စက်သုံးဆီ

  • Dec- 2024 -
    3 December
    သတင်း

    ဖားကန့်မှာ စက်သုံးဆီတစ်လီတာ ကျပ်၂သောင်းဝန်းကျင်ပေးဝယ်နေရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂ သောင်းအထိပေးဝယ်နေရပြီး အကန့်အသတ်တွေနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်ထဲက စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာတော့ စက်သုံးဆီ တစ်ဂါလံကို ကျပ် ၈သောင်း၂ထောင် အထိရှိပြီး မနက်ပိုင်းတစ်ချိန်ပဲအကန့်အသတ်တွေနဲ့ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ယောက်ကပြော ပါတယ်။ “တစ်လီတာရေသန့်တစ်ဘူး ၂ သောင်းကျော်တယ်။ ဆီကလိုသလောက်လည်းဝယ်မရဘူး။ ဆီဆိုင်ကြီးနှစ် ဆိုင်ကတော့ မနက်ပိုင်းဆိုရင်ရောင်းပေးတယ်။ ပါဆယ်မရောင်းဘူး။ ကားထဲလိုသလောက်တော့ရောင်းပေး တယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေ တရုတ်နယ်စပ် ကံပိုင်တည် မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အတိုင်းအတာ နဲ့မြင့်တက်လာတာလို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကစတင်လို့ ကချင်ပြည်နယ်ထဲကို ကံပိုက်တည်နယ်စပ်ဂိတ်ကနေပဲ စက်သုံးဆီတွေကို တင်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေဖြတ်သန်းခွင့်ပိတ်ခဲ့တာလို့သိရပါတယ်။ အခုလို စက်သုံးဆီဈေးနှုန်းတွေမြင့်တက်လာတာကြောင့် စက်သုံးဆီကိုမှီခိုပြီး ရပ်တည်နေကြရတဲ့ လုပ်ငန်း တစ်ချို့ရပ်နားထားရပြီး အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။ “ဆီဈေးတက်တော့ ဆိုင်ကယ်နဲ့ လုပ်စားနေတဲ့သူတွေ ဆိုင်ကယ်ကယ်ရီ၊ဆိုင်ကယ်ဈေးသည်တွေပိုပြီး ထိခိုက်တာပေါ့ ကျောက်တူးကုမ္ပဏီတွေအတွက်တော့ အခုအချိန်ထိမထခိုက်သေးဘူး။ သူတို့က ဆီလှောင် ထားတာဆိုတော့ မထိခိုက်နိုင်သေးဘူး” လို့ပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုပဲတင်သွင်းခွင့်ပြုမှာဖြစ်ပြီး ကျန်မြို့တွေအားလုံးကိုပိတ်ပင်တားမြစ်လိုက်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့်အသိပေးခဲ့တယ်လို့ သတင်းဌာနအများစုမှဖော်ပြကြပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့ ဒီကနေ့မှာတော့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့က စက်သုံးဆီပန့် ဆိုင်တွေမှာ စက်သုံးဆီတွေပြန်လည်ရောင်းချပေးနေပြီဖြစ်ပြီး ၉၂ တစ်လီတာ ကျပ် ၁၃၀၀၀ ဝန်းကျင်ပေးဝယ်နေရတယ်လို့သိရပါတယ်။ By – အမိုး

    Read More »
  • Nov- 2024 -
    26 November
    သတင်း

    မြစ်ကြီးနားမြို့မှာ စက်သုံးဆီ တစ်လီတာ တစ်သောင်းခွဲအထိစျေးမြင့်တက်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) အထိဈေးမြင့်တက်နေတယ်လို့ မြို့ခံတွေ ပြောပါတယ်။ မြစ်ကြီးနားမြို့ နိုဝင်ဘာ လဆန်းပိုင်းအထိ စက်သုံးဆီတစ်လီတာ ကျပ်ငွေ ၁၀၀၀၀(တစ်သောင်း) ဝန်းကျင်သာရှိခဲ့ပေမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) ထိမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဒီနေ့ကတော့ တစ်လီတာကို တစ်သောင်းခွဲဟုတ်တယ်။ ဆီကမနက်ပိုင်းပဲရောင်းတာ ဝယ်ရလည်း ခက်တယ်။ ဆီကရှိတော့ရှိတယ်ထင်တယ်။ အရင်လို သိပ် မရောင်းပေးတာ။ အခုက မျှမျှပြီး ရောင်းနေတာ။ ဈေးတွေကလည်း တက်နေတာပေါ့”လို့ ပြောပါတယ်။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေဟာ မြစ်ကြီးနား– မန္တလေးလမ်း၊မြစ်ကြီးနား– ကန်ပိုင်တည်လမ်းကြောင်းကနေ ဝင်ရောက်နေတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ကစ ကချင်ပြည်နယ်နယ်စပ် စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို  KIA ပူးပေါင်းတပ်က စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲစတင်ဖော်ဆောင်လာတာကြောင့် မြစ်ကြီးနား– မန္တလေးသွားလမ်းပိုင်း သွားလာခွင့်ပိတ်သွားခဲ့ပြီး စက်သုံးဆီကားများအဝင်ရပ်တန့်သွားခဲ့ပါတယ်။ မြစ်ကြီးနား– မန္တလေးလမ်းပိုင်း စက်သုံးဆီကားအဝင်မရှိတော့ပေမယ့် မြစ်ကြီးနား– ကန်ပိုင်တည်လမ်းကြောင်းကနေ ဝင်ရောက်နေသေးတာကြောင့် ဩဂုတ်လကနေ အောက်တိုဘာလ ၁၇ ရက်နေ့ထိ မြစ်ကြီးနားမြို့တွင်း စက်သုံးဆီတစ်လီတာ ကျပ် ၅၀၀၀ (ငါးထောင်) နဲ့ ၆၀၀၀ (ခြောက်ထောင်) ဝန်းကျင်သာရှိပါတယ်။ ဒါပေမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်ဌာနချုပ် ပန်ဝါမြို့ကို KIA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် နယ်စပ်ဂိတ်အားလုံးကို တရုတ်နိုင်ငံဘက်က ပိတ်လိုက်တဲ့တွက် မြစ်ကြီးနား– ကံပိုင်တည်လမ်းကြောင်းကနေလည်း စက်သုံးဆီအဝင်ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ “ ကျနော်တို့မြစ်ကြီးနားကိုက အောက်ပိုင်း မန္တလေးတို့မြစ်ကြီးနားတို့က ဆီတွေမရောက်တာ ကြာပြီ။ တရုတ်ဆီတွေပဲသုံးနေရတာဟုတ်တယ်။ အခုကတရုတ်ဘက်ကလည်းပိတ်တော့ ဆီတွေကမရောက်တော့ ခက်ကုန်တာပေါ့” လို့ ပြောပါတယ်။ ဒါကြောင့် လတ်တလော မြစ်ကြီးနားမြို့ထဲကို စက်သုံးဆီအဝင်ရပ်တန့်သွားတာ တစ်လကျော်ရှိလာပြီး မြို့တွင်း ဆီဆိုင်ကြီးတွေဟာ လက်ကျန်ဆီတွေကို အကန့်သတ်နဲ့ရောင်းချပေးလာပြီး စျေးနှုန်းလည်း ပိုမြင့်တက်လာနေတာဖြစ်ပါတယ်။ မြန်မာ– တရုတ်နယ်စပ် ကံပိုင်တည်မြို့ကို  ကချင်လွတ်လပ်ရေးတပ်မတော်  KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၂၀ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အုပ်ချုပ်ရေးယန္တရားစတင်ဖို့ ကြိုးစားနေသလို နယ်စပ်ဂိတ်ကိုလည်း ဖွင့်ထားပြီး တရုတ်တစ်သျှူးငှက်ပျောကားတွေ ထွက်ခွင့်ပေးနေပြီဖြစ်ပါတယ်။ သို့သော် တရုတ်နိုင်ငံဘက်က ငှက်ပျောကားအဝင်သာ လက်ခံပြီး စက်သံးဆီ၊လူသုံးကုန်ကားတွေကို မြန်မာဘက်ခြမ်းထွက်ခွင့်မပေးသေးပဲ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • 15 November
    သတင်း

