စစ်ရေး

  • Aug- 2024 -
    29 August
    သတင်း

    ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ

    မတ်လ ၇ ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။

    Read More »
  • 13 August
    အင်တာဗျူး

    ဖုန်း၊အင်တာနက်ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ

    ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတာဟာ  ၃ပတ်ကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် တစ်ပြည်နယ်လုံးအတိုင်းတာနဲ့  ဇူလိုင်လ၂၁ရက်နေ့ကစပြီး ဖုန်းနဲ့အင်တာနက်လိုင်းအားလုံးပြတ်တောက်သွားခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ လယ်ကုန်း၊ ကျွန်းပင်တာ၊ ဒူကထောင်၊ စီတာပူ၊ အစိုးရရုံးပတ်ဝန်းကျင်နဲ့ MPT အော်ပရီတာရုံးအနီးနားတွေမှာ MPT ဖုန်းလိုင်းရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် MPT ဖုန်းလိုင်းကလည်း မြို့တွင်းနေရာ အကန့်အသတ်နဲ့သာရရှိနေပြီး ကျန်တဲ့ဖုန်းလိုင်းအော်ပရီတာလိုင်းတွေအားလုံးပြတ်တောက်နေဆဲဖြစ်တာကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနေ လူမူစီးပွားဆိုင်ရာ အခက်ကြုံနေကြတယ်လို့လည်း သိရပါတယ်။  ခုလို အင်တာနက်လိုင်းပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲဆိုတာနဲ့ပက်သက်ပြီး မြစ်ကြီးနားဒေသခံပြည်သူတွေကို KNGသတင်းဌာနကနေပြီးတော့ မေးမြန်းထားပါတယ်။ အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်လုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦး “စားဖို့သောက်ဖို့လည်း ခက်ခဲနေတယ် အလုပ်ကလည်းအွန်လိုင်းနဲ့ဘဲလုပ်တာဆိုတော့ အခုကဖုန်းလိုင်းလည်းမရ ဟိုသွားဒီသွားလုပ်ဖို့ အရေးပေါ်ဖုန်းဆက်မယ်ဆိုရင်တောင် အရမ်းကိုခက်ခဲတယ်။သတင်းတွေကတော့ တီဗီကလာတဲ့ဟာတွေဘဲနားထောင်နိုင်တာပေါ့ သတင်းတွေကလည်း မှန်လားမှားလားမသိရဘူး။  Kpay ကပိုက်ဆံတွေဆိုရင်လည်း လိုင်းမရတော့ ထုတ်လို့မရဘူးပေါ့ ပြီးတော့သူများတွေလိုင်းရတယ်လို့ပြောတဲ့နေရာတွေမှာလည်း လိုက်သွားကြည့်တော့ မိုးကရွာဆီကကုန်နဲ့ဒုက္ခတွေရောက်ရတယ်။ ကြာအုံးမယ်ဆိုရင်တော့ အွန်လိုင်းရှိတဲ့နေရာကိုပြောင်းဖို့တွေးနေတယ် ဒီမှာဘဲနေနေရင်တော့ အွန်လိုင်းကနေ အလုပ်လုပ်တဲ့သူတွေအတွက်တော့ အဆင်မပြေဘူး ဘာမှလည်း မတတ်နိုင်တော့ဘူး အခုကစောင့်တော့စောင့်နေတာပေါ့ ဟိုတစ်ခေါက်တုန်းကလည်း အဲလိုလိုင်းပြတ်ပြီး ခနလေးနဲ့ပြန်ရတာဆိုတော့ ဒါပေမယ့်လည်း ဒီတစ်ခေါက်တော့ အရမ်းကြာသွားတာပေါ့ ဒုက္ခရောက်တဲ့အချိန်လည်း လူကဘယ်ကိုထွက်ပြေးပြီး ဘယ်ကိုသွားရမလဲဆိုတာ တွေးနေတဲ့လူတွေအရမ်းများတယ်”  စီတာပူဒေသခံအမျိုးသားတစ်ဦး “ကုန်ဈေးနှုန်းကတော့ နှစ်ဆသုံးဆလောက်ရှိလာပြီ ဟင်းရည်တစ်ခွက်ချက်စားမယ်ဆိုရင်တောင်မှ ၅ထောင်လောက်ကုန်နေပြီ အရင်တုန်းကနေ ၂၀၀၊ ၃၀၀ ရာလောက်ဘဲ အခုက ၅ထောင်လောက်ရှိနေပြီ ကြက်ဥတစ်လုံးလည်း ၅၀၀ ရှိသွားပြီ မနေ့ကလည်း ပိုက်ဆံ ၃ သောင်းယူပြီးဈေးသွားလိုက်တာ ဘာမှတောင်မဝယ်လိုက်ရဘူးပိုက်ဆံကကုန်သွားပြီ။ အမဲသားတွေဆိုရင်လည်းအရင်တုန်းက ၁ သောင်း၂ထောင် ၁သောင်း ၆ထောင်လောက်ကနေ ၂ သောင်း ၄ထောင် ဒါတောင်မှမိုခိုသားမဟုတ်ဘူးရိုးရိုးအသားဘဲ အခုလိုဘဲတက်နေပြီဆိုရင် ကိုယ်ရတဲ့အလုပ်လုပ်နေတဲ့သူတွေတောင် တစ်နေ့ထက်တစ်နေ့စားမလောက် ပြီးတော့ပြေးရမယ်အခြေအနေမျိုးဆိုရင်တောင် ပြင်ဆင်ထားဖို့ပြောခဲ့ရင်တောင် ပိုက်ဆံကသိတဲ့အတိုင်းဘဲ စားတာနဲ့သုံးတာကမကိုက်နေတော့ ဘာမှတောင်မစုဆောင်းထားနိုင်ဘူးဖြစ်နေတယ်” ကုန်စုံဆိုင်ရောင်းတဲ့အမျိုးသမီးတစ်ဦး အခုကဖုန်းလိုင်းမရတဲ့အတွက် ကျွန်မတို့ ငွေထုတ်ဖို့လည်း အရမ်းခက်ခဲတယ် ပြီးတော့ ဘာသတင်းမှလဲမကြားတော့ဘူး ဘယ်သူနဲ့မှလည်း  အဆက်အသွယ်မရတော့ဘူး ဘာမလုပ်ဘဲလုပ်လုပ်အဆင်မပြေဘူး။ ဒါပေမယ့်လည်း ဒီနှစ်ရက်သုံးရက်ကတော့ လျှပ်စစ်မီးပုံမှန်လာနေတော့ ဖုန်းအားလေးတော့သွင်းလိုက်ရတယ်။  ဟိုရက်တုန်းကတော့ လျှပ်စစ်မီးရော ဖုန်းလိုင်းရောဘာမှ ကိုအဆင်မပြေဘူးဖြစ်သွားတယ် အင်တာနက်ကတော့ ပြောမနေနဲ့ အင်တာနက်လိုင်းမရှိတော့ ငွေထုတ်ဖို့လည်းအရမ်းခက်တယ် အခုလောလောဆယ် စစ်ရေးနဲ့ပက်သက်ပြီးတော့လည်း ဘာမသံမှမကြားဘူး။ ဒါပေမယ့်လည်း ညတိုင်းလက်နက်ကြီးသံကြားရတယ် ည ၉ နာရီ ၁၀ နာရီလောက်ဆိုအမြဲကြားရတယ်။ ဒီလိုဘဲဆက်ဖြစ်နေမယ်ဆိုရင်ကျွန်မတို့က ရူးလာမယ်ထင်တယ် လို့ခံစားနေရတယ် သွားရမလိုလာရမလို ထိုင်ရမလိုနဲ့ ဈေးလည်းဝယ်ရမလိုမဝယ်ရမလိုလိုဖြစ်နေတယ်” လယ်ကုန်းကလူငယ်တစ်ဦး “ငွေထုတ်ငွေလွှဲကတော့ အရမ်းခက်နေတာပေါ့ တစ်ဆင့်ခံဖြစ်သွားပြီ သူတို့ကရန်ကုန်မှာရှိတဲ့အတွက် ပြောရမယ်ဆိုရင်သူတို့ဆိုင်က ရန်ကုန်မှာလည်း ဒီမှာလည်းရှိတဲ့အတွက် ရန်ကုန်ကဆိုင်မှာငွေလွှဲလိုက်လို့ရှိရင်ကျွန်တော်တို့က ဒီကဆိုင်မှာ ပြန်ထုတ်လို့ရတာပေါ့ တစ်ဆင့်ခံပေါ့။ မြစ်ကြီးနားမှာက အင်တာနက်လိုင်းမရတော့ ထုတ်ကိုထုတ်လို့မရဖြစ်နေတာ  မြစ်ကြီးနားမှာလည်း လေဆိပ်ပိတ်မယ်ဆိုပြီး ကောလဟာလထွက်နေတယ် ၁၈ ရက်နေ့အထိဘဲဖွင့်ပြီး အဲဒီနောက်တော့ လေယာဉ်အတက်အဆင်းမရှိတော့ဘူးဆိုပြီး မှန်လားမှားလားဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့က သတင်းတွေလည်း ဘာမှမရဘူး SKY NETတို့ မြဝတီ တို့ကသတင်းတွေဘဲလာတယ် သူတို့ရဲ့သတင်းတွေက ကျွန်တော်တို့ကပြန်မကြည့်ချင် LAIZA FM ကသတင်းတွေတော့ ရေဒီယိုက နားထောင်တယ်” လယ်ကုန်းရပ်ကွက်က မိခင်တစ်ဦး “ဖုန်းလိုင်းမရတော့တဲ့အတွက် ဟိုဘက်ကမ်းဒီဘက်ကမ်း ဝိုင်းမော်ဘက်ကိုအထိဘဲဆက်သွယ်မယ်ဆိုရင်တောင် တကူးတက ဝိုင်းမော်ထိသွားပြီးပြောရတယ်။ အရင်တုန်းကလို ဖုန်းလိုင်းမရှိတဲ့ခေတ်ကလိုလိုပြန်နေနေရတယ်။ ကျွန်မတို့ မြစ်ကြီးနားက ပြီးတော့ ဟိုဟိုဒီဒီ ပစ္စည်းတွေမှာပြီးရောင်းတဲ့သူတွေလည်း ပစ္စည်းတွေမှာလို့မရ ဈေးရောင်းစားတဲ့သူတွေလည်း ဖုန်းလည်း မရှိတော့ အရမ်းခက်ခဲသွားတယ်။ ပြီးတော့ ဖုန်းနဲ့အဆက်အသွယ်လုပ်ပြီး အရောင်းအဝယ်လုပ်တဲ့သူတွေနဲ့ အွန်လိုင်းကနေ ဈေးရောင်းစားတဲ့သူတွေလည်း အရမ်းဒုက္ခရောက်သွားတယ် ပြီးတော့ WAVE MONEY နဲ့ KPAY တွေကနေ ငွေထုတ်ချင်တဲ့သူတွေအတွက် ငွေထုတ်ရခက်တော့ အရမ်းကိုဒုက္ခရောက်နေတယ် ကျွန်မတို့မြစ်ကြီးနားကတော့” လူဦးရေ ၁ သန်းကျော်၊ ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် မကြာခနဆိုသလို ဖုန်းအင်တာနက်ပြတ်တောက်တာတွေရှိပေမယ့် ဒီတစ်ကြိမ် ဖုန်း၊အင်တာနက်လိုင်း ပြတ်တောက်တာဟာ အချိန်အကြာဆုံးဖြစ်ပါတယ်။…

