PSLF

  • Jun- 2026 -
    9 June
    သတင်း

    ယမ်းပေါက်ကွဲမှုနစ်နာသူတွေကို TNLA အပြည့်အဝတာဝန်ယူပေးဖို့တောင်းဆို

    ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို အပြည့်အဝတာဝန်ယူပေးဖို့ TNLA ကို လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

    Read More »
  • 1 June
    လူ့အခွင့်အရေးချိုးဖောက်မှု

    ကောင်းတပ်ရွာ ယမ်းသိုလှောင်ရုံပေါက်ကွဲမှု သေဆုံးသူ ၇၀ ဝန်းကျင်ရှိလာ

    TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးသူ ၇၀ ဝန်းကျင်ရှိလာပြီး လက်ရှိ ဒဏ်ရာရသူတွေဟာ နမ့်ခမ်းဆေးရုံမှာ မဆံ့တော့တာကြောင့် မူဆယ်ဆေးရုံမှာလည်း ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေလ ၃၁…

    Read More »
  • Apr- 2026 -
    27 April
    သတင်း

    ကွတ်ခိုင်မှာ တအာင်းစာ‌ပေနဲ့အလံသုံးခွင့် ကိုးကန့်ကပိတ်ပင်ထား

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ ကျေးရွာတွေမှာ ကိုးကန့်တပ်က တအာင်း(ပလောင်)စာပေနှင့် အလံတွေအသုံးပြုခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    Read More »
  • Mar- 2026 -
    19 March
    သတင်း