    မြစ်ကြီးနားမြို့မှာ ဆီပန့်ဆိုင်တစ်ချို့ စက်သုံးဆီအကန့်သတ်နဲ့သာရောင်းချ

    ကချင်ပြည််နယ် မြစ်ကြီးနားမြို့မှာ  စက်သုံးဆီအဝင်ရပ်တန့်နေတဲ့အတွက် ဆီပန့်ဆိုင်ကြီးတစ်ချို့ အကန့်သတ်နဲ့သာရောင်းပေးနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ဝန်းကျင် ကံပိုင်တည်မြို့– ဆဒုံးလမ်းပိုင်းရှိ နယ်ခြားစောင့်တပ်ရဲ့ အမှတ် ၁၀၀၃ စင်ကြိုင်စခန်းကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်လာချိန် မြစ်ကြီးနား– ကန်ပိုင်တည်လမ်း စစ်ရေးအခြေနေကြောင့် လမ်းပိုင်းသွားလာခွင့် KIA က ပိတ်ထားတာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့ KIA ပူးပေါင်းတပ် စင်ကြိုင်စခန်းကိုသိမ်းလိုက်ပြီး မြစ်ကြီးနား– ကံပိုင်တည်လမ်းပိုင်း ပုံမှန်သွားလာခွင့်ရပေမယ့် ကံပိုင်တည်မြို့ကိုထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ကံပိုင်တည်ကနေ မြစ်ကြီးနားဘက်ဆင်းမယ့် စက်သုံးဆီကားတွေ ထွက်ခွင့်မပေးပဲ ပိတ်ထားတယ်လို့ သိရပါတယ်။  ဒါကြောင့် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး နိုဝင်ဘာလ ၂ ရက်နေ့စ ဆီလက်ကျန်နည်းနေတဲ့ ဆီပန့်ဆိုင်တစ်ချို့အကန့်သတ်နဲ့ရောင်းပေးနေတယ်လို့ ဆီဆိုင်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦး ပြောပါတယ်။ “ဆီစျေးက လောလောဆယ် တစ်လီတာ တစ်သောင်းဝန်းကျင်ရှိတယ် ဝယ်လို့တော့ရတယ်။ ဒါပေမယ့် တချို့ဆိုင်ကြီးတွေက တစ်နေကုန်မဖွင့်ကြတော့ဘူး ဥပမာ ဒီနေ့ ပေပါ ၂၀ ဘဲရောင်းမယ်ဆိုရင် အဲဒါကုန်ရင် ဆိုင်ပိတ်ထားပြီ”လို့ ဆီအရောင်းဆိုင်နဲ့ရင်းနှီးသူတစ်ဦး ပြောပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ကနေ ဆီလက်ကျန်နည်းလို့ အကန့်သတ်နဲ့ရောင်းနေတဲ့ ဆီပန့်ဆိုင်တွေဟာ တိုင်းကျော်၊ ရွှေလှိုင်း၊ ဆဲဗင်းဟွာကျန်း၊ရွှေမြေတို့ဖြစ်တယ်လို့ သိရပြီး တစ်နေ့တာရောင်းချမယ့် ဆီပမာဏကိုကန့်သတ်ထားတာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ ခုလို စက်သုံးဆီဆိုင်ကြီးတွေ အကန့်သတ်နဲ့ရောင်းချလာတဲ့အတွက် လမ်းဘေးပုလင်းချိန်မှာ တစ်လီတာကို ကျပ် ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) အထိ ပေးဝယ်နေရတယ်လို့ ရွှေစက်ရပ်ကွက်နေ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လမ်းဘေးဆိုင်တွေမှာတော့ မနေ့ကမေးတာ တစ်ပုလင်းကို ၁၂၀၀၀ တဲ့ဒါတောင်အပြည့်မပါဘူး ဆီပန့်တွေကလည်းပိတ်တဲ့ဆိုင်ပိတ်တယ်တချို့ဆိုင်လေး နေ့တဝက်လောက်ပဲ ဖွင့်တယ် ဒါတောင် 95 မရဘူး ဆိုင်တိုင်း 92 ကြီးတွေပဲ”လို့ ပြောပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ မြို့တွင်း စက်သုံးဆီစျေး  92 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) လမ်းဘေးပုလင်းချိန် တစ်လီတာ ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) နဲ့ ဒီဇယ် တစ်လီတာ ကျပ် ၉၅၀၀ (ကိုးထောင့်ငါးရာ) အထိရှိပြီး ၂ လအတွင်း စက်သုံးဆီစျေး တစ်ဆ တက်လာတာလို့ မြစ်ကြီးနားမြို့နေပြည်သူတွေက ပြောပါတယ်။  မြစ်ကြီးနားမြို့အပါ ကချင်တစ်ပြည်နယ်လုံးအတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို မန္တလေးဘက်ကနေလည်းတင်သွင်းသလို တရုတ်ပြည်ထဲကနေတစ်ဆင့် တင်သွင်းတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ကိုင်း– ကချင်အစပ် အင်းတော်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မန္တလေး – မြစ်ကြီးနားမိန်းလမ်းမကြီး ပိတ်သွားခဲ့ပြီး ဆီတင်ကားကြီးအဝင်မရှိတော့ပဲ ရပ်တန့်နေတာဖြစ်ပါတယ်။ အလားတူဘဲ တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကံပိုင်တည်ဂိတ်ကို စစ်တပ်ကထိန်းချုပ်ထားပြီး ဆီကားဝင်ခွင့်မပေးသလို လွယ်ဂျယ်ဂိတ်ကိုတော့ တရုတ်ဘက်ကပိတ်လိုက်တဲ့နောက် KIA ကလည်း တန်ပြန်ပိတ်ထားတာဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးစျေးတက်နေသလို တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း အဆမတန်စျေးတက်နေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 5 November
    သတင်း

