အင်းတော်

  • Jul- 2026 -
    17 July
    လူ့အခွင့်အရေးချိုးဖောက်မှု

    မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲတွင်းအရပ်သား ၇ ဦး သေဆုံး

    မန္တလေး– မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနဲ့ အင်းတော်–ကသာလမ်းပိုင်းတိုက်ပွဲအတွင်း ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က နဘားရွာက ဇနီးမောင်နှံနှစ်ဦး…

    Read More »
  • Jun- 2026 -
    18 June
    သတင်း

    မန္တလေး–မြစ်ကြီးနားလမ်းပိုင်း လုံခြုံရေးစိုးရိမ်မှုများရှိနေဆဲ

    ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးပေါ်မှာ ယာဉ်သွားလာမှုပြန်လည်ရှိလာပြီဖြစ်ပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ လမ်းပိုင်းကို အသုံးပြုနေတဲ့ ယာဉ်မောင်းတွေက KNG ကို ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် အဲ့ဒီလမ်းပိုင်းဟာ မကြာခဏ ပိတ်ဆို့ခဲ့ရသလို ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ် ရာနဲ့ချီပြီး လမ်းကြောင်းပေါ်မှာ ပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာပါ။ လမ်းကြောင်းပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်ရှိလာပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ “အခုက လုံခြုံမှုခံစားရပြီလားဆိုရင်တော့ အဲ့လိုပြောဖို့တော့ စောပါသေးတယ်။ အဲ့လိုကြီးလည်း မဟုတ်သေးဘူး။ ပုံမှန်လိုပဲ ကျနော်တို့ သွားနေတဲ့အတိုင်းပေါ့။ လုံခြုံမှုရှိလားဆိုရင်တော့ လောလောဆယ်တော့ အရမ်းကြီး မခံစားရသေးဘူး။ စိုးရိမ်မှုတွေတော့ ရှိသေးတာပေါ့”လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်ဘက်က ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဘက်တွေမှာ တပ်အင်အားတွေ ဆက်လက်ချထားသလို အဓိကလမ်းဆုံတွေ၊ တံတားတွေနဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာတွေမှာလည်း လုံခြုံရေးယူထားဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းကြောင်းကို ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်ပေမယ့် စစ်တပ်ရဲ့ စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေ လမ်းကြောင်းပေါ်မှာ ဆက်လက် သွားလာနေသေးတာကြောင့် အရပ်သားယာဉ်တွေကလည်း ပုံမှန်ထက် နှေးကွေးစွာသွားလာ နေရတယ်လို့ သိရပါတယ်။ “အခုက စစ်တပ်ယာဉ်တန်းက ပြန်လာတယ်။ မိုးညှင်း မော်ဟဲရွာကနေ မန္တလေးဘက်ကို ပြန်လာတာ။ မနေ့ကပဲ ကားသမား တစ်ယောက်က လှမ်းပြောတယ်။ ယာဉ်တန်းတွေဆင်းသွားနေတယ်၊ ဂရုစိုက်ကြပါပေါ့။ ဒီနေ့တောင် စဉ့်ကူး လက်ပံလှကို ရောက်နေပြီ”လို့ သူက ဆက်ပြောပါတယ်။ မန္တလေး–မြစ်ကြီးနား လမ်းမကြီးဟာ ကချင်ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီ အများစုကို အဓိက သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် လနဲ့ချီပြီး သွားလာရေးခက်ခဲခဲ့တဲ့ အဲ့ဒီလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ဖို့ စစ်ကောင်စီဘက်ကတော့ ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဒေသတွေမှာ စစ်အင်အားတိုးချထားတာ၊ ထောက်ပို့ယာဉ်တန်းတွေ စေလွှတ်တာနဲ့ လမ်းကြောင်း တစ်လျှောက် လုံခြုံရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ယာဉ်မောင်းတွေကြားမှာတော့ အခု မန္တလေးဘက်ကို ပြန်ဆင်းလာနေတဲ့ ယာဉ်တန်းတွေဟာ ကချင်ဒေသတွေနဲ့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက် လိုအပ်တဲ့ ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီးနောက် ပြန်လာတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ “အဲ့ဒီ တက်သွားတဲ့ ယာဉ်တန်းက ပြန်လာတာလားတော့ မသိဘူး။ နေရာချစရာတွေ ချပြီးတော့ ပြန်လာတာ ထင်ပါတယ်။ အဓိကကတော့ သူတို့က ရုံးတွေပြန်ဖွင့်ဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့၊ ဝန်ထမ်းတွေသွားပို့ဖို့၊ ကျောင်းဖွင့်တာဆိုရင် စာအုပ်တွေ စာရွက်စာတမ်းတွေ သယ်တာပေါ့။ အဲ့လိုလုပ်နေတာလို့ ကျနော်တို့ ကြားပါတယ်”လို့ နောက်ထပ် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် အဆိုပါ ယာဉ်တန်းတွေရဲ့ တိကျတဲ့တာဝန်နဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကိုတော့ KNG အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်းတော့မရှိသေးပါဘူး။ ဒါကြောင့် လမ်းကြောင်းပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်လည်ရှိလာပေမယ့်လည်း နှစ်ဖက်စစ်ရေးတင်းမာမှုတွေကတော့ လုံးဝ လျော့ကျသွားတာမျိုး မရှိသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့ရာ လက်ရှိအချိန်အထိ အနည်းဆုံး ၃ ကြိမ်ခန့် ဖြတ်သန်းသွားလာနိုင်ခဲ့တယ်လို့ လမ်းကြောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ By – အမိုး

