စစ်သင်တန်း

  • Sep- 2024 -
    24 September
    သတင်း

    မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် နယ်မြေမှူးတစ်ချို့ကို စစ်တပ်က စစ်သင်တန်းပေးနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က နယ်မြေမှူးတွေကို ခေါ်ယူပြီးစစ်သင်တန်းပေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး မြစ်ကြီးနားမြို့ပေါ် ရက်ကွက်တစ်ချို့ နယ်မြေမှူးတွေကို စစ်သင်တန်းပေးဖို့ စတင်အကောင်အထည်ဖော်လာတာဖြစ်ပြီး လက်ရှိ  စစ်သင်တန်းတက်နေတဲ့ နယ်မြေမှူးတွေလည်းရှိနေပြီဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။  “ရပ်ကွက်နယ်မြေမှူးတွေကို စစ်သင်တန်းပေးနေတယ်။ သူတို့ရဲ့ခေါင်းစဉ်ကတော့ ရပ်ကွက်လုံခြုံရေးဆိုပြီး ပြောတယ် ရဲတွေမရောက်နိုင်တာကြောင့် ရပ်ကွက်နယ်မြေမှူးတွေ ပါဝင်လုပ်ဆောင်ရမယ်လို့ ပြောတယ်။မကြာခင် တစ်သုတ် စစ်သင်တန်း ဆင်းတော့မယ်။ စစ်သင်တန်းတက်ထားပြီဖြစ်တဲ့အတွက် ရှေ့တန်းသွားရရင်လည်း သွားရမယ်ဆိုတဲ့ဟာတွေလည်း ရှိလာနိုင်တာပေါ့။ ဒါတော့မသိနိုင်ဘူးလောနော်။” လို့ မြစ်ကြီးနား တပ်ကုန်းရက်ကွက်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်၊ကျေးရွာလုံခြုံရေးအတွက်ဆိုတဲ့ ခေါင်းစဉ်တပ်ကာ နယ်မြေမှူးတွေကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ရေးလေ့ကျင့်ပေးနေပြီး ဒီပတ်အတွင်း စစ်သင်တန်းဆင်းမယ့် နယ်မြေမှူးတွေလည်းရှိနေပြီလို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ်မှာ တပ်သားစုဆောင်းတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့အပတ်မှာ မြစ်ကြီးနားမြို့  HAPPY KTV အတွင်း လူငယ်အများအပြားကို ဖမ်းဆီးသွားတဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ ခုလို တပ်သားသစ်စုဆောင်းတာအပြင် မြို့ပြင်ရပ်ကွက်နေရာတစ်ချို့ဂိတ်တွေမှာ လုံခြုံရေးတိုးမြင့်ကာ စစ်ဆေးရေးတင်းတင်းကြပ်ကြပ်လုပ်နေတဲ့အပြင် အခွန်ကောက်ခံတာတွေလည်း လုပ်နေတယ်လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။  ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစ ကချင်တစ်ပြည်နယ်လုံးမှာ ဖုန်း၊ အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ခံရတဲ့နောက် မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ပူးပေါင်းတပ်က တိုက်ခိုက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းပျံ့နှံလာတာနဲ့အမျှ စစ်ကောင်စီတပ်က မြို့ပြင် ရွှေစက်၊ နောင်နန်း၊ ပလနနဲ့ နမ်ကျင်ကျေးရွာ၊ မော်ဖောင်းကျေးရွာ စတဲ့ ကျေးရွာတွေမှာ လှုပ်ရှားသွားလာနေတဲ့အပြင် များသောအားဖြင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတစ်ကြော လှုပ်ရှားသွားလာကာ မြစ်ဆုံဒေသ တန်ဖရဲစစ်ကောင်စီတပ်စခန်းမှာ အင်အားဖြည့်၊ လုံခြုံရေးတိုးမြင့်ကာ စစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  “မြစ်ဆုံ တန်ဖရဲဘက်ကို စစ်ကားတွေ ပုံမှန် တက်လိုက် ဆင်းလိုက် လုပ်နေတယ်။ ပြီးရင် ပလန ကဝါးခဂိတ်မှာလည်း ပိုပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးတယ်။ သူတို့ကို ကြည့်ရတာတော့စစ်ရေးလှုပ်ရှားနေတယ်၊ ပြင်ဆင်နေတယ်လို့ ပြောနေတယ်။ လက်နက်တွေ၊ အင်အားတွေတင်ပြီး ကားက တက်လိုက် ဆင်းလိုက် လုပ်နေပုံထောက်ရင်တော့ စစ်ရေးလှုပ်ရှားနေတယ်လို့ မြင်တယ်။ ပြီးရင် ပလနဘုန်းကြီးကျောင်းမှာလည်း သူတို့က နေ့ခင်းဆို အရပ်သားဝတ်စုံနဲ့ပဲနေပြီး ညဆိုရင် စစ်ဝတ်စုံအပြည့်နဲ့ လမ်းသွားလမ်းလာတွေကို စစ်တယ်။” ဟု နောင်နန်းဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ညဘက်မှာ မြစ်ကြီးနားမြို့ပေါ် ဒရုန်းတွေနဲ့ကင်းထောက်ပြီးမသင်္ကာတဲ့နေရာတွေကို ဝင်ရောက်စစ်ဆေးတာတွေ၊ လက်နက်ကြီးရမ်းသန်းပစ်ခတ်တာတွေလုပ်ဆောင်နေသလို ဒီရက်ပိုင်းအတွင်း ဝိုင်းမော်ဘက်ခြမ်းမှာလည်း စစ်ရေးအခြေအနေပြန်လည်တင်းမာလာပြီးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ဝိုင်းမော်၊ စန်းကားနဲ့ ရွှေညောင်ပင်ဘက်တစ်ကြောကို လက်နက်ကြီးနဲ့ ပုံမှန် ပစ်ခတ်နေတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    Read More »
  • Dec- 2023 -
    28 December
    သတင်း

