ကာမိုင်း
-
Aug- 2023 -22 Augustတိုက်ပွဲ
ကားမိုင်းအထွက် ကျောက်ထုရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
ကားမိုင်းကနေ ဖားကန့်လမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကားမိုင်းမြို့အထွက် ကျောက်ထုကျေးရွာ အနားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်နဲ့ အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီကနေ့ မနက် ၉ နာရီလောက်မှာ ကားမိုင်းမြိို့က နေ ဖားကန့်ဘက်ကို ထွက်လာအချိန်မှာပဲ ကျောက်ထုကျေးရွာအရောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “စစ်ကောင်စီစစ်သားတွေက ကားမိုင်းကနေ ထွက်လာတဲ့အချိန် လမ်းတစ်လျှောက်ကြောက်လို့ လက်နက်ငယ်တွေ ပစ်ပြီးတက်လာကြတာဟုတ်တယ်။ မအူပင်လည်း ကျော်သွားပြီး ကျောက်ထုနားရောက်တော့ ကျနော်တို့ဘက်က စောင့်နေတာ အဲ့မှာပစ်ကြတာဟုတ်တယ်။ အခု ၁၁ နာရီခွဲလောက်အထိ လက်နက်သံတွေက ဆက်တိုက်ကြားနေတာဖြစ်တယ်”ပြောပါတယ်။ နှစ်ဖက်တပ် အပြန်အလှန်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကားမိုင်းဘက်ကို သယ်ဆောင်သွားတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် ၂ ဖက်တပ် ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ KNG အနေနဲ့ အတည်ပြုနိုင်တာမရှိသေးပါဘူး။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့ကြားမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဖားကန့်လမ်းတစ်လျှောက်မှာရှိကြတဲ့ ဆိုင်းဖရာ၊ ဂတ်နွယ်၊တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ်ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။ ဒါပေမယ့် အဲ့ဒီ ကျေးရွာတွေမရောက်မှီ နန့်ယားစစ်တပ်ဂိတ်မှာ စစ်ကောင်စီတပ်က အသွားအလာ အားလုံးပိတ်ဆို့ထားတဲ့အတွက် ထွက်လို့မရပဲ ကျေးရွာထဲမှာသာ ပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၇ ရက်နေ့ မိုးကောင်းမြို့နယ်ဘက်ကနေ ဖားကန့်ဘက်ကို စစ်ကား ၃ စီးနဲ့တက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ဒီနေ့မနက် ကားမိုင်းကနေ ပြန်လည်ထွက်ခွာလာတဲ့အချိန် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆိုင်းဖရာ၊ ဂတ်နွယ်၊ တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ် စတဲ့ကျေးရွာတွေမှာ တပ်ချဖို့တက်လာတဲ့အဖွဲ့ဖြစ်တယ်လို့သိရပြီး စစ်ကြောင်းတက်လာတဲ့ တစ်လျှောက်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
Read More » -
May- 2023 -3 Mayသတင်း
လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကားမိုင်း ဒေသခံ ၃၀ ကျော် ပြန်လွတ်လာ
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော လဝါး နှင့် ဒွမ်ဘုန်းကျေးရွာမှ ဒေသခံ ၃၀ ကျော် ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။ မေလ ၂ ရက်နေ့ မိုးကောင်း–ဖားကန့် လမ်းအတိုင်း တက်လာသည့် စစ်အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းသည် ဒွမ်ဘုံန်ကျေးရွာ မရောက်မှီတွင် မိုင်းဆွဲတိုက်ခံရသောကြောင့် အနီးနားရှိ ဒေသခံ ၃၀ ကျော်ကို…
Read More » -
Apr- 2023 -20 Aprilစစ်ပြေးဒုက္ခသည်များ
ကားမိုင်း ရှိ လိုင်နှောင်းခူး စစ်ရှောင်များကို ပြန်လည်နေရာချထားပေး
ကားမိုင်းမြို့ ထွယ်ဆန့်ယန် ရပ်ကွက်တွင် ၇ နှစ်ခန့်အကြာ စစ်ဘေးရှောင်နေရသော Lai Nawng Hku (မံဝယ်) စစ်ရှောင်ပြည်သူများသည် လုံခြုံရေးကြောင့် နေရပ်မပြန်နိုင်တော့သဖြင့် ပြန်လည်နေရာချပေးသည့်နေရာတွင် နေထိုင်ရန် စီစဉ်ထားပြီဟု သိရသည်။ လိုင်နှောင်းခူးကျေးရွာမှ ထွက်ပြေးလာသော စစ်ရှောင်အိမ်ထောင်စု ၃၈ စုရှိသည့်အနက် ၂၆ စုသည် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် KBC ဖြစ်ပြီး ၁၂ စုသည် ကတ်သလစ်အသင်းတော်မှ…
Read More » -
Mar- 2023 -31 Marchလူ့အခွင့်အရေးချိုးဖောက်မှု
ကားမိုင်းတွင် ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့အဝင် ယခင် စစ်တပ်ဂိတ်ရှိသည့်နေရာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်သားများက ဖားကန့်တက်လာသည့် ကုန်ကားသမားတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း သိရသည်။ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်…
Read More » -
Jan- 2023 -26 Januaryတိုက်ပွဲ
ကားမိုင်း ဗျူဟာကုန်း နှင့် နန့်ဟိုင်တပ်စခန်း ၂ ခုအား KIA၊ PDF ပူးပေါင်းတပ်မှ သွားရောက်တိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်း ဗျူဟာကုန်းနှင့် နန့်ဟိုင်တပ်စခန်း ၂ ခုအား KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီ ၂၆ ရက် ယနေ့နံနက် ၄ နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ ကားမိုင်း…
Read More » -
Nov- 2022 -24 Novemberသတင်း
ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့ ရှိ အထွေအထွေအုပ်ချုပ်ရေးရုံးတွင် ယနေ့နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထွေအုပ်ဝန်ထမ်း ၁ သေဆုံးကာ ၁ ဦးပြင်းထန် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ ကားမိုင်း အုပ်ချုပ်ရေးရုံးဗုံးဖောက်ခွဲခံရမှုတွင် အုပ်ချုပ်ရေးမှူးက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး…
Read More » -
May- 2022 -5 Mayသတင်း
ကာမိုင်း ပြည်သူ့စစ်အဖွဲ့တစ်ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်မြို့တွင် ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ ကားမိုင်းဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိပါသည်။ ပစ်သတ်ခံရသူမှာ အသက် ၅၈နှစ်အရွယ်ရှိ ဦးဇော်ဌေး ခေါ်သူဖြစ်ပြီး ကားမိုင်းမြို့မရပ်ကွက်ရှိ မြန္ဒာလက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေစဉ် ဆိုင်ကယ်…
Read More » -
Mar- 2021 -12 Marchသတင်း
လက်နက်ကြီးကျည်ကြောင့် ကာမိုင်းဒေသခံ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိ
မိုးကောင်း-ကာမိုင်းကြား Nam Shem (နမ်ဟိုင်) ဘွမ့်ရှန်တောင်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေချိန် ကာမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်မှု ကျေးရွာအတွင်းသို့ ကျရောက်သောကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။…
Read More » -
Jan- 2015 -22 Januaryသတင်း
အစိုးရနှင့် KIA ကြား ကားမိုင်းဘက်သို့ တိုက်ပွဲများ ပြင်းထန်လာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ကားမိုင်းမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၂၂ ရက်တွင် တိုက်ပွဲ ပြန်လည် ပြင်းထန်လာသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က…
Read More »