    မြစ်ကြီးနားမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိမြင့်တက်

    မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးမြင့်တက်လာတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့ ပန်ဝါမြို့ကိုသိမ်းလိုက်တဲ့နောက် တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် ဂိတ်အားလုံးပိတ်လိုက်တာကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး လက်ကျန်ရောင်းချနေတဲ့ ဆီပန့်ဆိုင်ကြီးတွေမှာ 92 တစ်လီတာ ကျပ် ၉၀၀၀  (ကိုးထောင်)၊ 95 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးတက်နေတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆိုင်ကြီးတွေမှာထည့်ရင်တော့ တစ်လီတာ ၁၀၀၀၀ (တစ်သောင်း) ရှိတယ် အပြင် ပုလင်းချိန်ဆိုင်တွေမှာထည့်ရင်တော့ ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ရှိတယ် ဆီက အတက်ပဲရှိတာပါ လမ်းမှပြန်မဖွင့်သေးတာ”လို့ သူကပြောပါတယ်။ ကံပိုက်တည်နယ်စပ်ဂိတ်မပိတ်ခင် မြစ်ကြီးနားနာ 92တစ်လီတာ ကျပ် ၆၀၀၀ (ခြောက်ထောင်) ၊95 တစ်လီတာ ကျပ် ၆၅၀၀  ရှိရာကနေ ၂ ပတ်အတွင်း စျေးတစ်ဆမြင့်တက်သွားတာဖြစ်ပါတယ်။ လတ်တလော မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်နေတာကြောင့် မြို့ပြင်ဆီပန့်ဆိုင်တစ်ချို့စပိတ်လာသလို အချိန်ပိုင်းနဲ့ဖွင့်တဲ့ဆိုင်တွေလည်းများလာနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “မြို့ထဲမှာတော့မပိတ်ဘူးအားလုံးပုံမှန်ဖွင့်နေတာတွေ့တယ် နည်းနည်းမြို့ပြင်ကျတဲ့ရွှေစက်တို့လိုနေရာတွေမှာတော့ တဆိုင်တလေပိတ်ထားတယ် တွေ့ရသလောက် နှစ်ဆိုင်သုံးဆိုင်လောက်ရှိတယ်ပိတ်ထားတာ”လို့ ရွှေစက်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကံပိုင်တည်မှာ စစ်တပ်ဘက်က အရပ်သားပြည်သူတစ်ချို့လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာတွေလည်း ရှိနေတဲ့အပြင် မြို့ပတ်ပတ်လည် စစ်ရေးလှုပ်ရှားတာတွေတော့ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ အခုလို ကံပိုက်တည်လမ်းပိတ်နေတဲ့အတွက် စက်သုံးဆီနဲ့အလားတူ တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း စျေးဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာ– တရုတ်နယ်စပ်ဂိတ် ပန်ဝါ၊ဖိီမော်၊ကမ်းဖန့်၊လွယ်ဂျယ်၊လိုင်ဇာ၊ ကံပိုင်တည်ဂိတ်ရှိတဲ့ထဲ ကံပိုင်တည်နယ်စပ်ဂိတ်တစ်ခုသာလျှင် စစ်ကောင်စီကထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ကံပိုင်တည်–ဆဒုံး– ဝိုင်းမော်လမ်းပိုင်းကိုတော့ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By- Zaw Zaw

