သတင်း

နောင်ပိုအောင်ကျေးရွာမှာ စစ်ကောင်စီနှင့် SNA တပ်တွေ စစ်သင်တန်းပေးနေ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာထဲကို စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်တွေ အင်အား ရာချီဝင်ရောက်နေပြီ တပ်သားသစ် ၁၅၀ ဝန်းကျင်လောက်ကိုလည်း စစ်သင်တန်းတွေပေးနေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်ကျော်လောက်ကတည်းက စစ်ကောင်စီစစ်သား ၁၅၀ ကျော်၊SNAစစ်သား ၂၅၀၊ ဗျူစောထီးနှင့် SNAတပ်သားသစ် ၁၅၀ ဝန်းကျင်လောက်ရောက်ရှိနေပြီး စစ်သတင်တန်းပေးနေတာဖြစ်တယ်လို့ နောင်ပိုအောင်ကျေးရွာအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

နောင်ပိုအောင်မှာအစကတော့ ရှမ်းနီတွေပဲများတာအခုက စစ်သားတွေဟိုနေ့က ကုန်းကြောင်းနဲ့ကော ရေကြောင်းနဲ့ကောရောက်လာတာ ၁၅၀ ကျော်လောက်ရှိတယ်။ အခုနောင်ပိုအောင်သချိုင်းကုန်းဘက်က ကွင်းပြင်မှာ စစ်သင်တန်းပေး နေတာ တစ်ရက်ရှိပြီ ။သင်တန်းတက် နေတဲ့ကလေးတွေလ ည်းအများကြီးပဲလို့ ပြောပါတယ်။

နောင်ပိုအောင်သချိုင်းကုန်းဘက်မှာ SNA နဲ့စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ ရက်နေ့ ကစပြီးစစ်သင်တန်းပေးနေတာဖြစ်ပြီး စစ်သင်တန်းတက်နေတဲ့သူတွေထဲမှာ ဟုမ္မလင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်တွေထဲက ပျူစောထီးတွေ၊ SNAတပ်ထဲဝင်လာတဲ့လူတွေနဲ့ SNAတပ်ရဲ့ အတင်းခေါ်ယူထားခြင်းခံရတဲ့ သူတွေပါဝင်နေတယ်လို့ ဒေသခံတွေဆီက နေသိရပါတယ်။

ဟုတ်တယ် နောင်ပိုအောင်ဘက်ကို အင်အားတွေအရမ်းဖြည့်နေတာ အခုဆိုသင်တန်းတွေပေးစစ်ရေးတွေပြနေတာတဲ့ သင်တန်းတက်တဲ့ကလေးတွေကရာရဏန်းရှိတယ်တဲ့ ပျူစောထီးတွေကော ပြီးတော့ရှမ်းနီတပ်က ဒီဘက်မှာအရမ်းအနိုင်ကျင့်တယ်လေး ဟုမ္မလင်းနယ်ဆိုမြို့ပေါ်ကလွဲပြီးကျေးရွာတွေမှာ ရာအိမ်ခေါင်းတစ်ယောကို တပ်သား ၁၂ ယောက်နှုန်း ကျေးရွာသေးလေးတွေဆို တစ်ရွာကို ၁၂ယောက်နှုန်းအ့လိုမသွားမနေရတောင်းထားတဲ့ဟာတွေအများကြီးလေသူတို့ကိုစစ်သင်တန်းပေးနေတာတဲ့လို့ဟုမ္မလင်း PDF နဲ့နီးစပ်တဲ့ ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၃၀၀ ကျော်ရှိတာဖြစ်ပြီး SNAတပ်က အဲ့ဒီကျေးရွာပေါင်း ၃၀၀ ထဲကနေ ရာအိမ်ခေါင်းတစ်ဦးကို တပ်သားသစ် ၁၂ ယောက်နှုန်း ဒါမှမဟုတ် ကျေးရွာငယ်တစ်ရွာမှာတပ်သား သစ် ၁၂ ဦးနှုန်း တောင်းခံ နေတာဖြစ်ပြီးတပ်သားသစ်မပေးပါက တစ်ဦးကို ငွေကျပ် သိန်း ၃၀နဲ့ လစဥ် ဆန်ငါးပြည် အကောက်အခွန်ကောက်ခံလျက်ရှိနေတာကြောင့် လူငယ်အများစု SNA ထဲဝင်ရောက်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်နှင့် SNA တပ်တွေကနောင်ပိုအောင်ဘက်ကိုအခုလိုစစ်အင်အားတွေဖြည့်ပြီး စစ်သင်တန်းပေးတာတွေရှိနေတာကြောင့် နောင်ပိုအောင်အနီးဝန်းကျင်ထဲက ဆပ်ကယားရွာ၊ အော်သော်ကျေးရွာ၊ ကြက်ရှာစွန့်ရွာနဲ့အနီးဝန်းကျင်ကျေးရွာတွေကပြည်သူတွေဟာ စက်တင်ဘာ ၂၀ ကျော်ကတည်းက စစ်ဘေးရှောင်နေကြတယ်လို့လည်းသိရပါတယ်။

ဒေသခံတွေကတော့စိုးရိမ်နေကြတာပေါ့ အခုဆိုဟုမ္မလင်းလေတပ်ကနေ နောင်ပိုအောင်ဘက် လေယာဥ်နဲ့ဗုံးကျဲမယ်ဆိုပြီးထွေအုပ်ကနေသတင်းထွက်နေလို့ကြောက်နေကြတာတခြားရွာတွေကပြေးကုန်ပြီနောင်ပိုအောင်ကအခုမပြေးကြသေးဘူး ပြေးဖို့အတွက်အသင့်တော့ပြင်ထားကြတယ်တဲ့လို့ အထက်မှာဖော်ပြခဲ့တဲ့ဟုမ္မလင်းမြို့နေအမျိုးသမီးကပြောပါတယ်။

နောင်ပိုအောင်ကျေးရွာဟာ ဟုမ္မလင်းမြို့နဲ့ မိုင်ပေါင်း ၁၂ မိုင်ကျော်ဝေးတာဖြစ်ပြီး အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ရွာဖြစ်ပါတယ်။

ဒါ့အပြင် ဟုမ္မလင်းနယ်နောင်ပိုအောင်ကျေးရွာဘက်မှာ SNAနဲ့ဟုမ္မလင်း PDF တပ်တွေကြား စက်တင်ဘာ ၂၁ ရက်နေ့ရတည်းက တိုက်ပွဲ ပြင်းထန်‌ နေတာ လက်ရှိအချိန်ထိနှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button