    လဟယ်မြို့နယ်မှာ လူငယ်တွေကိုနေ့စားပေးပြီး စစ်သင်တန်းပေးနေ

    စစ်ကိုင်းတိုင်း နာဂဒေသ လဟယ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို နေ့စားပေးပြီး စစ်သင်တန်းပေးနေတယ်လို့ လဟယ်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှစပြီး လဟယ်မြို့နယ်မှာရှိတဲ့ Non-CDM ဌာနဆိုင်ရာဝန်ထမ်း ၁၀၀ ကျော်ကို အတင်းအဓ္ဓမအခြေခံစစ်သင်တန်းပေးခဲ့ရာကနေ ဒီဇင်ဘာလ…

    Read More »
  • Nov- 2023 -
    27 November
    သတင်း

    နာဂဒေသ လဟယ်မှာ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကိုအတင်းအဓမ္မစစ်သင်တန်းပေးနေ

    စစ်ကိုင်းဒေသကြီး လဟယ်မြို့မှာ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကို အတင်းအဓမ္မစစ်သင်တန်းပေးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ လဟယ်မြို့ပေါ်က အထိုင်တပ်တစ်ခုဖြစ်တဲ့ ခလရ ၂၇၂ တပ်ကနေ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ မီးသတ်နဲ့ အခြားဌာနတွေထဲက Non-CDM ဝန်ထမ်းတွေကို စစ်သင်တန်းမတက်မနေရစနစ်နဲ့ နိုဝင်ဘာ ၂၀…

    Read More »
  • Sep- 2023 -
    29 September
    သတင်း

    နောင်ပိုအောင်ကျေးရွာမှာ စစ်ကောင်စီနှင့် SNA တပ်တွေ စစ်သင်တန်းပေးနေ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာထဲကို စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်တွေ အင်အား ရာချီဝင်ရောက်နေပြီ တပ်သားသစ် ၁၅၀ ဝန်းကျင်လောက်ကိုလည်း စစ်သင်တန်းတွေပေးနေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၀ ရက်ကျော်လောက်ကတည်းက စစ်ကောင်စီစစ်သား ၁၅၀ ကျော်၊SNAစစ်သား ၂၅၀၊…

    Read More »
  • Mar- 2022 -
    18 March
    သတင်း

    ဝိုင်းမော် ပြည်သူ့စစ်သင်တန်းပေးရန် လီဆူအသိုင်းအဝိုင်းတွင် စည်းရုံးရေး လုပ်ဆောင်နေ

    ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာနှင့် အောင်မြေ (၁) ကျေးရွာ ၂ ခုတွင် စခန်းချထားသော ပြည်သူ့စစ်တပ်ဖွဲ့အတွက် လူအင်အား တိုးချဲ့ရန် စစ်ကောင်စီကိုယ်စားလှယ်များမှ လီဆူလူမျိုး အသိုင်းအဝိုင်းတွင် စည်းရုံးရေး လုပ်ဆောင်နေကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် ဝိုင်းမော်မြို့နယ်တွင်…

    Read More »
Back to top button