    Read More »
  • 12 August
    အင်တာဗျူး

    တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်

    ကချင်ပြည်နယ် တစ်ပြည်နယ်လုံး ဇူလိုင်လ ၂၁ ရက်နေ့ကစ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးပြတ်တောက်သွားတာ ခုဆို ၃ ပတ်ကြာရှိလာပြီဖြစ်ပါတယ်။ ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ် လူဦး ၁ သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်မှာ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်နေတဲ့အတွက် ပြည်သူတွေ သတင်းအချက်လက်ရရှိဖို့ ခက်ခဲနေကြတဲ့အပြင် အထူးသဖြင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိတဲ့ ဗန်းမော်မြို့နယ်ထဲက ပြည်သူတွေဟာ အဖက်ဖက်ကနေ စိုးရိမ်မှုနဲ့နေနေကြတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စလို့ ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်သွားပြီး ၃ ရက်အကြာ ဇူလိုင် ၂၄ ရက်နေ့ ဗန်းမော်မြို့နဲ့  ၇ မိုင်အကွာမှာရှိတဲ့ မိုးမောက်မြို့နယ် ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲတွင်းလက်နက်ကြီးတွေ ကျပေါက်ကွဲတာ၊ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။ မေး– အင်တာနက်ပြတ်တောက်နေချိန်တွင်း ဗန်းမော်မြို့ ပြည်သူတွေ ဘယ်လိုအဆက်သွယ်လုပ်နေကြသလဲ။ ဖြေ– ဗန်းမော်ကလူတွေ လောလောဆယ် ဗန်းမော်ဆေးရုံကုန်းလို့ ပြောလို့ရတဲ့ ညောင်ပင်ရပ်က ဆက်သွယ်ရေးရုံမှာ ၃၄ နဲ့စတဲ့ဖုန်း တစ်ယောက်ကို ၃ မိနစ်ပြောခွင့်ရနေပါတယ်။ တန်းစီစနစ်နဲ့ပြောနေရတဲ့နေထားမှာရှိပါတယ် တစ်ခြားမြို့တွေလို ပိုက်ဆံပေးပြီး သုံးလို့ရတဲ့ အင်တာနက်ဆိုင်တွေလည်းမရှိပါဘူး။ ကျနော်သိရသလောက်ဆို စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးက အရာရှိ ၅ ယောက်ဘဲ အင်တာနက်လိုင်းအချိန်ပြည့်သုံးလို့ရနေတယ်လို့ သိထားတယ်ဗျ။ မေး– အင်တာနက်လိုင်း ပြတ်တောက်တဲ့နောက် MEC ကဒ်လိုင်းရတယ်လို့ ပြောကြတယ် ခုရသေးလား။ ဖြေ– ဟုတ်တယ်ဗျ အစလိုင်းပြတ်ထားတဲ့ ၃ ရက်လောက်က ရသေးတယ်။ ဒါပေမယ့် မိုးမောက် ခမရ ၄၃၇ ကို KIAနဲ့ PDF တွေက ဇူလိုင်လ ၂၄ ရက်နေ့ စတိုက်တဲ့နေ့ကစပြီး ပြတ်တောက်သွားတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ အဲဒီရက်မှာဘဲ နန်းတော်ဦးဖုန်းဆိုင် မှာ MEC ဖုန်းကဒ်ရောင်းလို့်ဆိုပြီး လင်မယား ၂ ယောက်ကို စစ်တပ်က ဖမ်းသွားတာလည်းရှိတယ်။ ပိုက်ဆံ သိန်း ၃၀ ပေးပြီးပြန်လွတ်လာတယ်လို့ သိရပါတယ်။ အဲဒီညနေကစပြီး MEC လည်းမရတော့ဘူး။ မေး– ပြီးတော့ ဗန်းမော်ကလေ ခုနပြောသလိုသဘဲ မိုးမောက် ခမရ ၄၃၇ တိုက်ပွဲနဲ့လည်းနီးတော့ ဗန်းမော်ဘက်ကို လက်နက်ကြီးကျပြီး အရပ်သားသေတာတွေလည်းရှိနေတယ်လို့ ကြားနေရတယ် အခြေနေလေးပြောပါအုံး။ ဖြေ– မြို့ထဲ တစ်ချို့နေရာကျတာရှိတယ် ပြီးတော့  မြို့ပြင်လို့ပြောလို့ရတယ် စီဟတ်၊ကောင်ဂျာယန် လွန်ခဲ့တဲ့ ၃ ရက်လောက်က စီဟတ်ဘက်လေကြောင်းနဲ့လာပစ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်သေတယ်။ နန့်ဖား၊တာမိုင်းလုံ ဒီအရှေ့ဘက်ခြမ်းတော့ ပထမ တစ်ခေါက်ကြဲတုန်းက