    Read More »
  • Sep- 2024 -
    25 September
    သတင်း

    ပူတာအို- မြစ်ကြီးနားလမ်းပိုင်းအခွန်အကောက်များလို့ ပူတာအိုမှာ ဆီစျေးမကျနိုင်သေး

    ကချင်ပြည်နယ် ပူတာအိုဒေသထဲကို စက်သုံးဆီကားပုံမှန်ဝင်နေပေမယ့် ဆီစျေးတွေမကျပဲ ဆက်မြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ် ကန်ပိုက်တည်ဂိတ်ကနေဝင်လာတဲ့ စက်သုံးဆီတွေဟာ ပူတာအိုဒေသထဲ အလုံအလောက်ဝင်နေပေမယ့် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း အကောက်အခွန်များနေတာကြောင့် ဆီစျေးမကျပဲ ဆက်မြင့်တက်နေတယ်လို့ ပူတာအိုမြို့လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ်ဝင်နေတဲ့ဆီတွေက တရုတ်ဆီတွေပဲဟုတ်တယ် ကန်ပိုက်တည်မှာ ယူစျေးကတစ်ပေပါမှ ၁၂သိန်းလောက်ပဲရှိတယ်။ မြစ်ကြီးနားမှာလည်း ဒီဆီပဲ မြစ်ကြီးနားမှာကတစ်လီတာမှ ၆၀၀၀ ပဲရှိတယ်။ ဒီမှာက တစ်လီတာကို ၁၃၀၀၀ တဲ့ လမ်းမှာအကောက်အခွန်အရမ်းများလို့စျေးတက်နေတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိူးသားကပြောပါတယ်။ လတ်တလော မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့အကောက်အခွန်ဂိတ် ၆ ခုထက်မနည်းရှိပြီး ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က ဂိတ် ၂ ခုရှိတယ်လို့ ကားသမားတွေကဆိုပါတယ်။ “မြို့ကြီးနားမြို့အထွက်မှာလေး နှစ်နေရာပေးရတယ် ပြီးတော့ ပူတာအိုဘက်ရောက်ရင်လည်း မူလာရှီးဒီဂိတ်တို့ လုံရှာယန်ရွာထဲကဂိတ်တွေမှာပေးရတယ်။ တခြားနေရာတွေလည်းရှိသေးတယ်ပေးရတာ”လို့မြစ်ကြီးနား ပူတာအိုလမ်းပိုင်းမှာမောင်းနေတဲ့ယာဥ်မောင်းတစ်ဦးကပြောပါတယ်။ စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား–မန္တလေးကုန်သွယ်ရေးလမ်းမကြီး အကန့်သတ်နဲ့သာသွားလာခွင့်ရနေတဲ့အတွက် တရုတ်နယ်စပ် ကန်ပိုက်တည်လမ်းကြောင်းကနေ စက်သုံးဆီတွေဝင်ရောက်နေတာဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနားမှာ 92 တစ်လီတာ ကျပ် ၆၀၀၀ ၊ 95တစ်လီတာ ကျပ် ၆၅၀၀ ရှိပေမယ့် ပူတာအိုမြို့ မြို့တွင်းဆီပန့်ဆိုင်တွေမှာ 92 တစ်လီတာ ကျပ် ၁၂၀၀၀ 95 တစ်လီတာ ကျပ် ၁၃၀၀၀ အထိစျေးတက်နေတာလို့သိရပါတယ်။ “ဂိတ်ကြေးပေးရတဲ့နေရာတွေက တစ်ဂိတ်တစ်ဂိတ်ကို လေးသောင်း၊ငါးသောင်းအထိပေးရတယ်။ တစ်ချို့ဂိတ်တွေက ဒီဇယ်၊ဓာတ်ဆီတွေပေးရတာရှိတယ် ဆီတစ်ပေပါကို ပူတာအိုအရောက် ငါးသိန်းခြောက်းသိန်းလောက်ကုန်တယ် အဲ့ကြောင့်မကျတာလေးဆီစျေးကပူတာအိုမှာ”လို့ မြစ်ကြီးနား–ပူတာအိုကြားဆီကားမောင်းနေတဲ့ ယာဥ်မောင်းတစ်ဦးကပြောပါတယ်။ ကားလမ်းပိုင်းအကောက်အခွန်များနေတာကြောင့် ပူတာအိုဒေသမှာ စက်သုံးဆီနဲ့အလားတူအခြားကုန်စျေးနှုန်းတွေလည်းမြင့်တက်နေတယ်လို့သိရပါတယ်။ ဇွန်လကုန်ပိုင်းက မိုးရွာသွန်းမှုကြောင့် ကားလမ်းမြေပြိုပြီး တစ်လကျော်ကြာ ပိတ်သွားတဲ့ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်း ပြန်ဖွင့်လာတာ နှစ်ပတ်ဝန်းကျင်ရှိသေးတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်းမှာရှိပြီး မြစ်ကြီးနားနဲ့ (၂၁၈)မိုင် အကွာမှာရှိပါတယ်။ By – Zaw Zaw

