စစ်ကြောင်းထိုး

  • Jun- 2026 -
    1 June
    သတင်း

    ကချင်ကိုတက်လာတဲ့ စစ်တပ်ယာဉ်တန်း လမ်းတစ်လျှောက် တိုက်ပွဲဖြစ်

    ကချင်ပြည်နယ်ကို ဒုတိယအကြိမ် တက်လာတဲ့ စစ်တပ်ယာဉ်တန်းဟာ လမ်းတစ်လျှောက် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    Read More »
  • May- 2026 -
    25 May
    သတင်း

    ရွှေကူဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်း ရွာတွေကို မီးရှို့ဖျက်ဆီးနေ

    ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ဘက်ကနေ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ကချင်ဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

    Read More »
  • 22 May
    သတင်း

    စစ်ရှောင်တွေကို စစ်တပ်က နေရာပြောင်းရွှေ့ခိုင်းထားတယ်လို့ဆို

    ရှမ်းမြောက် မိုးမိတ်နဲ့ မဘိမ်းကြားမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို နေရာပြောင်းရွှေ့ဖို့ စစ်တပ်က ပြောဆိုထားတာကြောင့် စစ်ဘေးရှောင်တချို့ တုံးကြီးဘက်ကို ပြောင်းဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မိုးမိတ်ဘက်ကနေ KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် ကြားထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ရွာသားတွေကို ကြိုတင်တိမ်းရှောင်ကြဖို့ ပြောဆိုနေတာလည်း ဖြစ်ပါတယ်။ “မိုးမိတ်နဲ့ ဘော်ဒဲရွာက ဒေသခံတချို့က အခု စစ်ဘေးရှောင်နေတဲ့နေရာကနေ တောင်ကြီးကို ထပ်ပြီးပြောင်းရွှေ့ဖို့ ပြင်ဆင်ထားကြပြီ။ အခုနေနေတဲ့ရွာကတော့ ဗမာတွေ အများစုနေတဲ့ရွာမှာ နေနေတာ။ စစ်ဖြစ်လာရင်တော့ အားလုံး ထပ်ရှောင်ကြရလိမ့်မယ်” လို့ မိုးမိတ်စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ မိုးမိတ်နဲ့ ဘော်ဒဲကျေးရွာက ဒေသခံတချို့ဟာ လက်ရှိ မဘိမ်းသွားလမ်းပေါ်က ဘဟဲကျေးရွာမှာ စစ်ဘေးရှောင်နေကြတာဖြစ်ပြီး စစ်တပ်က မဘိမ်းဘက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေရှိတဲ့အတွက် စစ်ဘေးရှောင်တွေပါ ထပ်မံပြောင်းရွှေ့ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ တုံးကြီးကို ပြောင်းဖို့ ပြင်ဆင်ထားတဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀ လောက်ရှိနေပြီး အဲဒီစစ်ဘေးရှောင်တွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ မိုးမိတ်မြို့ကို တအာင်းတပ် TNLA က၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့်ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေဟာ အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် မိုးမိတ်နဲ့ ဘော်ဒဲဒေသခံတချို့ဟာ လက်ရှိ တိုက်ပွဲတွေ ငြိမ်နေသေးပေမယ့် ကိုယ့်နေရပ်ကို မပြန်ရဲကြသေးဘဲ ဆက်လက်တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ “TNLA တွေ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်တပ်ဆီ ပြန်ပေးဖို့ ပြင်ဆင်လာတဲ့အချိန်ကတည်းက စစ်တပ်တွေ ဝင်လာရင် ဘာဖြစ်ဖြစ် တိုက်ပွဲပြန်ဖြစ်လာမှာပဲဆိုပြီး ကြောက်လို့ တိမ်းရှောင်ခဲ့ကြတာ ဖြစ်တယ်။ အခုလည်း ဘယ်အချိန် ဘယ်လိုတိုက်ပွဲတွေ ဖြစ်လာမလဲမသိတော့ မိုးမိတ်နဲ့ ဘော်ဒဲရွာခံတွေက ကိုယ့်နေရပ်ကို မပြန်လာကြသေးတာ” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူက ဆက်ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာတော့ စစ်တပ်နဲ့ တရုတ်ရဲ့ဖိအားတွေကြောင့် TNLA က မိုးမိတ်ကနေ ဆုတ်ခွာပြီး စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ဒီနှစ်အတွင်း မိုးမိတ်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ စစ်ကောင်စီတပ်တွေက KIA ထိန်းချုပ်ထားတဲ့ မြစ်ဆုံရွာကို အရင်ထိုးစစ်ဆင်ပြီး မဘိမ်းဘက်ကို စစ်ရေးဦးတည်နေတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အခိုင်အမာနေရာယူထားပြီး စစ်တပ်ကို ပြန်လည်ခုခံဖို့ ပြင်ဆင်နေကြတာကြောင့် အခြေအနေကတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ဟာ ကချင်ပြည်နယ်နဲဲ့ထိစပ်နေတဲ့မြို့နယ်ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 19 May
    သတင်း

    ကားမိုင်းလမ်း ထပ်ပိတ်မယ်လို့သတင်းထွက်နေ

    အာဏာသိမ်းစစ်တပ်က ဖားကန့်- ကားမိုင်း - နန့်ယားလမ်းပိုင်းကိုပိတ်ပြီး စစ်အင်အားနဲ့ စစ်လက်နက်တွေသယ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ ဖားကန့် ပြည်သူတွေပြောပါတယ်။

    Read More »
  • 18 May
    သတင်း

    စစ်တပ်ရဲ့ စစ်ရေးဖော်ဆောင်မှုအတွင်း အရပ်သားသေဆုံးမှုရှိနေ

    ဖားကန့်၊ လုံးခင်းအုပ်စုထဲမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပြီ ဒရုန်းပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေဖြစ်နေတယ်လို့သိရပါတယ်။

    Read More »
  • 18 May
    သတင်း

    ရွှေကူမှာ တိုက်ပွဲဖြစ်နေ

    ကချင်ပြည်နယ် ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကို ပြန်လည်ရယူနိုင်ဖို့ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် မေလ ၁၇ ရက်နေ့ မနေ့ကစလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    Read More »
  • 13 May
    သတင်း

    ငအိုးရွာ ဒေသခံဆီက အလှူငွေ သိန်း ၇၀ ကျော် စစ်တပ်က လုယူရိုက်နှက်ခဲ့ဟုဆို

    ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် မဘိမ်းမြို့နယ် ငအိုးရွာထဲကို ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းက ဒေသခံတစ်ဦးဆီက အလှူလုပ်ဖို့ ယူဆောင်လာတဲ့ ငွေကျပ်သိန်း ၇၀ ကျော်ကို လုယူခဲ့ပြီး လူကိုပါ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဒေသခံတွေရဲ့…

    Read More »
  • 12 May
    သတင်း

    KIA သိမ်းပိုက်နယ်မြေ မဘိမ်းကို စစ်ကြောင်းထိုးဖို့ စစ်တပ်ပြင်ဆင်နေ

    ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့ စစ်တပ်ပြင်ဆင်နေပြီး မိုးမိတ် – မဘိမ်းကြားမှာရှိတဲ့ စစ်ရှောင်တွေကိုလည်းရွှေ့ပြောင်းဖို့ ပြောဆိုထားတာတွေ ရှိတယ်လို့ သိရပါတယ်။ “အခုထိတော့ စစ်ကြောင်းတွေ ထွေထွေထူးထူးလှုပ်ရှားလာတာမတွေ့ရသေးဘူး။ ဒါပေမယ့်သူတို့ အင်အားအလုံးအရင်းနဲ့ မဘိမ်းဘက်စစ်ကြောင်းထိုးဖို့ ပြင်နေတယ်ဆိုတာတော့…

    Read More »
  • 8 May
    သတင်း

    မော်လူးစစ်ကြောင်းဝင်ရောက်ချိန် အရပ်သား ၅ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို စစ်တပ်ကဝင်ရောက်ထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့ ရက်ပိုင်းအတွင်းအရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါ တယ်။

    Read More »
  • 6 May
    သတင်း

    ရွှေကူဘက်ဦးတည်လာတဲ့ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရလို့ပြန်ဆုတ်သွား

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းဘက်ကနေ ရွှေကူမြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ခံရလို့ တပ်ပြန်ဆုတ်ခွာသွားပြီဖြစ်တယ်လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။

    Read More »
Back to top button