ထိတာတွေတော့ရှိတယ် သိမ်တော်ကြီးဘက်လည်းကျတယ် ပြောတယ်။ မေး– လက်နက်ကြီးကြောင့်ဖြစ်ဖြစ် လေယာဉ်ဗုံးကြောင်ဖြစ်ဖြစ် အရပ်သားသေဆုံးတဲ့ အခြေနေအသေးစိတ်လေး ထပ်ပြီးရှင်းပြပေးပါအုံး နေရာတိတိကျကျလေးပေါ့။ ဖြေ– ခုနပြောတဲ့ စီဟတ်ကသေတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးသေတာက လေယာဉ်ဗုံးကြောင့်လို့ သိထားတယ်ဗျ လိုင်ဇာကိုလာကြဲတဲ့ညဘဲ။ နောက်ထပ်က နမ့်ဖားဘက်မှာကျတယ် အဲမှာတစ်ယောက်သေတယ်။ ပြီးတော့ သိမ်တော်ကြီးဘက်မှာ လက်နက်ကြီးကျလို့ ၄ ယောက်ထိတယ် တစ်ယောက်သေတယ်လို့ ကြားတယ် ကလေးလည်းပါတယ်လို့ပြောတယ်။ တာမိုင်းလုံဘက်လည်း လက်နက်ကြီးကျတယ် တစ်ယောက်သေတယ်လို့ သိရပါတယ်။ မြို့ထဲမှာဆိုတော့ အောက်ချိုင့်ဘက်နဲ့ လေယာဉ်ကွင်းဘက်ကျတယ် အဲမှာလည်း လက်နက်ကြီးကျည်ထိတာ ၃ ယောက်ရှိတယ်လို့သိရတယ်။ ရက်တော့အတိအကျမမှတ်မိတော့ဘူးဗျ အားလုံးက အင်တာနက်ပြတ်နေတဲ့ချိန်ထဲမှာဘဲ  စုစုပေါင်း အရပ်သားသေတာ ၃ ယောက် ထိတာတော့ ၁၀ ယောက်လောက်ရှိမယ်။ အင်တာနက်လိုင်းတွေမရတော့ ဒီလောက်ဘဲသိရတာ ဒီ့ထက်လည်းများနိုင်ပါတယ်။ မေး– ခုလိုမြို့တွင်းမှာရော လက်နက်ကြီးတွေကျတဲ့အပြင် ခုက ဗန်းမော်ကို သိမ်းတော့မှာ ရှောင်ခိုင်းနေပြီဆိုပြီး သတင်းတွေလည်း ထွက်နေပါတယ် ရှောင်နေကြပြီလား။ ဖြေ– တိုက်ပွဲက မြို့ဘက်ကို ဥိီးတည်လာနေတာဆိုတော့ သိမ်းမှာမသိမ်းမှာတော့ ပြောမရဘူး သတင်းတွေကတော့ အဲလိုထွက်နေတာဘဲ။ ရှောင်တဲ့သူတွေကတော့ နေ့တိုင်းနီးပါးရှိတယ် မြို့ခံတွေက တော်တော်လေးတော့ရှောင်နေကြပြီ ခုဗန်းမော်မှာအများပိုင်းရှိနေတာက မံစီ၊မိုးမောက်ဘက်က စစ်ရှောင်လာတဲ့သူတွေများနေတယ်။ မေး– အဲဆို ဗန်းမော်မြို့က အရမ်းစိုးရိမ်ရမယ့်ထဲ ပါနေပြီလို့ ပြောလို့ရမလား ပြည်သူတစ်ယောက်အနေနဲ့ဘယ်လိုမြင်ပါသလဲ။ ဖြေ– စိုးရိမ်ရတဲ့အနေထားမှာတော့ ရှိပါတယ် ဘာလို့လဲဆိုရင် ခမရ ၄၃၇ ပြုတ်ရင် ဗန်းမော်လာတော့မှာလေ ဗန်းမော်မြို့ကိုလုံခြုံရေးယူပေးနေတဲ့စခန်းလို့ပြောလို့ရတယ်။ အဲဒါကို စကစက သိလို့ဘဲ အင်တာနက်လိုင်းတွေပြန်မရအောင် တမင်လုပ်နေတာလားလို့တောင် ထင်ရပါတယ်။  မေး–မြို့တွင်း သွားလာရေးအခြေနေတွေကော ဘယ်လိိုရှိသလဲ။ ဖြေ– မြို့တွင်းကတော တစ်ချို့နေရာ လက်နက်ကြီးကျတာကလွှဲလို့ အေးဆေးဖြစ်နေသေးတယ်လို့ ပြောလို့ရတယ်။ တစ်ခါတစ်လေ မြို့အဝင်အထွက် နည်းနည်းပါးပါးစစ်တာလောက်ဘဲ။အဓိကတော့ ဗန်းမော်တက္ကသိုလ်နောက်ကြောဘက်တွေ ဗန်းမော်– မြစ်ကြီးနားသွားလမ်းမပေါ်မှာရှိတဲ့ရွာတွေဘဲ ပိုစိုးရိမ်ရတာ။ မြို့တွင်းကတော့ ပုံမှန်သွားလာနေကြပါတယ် စိုးရိမ်တာတော့ လူတိုင်းရှိနေကြမှာဘဲလေ မသွားမဖြစ်လို့ သွားလာနေကြတဲ့သဘောပါဘဲ။  မေး– ကုန်စျေးနှုန်းနဲ့ စက်သုံးဆီတွေကော ပုံမှန်ဝယ်လို့ရနေလား။ ဖြေ– ဗန်းမော်က အရင်ကလို ဗန်းမော်– မန်းလေး တိုက်ရိုက်ကားသွားမရဘူးလေ။ ဗန်းမော်ကနေ ကောင်းတုံရေဆိပ် အဲကနေ ဟန်ထက်သွားရတာ ဟန်ထက်ကနေ တစ်ဆင့် စင်းခမ်းတံတားဖြတ်ပြီး ကသာ– မန်းလေး အဆင်ဆင့်သွားရတာဆိုတော့ ကုန်တွေက ဝယ်လို့ရပေမယ့် စျေးတွေက တက်နေမြဲဘဲ စက်သုံးဆီက မနေ့ကအထိ ၇၀၀၀နဲ့ ၈၀၀၀ ကြားရှိတယ်။…