    Read More »
  • May- 2026 -
    28 May
    ဆောင်းပါး

    စစ်ကိုင်း–ကချင်အစပ်မှာ နယ်မြေစိုးမိုးရေးအတွက် အားပြိုင်နေဆဲ

    မိုးဦးဝင်စ စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသရဲ့ ကောင်းကင်မှာ စစ်လေယာဉ်တွေ နေ့တိုင်းဖြတ်ပျံနေပါတယ်။ အဲ့ဒီလေယာဉ်တွေဟာ စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီ လို့ ကြေညာခဲ့တဲ့ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို ဦးတည် ပျံသန်းသွားတာဖြစ်တယ်လို့ ကသာဒေသခံတွေက ဒီစစ်လေယာဥ်တွေ ပျံသန်းသွားwဦးတည်ရာကိုကြည့်ပြီးခန့်မှန်းပါတယ်။ ဒါဟာတစ်ဖက်ကကြည့်ရင် မြို့တွေကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြေပြင်တိုက်ပွဲတွေ အဆုံးသတ်မသွားသေးဘဲ လမ်းပိုင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ရေးဖိအားတွေ ဆက်ရှိနေဆဲဖြစ်ကြောင်း…

    Read More »
  • 21 May
    တိုက်ပွဲ

    အင်းတော်မြို့နဲ့ ၂ မိုင်အကွာမှာတိုက်ပွဲဖြစ်နေ

    စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတာမကြာသေးတဲ့ စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့နယ်မှာ မေလ ၁၇ ရက်နေ့က စလို့ ဒီနေ့အထိ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေကပြောပါတယ်။

    Read More »
  • 15 May
    သတင်း

    မြို့ခံတွေ ပြန်မလာရင် နေအိမ် ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်

    အင်းတော် နဲ့ မော်လူးမြို့တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ပြင်ဆင်နေသလို ထွက်ပြေးနေတဲ့ မြို့ခံတွေကိုလည်း ပြန်မလာရင် နေအိမ်ကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။

    Read More »
  • 5 May
    စစ်ရေး

    မော်လူးမြို့ထဲ စစ်ကော်မရှင်တပ်များဝင်ရောက်

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ကိုစစ်ကြောင်းထိုးဝင်ရောက်နိုင်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေ ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို ဒီကနေ့ မေလ ၅ ရက်နေ့မနက်ပိုင်းမှာဘဲ ဝင်ရောက်သွားနိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

    Read More »
  • 4 May
    သတင်း

    အင်းတော်မြို့နယ်မှာ Star Link Wifi အသုံးပြုခွင့်ယာယီပိတ်

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့Star Link Wifi ဝန်ဆောင်မှုဆိုင်တွေအပါအဝင် မိမိနေအိမ်မှာအသုံးပြု ခွင့်တွေကိုပါ ယာယီပိတ်သိမ်းလိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

    Read More »
  • Apr- 2026 -
    28 April
    စစ်ရေး

    အင်းတော်မြို့ကိုဦးတည်နေတဲ့ စစ်တပ် နဘားလမ်းဆုံအနီးရောက်လာ

    စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်ကိုဦးတည်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့တွေဟာ အင်းတော်မြို့နယ်နဘားလမ်းဆုံအနီး နတ်ပေါက်ဆင်စခန်းအထိရောက်ရှိလာပြီလို့ သိရပါတယ်။