    တအောင်းနဲ့ကိုးကန့်တွေ့ဆုံမှု ၂ ရက်ကြာမြင်လာတဲ့အထိ အဖြေမသိရသေး

    တအာင်း(TNLA) တပ်နဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးမှု နှစ်ရက်ကြာမြင့်လာတဲ့အထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်ကို MNDAA ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုအပြီး လောက်ကိုင်မြို့မှာ MNDAA နဲ့ TNLA တို့ တွေ့ဆုံဆွေးနွေးမှုလုပ်နေပေမဲ့ မတ်လ ၁၉ ရက်နေ့ ဒီမနက်ပိုင်းအထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA က ပြောဆိုပါတယ်။ “လောလောဆယ်ကတော့ သွားရောက်ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေလည်း ပြန်မရောက်သေးဘူး။ ဆွေးနွေးပွဲရလဒ်ကလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး”လို့PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးကပြောပါတယ်။    မတ်လ ၁၇ ရက်နေ့ကစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့် MNDAA တပ်တို့အကြား လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။ ကိုးကန့် MNDAA နဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ကြား လောက်ကိုင်မှာ တွေ့ဆုံဆွေးနွေးနေတဲ့နေ့ကစပြီး နှစ်ဖက်တပ်ကြား မြေပြင်မှာ အပစ်ရပ်ထားတာကာ ကိုးကန့်ဖမ်းဆီးထားတဲ့ TNLA တပ်သား တုံ့ပန်းတချို့ကိုလည်း ပြန်လွှတ်ပေးတာတွေရှိတယ်လို့ ဆက်လက်သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မနက်ကစပြီး ကိုးကန့် MNDAA က စစ်အင်အားအလုံးအရင်းနဲ့ ၎င်းရဲ့ မဟာမိတ်အဖွဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်တာဖြစ်ပါတယ်။ ကွတ်ခိုင်ကိုထိန်းချူပ်ထားတဲ့ တအာင်း(ပလောင်) TNLA ကို ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ မိတ်ဆက်ပြဿနာလို့သာTNLA က ရှုမြင်ပြီး ဆွေးနွေးမှုတွေနဲ့ အဖြေရှာကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ကာ လက်ရှိထိ နှစ်ဖက်တပ်ဟာ မဟာမိတ်အဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ “ကျမတို့က ဒီကိစ္စကို အဓိက ကိုင်တွယ်ပြီးဆွေးနွေးနေပါတယ်။ လောလောဆယ်ကတော့ အပစ်ရပ်နိုင်တဲ့ အနေအထားတော့ရှိပါတယ်။ လူထုတွေအနေနဲ့ ဝန်ထုတ်ဝန်ပိုး မဖြစ်ရလေအောင် တစ်ဖက်မှာလည်း တိုက်ပွဲတွေ ဆက်လက်မကြီးပွားဖို့ ကျမတို့အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ လောလောဆယ်ကတော့ ကျမတို့ဟာ ဒီပြဿနာကို မိတ်ဖက်ပြဿနာလို့ပဲ ရှုမြင်ပြီး မိတ်ဖက်တွေ့ဆုံဆွေးနွေးရေးကိုပဲ အဓိက