    Read More »
  • Jul- 2024 -
    31 July
    သတင်း

    မြစ်ကြီးနားမှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေချိန် စစ်တပ်က စစ်ရေးပြင်ဆင်နေ

    ကချင်တစ်ပြည်နယ်လုံ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်း မြို့ပြင် စစ်ရေးပြင်ဆင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလနကျေးရွာနဲ့ နောင်နန်းကျေးရွာတစ်ဝိုက် စစ်ကောင်စီဘက်က တပ်ချနေရာယူပြီး လက်နက်ကြီးတပ်ဆင်ထားတဲ့အပြင် နောင်နန်းကျေးရွာ ၁၀ မိုင် အထက်တန်းကျောင်းနဲ့ ဂျော်ဘွမ်ဆုတောင်း တောင်မှာလည်း တပ်စွဲထားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး  KNG ကို အခုလိုပြောပါတယ်။ “သူတို့အရင်ဆုံး KTCS ဓမ္မကောလိပ်ကျောင်းထဲကို ဝင်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းထဲမှာ လူအရမ်းများပြီး နေရာမရှိကြောင်းပြောလို့ အဲကနေထွက်လာပြီး ၁၀ မိုင်စာသင်ကျောင်း မှာတစ်ဖွဲ့ နေနေတယ်။ ကျောင်းက ဆောက်လုပ်နေဆဲ အဆောင်သစ်ထဲမှာ နေနေတယ်။ ဂျော်ဘွမ်မှာလည်း အင်အား ၂၀ ၊၃၀ လောက်ရှိတယ်။ အားလုံး ၆၀၊ ၇၀ လောက်ရှိမယ်။ ဂျော်ဘွမ်မှာတပ်ချနေတဲ့ အဖွဲ့က သွားလာတဲ့ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး မေးတာမြန်းတာရှိတယ်။ KIA တွေလာမစရင်တော့ဘာမှမဖြစ် လောက်ဘူး။  ဘာစရင်တော့ KTCS ကျမ်းစာကျောင်းကို စစ်တပ်က နှောက်ယှက်လိမ့်မယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မနက်ကစပြီး အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်ကျောင်း KTCS ဝင်းထဲ ဝင်ရောက်လာပြီး တပ်ချနေရာယူဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ KTCS ဓမ္မကောလိပ်ကျောင်းဝင်းထဲ ကျောင်းသား၊သူများတာကြောင့် နေရာမရှိတဲ့အတွက် လက်ရှိ ဂျော်ဘွမ်ဆုတောင်းတောင်မှာတစ်ဖွဲ့ ၊ နောင်နန်း ၁၀ မိုင်အထက်တန်းကျောင်းထဲမှာတစ်ဖွဲ့ စသဖြင့် နှစ်ဖွဲ့ခွဲပြီး တပ်ချနေရာယူထားတယ်လို့ သိရပါတယ်။ လက်ရှိ ၁၀ မိုင်အထက်တန်း စာသင်ကျောင်းမှာ ကလေးတွေကျောင်းတက်နေပေမဲ့ စစ်တပ်က တပ်ချနေရာယူထားပြီး ဂျော်မဆတ်နှစ်ခြင်းဘုရားကျောင်းနဲ့  KTCS ဓမ္မကောလိပ်ကျမ်းစာကျောင်းနဲ့ အနီးဆုံးမှာလည်း နေရာယူထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလန မရောက်ခင် ရွှေစက်ရပ် ကွက် လမ်းမဘေး ဘုန်းကြီးကျောင်းထဲမှာလည်း လက်နက်တပ်ဆင်ထားပြီး ပလနမီးသတ်ရုံးနဲ့ ရဲစခန်းနေရာတစ် လျှောက် နေရာယူအင်အားဖြည့်ထားတယ်လို့ ဆက်သိရပါတယ်။ လတ်တလော မြစ်ကြီးနားမြို့ထဲမှာ စစ်ကောင်စီတပ်ဟာ ညတိုင်း ကင်းလှည့်လှုပ်ရှားတာတွေ၊ မြို့ပြင်ဘက်တွေမှာ နေရာယူ တပ်ချထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။   ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ ဖုန်းလိုင်း၊အင်တာနက်အားလုံး ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက် ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကချင်သတင်းဌာန KNG ကိုအခုလိုပြောပါတယ်။…

    Read More »
  • 12 July
    သတင်း

    ရေဘေးသင့်နေတဲ့ ဝိုင်းမော်ဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

    ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေကြား စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို စစ်တပ်ဘက်ကနေလည်း မြစ်ကြီးနား ၊ ဝိုင်းမော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာကြောင့် တစ်ပတ်ဝန်းကျင် လက်နက်ကြီးသံတွေငြိမ်သက်သွားပေမယ့် ဇူလိုင် ၁၀ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိလာတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းမှာ နောင်းချိန်းနဲ့ စန်ကားရွာတွေမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ်တွေက အပေါ်ကနေ ပစ်ခတ်တာတွေရှိပါတယ်။ ပစ်ခတ်ခံရတဲ့ စစ်တပ်ဘက်ကနေ ထိခိုက်တာတွေရှိတယ်လို့ကြားရတယ်။ အဲဒါကြောင့် အခု ဝိုင်းမော်မှာ လက်နက်သံတွေ ပြန်ကြားလာရတာက စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်နေတဲ့သဘောပါ”လို့ပြောပါတယ်။ နောင်းဟီးနဲ့ စန်ကားကျေးရွာတွေမှာ တပ်စွဲရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ KIA ပူးပေါင်းတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်ခံရတာတွေရှိနေတာကြောင့် စစ်တပ်ဘက်ကနေ KIA တပ်တွေရှိနိုင်တဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ၊ နောင်စီပေါ၊ စတဲ့ကျေးရွာတွေကို ဇူလိုင် ၁၀၊ ၁၁ ရက်နေ့တွေမှာ ည၊ မနက်၊ နေ့လည် တစ်ရက်ကို သုံးကြိမ်ထက်မနည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အောင်မြေ(၂)၊ ခါးရှီ  ကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေပြီး အဲဒီကျေးရွာတွေမှာရှိတဲ့ ကျေးရွာနေပြည်သူတွေက ရွာလုံးကျွတ် စစ်ဘေးရှောင်နေတာကြောင့် ထိခိုက်ဒဏ်ရာမရှိတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်နေ ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားမြို့ဘက်က မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(မပခ)ကနေ လက်နက်ကြီးပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်နေ  မြစ်ကြီးနားမြို့ထဲက မြေမြင့်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်နေရာတွေမှာ လက်နက်ကြီးတွေထားပြီး ဝိုင်းမော်ဘက်ကို ပစ်ခတ်နေတယ်လို့လည်း မြေမြင့်ရပ်ကွက်နဲ့ နီးစပ်တဲ့ ပြည်သူတွေကပြောပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ရက်ပိုင်းအတွင်း ရေဘေးကြုံတွေ့နေရတဲ့ ဝိုင်းမော်ဒေသခံပြည်သူတွေက တိုက်ပွဲပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လနဲ့ မေလ တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အောင်မြေ(၁)၊ အောင်မြေ(၂)၊ လမြန်၊ မုတ်ကျိတ်၊ နန်ဝါ၊ လဘန်၊ ဝူယန် ၊ စန်ကား ၊ နောင်ဟီး၊ ခါးရှီ၊ အင်းလေး စတဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေက ကျေးရွာထဲကနေ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်နေ့ ကစပြီး တစ်ပတ်ဝန်းကျင်လောက် အဆက်မပြတ်မိုးရွာသွန်းခဲ့တာကြောင့် ဝိုင်းမော်မြို့နယ်ထဲမှာ ရေကြီးရေလျှံဖြစ်ပြီး ဝိုင်းမော်ပြည်သူတွေ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင်စခန်းနေရာတွေမှာ ရေဝင်ရောက်ခဲ့တာကြောင့် စစ်ဘေးအပြင် ရေဘေးအန္တရာယ်ပါ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jun- 2024 -
    13 June
    သတင်း

