,
ကသာမြို့နယ် မိုးတားလေးတိုက်နယ် တိုက်ကုန်းရပ်ကွက်ရှိ NLD ပါတီဝင် နေအိမ်များကို စစ်ကောင်စီတပ် မှ လိုက်လံမီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်မ ၇၇ နှင့် ABDSF ၊ KPDF ပူးပေါင်းတပ်တို့ကြား ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ ၄ ရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် NLD ပါတီဝင်နေအိမ်များကို လိုက်လံမီးရှို့နေကြောင်း ဒေသခံများ ပြောသည်။ "သူတို့ဝင်ချင်တဲ့ မိုးတားလေးရွာမဆိုတာက တိုက်ကုန်းဖြတ်ပြီးရင် ဘုန်းကြီးကျောင်းတွေ တောလမ်းလေးတွေဖြတ်ပြီးမှ စည်ကားတဲ့ ရွာလမ်းမကြီးကိုရောက်တာ အဲဒီကို မဝင်နိုင်လို့ ရွာဦး ရပ်ကွက်ဖြစ်တဲ့ တိုက်ကုန်းရပ်ကွက်က NLD ပါတီဝင်တွေရဲ့ နေအိမ်ရှို့နေတာ အစိမ်းအိမ်လေးပါကုန်ပြီ"ဟုအမည်မဖော်လိုသည့်
တစ်နှစ်ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးမြသိန်းသည် မြစ်ကြီးနားအကျဉ်းထောင်မှ မေလ ၁ ရက်နေ့တွင် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ “သူ့ကိူချုပ်နှောင်ထားတာလည်း တစ်နှစ်ကျော်ပြီဆိုတော့ ပြစ်ဒဏ်စေ့လို့ လွတ်တဲ့သဘောပါဘဲ ခင်ဗျာ မေလ ၁ရက်နေ့လွှတ်လာပါပြီ" ဟု ကချင်ပြည်နယ် NLD ပါတီ၏ ပြည်နယ်အလုပ်အမူဆောင်က ပြောသည်။ လွှတ်မြောက်လာသည့် ပြည်နယ်လွှတ်တော်ကိုယ်စားဟောင်းဦးမြသိန်းသည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ NLD ပါတီရုံးတွင် ဖမ်းဆီးခံရပြီးနောက်