    Read More »
  • 5 September
    သတင်း

    ပူတာအိုဘက်ကို စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ခက်ခဲနေဆဲ

    ပူတာအိုမြို့နယ်ဘက်ကို ကုန်ကားတစ်ချို့ သွားလာခွင့်ရနေပြီဖြစ်ပေမယ့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကြားမှာ လမ်းပိုင်းပျက်စီးနေသေးတဲ့အတွက် စက်သုံးဆီနဲ့ ကုန်ပစ္စည်းအများပိုင်း သယ်ယူဖို့ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ နှစ်လကျော်အကြာ ပိတ်ထားတဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းမှာ ဩဂုတ်လ ၂၈ ရက် နောက်ပိုင်း ကုန်ကားအသေးသွားလာခွင့်ရနေပြီး  မြစ်ကြီးနားကနေ တက်သွားတဲ့ ကုန်ကားအကြီးတွေ ဆွမ်ပရာဘွမ့်မြို့နယ် ဆူယန်းကျေးရွာအထိသာ ရောက်ရှိနိုင်သေးတယ်လို့ ပူတာအိုဒေသခံတွေ ပြောပါတယ်။ ဒါကြောင့်  ပူတာအိုဘက်ကနေ ကားသေးတွေနဲ့ ဆူယန်းရွာကနေ တစ်ဆင့် ကုန်ပစ္စည်းတွေကို မြို့ထဲပြန်သယ်ယူနေရတယ်လို့ ပူတာအိုဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ကားအသေးတွေတော့ ပြန်တက်နေပြီ ဒါပေမယ့် ကားအကြီးတွေ တက်လို့မရသေးဘူး။ စက်သုံးဆီတွေဆိုရင်တော့ ပူတာအိုဘက်ကနေ ဆင်သွားတဲ့ ကားနဲ့ ကားကြီးတွေက လမ်းပျက်နေတဲ့ နေရာအထိ သွားပြီးတော့ ပိုက်တွေနဲ့ ပြန်စုပ်ပြီး ပူတာအိုဘက်ကို ပြန်သယ်ယူသွားရတယ်။ ကားကြီးတွေ ဆူယန်ဆိုတဲ့ ရွာအထိပဲရောက်နိုင်သေးတယ်”လို့ပြောပါတယ်။ ဆူယန်ရွာမှာ ပိတ်မိနေတဲ့ကုန်ကားကြီးတွေက ပူတာအိုမြို့နယ်ဘက်ကို ဝင်ရောက်နိုင်ဖို့ရန်အတွက် လမ်းပြုပြင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ခုလို မြစ်ကြီးနား– ပူတာအိုလမ်းပိုင်း ကုန်ကားကြီးတွေ ပုံမှန်တိုင်းသွားလာလို့မရသေးတဲ့အတွက် လက်ရှိ ပူတာအိုမြို့ထဲ ကုန်စျေးနှုန်း ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်စျေးနှုန်းတက်နေတဲ့အခြေအနေ ရင်ဆိုင်နေရတယ်လို့ ပူတာအိုဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။ “စက်သုံးဆီတော့ အနည်းငယ် မသိမသာလေးကျလာတယ်။ ဒါပေမယ့် ကုန်းပစ္စည်းတွေက လုံးဝမကျဘူး။ အခုက လမ်းမှာ တစ်ဆင့်ခံပြန်သယ်ယူရသေးတော့ တင်ခက စျေးများနေတာ အဲဒါကြောင့် ကုန်စျေးနှုန်းက နေ့တိုင်းတိုင်းလိုလိုတက်နေတာ”လို့ပြောပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးမှုကြောင့် လမ်းပိတ်မိနေတဲ့ နှစ်လအတွင်း ပူတာအိုမြို့မှာ စက်သုံးဆီ ဓါတ်ဆီတစ်ဂါလံ တစ်သိန်း နှစ်သောင်းဝန်းကျင်အထိရှိခဲ့ပြီး တစ်ခြားကုန်စျေးနှုန်းတွေလည်း စျေးအဆမတန်မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် ဩဂုတ်လ ၂၈ ရက် လမ်းပြန်ဖွင့်သွားတဲ့နောက်ပိုင်း တစ်ပတ်အတွင်းမှာ စက်သုံးဆီ တစ်ဂါလံ လက်ရှိပေါက်စျေး ၆၀၀၀၀ ကျော်အထိ လျှော့ကျသွားပြီးတော့ ကြက်ဥတစ်လုံးကို ၁၆၀၀ အထိရှိနေသေးတယ်လို့ သိရပါတယ်။ အခုလို ပူတာအိုဒေသမှာ ကုန်စျေးနှုန်းတက်နေတာဟာ တဆင့်ခံဝယ်ယူတဲ့ မြစ်ကြီးနားမြို့မှာတင် ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ရရှိနေသေးတဲ့ ကုန်ပစ္စည်းတွေလည်း စျေးနှုန်း နေ့စဉ် တစ်ထောင်ကျော် အထက် စျေးနှုန်းမြင့်တက်နေတဲ့အတွက် ပူတာအိုဒေသလို လမ်းပန်းဆက်သွယ်ရေးခက်တဲ့ နေရာဒေသတွေမှာ ကုန်းစျေးနှုန်းထိုးတက်သွားတာဖြစ်ပါတယ်။ ဒါကြောင့် ပူတာအိုဒေသဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် တခြားဒေသတွေထက် ကုန်စျေးနှုန်းမြင့်တက်တဲ့ ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေကြတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jul- 2024 -
    29 July
    သတင်း

    ပူတာအိုမှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အတွက် ဆီဆိုင်ကိုကျောက်ခဲနဲ့ပစ်ပေါက်ပြီး အငြင်းပွားမှုတွေဖြစ်နေ