    ကန်ပိုင်တည်မြို့မှာ တိုက်ပွဲတွေမဖော်ဆောင်ဖို့ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေ

    ဆဒုံးမြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်လိုက်ပြီးနောက် ကန်ပိုင်တည်မြို့မှာ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ပေးဖို့ ဒေသအတွင်းမှာရှိတဲ့ လက်နက်အဖွဲ့ကြား ညှိနှိုင်းဆောင်ရွက် တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကန်ပိုင်တည်မြို့ဟာ ဌာနေပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ နေရာယူထားတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်ပြီး လက်ရှိမှာ KIA ရဲ့ စစ်ဆင်ရေးက ကန်ပိုင်တည်မြို့ဘက်ကို ဦးတည်လာနေတာကြောင့် လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကန်ပိုင်တည် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုပုံစံနဲ့ဆိုရင် တိုက်ပွဲက ဖြစ်လာနိုင်ခြေရှိတယ်။ ဒါပေမယ့် ဒီမှာက အရင်ကတည်းကနေ နယ်ခြား၊ ပြည်သူ့စစ်ဆိုပြီး နေလာခဲ့ကြတယ်ဆိုတော့ လူကြီးပိုင်းတွေက ဆွေးနွေးနေကြတယ်လို့ပြောကြတယ်။ ဆွေးနွေးနေကြတယ်လို့ ပြောတဲ့အထဲမှာက အဓိကတော့ တိုက်ပွဲတွေမဖြစ်အောင် ဆွေးနွေးနေကြတယ်လို့ပဲထင်နေကြတယ်”လို့ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်အရက ပြည်သူ့စစ်နဲ့ နယ်ခြာစောင့်တပ်တွေက တိုက်ပွဲမဖော်ဆောင်ပေးဖို့ KIA ကိုညှိနှိုင်းပြောဆိုနေတယ်လို့ သိရပြီး အဲဒီဆွေးနွေးမှုမှာ တရုတ်အစိုးရလည်း ပါဝင်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ လက်ရှိမှာ ဒေသအတွင်း လက်နက်ကိုင်အချင်းအချင်း ဆွေးနွေးနေကြတယ်လို့သာ သိရှိရပြီးတော့ ကန်ပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲမဖြစ်ပွားဖို့ ဘယ်လိုပုံစံနဲ့ ညှိနှိုင်းဆွေးနေကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပါဘူး။ ဇွန်လ ၁၁ ရက်နေ့မှာ KIA တပ်တွေက ဝိုင်းမော်ကနေ ဆဒုံး – ကန်ပိုင်တည်သွားလမ်း တစ်ကြောမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်း စတဲ့ ဗျူဟာမြောက်တပ်စခန်းတွေကို တစ်ရက်ထဲမှာပဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KIA ပူပေါင်းတပ်တွေက လက်ရှိမှာ ဆဒုံးမြို့အကျော် ကန်ပိုင်တည်မြို့နဲ့ ၁၀ မိုင်ကျော်လောက်အကွာနားမှာရှိတဲ့ ဝေမော(We Maw)အထိ ရောက်ရှိပြီး နေရာယူထားပြီဖြစ်တာကြောင့် ကန်ပိုင်တည်မြို့ကို သိမ်းပိုက်ဖို့ ဒေသခံပြည်သူတွေကြားမှာ ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ကန်ပိုင်တည်ဒေသခံပြည်သူတွေက မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် နယ်စပ်ခြံစည်းရိုးကပ်ယက် လှိုင်ဂူရှိတဲ့အနီးတဝိုက်မှာ ယာယီတဲတွေ ဆောက်လုပ်ပြီး တိမ်းရှောင်ကြဖို့ စီစဉ်ထားကြတယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။ “ပြည်သူတွေတစ်ချို့ကျတော့ နယ်စပ်နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ လှိုင်ဂူပေါ်နားမှာ ယာယီတဲတွေထိုးပြီး တစ်ချို့ဆိုရင် သွားတောင် သွားအိပ်နေကြပြီ။ ရွာမှာဆိုရင်လည်း ၈ နာရီနောက်ပိုင်းဆို အပြင်အထွက်ခိုင်းတော့ဘူး”လို့ပြောပါတယ်။ တိုက်ပွဲတွေဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံ အိမ်ခြေ ၁၀၀ ကျော်လောက်က တိမ်းရှောင်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ယာယီတဲတွေ ဆောင်လုပ်ထားတာတွေ၊ နောက်ပြီး မြို့တွင်းမှာလည်း ၈ နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ ကန်ပိုင်တည်ဒေသဟာ လက်နက်ကိုင် ၃ ဖွဲ့လောက်ရှိတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တာကြောင့် လက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲတွေ ဖော်ဆောင်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ KIA ပူးပေါင်းတပ်တွေက အပြီးသတ်ထိန်းချုပ်လိုက်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ကန်ပိုင်တည်မြို့တစ်ခုသာ ကျန်ရှိနေပြီဖြစ်တာကြောင့် KIA က ကန်ပိုင်တည်မြို့ကိုပါ ထိန်းချုပ်လာနိုင်တယ်လို့ စစ်ရေးသိကျွမ်းတဲ့ ဝိုင်းဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောဆိုလာပါတယ်။ “ဘာပဲဖြစ်ဖြစ် ဆဒုံးအထိတောင် သိမ်းထားပြီဆိုတော့ ကန်ပိုင်တည်ကတော့ ဖြစ်လာမယ်လို့ ထင်တယ်။ ပြီးရင် KIA ရဲ့ စစ်ဆင်ရေးကလည်း ကန်ပိုင်တည်အထိ ပါမယ်လို့ထင်တယ်။ ပြီးရင် အဲမှာရှိတဲ့ နယ်ကြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေကလည်း ကန်ပိုင်တည်ကို မထိပေးဖို့ တောင်းဆိုထားတာတွေလည်းကြားနေရတယ်။ ဒါပေမယ့် KIA သဘောက လိုအပ်ရင်တော့ လုပ်မှာပဲ”လို့ပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲမှာ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်း ၅ ခုလောက်နဲ့ ရဲစခန်းအပါ ရှေ့တန်း တပ်စခန်းငယ် ၁၀ ခုကျော်လောက်ကို KIA က သိမ်းပိုက်လိုက်နိုင်တာလည်းဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တပ်ချနေထိုင်ထားတဲ့ တပ်စခန်းနေရာတွေကို တပ်စွန့်ခွာ ထွက်ပြေးသွားကြတာများပြီး ကန်ပိုင်တည်အနီးတဝိုက်မှာရှိတဲ့ နယ်ခြားစောင့်တပ်တွေကလည်း အများပိုင်းက တပ်စွန့်ခွာပြီး မြို့ထဲကို ဝင်သွားကြတယ်လို့ သိရပါတယ်။ ဒါကြောင့် KIA က တပ်စခန်း ၁၀ ခုကျော်လောက်ကို ထိခိုက်မှုအနည်းဆုံးနဲ့ သိမ်းပိုက်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ KIA တပ်တွေ သိမ်းပိုက်ရရှိထားတဲ့ ဆဒုံးဗျူဟာကုန်းအပါ အဲဒီတပ်စခန်းနေရာတွေမှာ နေရာယူထားပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်ကဲ့ ဆဒုံးဗျူဟာကုန်းကိုတော့ မနေ့က သိမ်းပိုက်လိုက်တာဖြစ်တယ်။ ဒီနေ့က မြေပြင်တိုက်ပွဲတွေကတော့ ဘာမှ မကြားရသေးဘူး။ မနေ့က သိမ်းထားပြီဖြစ်တဲ့ ဗျူဟာကုန်းနဲ့ တပ်စခန်းတွေမှာက KIA တပ်တွေ နေရာယူထားပြီဖြစ်တယ်။ မနေ့ကအထိတော့ တပ်စခန်းတွေ ထိန်းချုပ်လိုက်ပြီးတော့ ဒီကနေ့ မြို့တွင်းနေရာတွေမှာက လိုအပ်တဲ့နေရာတွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာလည်း နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို KIA တပ်တွေ အပြီးသတ်ထိန်းချုပ်လိုက်တာ ဖြစ်ပြီး လက်ရှိမှာ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီလည်းဖြစ်ပါတယ်။…

