိုင်းဒေသ ချီဖွေ၊ ပူတာအို အပါအဝင် မြစ်ကြီးနား၊ ဝိုင်းမော် နဲ့ ဗန်းမော်ဒေသတွေမှာ မိုးကြီးခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ဘေးကိုရင်ဆိုင်နေကြရတဲ့ဒေသခံ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်မှာဆိုရင် နိုင်ငံတစ်ဝှမ်းစံချိန်တင်ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး နေအိမ်၊ အဆောက်အဦးတွေပါပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သလို လူသေဆုံးတဲ့အထိရေကြီးရေလျှံတာကိုဒေသခံတွေကြုံတွေ့ခဲ့ကြရပါတယ်။ By – အမိုး

    Read More »
  • May- 2025 -
    10 May
    တိုက်ပွဲ

    စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့တွေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ

    စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလဒုတိယအပတ်လောက်ကနေ စတင်ပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ အဲ့ဒီဒေသတစ်ဝှိုက်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့အင်းတော်မြို့နယ်ကိုလက်လွှတ်လိုက်ရတဲ့နောက်မှာ အခုလိုလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာလည်းဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ကချင်နဲ့စစ်ကိုင်းအစပ်မှာ လက်တလောတိုက်ပွဲအနည်းအကျဥ်းသာရှိပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ရှိနေတယ်လို့…

    Read More »
  • 5 May
    သတင်း

    ရှစ်လကြာ ပိတ်ထားတဲ့ မန္တလေး- မြစ်ကြီးနား ဗျူဟာကားလမ်းမကြီး ပြန်ဖွင့်

    ကချင်-စစ်ကိုင်းအစပ် အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ရှစ်လကြာပိတ်ထားခဲ့ရတဲ့ မြစ်ကြီးနား -မန္တလေးဗျူဟာ လမ်းမကြီး ပြန်ဖွင့်လိုက်ပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတဆင့် သိရပါတယ်။ ၂၀၂၄ ခုနှစ် ​သြဂုတ်လ ကတည်းက ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ပြီးနောက် မေလ ၄ ရက်နေ့မှာ ဖြတ်သန်းသွားလာခွင့် ပြုလိုက်တာ…

    Read More »
  • 1 May
    သတင်း

    မြစ်ကြီးနား – မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် လမ်းခရီးနှောင့်နှေး

    စစ်ရေးအခြေနေကြောင့် ကွင်းလမ်းအသုံးပြုပြီးသွားလာနေရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့်လမ်းပိုင်းချော်လို့ ခရီးစဥ်နှောင့်နှေးမှုရှိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဩဂုတ်လကစလို့ မြစ်ကြီးနား–မန္တလေးပြည်ထောင်စုလမ်းမကြီးကို ကာကွယ်ရေးတပ်တွေဘက်ကပိတ်ထားခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။  မိုးရွာသွန်းမှုကြောင့် အဲ့ဒီကွင်းလမ်းနေရာတစ်ဝှိုက်တွေက လမ်းချော်မှုတွေ ဖြစ်နေပြီး ပုံမှန်ဆို နှစ်ရက်ခန့်သာကြာမြင့်တဲ့ လမ်းခရီးကို…

    Read More »
  • Apr- 2025 -
    9 April
    တိုက်ပွဲ

    အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းမိ

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလွှတ်မြောက်သွားတဲ့တပ်မမှူးနဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ကသာမြို့နယ်တစ်နေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ KNG ကစုံစမ်းသိရပါတယ်။ အင်းတော်မြို့ဟာ စစ်ကောင်စီရဲ့ တပ်မ ၇၇ ရှေ့တန်းဌာနချုပ်အခြေစိုက်တဲ့မြို့ဖြစ်ပြီး ဧပြီလ ၇ ရက်နေ့ ညပိုင်း ၈…

    Read More »
  • 8 April
    တိုက်ပွဲ

    အင်းတော်မြို့ကို ၈ လနီးပါးအကြာမှာအပြီးသတ်သိမ်းပိုက်

    ကချင်အစပ် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးကို မနေ့က ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုအတည်ပြုပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၈ လနီးပါးကြာမြင့်ခဲ့ပြီး အရင်းနှီးကြီးခဲ့တဲ့တိုက်ပွဲဖြစ်သလို တစ်ဖက်မှာ…

    Read More »
Back to top button