    Read More »
  • Feb- 2026 -
    27 February
    သတင်း

    အင်းတော်ကြီးမှာ အရပ်သား ၅၀ ဝန်းကျင်စုဆောင်းရေးဖမ်းဆီးခံရ 

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသထဲမှာ အရပ်သား ၅၀ ဝန်းကျင်ကို  SNA တပ်ဖွဲ့က တပ်သားသစ်အဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရဲ့အနောက်ဘက် မြို့နဲ့ ၇ မိုင်အကွာ ဒေသအခေါ် (ပြည်တော်သာကွင်း)ထဲက လယ်ယာနဲ့စိုက်ခင်းတွေထဲ အလုပ်လုပ်နေတဲ့သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ နန့်မွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လယ်ကွင်းထဲ အလုပ်လုပ်နေတဲ့လူတွေကိုဝင်ဆွဲတာ ပြီးရင် အဲ့ကွင်းဘေးကတောင်ခြေမှာ လက်လုပ်လက်စားရွှေတူးတဲ့လူတွေလည်းရှိတယ် သူတို့ပါဝင်ဆွဲခံရတယ်။ အားလုံး ၅၀ ကျော်လောက်ရှိတယ်လူဦးရေအတိအကျတော့မသိရသေးဘူး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဖမ်းဆီးသွားခံရသူတွေဟာ ဘိုကုန်းရွာ၊အင်းကုန်းရွာ၊ကျွန်းကုန်းရွာနဲ့ နန်းမားမြို့ထဲကနေ ပြည်တော်သာကွင်းမှာ လယ်ယာစိုက်ခင်းလာလုပ်တဲ့သူတွေနဲ့လက်လုပ်လက်စားရွှေလာတူးတဲ့သူတွေပါသွားကြောင်းသိရပါတယ်။ “ပြည်တော်သာကွင်းဆိုတာအကျယ်ကြီးပဲအဲ့မှာဘိုကုန်းတို့၊ကျွန်းကုန်းတို့နောက်ပြီးနန်းမာဘက်ကလူတွေအဲ့ကွင်းမှာအခင်းသွားလုပ်ကြရင်ဖမ်းခံရတာပြီးတော့ ကွင်းနားက ဂွချောင်းဆိုတာရှိတယ်အဲ့ချောင်းမှာရွှေတူးတဲ့သူတွေပါသွားတယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဖမ်းဆီးသွားတဲ့အရပ်သား ၅၀ ကျော်မှာ အသက် ၁၈ နှစ်ကနေ အသက် ၅၀ ကျော်လူကြီးပိုင်းအထိပါဝင်တယ်လို့သိရပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီး ၁၀ ဦးခန့်ပါတယ်လို့သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို လက်ရှိ နန့်မွန်းမြို့ထဲက စစ်သင်တန်းပို့ချတဲ့ကွင်းထဲမှာ ထိန်းသိမ်းထားပြီး ဒီကနေ့ အထိပြန်လွတ်လာတဲ့သူမရှိသေးဘူးလို့သိရပါတယ်။ အဲ့ဒီ SNA တပ်တွေဟာ နန့်မွန်းအထိုင်တပ်ထဲကလို့သိရပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်း တောလမ်းကနေဝင်လာပြီး ပြည်တော်သာကွင်းပတ်ပတ်လည်ကို ပိတ်စို့ကာ ဖမ်းဆီသွားတာလို့ဒေသခံတွေကဆိုပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် SNA  ဟာ သူတို့ထိန်းချုပ်ထားတဲ့ လုံးတုံ၊နန်းမား၊မိုင်းနောင်၊မမံကိုင်စတဲ့ကျေးရွာတွေထဲမှာ ၂၀၂၄၊၂၀၂၅ခုနှစ်တွေကတည်းက လူငယ်တွေကိုစုဆောင်းရေးမကြာခနလုပ်နေတာကြောင့် လူငယ်၊လူလတ်အများပိုင်း ဘေးလွတ်ရာကိုတိမ်းရှောင်သွားသူတွေများတယ်လို့သိရပါတယ်။ ဒါကြောင့် အခုလို လယ်ယာစိုက်ခင်းလုပ်ကိုင်သူတွေနဲ့တောထဲလက်လုပ်လက်စားရွှေတူးတဲ့ပြည်သူတွေဘက်ကိုဦးတည်းပြီးဖမ်းဆီးနေတာလို့ဒေသခံတွေကဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသနေရာအနှံ့မှာ တော်လှန်ရေးတပ်တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တပ်သားသစ်စုဆောင်းတာကို ပိုမိုလုပ်ဆောင်လာကြတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 2 February
    လူ့အခွင့်အရေးချိုးဖောက်မှု