    ပူတာအိုမြို့နယ်မှာ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲနေပြီး စက်သုံးဆီရောင်းချပေးနေတဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ပြည်သူတွေကြား အငြင်းပွားတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်း စစ်တပ်နဲ့ KIA တပ်ရဲ့ညှိနှိုင်းမှုနဲ့အတူ ပူတာအိုဘက်ကို စက်သုံးဆီလုံလုံလောက်လောက်တင်သွင်းထားပေမယ့် ဆီဆိုင်ကြီးတွေဟာ ပြည်သူတွေကို လိုသလောက်ရောင်းချပေးတာမရှိဘဲ လုပ်ငန်းရှင်တွေကိုသာ မှောင်ခိုစျေးနဲ့ရောင်းချပေးနေတယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်လောက်သာမရှိတဲ့ ရောင်းချပေးတဲ့စနစ်ကြောင့် ဆီဆိုင်မှာ လာရောက်တန််််််််််းစီကြတဲ့ ပြည်သူတစ်ချို့ ဆီမရရှိတဲ့အတွက် ဆီဆိုင်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တဲ့အထိ ဆီဝယ်ယူရခက်ခဲနေတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဆီရောင်းချပေးတာကို အချိန်တစ်ခုကန့်သတ်ပေးတာလည်းမရှိဘူး။ ဆီလိုအပ်လို့ လာတိုးကြတဲ့ ပြည်သူတွေက ရာချီရှိတယ်။ တိုးလို့မရဘူးဆိုရင် အချင်းချင်းရန်ဖြစ်ကြ။ တစ်ချို့သူတွေဆိုရင် အဝေးကြီးကနေ ကိုယ့်မှာရှိထားတဲ့ ဆီကုန်ခံပြီးလာတိုးကြတာ ဆီဆိုင်ကနေ ကုန်ပြီလို့ပြောပြန်ပြောတော့ ကျောက်ခဲတွေနဲ့ပစ်ကြ ခိုက်ကြဖြစ်နေကြတယ်”လို့ ပူတာအိုဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ ရေကြီးရေလျှံမှုမတိုင်မှီ ဇွန်လထဲမှာ စစ်တပ်နဲ့ KIA ရဲ့ ညှိနှိုင်းမှုကြောင့် ဆီပေပါ ၃ ထောင်ခန့် ပူတာအိုမြို့ဘက်ကို တင်သွင်းထားပြီလို့သိရပါတယ်။ လက်ရှိမှာ စက်သုံးဆီရောင်းဝယ်တဲ့ ဆီဆိုင်ကြီးတွေက ဆီပြတ်သွားပြီဆိုတဲ့အကြောင်းပြချက်နဲ့  ပြည်သူတွေ လိုသလောက်ရောင်းချပေးတာမျိုးမရှိဘဲ အကန့်အသတ်နဲ့သာ ခက်ခက်ခဲခဲ ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။ ဆီကုန်သည်တွေက လုပ်ငန်းရှင်တွေကိုသာ စျေးနှုန်းတွေမြင့်တင်ပြီး မှောင်ခိုစနစ်နဲ့ ရောင်းချပေးနေတာကြောင့် လက်ရှိပူတာအိုမြို့နယ်ထဲမှာ ဓါတ်ဆီတစ်ပေပါကို မြန်မာငွေ သိန်း ၆၀ အထိ မြင့်တက်နေပြီး ဒီဇယ်တစ်ပေပါ သိန်း ၃၀ အထိရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် လက်ရှိ ပူတာအိုမြို့မှာ ပြည်သူတွေ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အထဲမှာ လက်ကား ပုလင်းချိန်နဲ့ ရောင်းချခွင့်မပေးဘဲ ဖမ်းဆီးတာတွေရှိနေတာကြောင့်လည်း စက်သုံးဆီရရှိဖို့ ခက်ခဲနေတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့မတိုင်ခင် ဖုန်းလိုင်းတွေရရှိနေတဲ့အတွက် ပြည်သူတွေအချင်းချင်းဖုန်းကနေ တစ်ဆင့်ဆက်သွယ်ပြီး အဆင်ပြေနေကြပေမယ့် အင်တာနက်လိုင်းဖြတ်တောက်ခံလိုက်ရတဲ့နောက်မှာတော့ ဆိုင်ကယ်နဲ့သွားရတဲ့ခြေနေတွေကြောင့် စက်သုံးဆီအခက်ခဲကပိုပြီးဆိုးလာတာဖြစ်တယ်လို့လည်း ပူတာအိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ …

    Read More »
  • 22 July
    သတင်း

    ဗန်းမော် – မန္တလေး ကားလမ်းပိုင်း ပိတ်လိုက်တဲ့နောက် ဗန်မော်ပြည်သူတွေ အဖက်ဖက် ကြပ်တည်းနေ