ဆောင်ရွက်နေဆဲဖြစ်တာကြောင့် လောလောဆယ်ကတော့ မဟာမိတ်အနေနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။”လို့  PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ဆက်ပြောပါတယ်။   ဒေသခံတွေပြောဆိုချက်အရ  ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်သံတွေတော့ ငြိမ်သက်နေပြီဖြစ်ပေမဲ့ မြေပြင်မှာ တအာင်း(ပလောင်) TNLA တပ်ဖွဲ့တွေကို ကိုးကန့်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ၊ အရပ်ဝတ်ထားတဲ့ ပလောင်စစ်သားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ်ဟာ TNLA ကို ဒရုန်းစစ်ဆင်ရေးနဲ့ အဓိက တိုက်ခိုက် ဗုံးကြဲခဲ့တာကြောင့် ကိုးကန့်တပ် MNDAA ဒရုန်းလက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ခန့်မှန်းဦးရေ ၁၀ ဦးထက်မနည်း ရှိခဲ့ကာ အရပ်သားနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ရှမ်းမြောက် လားရှိုး– မူဆယ် ပြည်ထောင်လမ်းမ ပြန်လည်ဖွင့်လှစ်ရေးနဲ့ တရုတ်နိုင်ငံ ယူနန်ကနေ ရှမ်းမြောက်ကိုဖြတ်ပြီး ကျောက်ဖြူအထိ ရထားလမ်းဖောက် စတင်နိုင်ဖို့ စစ်တပ်နဲ့ တရုတ်က စီမံကိန်းစတင်ဆောက်ရွက်နေခြင်းဖြစ်တယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောဆိုသုံးသပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဓိက တရုတ်နဲ့ စစ်ကော်မရှင်တပ်က ကိုးကန့်တပ် MNDAA နဲ့ အဓိက ဆွေးနွေးကာ အခုလို TNLA ကို ပစ်ခတ်တိုက်ခိုက်လာဖို့ကိုလည်း တရုတ်အစိုးရနဲ့ စစ်တပ်က အဓိကကြိုးကိုင်နေခြင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။ ရှမ်းမြောက်ရှိ ဒေသခံပြည်သူတွေကတော့ စစ်ရေး၊ နိုင်ငံရေးအရှုပ်တွေကြား အခြေအနေမတည်ငြိမ်မှုတွေနဲ့ ရှမ်းမြောက်ဘယ်လို ဆက်ဖြစ်လာမလဲ စိုးရိမ်မှုတွေ မြှင့်တက်နေကြတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • May- 2025 -
    29 May
    သတင်း

    KIA နဲ့ TNLA တွေ့ဆုံဖို့ အခြေခံ အချက် ၂ ချက် ရရှိထားပြီး အချိန်ညှိနှိုင်းနေဆဲ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့နှစ်ဖွဲ့အကြား ဆွေးနွေးပွဲအတွက် အခြေခံအားဖြင့် ခေါင်းစဥ်နှစ်ခုအထိ ရရှိထားပြီး ဆွေးနွေးပွဲအမြန်ဆုံး ဖြစ်မြောက်ဖို့အတွက် တွန်းအားပေး လုပ်ဆောင်နေတယ်လို့ TNLA က ပြောပါတယ်။ မေလ ၂၈ ရက်နေ့ မီဒီယာတွေ နဲ့ တွေ့ဆုံမှုအစီစဉ်တစ်ခုမှာ PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပန်လ က KNG ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။…