    မော်လူးမြို့မှာ တစ်လအတွင်း ၃ ကြိမ်လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၉ ဦးအပါအဝင် ၁၄ ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လအတွင်း ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရတယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ လေဘိုရွာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၈ ဦးသေဆုံး၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ မာန်ဟဲရွာ ပကဖရုံးလေကြောင်းတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIAတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရပြီး ဇန်နဝါရီလ ၂ ရက်နေ့ ပဲခူးရွာက ပလဖရုံးလေကြောင်းတိုက်ခိုက်ခံရချိန်မှာတော့ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ “တစ်လအတွင်းမှာကို ၃ ကြိမ် ပထမအကြိမ်က ပလဖစခန်းကိုပစ်တာ။ ဒါပေမဲ့ ပလဖစခန်းကို မထိဘဲ အရပ်သားကိုထိတာ။ ဒုတိယအကြိမ်ကလည်း မာန်ဟဲက ပကဖရုံးကိုကြဲတာ။ တတိယတစ်ကြိမ်ကတော့ လေဘိုရွာကိုကြဲတာ။ သူတို့က သတင်းတွေ အတိအကျထောက်လှမ်းလာတာ။ လေဘိုရွာဆိုရင်လည်း အရပ်သားရွာထဲကိုကြဲပေမဲ့ အဲ့နားတစ်ဝှိုက်ကတောတွေမှာက ကေအိုင်အေတွေလည်းရှိတယ်။ အဲ့လိုမျိုးပေါ့။”လို့ တော်လှန်ရေးအင်အားစုနဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၉ ရက်နေ့ လေဘိုရွာတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရတဲ့အရပ်သား ၈ ဦးထဲ ၇ ဦးကမိသားစုဝင်တွေဖြစ်ပြီးလေကြောင်းတိုက်ခိုက်ခံရမှု ၃ကြိမ်မှာတော့ အရပ်သား ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့သလို အရပ်သားနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့ရတာဖြစ်ပါတယ်။ မော်လူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလကတည်းက တော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်ထားတာဖြစ်ပြီး အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ဒေသဖြစ်ပါတယ်။ လက်တလောမှာလည်း စစ်ကော်မရှင်နဲ့တော်လှန်ရေးအင်အားစုတွေအကြား မော်လူးမြို့မှာ တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာ မရှိသလို အကြောင်းမဲ့တည်နေရာကိုသိလို့ တိုက်ခိုက်တာလို့ အထက်ဖော်ပြပါမော်လူးဒေသခံအမျိုးသားတစ်ဦးကဆိုကြပါတယ်။ “လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာက တိုက်ပွဲလည်းမရှိပါဘူး။ လေဘိုရွာဆိုရင် အရင်တုန်းကလည်းလေကြောင်း တိုက်ခိုက်ခံရတာမရှိခဲ့ဘူး။ အခုမှဘဲဖြစ်တာ။ ဘာကြောင့်ကြဲမှန်းတော့မသိပါဘူး။”လို့ ဆက်ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေဖြစ်တဲ့ မာန်ဟဲနဲ့ပဲခူးကျေးရွာတို့မှာ ‌တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ရုံးတွေအခြေစိုက်ထားတာ ကြောင့် အဲ့ဒီနေရာတွေကိုပစ်ခတ်ရင်း အရပ်သားတွေသေဆုံးခဲ့ရတာဖြစ်ပြီး လေဘိုကျေးရွာကတော့ တော်လှန်ရေးအင်အားစုတွေ အထိုင်ချတာမရှိပေမဲ့လည်း လေကြောင်းတိုက်ခိုက်ခံရတာလို့ ပြောပါတယ်။ တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားတွေနေထိုင်ရာ ကျေးရွာနဲ့ ၃ မိုင်အကွာမှာသာ ဂိတ်စခန်းတွေအထိုင်ချ ခွင့်ရမယ်ဆိုတဲ့ စစ်ရေးအရသတ်မှတ်ချက်တွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအချက်ကို လိုက်နာခြင်းမရှိတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန်အရပ်သားတွေသေဆုံးခဲ့ရပြီး ဒေသခံတွေ အကြား ဝေဖန်မှုတွေရှိခဲ့သလို ပဲခူးကျေးရွာက အရပ်သားတွေကတော့ ကျေးရွာတွေအနီးတစ်ဝှိုက်ဂိတ်အထိုင်ချတာကို ဆန္ဒပြကန့်ကွက်ခဲ့ကြတာကြောင့် ပဲခူးရွာက ပလဖရုံးရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
Back to top button