သတင်း

နာဂဒေသ လဟယ်မှာ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကိုအတင်းအဓမ္မစစ်သင်တန်းပေးနေ

စစ်ကိုင်းဒေသကြီး လဟယ်မြို့မှာ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကို အတင်းအဓမ္မစစ်သင်တန်းပေးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

လဟယ်မြို့ပေါ်က အထိုင်တပ်တစ်ခုဖြစ်တဲ့ ခလရ ၂၇၂ တပ်ကနေ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ မီးသတ်နဲ့ အခြားဌာနတွေထဲက Non-CDM ဝန်ထမ်းတွေကို စစ်သင်တန်းမတက်မနေရစနစ်နဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကတည်းကနေ စစ်သင်တန်းတွေ ပေးနေတာလို့ လဟယ်မြို့နယ်ထွေအုပ်ရုံးနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

စစ်သင်တန်းပေးတာတော့ဟုတ်ပါတယ်။ အခုအရင်ဦးဆုံးက ထွေအုပ်ဝန်ထမ်းတွေကိုပေးနေတယ်အများဆုံးတက် နေတာ ကထွေအုပ်ဝန်ထမ်းတွေတခြားဌာနကဝန်ထမ်းတွေလည်းပါတယ် မတက်လို့မရဘူးတဲ့ တချို့ကလုံးဝမတက်ချင်ဘူးအလုပ်ထွက်ဖို့ပြောနေကြတယ်ဒါပေမယ့်ထွက်ရင်လည်းဘယ်လိုဖြစ်မလဲတွေးပြီးမှမတက်ချင်ပဲတက် နေကြတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကို စစ်သင်တန်းမတက်မနေရ အမိန့် နဲ့ တက်ရောက်ခိုင်နေပြီး စစ်သင်တန်းကာလအတွင်း အလုပ်ထွက်ပါက CDM ပြုလုပ်မှုနဲ့ အရေးယူမယ်လို့ပြောဆိုတာတွေရှိနေတာကြောင့် Non-CDM ဝန်ထမ်းအများစုဟာ မဖြစ်မနေတက်နေရတာလို့သိရပါတယ်။

အဲ့ဒီစစ်သင်တန်းကို လဟယ်မြို့ ကခလရ ၂၇၂ ရဲ့စစ်တပ်ဝန်းထဲမှာသင်ကြားပေးနေတာဖြစ်ပြီး Non-CDM ဝန်ထမ်းတွေနှင့် စစ်ကောင်စီကိုအားပေးတဲ့အရပ်သားတွေပါဝင်ပြီး စုစုပေါင်း လူဦးရေ ၁၀၀ နီးပါးကိုသင်တန်းပေးနေတာလို့သိရပါတယ်။

စစ်ကောင်စီက လက်ရှိသင်ကြားပေးနေတဲ့ ပထမ အသုပ်ပြီးရင် မြို့ပေါ်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ရပ်မိရပ်ဖတွေကိုပါ ထပ်မံ ပြီးစစ်သင်တန်းထပ်ပေးဖို့စီစဥ်နေတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကပြောပါတယ်။

“Non-CDM တွေပြီးသွားရင် ဒုတိယသုပ်အနေနဲ့ ရာအိမ်မူးတွေ ရပ်မိရပ်ဖတွေကိုထပ်ပေးမယ်ပြောတယ် သင်တန်းက လနဲ့တောမကြာဘူး ရက်ပိုင်းပဲလို့ပြောတယ် ၁၅ ရက် ၊ရက် ၂၀ ပေါ့ အဓိကတော့သေနတ်ပစ်တတ်အောင်လေ့ကျင်ပေးတာမျိုးပဲလို့ပြောတယ်လို့ သူကဆက်ပြောပါတယ်။

စစ်သင်တန်းတက်ရောက်နေသူတွေကို စစ်ကောင်စီတပ်က လူတစ်ဦးနှုန်းလျင်တစ်ရက်နေ့စားခ ကျပ် ၇၀၀၀ ပေးတဲ့အပြင် အခြေံခံ ရိက္ခာ ဆန်၊ဆီ၊ဆား လည်းထောက်ပံ့ပေးမယ်လို့ပြောဆိုထားကြောင်းသိရပါတယ်။

အခုလိုစစ်သင်တန်းတွေအတင်းဖိအားပေး တက်ရောက်ခိုင်းနေတာနဲ့ပတ်သက်ပြီး သင်တန်းပြီးမြောက်သူတွေကို ဘယ်လိုအသုံးချမှုတွေပြုလုပ်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ပြောပြတာမျိုးမရှိဘူးလို့သိရပါတယ်။

စစ်ကိုင်းတိုင်းဒေ သကြီးထဲက လဟယ်မြို့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲက မြို့နယ်တစ်ခုဖြစ်တဲ့အလားတူ စစ်အာဏာသိမ်း ကာလအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ နာဂလက်နက်ကိုင်တပ်၊ PDF တွေကြားတိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိသေးဘူးလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button