    ဗန်းမော်– မန္တလေး ကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ဗန်းမော်မြို့နယ်မှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေး သိသိသာသာမြင့်တက်လာတဲ့အတွက် ပြည်သူတွေစားဝတ်နေရေး၊ သွားရေးလာရေး ပိုခက်ခဲလာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နောက်ပိုင်းစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF  ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား ဗန်းမော်မြို့အနီးတစ်ဝိုက် နေရာအနှံ့တိုက်ပွဲပြင်းထန်လာတဲ့အတွက် နှစ်ဖက်လက်နက်ကိုင်တပ်တွေ ဗန်းမော်– မန္တလေး ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တာ ခုဆိုရင် ၂ လကျော်ကြာလာပြီဖြစ်ပါတယ်။  အဲ့ဒီနောက်ပိုင်းမှာတော့ ဗန်းမော်ဘက်ကို စင်းခမ်း၊ ကသာ၊ ရွေကူဘက်ကနေ ရေလမ်းကြောင်းစက်လှေနဲ့တစ်ဆင့် အခြေခံစားသောက်ကုန်တွေ သယ်ယူနေကြပေမဲ့ စက်လှေစရိတ်၊ ကုန်တင်ကုန်ချ စရိတ်ကြီးတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “မော်တော်ခတွေလည်း အရမ်းဈေးကြီးလာတယ်လေ ပြီးတော့ ဟိုဘက်ကမ်းကနေ ဗန်းမော်ရေဆိပ်မှာ ရောက်ပြီဆိုရင် အဲ့မှာ ရောက်လာကြပြီ ကုန်တင်ကုန်ချတွေလည်းတောင်းတာများလာတယ်။ ဟိုတလော ရေကြီးတဲ့ချိန်ဆိုရင် အရမ်းသိသာတယ်၊ ပစ္စည်းပျောက်တာတွေလည်း အရမ်းရှိခဲ့တယ်၊ ကုန်ဈေးနှုန်းတွေဆိုရင်လည်း ဗန်းမော်မှာ တစ်ခါမှ မကြားဖူးတဲ့ ဈေးတွေဖြစ်နေပြီ” လို့ဆိုပါတယ်။ ဒါ့အပြင် ဗန်းမော်မှာ ဓာတ်ဆီကားမဝင်တော့တဲ့အတွက် ဆီပန့်ဆိုင်ကြီးတွေ ပိတ်ထားပြီး လမ်းဘေးပုလင်းချိန်ရောင်းသူတွေ ဓာတ်ဆီဈေးတွေ မြင့်တက်နေတာကြောင့် ဗန်းမော်စခန်းမှူးကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄/၁၅ ရက်မှာတော့ လမ်းဘေးဆီဆိုင်တွေကို ဓာတ်ဆီတစ်ဘူး ၄၀၀၀ ကျပ်သာရောင်းချကြဖို့  ခံဝန်ကတိထိုးခိုင်းတာမျိုးရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ဓာတ်ဆီတစ်ဘူးကို ၉၀၀၀ ကျပ်ရောက်နေပြီလို့ ဆိုပါတယ်။ အခုလို ကုန်ဈေးနှုန်းမြင့်တက်နေတာဟာ အခြေခံလူတန်းစားတွေအတွက် ပိုမိုခက်ခဲစေတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “လူတွေလည်း ကျစရာဆိုလို့ စိတ်ဓာတ်ဘဲရှိတော့တယ်၊ ကုန်ဈေးတွေကတော့ ကျမှာမဟုတ်တော့ဘူး အတက်ဘဲရှိတာအဆင်းက မရှိဘူး။ ရေကြီးတဲ့ချိန်ဆို ပိုတောင်ဆိုးသေးတယ် ရေသာကျသွားတယ် ကုန်ဈေးက မကျဘူး၊ လက်လုပ်လက်စားတွေဆို တစ်နေ့ကိုမှ ၁သောင်းလောက်ရတာ၊ ဆီထည့်တာနဲ့ ကုန်ပြီလေ”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မှာ ဓာတ်ဆီတွေကို ဘူးသေး၊ ဘူးလတ်၊ ဘူးကြီး ခွဲထားပြီး အများဆုံး ၉၀၀၀ ကျပ်ထိရှိတဲ့အပြင် ရိုးရိုးဆန် တစ်အိတ် ၁သိန်း ၂ သောင်းကျပ်၊ ဆီ တစ်ပိဿာ ၁သောင်း ၇ထောင်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈ထောင်ကျပ် ရှိတဲ့အပြင် တစ်ခြားကုန်တွေလည်း နဂိုဈေးထက် ၁၀၀၀ လောက်ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့တွင်း ဂိတ်အဝင်အထွက်တွေမှာဆိုရင် ဂိတ်ကြေးတောင်းခံမှုများတဲ့အပြင် စစ်ဆေးမေးမြန်မှုတွေလည်းများတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားရေးလာရေး အခက်အခဲရှိနေတယ်လို့ အမျိုးသားတစ်ယောက်က KNG ကိုဆက်ပြောပါတယ်။ “ဂိတ်တွေမှာဆိုရင် ဘာပစ္စည်းဘဲသယ်သယ် ပိုက်ဆံတောင်းတယ်၊ သူတို့ရဲ့ လက်သုံးစကားက မင်းတို့ ဒါတွေကို ဘယ်ယူသွားမှာလဲ PDf တွေကို ထောက်ပံ့မလို့မဟုတ်လားတဲ့၊ အိမ်စားဖို့အတွက် သယ်တာလို့ပြောရင်လည်း ဂိတ်ကြေးက ၂ သိန်း ၃ သိန်းတောင်းတာရှိတယ်၊ ဆဲဆိုပြီးတောင်းတာလည်းရှိတယ်၊ သူတို့ကိုက ဝင်ရင်လည်းပေးရ ထွက်ရင်လည်းပေးရတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့လောက်ကနေစပြီး ဗန်းမော်မှာ ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် မြေနိမ့်ပိုင်းက ဒေသခံတစ်ထောင်နီးပါး တိမ်းရှောင်ခဲ့ကြရတဲ့အပြင် ခုလိုရေကြီးမှုကြောင့်လည်း ကုန်ဈေးနှုန်းတွေ ပိုမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ဒေသခံတွေအနေနဲ့ အခုလို ရေဘေးဒဏ်၊ ကုန်ဈေးနှုန်းဒဏ်တွေကို ရင်ဆိုင်နေရတဲ့အပြင် တစ်ဖက်မှာလည်း စစ်ရေးအခြေအနေကို စိုးရိမ်နေရပြီး လက်နက်သံ၊ သေနတ်တွေလည်း မကြာခဏကြားနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗန်းမော်မှာ မနက်၆ ညနေ ၆ နာရီ မာရှယ်လော ထုတ်ထားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သွားရေးလာရေ သတိထားနေရတဲ့အပြင် တစ်ခါတလေ ဖမ်းဆီးစစ်ဆေးပြီး ရိုက်နှက်တာမျိုး၊ ဖမ်းသွားသူတွေကို ပိုက်ဆံနဲ့ လာရွေးခိုင်းတာမျိုးလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ By – BU BU

    Read More »
  • 15 July
    သတင်း

    ပူတာအိုမှာ ဆီကားတွေရောက်ပေမယ့် ဝယ်ယူဖို့ခက်ခဲနေဆဲ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓါတ်ဆီကားတွေ ဝင်ရောက်လာပေမယ့် ဒေသခံတွေ ဆီဝယ်ယူဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ပူတာအို ကားလမ်း မြေပြိုမှု ဆိုးဆိုးဝါးဝါးမဖြစ်ခင် ဇွန်လ ၂၈ ရက်နေ့တက်လာတဲ့ ဆီကားတွေ ဇူလိုင် ၈ ရက်နေ့…