    Read More »
  • May- 2024 -
    28 May
    သတင်း

    ဆွမ်ပရာဘွမ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းတစ်ရင်းလုံးပြုတ်

    ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ခလရ( ၄၆ )တပ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ ခလရ (၁၃၇) တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ဆွမ်ပရာမြို့အခြေစိုက် ခလရ(၄၆)တပ်ရင်းဘက်ကို စစ်ကူအနေနဲ့ သွားရောက်ကူညီတဲ့ ခရလ(၁၃၇)တပ်ရင်းမှူး အပါအဝင် စစ်ကောင်တပ်သား ၁၀ ဦးကျော်ကို မေလ ၁၈ ရက်နေ့ ပူတာအိုမြို့ ရှေ့တန်းတစ်နေရာမှာ ပူတာအိုခရိုင် PDF အဖွဲ့တွေ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ခလရ (၁၃၇) တပ်ရင်းမှူးဟာ တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာတွေကြောင့် တစ်ရက်အကြာမှာဘဲ သေဆုံးသွားခဲ့တယ်လို့  ပူတာအိုတော်လှန်ရေးအင်အားစုထဲက အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဖမ်းမိတဲ့ အချိန် အဲဒီတပ်ရင်းမှူးက ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ် ခြေထောက်ကျိုးတာတို့ သွေးထွက်လွန်တာ  ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲက အတက်နိုင်ဆုံးကုသပေမယ့် သူရရှိတဲ့ဒဏ်ရာကြောင့် နောက်တစ်နေ့မှာဘဲ ဆုံးသွားတယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် ပူတာအိုတော်လှန်ရေးအင်အားစုတွေဘက်က ခလရ ( ၁၃၇ ) တပ်ဖွဲ့ဝင်များထဲက တပ်သား ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးရမိထားသလို တိုက်ပွဲတွင်းသေဆုံးသွားသူတွေလည်းများတာကြောင့် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။  ဆွမ်ပရာဘွမ်တိုက်ပွဲမှာ  ဖမ်းဆီးရမိခဲ့တဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့  တော်လှန်ရေးအင်အားစုတွေထဲကတာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ စစ်ဥပဒေ (Geneva Convention) နဲ့ အညီ ထိန်းသိမ်းထားတာ ရှိပါတယ်။ ခလရ ၁၃၇ ကတော့ ဖမ်းဆီးရမိတာ တစ်ခါ ၃ ယောက်၊ ၉ ယောက် ဖမ်းဆီးရထားတာရှိတယ်။ ခလရ(၄၆) တပ်ရင်းက တချို့ကတော့လွတ်မြောက်နေဆဲဖြစ်တယ်”လို့ဆိုပါတယ်။ ဒါပေမယ့် ဆွမ်ပရာဘွမ်အခြေစိုက် ခလရ(၄၆) တပ်ရင်းမှူးကတော့ လက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။   ခလရ (၄၆)တပ်ကို KIA/KPFနဲ့ ပူတာအို PDFပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကတည်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၅ ရက်နေ့မှာဘဲ တပ်ရင်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာဘဲ ဖြစ်ပြီး မတ်လ ၈ ရက်နေ့က စတင်လာတဲ့စစ်ဆင်ရေးကာလ ၂ လအတွင်း စခန်းကြီးငယ် ၁၀၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆွမ်ပီယန်ဒေသတစ်လျှောက်မှာလည်း စစ်ကောင်စီဘက်က စစ်အင်အား ၁၀၀ကျော် ပြန်လည်ဖြည့်တင်းထားပြီး စစ်ရေးတင်းမာ လာနိုင်ချေရှိတယ်လို့ လည်း ပူတာအိုတော်လှန်ရေး အင်အားစုတွေ ဆီကနေ သိရပါတယ်။ By – Hope