    Read More »
  • 5 May
    သတင်း

    KIO နှင့် PSLF တို့အကြား အကြိုတွေ့ဆုံမှု လုပ်ဆောင်ပြီး ဖြစ်ကြောင်း TNLA ပြော

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တို့အကြား အကြိုတွေ့ဆုံမှု လုပ်ဆောင်ပြီးကြောင်း မေလ ၄ ရက်နေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ…

    Read More »
  • Feb- 2025 -
    19 February
    သတင်း

    TNLA နဲ့ စစ်ကောင်စီ တို့ ကူမင်းဆွေးနွေးပွဲမှာ သဘောတူညီမှု မရဘဲ အဆုံးသတ်

    တရုတ်ကြားဝင်မှုဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် PSLF/ TNLA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူ ရလဒ်မရရှိပဲ ဆွေးနွေးမှုအဆုံးသတ်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။ PSLF/TNLA ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့…

    Read More »
  • Dec- 2024 -
    5 December
    အင်တာဗျူး

    PSLF/ TNLA အနေနဲ့ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ချက်အပေါ် ဒေသခံပြည်သူတွေရဲ့အမြင်

    ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့စစ်ရေးတင်းမာမှုအခြေအနေနဲ့ တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာခံစားနေရတဲ့ ဒေသခံပြည်သူအကျိုးကို ငဲ့ညှာထောက်ထားမှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရရဲ့ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုမှုအနေနဲ့ နှစ်ဖက်စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ စစ်ကောင်စီတပ်နဲ့တွေ့ဆုံဆွေးနွေးရန် အသင့်ရှိတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ TNLA က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ခုလိုထုတ်ပြန်တာဟာ လေကြောင်းအန္တရာယ်အလူးအလဲခံနေရတဲ့ လူထုအခက်အခဲအကျပ်အတည်း၊ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့နဲ့ တရုတ်ဖိအားအလွန်ပြင်းထန်တာတွေကြောင့် စစ်ကောင်စီနဲ့ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်တာဖြစ်တယ်လို့ PSLF/TNLA ဘက်က သတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်။  ဒီထုတ်ပြန်ချက်အပေါ်  PSLF/ TNLA  ထိန်းချုပ်မှုအောက်ရှိ ဒေသခံပြည်သူတွေရဲ့ အမြင်ဘယ်လိုရှိနေလဲ KNG သတင်းဌာနက ပြည်သူတွေရဲ့အမြင်ကို စုစည်းဖော်ပြထားပါတယ်။   တအာင်းအမျိုးသမီးတစ်ဦး (Ta’ang Women Organization)  “ထုတ်ပြန်ချက်အပေါ် ပြန်ကြည့်မယ်ဆိုရင် ကျမတို့မမြင်နိုင်တဲ့နောက်ကွယ်က အခြေအနေတွေ အများကြီးရှိမယ်။ အဲဒီအပိုင်းမှာ ကျမတို့တိတိကျကျပြောနိုင်ဖို့ ခက်တယ်။ ဆိုလိုချင်တာက တစ်ဖက်မှာလည်း တစ်ခြားဖိအားတွေအရမ်းများလို့ ဒါတွေထုတ်လာတဲ့အနေအထား ဖြစ်ကောင်းဖြစ်နိုင်တယ်။ တွေ့ဆိုဆွေးနွေးဖို့ ထုတ်ပြန်တယ်ဆိုပေမဲ့ တစ်ဖက်မှာ မြေပြင်အခြေအနေအရ တိုက်ပွဲဆက်ဖြစ်နေတာတော့ရှိတယ်။ နောင်ချိုဘက်၊ မိုးကုတ်ဘက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ပြီးတော့ လေကြောင်းပစ်ခတ်မှုအခြေအနေကလည်း စာထုတ်ပြန်ပြီးမကြာဘူး တစ်ပတ်အတွင်းမှာမှ စစ်တပ်ဘက်က ပြန်ပြီး ကျောက်မဲဘက်ကို လေယာဉ်ဗုံးလာကြဲတယ်။  ဒါတွေကို ကြည့်ခြင်းအားဖြင့် တစ်ဖက်က ဆွေးနွေးဖို့ စာထုတ်ပြန်ပေမဲ့ တစ်ဖက်ကစကစရဲ့ တုန့်ပြန်မှုကို ပြန်ကြည့်ရင်တော့ အကျိုးသက်ရောက်မှုနဲ့ ဒီတွေ့ဆုံဆွေးနွေးမှုက ဘယ်လောက် အတိုင်းအတာထိ ထိရောက်မှုရှိမလဲဆိုတာတော့ သုံးသပ်လို့ရတာကို တွေ့ရတယ်။ လူထုရဲ့အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေသခံ လူထုတွေကတော့ တိုက်ပွဲဖြစ်တာမျိုးတွေတော့ မလိုလားဘူးပေါ့နော်။ တိုက်ပွဲဆိုတာ ကောင်းတဲ့အရာမဟုတ်ဘူး။ စစ်ဆင်ရေးတစ်ခုဖြစ်ပြီဆိုတာနဲ့ ထိခိုက်မှုအနည်းနဲ့အများက လူထုပေါ်မှာ သက်ရောက်မှုအများကြီးရှိတယ်။ ဒါကြောင့်အကောင်းဆုံးကတော့ တိုက်ပွဲရပ်တန့်မှာကိုတော့ လိုလားကြတာပေါ့”  လူငယ်တစ်ဦး (ကွတ်ခိုင်တမန်အဖွဲ့) “TNLA က အခုထုတ်ပြန်လာတဲ့အပေါ် ဒေသခံတွေအနေနဲ့ အများစုက အံ့ဩကြတာပေါ့။ အခုလို တစ်ဖက်မှာ သူတို့နယ်မြေတွေရပြီဆိုတဲ့သဘောနဲ့ အပစ်ခတ်ရပ်လိုက်ပြီး လုပ်လာရင်တော့ ဒေသခံတွေအတွက်တော့ နေရထိုင်ရခက်သလို နောက်ပိုင်းမှာလည်း ဒေသတိုင်းရင်းသားလက် နက်ကိုင်တွေအချင်းချင်း တိုက်ပွဲတွေဖြစ်လာနိုင်မယ့်အနေအထားအထိ ဖြစ်လာမလား တွေးပူတာတွေရှိတာပေါ့။ အဓိကတော့ စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းတိုက်ဖျက်နေကြတဲ့အချိန် ဖြစ်တာကြောင့် ဘယ်အဖွဲ့မဆို ကိုယ့်ကြိုးစားအားထုတ်မှုကြောင့် ရရှိတဲ့ရလဒ်ကိုတော့ ဒေသခံပြည်သူ ဘယ်သူမဆို အသိအမှတ်ပြုကြပါတယ်။ ဒါပေမဲ့ ကိုယ့်နယ်မြေကိုယ့်ပြည်နယ်ဆိုတဲ့အဆင့်ထိက နိုင်ငံရေးအခြေအနေတည်ငြိမ်တဲ့အချိန် အားလုံးကောင်းမွန်စွာ ဆွေးနွေးပြီး အတည်ပြုပြီးမှ ဒေသခံအားလုံးလည်း လက်ခံနိုင်မယ်လေ” ဒေသခံအမျိုးသမီးတစ်ဦး (ကွတ်ခိုင်မြို့) အဆုံးထိ မသွားရဲဘူးဆိုရင် အစကတည်းက မစရင်ကောင်းတယ်လို့ပဲ ကျမတို့ဒေသခံတွေက ပြောနေကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကျပ်တည်း လာတာတွေရယ်၊ ထိခိုက်တာတွေများလာတာကြောင့်ပဲလေ။ မြန်မာစကားပုံအရ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဆိုသလိုပေါ့။ အခက်အခဲကြောင့်လည်း ပါတာပေါ့လေ။ ကျမတို့ဒေသခံတွေကတော့ တစ်ခါစထားတာကို အဆုံးထိ သွားစေချင်တယ်။ အခုလို တစ်ဝက်တစ်ပြတ် တစ်ပြတ်တစ်ချော်က မကောင်းဘူးလို့ မြင်တယ်။ မဖြစ်သင့်သေးဘူးလို့မြင်တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ဆွေးနွေးရမှာပဲလေ။ သူတို့ကြိုက်သလိုလုပ်မယ်ဆိုတာတော့ မရဘူးလေ။ ဖြူသည်ဖြစ်စေ၊မဲသည်ဖြစ်စေ အဖြေတစ်ခုခုတော့ အမြန်ရချင်ပြီလို့ပဲ ပြောချင်တယ်။ မဟုတ်ရင်တော့အရမ်းခက်ခဲနေတယ်။ အသက်လုံခြုံရေးအတွက်လည်း အပေါ်ကို မော့မော့ကြည့်ပြီးနေနေရပါတယ်” ဒေသခံအမျိုးသားတစ်ဦး (နမ္မတူမြို့) “ခဏအတွင်းမှာ နည်းနည်းတော့ အံ့အားသင့်သွားတာပေါ့။ အစကတော့ TNLA အနေနဲ့ အဆုံးထိစစ်အာဏာရှင်ကို တိုက်ထုတ်မယ်လို့ မျှော်လင့်ထားတာ။ ဒါပေမဲ့ အခုတော့ သူတို့ ဒီလိုထုတ်လာတော့ တစ်ခုစိတ်ထဲဝင်လာတာက သူတို့လိုချင်တဲ့နယ်မြေအတိုင်းအဆအထိ သူတို့တိုက်ပြီးပြီဖြစ်လို့ ဒီလောက်နဲ့တင်ရပြီ တော်ပြီလို့ခံယူပြီး ဒီအာဏာသိမ်းစစ်တပ်နဲ့ဆွေးနွေးပြီး သူတို့ အေးအေးချမ်းချမ်း သီးသန့်နေချင်သွားတာလား။ ဒီအချိန်မှာက မေးခွန်းအများကြီးမေးချင်တယ်။ တွေဝေရှုပ်ထွေးနေတဲ့အချိန်လည်းဖြစ်လို့ မေးစရာမေးခွန်းတွေတော့ တော်တော်များနေတယ်”   ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့စတင်လာတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊မိုင်းလုံ၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကို TNLA ကရရှိခဲ့ပြီး လက်ရှိ နေရာတချို့မှာလည်း စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။…