    Read More »
  • 12 July
    သတင်း

    ကချင်ပြည်နယ်ထဲကို ဆီးကားတွေ ဝင်ခွင့်မပြုတဲ့အတွက် နန့်ဆီးအောင်အထိ ကယ်ရီနဲ့သယ်ယူပြီး ပြန်လည်ရောင်းချနေရ

    ကချင် – စစ်ကိုင်းအစပ် နန့်စီးအောင် စစ်တပ်ဂိတ်မှာ ပိတ်ဆို့ထားတဲ့ စက်သုံးဆီကားတွေကို ကချင်ပြည်နယ်ဘက်ကို တင်သွင်းခွင့်မပြုသေးတာကြောင့် ဆီကုန်သည်တစ်ချို့က ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ တဆင့်ခံသယ်ယူပြီး ပြန်လည်ရောင်းချပေးနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ နောက်ပိုင်း မန္တလေးဘက်ကနေ တက်လာတဲ့ ဆီးဘောက်ဆာကားတွေကို ကချင်ပြည်နယ်ထဲကို တင်သွင်းခွင့်မပြုဘဲ ပိတ်ဆို့ထားတာ ရက်ပေါင်း၂၀ လောက် ကြာမြင့်လာပြီဖြစ်ပါတယ်။ နန့်ဆီးအောင်ဂိတ်မှာ ပိတ်ဆို့ခံထားရတဲ့ ဆီကားတွေက ဝင်ရောက်နိုင်းခြင်းမရှိတာကြောင့် မိုးညှင်း၊ မိုးကောင်း စတဲ့ မြို့နယ်တစ်ကြောက ဆီရောင်းဝယ်တဲ့ လုပ်ငန်းရှင်တွေက ကယ်ရီသမားတွေနဲ့ ပြန်လည်သယ်ယူပြီး ရောင်းချပေးနေတယ်လို့ နန်ဆီးအောင်ဂိတ်နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “အခုက အောက်ပိုင်းဘက်ကနေ တက်လာတဲ့ ဆီကားတွေကို ကချင်ပြည်နယ်ဘက်ကို လုံးဝ ဝင်ခွင့်မပေးတော့ဘူး။ အဲဒါကြောင့် ကယ်ရီသမားတွေက နန်ဆီးအောင်ဂိတ်အထိလာပြီး လာသယ်ယူနေကြတာ တစ်ပတ်လောက်ရှိလာပြီ။ အဲဒီကယ်ရီသမားတွေကပဲ မိုးညှင်း၊ မိုးကောင်း တစ်ကြောက ဆီဆိုင်တွေဆီပြန်ပို့ပေးတာ။ တစ်ပုံသယ်ပေးရင် ဘယ်လောက်ဆိုပြီး သယ်ခိုင်းနေကြတယ်။ အဲဒါကြောင့် ဒီသလော ဆီသယ်တဲ့ ကယ်ရီသမားတွေ တစ်ရက်ကို အစီး ၅၀၊ ၆၀ တက်နေတယ်”လို့ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မိုးညှင်း၊ မိုးကောင်း မြို့နယ်တွေဘက်ကနေ နန့်ဆီးအောင် ဂိတ်အထိ ဆီလာရောက်သယ်ယူတဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ရက်ကို အစီး ၆၀ လောက်အထိ ပုံမှန်တက်နေတယ်လို့ ဆိုပါတယ်။ ကယ်ရီသမားတစ်ချို့က ဆီဆိုင်တွေအတွက် လာရောက်သယ်ယူခိုင်းတာမျိုးမဟုတ်ဘဲ နန့်ဆီးအောင်ဂိတ်အထိ စက်သုံးဆီတွေကို လာရောက်ဝယ်ယူပြီး မိုးညှင်းမြို့နယ် လမ်းတစ်ကြောရှိ ပြည်သူတွေကို ပြန်လည် ရောင်းချပေးနေတာတွေလည်းရှိနေတယ်လို့ ပြောပါတယ်။ နန့်ဆီးအောင်ဂိတ်အထိ စက်သုံးဆီလာရောက်သယ်ယူကြတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို တစ်ဖက်မှာ စစ်တပ်က လမ်းတစ်ကြောရှိတဲ့ စစ်တပ်ဂိတ်နေရာတွေမှာ ဆိုင်ကယ် တစ်စီး ကျပ် တစ်သောင်း၊ နှစ်သောင်း ပေးမှသာ သွားလာခွင့်ရရှိနေတယ်လို့လည်း သူက ဆက်ဆိုပါတယ်။ “ဆိုင်ကယ်တစ်စီးမှာ ဆီတစ်ပေပါလောက်တော့ တင်နိုင်တယ်။ ဆီလာတဲ့ ကယ်ရီသမားတွေဆီကနေ နန်ဆီးအောင် စစ်တပ်ဂိတ်က ဆိုင်ကယ် တစ်စီးဖြတ်ရင် ငွေ တစ်သောင်း၊ နှစ်သောင်းပြန်ယူတယ်။ ပြီးရင် မော်ဟန်ဂိတ်မှာလည်း အတူတူပဲ။ စစ်တပ်က ဆီကားတွေကို မဝင်ခိုင်းပေမယ့် ဆီသယ်တဲ့ ကယ်ရီသမားတွေဆီကနေ ငွေတော့ ပြန်ကောက်တာပေါ့”လို့ပြောပါတယ်။ ဆီကုန်သည်တွေက ကယ်ရီသမားတွေနဲ့ တဆင့်ခံ သယ်ယူပြီး ရောင်းချလာရတဲ့ အခြေအနေမှာ နန့်ဆီးအောင်ဂိတ်မှာ ပိတ်ဆို့ခံထားရတဲ့ ဆီကားတွေက အချိန်အကြာ မစောင့်ဆိုင်းလာနိုင်တာကြောင့် အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။…

    Read More »
Back to top button