    Read More »
  • 22 May
    သတင်း

    ဝိုင်းမော်မြို့နယ်အတွင်း စစ်ရေးသတင်းနားစွင့်ကြဖို့ ဗိုလ်မှူးကြီးနော်ဘူသတိပေး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေတာ‌ကြောင့် စစ်ရေးသတင်းနားစွင့်ကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပါတယ်။ “စကစဘက်က လက်နက်ကြီး နဲ့ လေကြောင်းတွေက ဘယ်ဟာကတော့ရန်သူ ဘယ်ဟာကတော့ ပြည်သူဆိုပြီးမခွဲခြားပဲရမ်းသမ်းပစ်နေတာလည်း…

    Read More »
  • Apr- 2024 -
    22 April
    သတင်း

    ကလေးမြို့နယ်မှာ ၂ လအတွင်းအရပ်သား ၈၀ သေဆုံး၊ အမျိုးသမီးအများဆုံးပါဝင်

    တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ၂ လကျော်အတွင်း အရပ်သား ၈၀ သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာအမျိုးသမီးသေဆုံးမှုကအများဆုံးဖြစ်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဧပြီလပထမအပတ်အထိ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲအသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “အရပ်သားပြည်သူတွေရှောင်တိမ်းရင်းနဲ့ ထိခိုက်သေဆုံးမှုတွေကနေ့စဥ်နဲ့အမျှဖြစ်တယ် လက်နက်ကြီး ကြောင့်ရော စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ဒရုန်းကြောင့်ရော ဖမ်းဆီးသွားပြီးသတ်ဖြတ်ခံရတဲ့ အနေ အထားပေါ့နော် အဲ့ဒီထဲမှာ ၆၅ % က အမျိုးသမီး၊ ၁၅ % က အမျိုးသား၊ ကျန်တဲ့ ၂၀ % က လူငယ်နဲ့ ကလေးသူငယ်တွေဖြစ်တယ်” လို့ပြောပါတယ်။ ဒီသေဆုံးမှုတွေဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ကလေးမြို့နယ် မြောက်ပိုင်း၊တောင်ပိုင်း နဲ့ ကလေးမြို့ပေါ်က အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ပြည်သူ့စစ်တွေနဲ့ပါပေါင်းပြီး အင်အားအလုံးအရင်းနဲ့စစ်ကြောင်း တွေထိုးနေတယ်လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဆီကသိရပါတယ်။ “စစ်ကောင်စီဘက်က ကလေးမြောက်ပိုင်းကို နယ်မြေစိုးမိုးမှုရဖို့အတွက်ထိုးစစ်ဆင်နေတဲ့အနေအထား ရှိပါတယ် ပြီးတော့ ကလေးတောင်ပိုင်းမှာလည်း စစ်ကောင်စီရဲ့လက်ပါးစေတွေဖြစ်တဲ့ ပျူစောထီးတွေ နဲ့ ညှပ်ပြီးတော့ အနည်းဆုံးစစ်မျက်နှာ ၄ ခုလောက်ရှိတယ်ဗျ”လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်ရဲ့လုပ်ရက်တွေကြောင့် အရပ်သားတွေ နေ့စဥ်သေဆုံးနေရပြီး အဲ့ဒီ ဖြစ်စဥ်တွေကိုလည်း ပြည်တွင်းပြည်ပက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်ပေးဖို့ ဒေသခံတွေကတောင်းဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်း အရပ်သားတွေသေဆုံးမှုတွေကလည်းများပြားသလို အရပ်သားနေအိမ်၊ အဆောက်အဦးတွေနဲ့ ဘာသာရေးအဆောက် အအုံတွေလည်းပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝှမ်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲအရှိန်တွေက ဆက်တိုက်မြှင့်တက်နေပြီး ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့အထိကို အမျိုးသမီး ၁၂ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 12 April
    သတင်း

    ဗန်းမော်မှာ မြို့စွန့်ခွာတိမ်းရှောင်သူများလာပြီး ကားခ၊လေယာဉ်ခစျေးအဆမတန်မြင့်တက်နေ

    ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေကြောင့် မြို့စွန့်ခွာတိမ်းရှောင်သူတွေများလာပြီး  ကားခ၊ လေယာဉ်ခ ဈေးအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းအရှိန်မြင့်တက်နေပြီး ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တစ်ချို့ကအထိုင်တပ်စခန်းကိုသိမ်းပိုက်လာနိုင်ချိန် ဗန်းမော်မြို့ဟာ မြို့သိမ်းတိုက်ပွဲဖြစ်နိုင်ချေရှိနေတာကြောင့် မြို့ခံတစ်ချို့မြို့စွန့်ခွာထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ခုလို…

    Read More »
Back to top button