    Read More »
  • Nov- 2024 -
    11 November
    ဖမ်းဆီးခံရမှု

    TNLA ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်တောင်းဆို 

    ရှမ်းမြောက် နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်လက်မှတ်ရေးထိုးပြီး  PSLF/TNLA ဗဟိုဌာနချုပ်ကိုတောင်းဆိုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝင်းလှိုင် ( ခ) ဦးမဲတူကို  TNLA ဘက်က မေးမြန်းစရာရှိတယ်လို့ဆိုကာ  စက်တင်ဘာလ ၂ ရက်နေ့ နေအိမ်ကနေ ဖမ်းဆီးသွားတာ ခုဆို ၂ လကျော်ကြာမြင့်လာပေမယ့် ပြန်လည်လွတ်ပေးခြင်းမရှိသေးတာကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့ ဒေသခံပြည်သူ ၄၃၀ ဦးလက်မှတ်ရေးထိုးပြီး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ဆီ စာပို့တောင်းဆိုထားတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။  “စာတင်ပြီးတောင်းဆိုတာ ဒီဟာပထမအကြိမ် ဟုတ်တယ်။ ရှေ့တစ်ခေါက်တွေမှာ ဒေသခံတွေ TNLA နဲ့ အကြိမ်ကြိမ်သွားရောက်တွေ့ဆုံစကားပြောပြီးပြီ။ ဒါပေမဲ့ TNLA မြို့နယ်မှူးဘက်ကမတွေ့ချင် မပြောချင်တဲ့အနေအထားဖြစ်တယ်။ ဒေသခံတွေဘက်ကလည်း ဘယ်လိုကြိုးစားကြိုးစားမရတာနဲ့ ဒီလိုစာထုတ်ပြီး စာတင်ပြီး တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်”လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။   TNLA ဖမ်းဆီးထိန်းသိမ်းထားတဲ့ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဘော်တွင်းဒေသခံဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြိီး ဆက်တိုက်အနိုင်ရထားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် နမ္မတူမြို့နယ် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးဏ္ဍတွေမှာလည်း ဦးဆောင်ကာကြိုးပမ်းဆောင်ရွက်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ နမ္မတူဒေသခံတွေ ပြေဆိုချက်အရ  TNLA ဘက်ကနေ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူကို ဖမ်းဆီးရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး  ဒီနေ့ထိ တိတိကျကျပြောဆိုခြင်းမရှိသေးတဲ့အပြင် ခုလိုအချိန်အကြာကြီးဖမ်းဆီးတာတွေ မလုပ်သင့်ဘူးလို့ နမ္မတူမြို့မှာနေထိုင်တဲ့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “အစက ဖမ်းဆီးခံရချိန်မှာတော့ အော် သူတို့ခနလေးပြောစရာရှိတယ်ဆိုပြီး ခေါ်သွားတာကြောင့် ခနလေးနဲ့ ပြန်လွှတ်မယ်လို့ ထင်နေတာ။ တစ်ပတ်နှစ်ပတ်လောက် သူတို့မေးမြန်းပြီးရင်တော့ လွှတ်မယ်ထင်နေတာ။ ဒါပေမဲ့ သူတို့က အခုထိ မလွှတ်ပေးတာပေါ့။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်တယ်။ ဘာကြောင့် ပြစ်ချက်မရှိတဲ့သူကို ဖမ်းဆီးထားရတာလဲပေါ့” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်နေကျ ဖုန်းနံပါတ်နဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။  နမ္မတူမြို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ နမ္မတူမြို့နယ်ထဲ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC)  ကျောင်းဖွင့်ဖို့စတင်လာချိန် ကန့်ကွက်မှုတစ်ချို့လည်းရှိခဲ့တဲ့အတွက် TNLA ဘက်က ဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။  တအာင်းတပ် PSLF/ TNLA ဟာ နမ္မတူဒေသကို သိမ်းပိုက်ပြီးနောက် KIA တပ်ဖွဲ့ကိုလည်း ဝင်ခွင့်မပေးသလို NUG အစိုးရအောက် သက်ဆိုင်သူတွေကိုလည်း ဒေသတွင်းအုပ်ချုပ်ရေးနဲ့ ရပ်ကျေးဆိုင်ရာလုပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခွင့်မပေးပဲ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့  ဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ခန့်အပ်တာတွေရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။…

    Read More »
  • Jan- 2024 -
    13 January
    သတင်း

    သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ TNLA အုပ်ချုပ်ရေးစတင်မယ်လို့ PSLF/TNLA ဥက္ကဌဒုတိယ ဗိုလ်မှူးကြီး တားအိုက်ဘုန်းပြော

    ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် TNLA သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ TNLA အုပ်ချုပ်ရေးယန္တရားသစ် စတင်လည်ပတ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်မှူးကြီးတားအိုက်ဘုန်းကပြောပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့…

    Read More »
Back to top button